Friday, August 24, 2012

ထိုင်း မြန်မာနယ်စပ် မြ၀တီ နဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မည်

ထိုင်း မြန်မာနယ်စပ် မြ၀တီ နဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံ ထုတ် The Nation သတင်းစာ က ဖေါ်ပြပါတယ်။

လက်ရှိ ချစ်ကြည်ရေးတံတားမှာ အသေးစား နဲ့ အလတ်စားမော်တော်ယာဉ်တွေ သာ သွားလာနိုင်ပြီး၊ မကြာခင် တည်ဆောက်မယ့် ချစ်ကြည်ရေးတံတားသစ်မှာ တန် (၆၀) အထိ အကြီးစားမော်တော်ယာဉ်တွေ
ဖြတ်သန်းနိုင် မယ်လို့ မြန်မာ ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးကျော်လင်းက ပြောဆို ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လွင် ကလည်း
ဆောက်လုပ်မယ့် နေရာကို သတ်မှတ်ပြီးပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ဇွန်လ က နှစ်နိုင်ငံကိုယ်စားလှယ်တွေ အဆိုပြုခဲ့တဲ့ နေရာ သုံးနေရာထဲက လက်ရှိ တံတား ရဲ့ မြောက်ဘက် သုံးမိုင် အကွာနေရာကို ရွေးချယ်ထားကြောင်း
ပြောဆိုပါတယ်။
Ref: RFA

No comments:

Post a Comment