Monday, November 26, 2012

မိုဘိုင်းအင်တာနက်ကို Data ဆွဲနှုန်းဖြင့်ကောက်ခံတော့မည်

ဖုန်းဖြင့် Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့်မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း မှာ-       100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ် ဖြစ်ပါသည်၊
 1024 kb ဟာ 1 MB နဲ့ညီမျှပါတယ်သီချင်းတစ်ပုဒ် သို့မဟုတ် ရုပ်ထွက်အရမ်းကောင်းတဲ့ ပုံတစ်ပုံရဲ့ size ဟာ 3MB သို့ 4 MB အထိရှိပါတယ်။ တစ်ချို့သီချင်းတွေဆိုရင် 6 MB လောက်ထိရှိပါတယ်။
ရန်ကုန် ၊ မန္တလေးမြို့ထဲမှာ မိုဘိုင်းအင်တာနက် Speed ဟာ ပုံမှန် (သို့မဟုတ်) ကောင်းတယ်လို့ဆိုရပါမယ် ။
ကွန်နက်ရှင်ကောင်းနေရင် ခုနကပြောခဲ့တဲ့ 3 MB နှုန်းကို စက္ကန့်သုံးဆယ်ထဲနဲ့လည်း ပြီးစီးအောင် download လုပ်နိုင်ပါတယ်။
သို့မဟုတ် ဖုန်းနဲ့ facebook သုံးရင်း facebook ထဲမှာသူများတင်ထားတဲ့ပုံတွေကို ဟိုကြည့်ဒီကြည့်လုပ်လိုက်တာ တစ်မိနစ်အတွင်း ပုံ ဆယ်ပုံလောက်ကြည့် ပါက ပုံတစ်ပုံရဲ့ size ဟာ ပျှမ်းမျှအားဖြင့် 300 KB လောက် ရှိပါတယ်။
အခုပြောသွားတဲ့ပုံစံမျိုးနဲ့ မိုဘိုင်းအင်တာနက်သုံးလိုက်မယ်ဆိုရင် တစ်မိနစ်ကို အင်တာနက်သုံးခ ၁၂၀ ကျပ်လောက်ကျပါလိမ့်မယ်။
ဒါဟာ မြန်မာဆက့်သွယ်ရေးက ယာယီသတ်မှတ်ထားတဲ့ မိုဘိုင်းအင်တာနက်အသုံးပြုခဈေးနှုန်းနဲ့တွက်ချက်ပြထားခြင်းသာဖြစ်ပါ
တယ်။
May Khin Hnin (Facebook)

No comments:

Post a Comment