Monday, July 8, 2013

FEC များအားဆက်လက်လဲလှယ်ပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးဈေးကွက်ဌာန နေပြည်တော်၏ ညွှန်ကြားချက်အရ FEC လဲလှယ်ပေးခြင်းလုပ်ငန်းကို လဲလှယ်ပေးခြင်းလုပ်ငန်းကို ၁.၄.၂၀၁၃ ရက်နေ့မှ ၃၀.၆.၂၀၁၃ ရက်နေ့ထိ ပြုလုပ်ပေးခဲ့သော်လည်း ယခုအခါ ကနဦးသတ်မှတ်ကာလအတွင်း အပ်နှံလဲလှယ်ခြင်း မဆောင်ရွက်နိုင်သူများသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြလာပါက အထူးကိစ္စရပ်အနေဖြင့် နိုင်ငံခြားငွေလက်မှတ်များလဲလှယ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကြောင်းကြားလာကြောင်းသိရသည်။

သို့ဖြစ်ပါ၍ FEC လဲလှယ်ပေးခြင်းလုပ်ငန်းကို ၁.၇.၂၀၁၃ ရက်နေ့မှ ၃၀.၃.၂၀၁၄ ရက်နေ့ထိဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းကို AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)၏facebook စာမျက်နှာတွင်အများသိရှိစေရန်ကြေငြာပေးထားကြောင်း သိရှိရပါသည်။
Jaketaw85

No comments:

Post a Comment