Wednesday, September 19, 2012

နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က၀ါရှင်တန်ဒီစီရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံ




နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က၀ါရှင်တန်ဒီစီရှိ မြန်မာမိသားစုများနဲစက်တင်ဘာလ ၁၈ နေ့မှာတွေ့ ဆုံခဲ့ပါတယ်။

ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည် လက်ရှည် ဖြေကြားသွားတာ တွေ့ ရပါတယ်။

မြန်မာမိသားစုတွေ အဓိကထားမေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ကချင်တိုက်ပွဲ ကိစ္စတွေကို မေးခဲ့တာတွေ့ ရပါတယ်။

ဝန်ကြီး ဦးအောင်မင်း ကလည်း မေးသမျှ မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နာမည်မဲ ကိစ္စနဲ့ ပါတ်သတ်လို့ ဖြေကြားရာမှာ သူတို့ ဆီကို စာရင်းပို့ လာပါက နာမည်မဲ စရင်းက အမြန်ဆုံး ပယ်ဖျက်ပေးမယ်လို့ ဆိုပါတယ်။

ပြည်ပရောက်နေတဲ့ မြန်မာတွေ မြန်မာနိုင်ငံပြန်လားရင် ၅ နှစ်နေထိုင်ခွင့်ကို ဥပဒေပြဒါန်းနိုင်ဖို့စတင် လုပ်ဆောင်နေပြီလို ပြောပါတယ်။

ရိုဟင်ဂျာကိစ္စမှာတော့ ဥပဒေချိုးဖောက်သူကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မယ်လို့ပြော ပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုတော့ ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မယ်
လို့ ယုံကြည်ထားကြောင်း ၀ါရှင်တန် ဒီစီ မြန်မာမိသားစုကို ရှင်းလင်းပြောဆိုသွားပါတယ်။
သစ်ထူးလွင်

No comments:

Post a Comment