Saturday, September 29, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌနှင့် အမေရိကန် ကုန်သည် ကြီးများ အသင်းဝင် များအား တွှေ့ဆုံမြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၊ ပြည်သူ အကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးမေးမြန်း



စက်တင်ဘာ ၂၈

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် စက်တင်ဘာ၂၇ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီတွင် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၌ အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲ အခမ်း အနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဦးစိုးသိန်းနှင့် ဦးခင်ရီ၊ သံအမတ်ကြီး များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Joseph Yun၊ အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌ Mr. Alexander Feldman နှင့် အမှုဆောင်များ၊ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ Senior Vice President Mr. Myron Brilliant နှင့် အသင်းဝင်များ ဖြစ်ကြသည့် Abbot, ACE Group, Chevron, Chartis, Citi, Coca Cola, Deloitte, Dow Chemical, GE, Google, Master Card, Merck စသည့် ကုမ္ပဏီ ကြီးများမှ လုပ်ငန်းရှင်များ တက်ရောက် ကြသည်။
အခမ်း အနားတွင် အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌ တို့က နှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားသည်။

ယင်းနောက် တက်ရောက် လာကြသည့် အမေရိကန် လုပ်ငန်းရှင်ကြီး များက မြန်မာ နိုင်ငံ၌ လာရောက် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ လာရောက် လုပ်ကိုင်စဉ် မြန်မာနိုင်ငံမှ ပြည်သူများ အတွက် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်မည့် အခြေ အနေများကို ဆွေးနွေး မေးမြန်း ကြရာ နိုင်ငံတော် သမ္မတက ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။


 

No comments:

Post a Comment