Thursday, June 20, 2013

အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေးထိခိုက်နိုင်သည်

အမျိုးသမီးများအနေနှင့်အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်တားဆေး
ကဲ့သို့အသုံးပြုလျှင်ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ကြောင်းသိရသည်။

အရေးပေါ်တားဆေးများဖြစ်သော Ecee 2, Pill 72 အစရှိသောဆေးများကို
ပုံမှန်သုံးစွဲနေလျှင်အမျိုးသမီးများတွင် သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊
ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ အစရှိသော
ရောဂါများဖြစ်ပွားနိုင်ကြောင်းသိရသည်။အမျိုးသမီးများ၏ ကျန်းမာရေးကို
ဆိုးဝါးစွာထိခိုက်နိုင်သည့်အကြောင်းကို Health Channel ၏အထွေထွေ
မန်နေဂျာဒေါက်တာသန်းထွဋ်က ပြော ကြားခဲ့သည်။


ပုံမှန်အနေနှင့် သုံးစွဲ၍
ရသော ပဋိသန္ဓေတားဆေး၊ သောက်ဆေး၊ ထိုးဆေးများကို နှစ်ရှည်လများ
သုံးစွဲလာလျှင် သွေးတိုး၊ နှလုံး၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊
သားအိမ်ခေါင်းကင်ဆာရောဂါများရရှိနိုင်ကြောင်းသိရသည်

နှစ်ရှည်လများ ပဋိသန္ဓေတားဆေးများကို သုံးစွဲလျှင်ကလေး မရှိနိုင်၍မြုံသော အခြေအနေ များအထိ ဖြစ်ပွားနိုင်ကြောင်းသိရသည်။


အရေးပေါ်ပဋိသန္ဓေတား ဆေး

သောက်သုံးထားသောအမျိုးသမီးများအနေနှင့်နေရောင်ခြည်ကို တိုက်ရိုက် ထိတွေ့မည်ဆိုလျှင် ခရမ်းလွန်ရောင်ခြည် A ကြောင့်မျက်နှာတွင် အညိုအမည်းကွက်များထွက်လာနိုင် ကြောင်းသိရသည်။

No comments:

Post a Comment