Friday, October 26, 2012

သမ္မတကြီးအနေဖြင့် ကုရ်ဘာရီပြုလုပ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်းသမ္မတရုံး ထုတ်ပြန်



အ သိ ပေး ချက်
=========
လတ်တလော ဖြစ်ပေါ်နေသည့် သတင်းများအရ သတင်းမီဒီယာများက မကြာခဏမေးမြန်းလာသဖြင့် အောက်ပါအတိုင်း အသိပေးအပ်ပါသည်-

နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သည် (၂၀-၁၀-၂၀၁၂)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်းကောင်း၊ (၁၉-၁၀-၂၀၁၂)ရက်နေ့တွင် ထုတ်လွှင့်သည့် နိုင်ငံပိုင်ရုပ်/
သံ၊ အသံလွှင့်ဌာနများ၏ ထုတ်လွှင့်ချက်တွင်လည်းကောင်း (၂၇-၁၀-၂၀၁၂) ရက်နေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
ာ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ တွင် အောက်ပါအတိုင်း အတိအလင်း ပြဌာန်းထားပါသည်-

"ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်။"
လက်ရှိ မေးမြန်းလာကြသော မေးခွန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းထင်ရှားစေခြင်းငှာ အောက်ပါအတိုင်း ဖြေကြားအပ်ပါသည်-
"နိုင်ငံတော်သမ္မတကြီးအနေဖြင့် ကုရ်ဘာရီပြုလုပ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်း" အသိပေးအပ်ပါသည်

No comments:

Post a Comment