Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Sunday, April 8, 2012

Sex after delivery ကလေးဖွါးပြီး အတူနေခြင်း

21 Dec 10, 12:43
ကလေး ဗိုက်ခွဲစိတ်မွေးပြီး ဘယ်လောက်ကြာရင် ဆက်ဆံလို့ ရမလဲဆိုတာ သိချင်ပါတယ်။
• LSCS (CS) ဗိုက်ခွဲမွေးပြီးနောက် လင်-မယားအတူနေတာ တလခွဲ (၆) ပါတ်စောင့်ပါလို့ ဆရာဝန် အများဆုံးက အကြံပေးပါတယ်။
• ချုပ်ရိုးလဲကောင်း၊ ကလေးအမေလဲ နေကောင်းနေမှ ဒီရက်ကို ပြောတာပါ။
• မဟုတ်ရင် ၈-၁၂ ပါတ်ထိ စောင့်ရပါမယ်။
• အနေအထားလဲ ရွေးရင် ကောင်းပါတယ်။
• Normal labor ရိုးရိုးလမ်းကနေ ကလေးဖွါးပြီးနောက် ဘယ်တော့ ပြန်ဆက်ဆံနိုင်သလဲ ဆိုတဲ့မေးခွန်းကို ဆရာဝန် မဟုတ်သူတွေလဲ ဖြေတတ်ပါတယ်။ Folk wisdom လို့ ခေါ်တယ်။ သုတေသနလုပ် ပြောရတာ မဟုတ်ဘူး။
• ကာယကံရှင် အမျိုးသမီးကို ဆုံးဖြတ်စေသင့်တာ တရားမျှတတယ်။ သူက စောနိုင်တယ်ဆိုရင် ရတာပါ။
• ဒါ့ကြောင့် ၃ ပါတ်လို့ Williams Obstetrics က အကြံပြုတာ ရှိတယ်။
• နောက်ကျချင်သူတွေလဲ ရှိပါတယ်။
• ခွဲမွေးတာ မဟုတ်ဘဲ မွေးလမ်းကနေ မွေးပေမဲ့ Episiotyomy လမ်းကြောင်း ချဲ့မွေးရတာ၊ Tear and repair လမ်းကြောင်း စုတ်လို့ ချုပ်ရတာ၊ Forceps delivery ညှပ်ဆွဲမွေးတာ၊ Vaccum လေစုပ်ကရိယာသုံး မွေးတာတွေကိုပါ ထည့်စဉ်းစားရမယ်။
• နောက်ပြီး Lochia လို့ ခေါ်တဲ့ မွေးဖွါးပြီး ဆင်းတာက အနီရောင်ကနေ ပန်းရောင်ဖြစ်လာရင်ပြီး နည်းလာရင် သိပ်ကိစ္စမရှိတော့ပါ။
• ပုံမှန်အားဖြင့် ၂ ပါတ် ဆိုရင် အဲလိုဖြစ်လာပါပြီ။ ဆင်းတာက များမယ်၊ အနံ့အသက်ရှိမယ်၊ ဖျားနေမယ်ဆိုရင် ဆေးကုပါအုံး။
• သုတေသန မရှိတာတော့ မဟုတ်ပါ။ ၁၉၉၈ တုံးက Sexuality during Pregnancy and the Year Postpartum ဆိုတာ ထုတ်ပြန်ခဲ့တယ်။ တိတိကျကျ အားလုံးလက်ခံတဲ့ ရက်ကာလ မရှိဘူးတဲ့။ အကြမ်းဖျဉ်း ၅ ပါတ်ကနေ ၇ ပါတ်လို့ ဆိုတယ်။ ဒါတောင်မှ အမျိုးသမီး ၅ဝ% ကသာ ပြန်ဆက်ဆံမှု ပြုပါသတဲ့။
• ၆ ပါတ် စောင့်ရရင် နောက်ကိုယ်ဝန် မရစေမဲ့နည်း တခုခုသုံးရမှာကို မမေ့ပါနဲ့။

Dr. တင့်ဆွေ
၂၁-၁၂-၂ဝ၁ဝ

Better Butt အောက်ပိုင်း-နောက်ပိုင်း လေ့ကျင့်ခန်း


1. Booty Boot Camp (တီဗွီ) မှန်သားပြင်တွေပေါ်မှာ ပင်လယ်ကမ်းခြေမြင်ကွင်းထဲက Brazilian beach butt (ဘရာဇီးလ်) ကိုယ်ခန္ဓာအောက်ပိုင်းကို နောက်ဖက်ကနေမြင်ကြရတဲ့ အလှကို (ပါဖက်) ဖြစ်တယ်လို့ သတ်မှတ်ထားကြတယ်။ လူတိုင်းတော့ အဲလိုလှနေအောင် တမင်လုပ်ယူလို့ မရဘူး။ Body type ကိုယ်ခန္ဓာ ပုံပန်းနဲ့ Genetics မွေးရာပါ အခြေအနေတွေက မတူကြဘူး။ ဒါပေမဲ့ ပိုလှနေအောင်၊ ဆွဲဆောင်မှု ပိုရှိလာအောင် ပြုပြင်ယူလို့တော့ ရနိုင်ပါတယ်။
2. Behind It All: The Gluteal Muscles ခန္ဓာဗေဒက စရမယ်။ Gluteal Muscles (ဂလူတီရယ်) ကြွက်သားက အခြေခံဖြစ်တယ်။ သူ့မှာ Gluteus maximus, Gluteus medius နဲ့ Gluteus minimus ဆိုတဲ့ အလွှာ သုံးထပ်ရှိတယ်။ Overlying fat ဒါတွေအထက်က (ဖက်) အဆီရှိမယ်။ Walking လမ်းလျှောက်တာ၊ running ပြေးလွှားတာ၊ climbing တက်ရ-ဆင်းရတာမှန်သမျှ သူကနေ လုပ်ပေးတယ်။ ဒါကြောင့် ဒီ (မာဆယ်လ်) တွေကို သန်မာမှုရှိလာအောင် လေ့ကျင့်ခန်းလုပ်ဘို့ကို ဦးတည်စေရမယ်။ Tighter ပိုတင်းမာလာစေဘို့ နဲ့ More rounded look ဝိုင်းစက်လာစေဘို့ ဖြစ်တယ်။
3. Squat and Tone ထိုင်ချလေ့ကျင့်ခန်း၊ တကယ်မရှိတဲ့ခုံတခုပေါ်မှာ ထိုင်ချသလိုမျိုး တဖြးဖြေးချင်း တင်ပါးကို အောက်ချပါ။ အနေအထားမှန်ရမယ်။ ခြေနှစ်ဘက်ကို ပခုံးအကျယ်ထား ကားနေပါ။ ထိုင်ချလုပ်နေတုံးဒ ဒူးကိုရှေ့မထုတ်မိပါစေနဲ့။ ကိုယ်ကတင်းနေ၊ ခါးကဖြောင့်နေပါစေ။
4. Ball Squat နောက်နည်းကွဲတခုက လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးသုံးရတယ်။ အသေတပ်ထားတဲ့ ဘောလုံးမှာ ကျေား-ခါးမှီထားပြီး ဒူးကိုအသေထား ခြေထောက်တွေက လမ်းလျှောက်သလို လုပ်ပါ။ ဒူးက ခြေရှေ့မှာသာ ရှိပါစေ။ တခါလုပ် ၁၅ ကြိမ်၊ တပါတ်မှာ ၃ ခါလုပ်ပါ။
5. Forward Lunge ခြေတလှမ်း ရှေ့ကားထုတ်ပါ။ ဒူးနှစ်ဖက်ကွေးပြီး ကိုယ်ကို အောက်နှိမ့်ချလိုက်ပါ။ ပြန်မတ်ပါ။ ခြေတဖက်ချင်းအဲလိုလုပ်ပါ။ ဒူးကို ၉ဝ ဒီဂရီထက် မပိုစေပါနဲ့။ နောက်ချန်ထားတဲ့ ဒူးက ကြိမ်းပြင်ကို မထိပါစေနဲ့။
6. Backward Lunge နောက်နည်းကွဲတခုက မတ်တပ်ရက်နေပါ။ ခါးထောက်ထားပြီး ဒူးတဖက်ကို မတင်ကွေးပါ။ အဲဒီခြေထောက်ကို နောက်ပြစ်ပါ၊ ကိုယ်ကရှေ့ထွက်လာမယ်။ ကျန်တဲ့ဒူးက ၉ဝ ဒီဂရီအထိကွေးပါ။ နောက်တဖက်ကိုအဲလိုလုပ်ပါ။ Side Lunge နောက်နည်းကွဲတခုက မတ်တပ်ကားရပ်နေပါ။ ဒူးတဖက်ကို ကြမ်းပြင်မှာ မတ်မတ်ကွေးပါ။ ကိုကို ရှေ့နဲနဲကုန်းလိုက်ပါ။ ပခုံးက ဒူးနောက်မှာရှိနေပါစေ။ အလေးချိန်မျှစေအောင် လက်တွေကိုအသုံးချပါ။
7. On the Ball: Leg Lift လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးပေါ်မှာ မှောက်ပြီး ကိုယ်ကိုဆန့်တန်းထားပါ။ တတောင့်ဆစ်ကို ကြမ်းပေါ်ထောက်ထားပြီး ဒူးနှစ်ဖက်လုံးကို မ-တင်ပါ။ တင်ပါးကကြွက်သားတွေ တင်းနိုင်သမျှတင်းထားပါ။
8. On the Ball: Hip Lift လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးပေါ်မှာ မှောက်လိုက်ပါ။ ဒူးတွေကို ၉ဝ ဒီဂရီကွေးပါ။ ခြေထောက်ပူးထားပါ။ တင်ပါးကကြွက်သားတွေ တင်းထားပါ။ ဖြေးဖြေးချင်း ပေါင်တွေကို ၂ လက္မလောက်အထိ မ-တင်ပါ။
9. Floor Work: Bridgeကြမ်းခင်းပေါ်မှာ ပက်လက်အိပ်ပါ။ ဒူးတွေကွေးထားပါ။ ခြေထောက်တွေကို တင်ပါးနဲ့ အမျှကားထားပါ။ ခါးကို ကြမ်းပြင်ကနေ တဖြေးဖြေးချင်း အောက်ပိုင်းကစပြီး ခွါယူပါ။ ခါးဆစ်တခုချင်းစီဖြစ်ပါစေ။ တင်ပါးကြွက်သားတွေနဲပ ပေါင်ကြွက်သားတွေ တင်းနေပါစေ။ ပခုံးနဲ့ဒူး တတန်းထဲရောက်လာရင် ခဏလေးနားပါ။ နောက် တဖြေးဖြေးချင်းအောက်ချပေးပါ။ ခါးဆစ်တခုချင်းစီဖြစ်ပါစေ။
10. Floor Work: Side Leg Raises ကြမ်းခင်းပေါ်မှာ ဘေးတစောင်း အိပ်ပါ။ အပေါ်ကခြေထောက်ကို မ-တင်ပါ။ တင်ပါးနေရာကို ငြိမ်ငြိမ်ထားပါ။ ဒူးတွေက ရှေ့မျက်နှာဆီသာဦးတည်ပါ။
11. Floor Work: Dirty Dog ဒူးတွေကို တင်ပါးလောက်ကားထားပါ။ လက်တွေက ပခုံးအောက်မှာထားပြီး လေးဘက်ထောက်နေပါ။ တတောင်ဆစ် ဆန့်တန်းနေပါစေ။ ဗိုက်ကိုတင်းထားပြီး၊ ခါးကို ပုံမှန်သာထားပါ။ မကွေး-မဆန့်ပါနဲ့။ ဒူးတဖက်ချင်း မ-တင်ပေးပါ။ တင်ပါးကို အလိုက်သင့်လှည့်ပေးပါ။
12. Floor Work: Running Plank ဖနောင့်ထောက်ထား၊ ခြေမျက်စိချင်းထိတားပါ။ လက်ဝါးတွေကြမ်းပြင်မှာထားပြီး ခါးကိုဆန့်တန်းထားပါ။ တတောင်ဆစ်ကို ဆန်းထားပါ။ ခေါင်း၊ လည်ပင်း၊ ခါး၊ တင်၊ ပေါင်၊ ခြေသလုံး အားလုံး တတန်းတည်း ရှိပါစေ။ ခြေတဖက်ချင်း ဒူးကွေး၊ ခြေခြင်း-တ်ကွေးပြီး ဗခါင်ဘက်ဆီရွေ့ပေးပါ။ နောက် နဂိုအနေအထိ ပြန်ဆန့်တန်းပါ။ နောက်တဖက်လည်း အဲဒီအတိုင်းလုပ်ပါ။ လက်ချောင်းတွေ ကားထားပါ။
13. Walk the Hills တောင်တက်သလို အမြင့်တွေတက်ပါ။
14. Tone Your Tush With Cardio ကိုယ်လက်လေ့ကျင့်တဲ့ (ဂျင်မ်) မှာလုပ်နည်း၊ Stair steppers, Arc trainers နဲ့ Elliptical machines စက်တွေသုံးပါ။
15. Aerobic activity (အေရိုးဘစ်) လေ့ကျင့်ခန်းနည်းလုပ်ပါ။
16. Slim Your Assets လေ့ကျင့်ခန်းတခုထဲနဲ့ မလုံလောက်ပါ။ စားနေတဲ့အစားအသောက် ဂရုစိုက်ပါ။ (ကလိုရီ) များတာ လျော့ပြစ်ပါ။ ကိုယ်အလေးချိန် လျှော့ချပါ။
17. Go for Gluteus Maximus စက်ဘီးစီးပါ။
18. Cosmetic surgeons အလှအပ ခွဲစိတ်ဆရာဝန်ကနေ ကိုယ်ကြိုက်တဲ့ ပုံစံ ဥပမာ Heart-shaped အသဲပုံ၊ Pear သစ်တော်သီးပုံ၊ Bubble ဘူဘောင်းပုံ စတာမျိုးဖြစ်အောင် Lifts, and Reshaping ပြုပြင်ပေးနိုင်ပါတယ်။ Implants အတုထည့်တာလဲ လုပ်ပေးနိုင်ပါတယ်။
19. Shapewear for Your Tush အခုအခံတွေ သုံးနိုင်တယ်။
20. Dress Your Assets Down ကိုယ်နဲ့တော်တာ ရွေးဝတ်တတ်ပါစေ။ Boot-cut and flared jeans အမျိုးအစားဝတ်ရင် နောက်ကကြည့်တော့ တင်းလှပြီး သွယ်လျှတယ်ထင်စေမယ်။ Long pant legs ဝတ်ရင် ပေါင်တံရှည်တယ်။ တင်သေးမယ်ထင်စေမယ်။ Back pockets နောက်အိတ်ပါတာမျိုးကလဲ ဆွဲဆောင်မှုရှိစေမယ်။ Super-long back pockets နောက်အိတ်ရှည်ပါတာမျိုးကိုရှောင်ပါ။ Dress Your Assets Up ၁၉၈ဝ ကျော်ကခေတ်စားဘူးခဲ့တဲ့ Peg leg နဲ့ Ankle jeans တွေရှောင်ပါ။ (အိုက်စ်ခရင်မ်) ထိပ်ပိုင်းနဲ့တူတယ်ထင်ကြမယ်။ Super-tight pant legs ဒါမှမဟုတ် leggings along with a tight form-fitting rear panel ကိုရွေးဝတ်ရင် Brazilian butt-lift style လို့ သတ်မှတ်တယ်။

Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင် http://dts-medicaleducation-adult.blogspot.in/2012/03/butt-exercises-for-women.html

Dr. တင့်ဆွေ
၂၂-၂-၂ဝ၁၂

Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၉)

သည်းခြေကြိုက် ခေါင်းစဉ်ဆိုတာ ကျန်းမာရေး နယ်ပယ်မှာလဲ ခေတ်စားပါတယ်။ “(ကီးဂယ်လ်) လေ့ကျင့်ခန်းဖြင့် ကျား-အင်္ဂါ ကျန်းမာရေး နှင့် ကြီးထွားနည်း”။ “အမျိုးသမီးများအကြား ရေပန်းစားပေမဲ့ ယောက်ျားလေးများ မသိသူ ကျော်သွား၊ သိသူ ဖေါ်စားနည်း” လဲပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ ကလေးဖွါးပြီးသူ အမျိုးသမီးတွေ မ-အင်္ဂါအတွင်းမှာ ရင်းစားပြန်ရဘို့ Pelvic Floor exercise တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို ဆရာဝန်တွေက ထောက်ခံချက် ပေးယုံသာမကာ လုပ်ခိုင်းတဲ့နည်းလဲ ဖြစ်ပါတယ်။ အမျိုးသားအတွက် ဆိုတာတော့ ဆရာဝန်တွေက မညွှန်းဘဲ၊ “ကျွမ်းကျင်သူ” ဆိုသူ များကသာ ရေးကြတာပါ။ “ကျွမ်းကျင်သူ” လို့ ဘယ်သူက ဘွဲ့ပေးသလဲ။ “ဗမာ့အရေး ကျွမ်းကျင်သူ” ဆိုတာတော့ ရေဒီယိုတွေကနေ ပေးတယ်။ ဘာဘဲဖြစ်ဖြစ် ဗဟုသုတ ရလိုသူများ၊ ဆန္ဒပို အလိုရှိသူများ သိစေဘို့ ရေးပါရစေ။ လေ့ကျင့်ပေးရမဲ့ ကြွက်သားကို သိအောင် အရင်လုပ်ရတယ်။ “ဆီးသွားနေတုံး ဆီးမကုန်ခင် ရပ်အောင် ကြိုးစားတဲ့အခါ ကြုံ့ပေးရမဲ့ ကြွက်သားတွေ” ဖြစ်ပါတယ်။ Pubococcygeus muscle ခေါ်တယ်။ ဆီးစပ်ရိုး နောက်ကနေ ဟိုနောက်ဆုံးက အမြီးပိုင်း နေရာအထိ ဆက်နေတဲ့အရာ ဖြစ်ပါတယ်။

(ပြူဘို-ကောက်ဆီဂျီယပ်စ်) ကြွက်သားဟာ Levator ani ဆိုတဲ့ တင်ပါးဆုံတွင်းမှာ Pelvic floor အခင်းသဘော ဖြစ်နေတဲ့ ကြွက်သားကြီးရဲ့ အစိတ်အပိုင်းပါ။ ဒီကြွက်သားကြီးကနေ စအို နဲ့ (ဗဂျိုင်းနား) တွေကို ထိန်း-မ-ပင့်တင် ပေးထားတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုသာ ဆေးနည်းပေးတာ ဖြစ်ပါတယ်။ ကျားအင်္ဂါနဲ့ အဆက် အစပ်က အတော်ကြီး အမျိုးလိုက်စပ်မှ ရတယ်။

“သူ့ကို လေ့ကျင့်ရင်း Cremaster muscle ဆိုတဲ့ ကျား-ကပ်ပဲ့အိတ်၊ ကျား-အစိနဲ့ ဆိုင်တဲ့ ကြွက်သားကိုပါ လေ့ကျင့်ရာ ရောက်တယ်၊ ယောက်ျားတိုင်းတော့ မလုပ်နိုင်ကြဘူး” တဲ့။ အပြောကတော့ ချောသလား မမေးနဲ့။ “အင်္ဂါ သန်မာစေမယ်၊ သုတ်လွှတ်စောတာ ထိန်းနိုင်မယ်” တဲ့။ ကြွက်သား မှန်သမျှ လေ့ကျင့်ပေးရင် သန်လာစေတာတော့ မှန်ပါတယ်။

ကျား-လိင်အင်္ဂါ Penis မှာ Corpora Cavernosa ဆိုတာက လိုအပ်ချိန်မှာ သန်မာလာစေဘို့ ဆောင်ရွက်ပါတယ်။ သူ့မှာ အနုစား-ကြွက်သားတွေ ပါတယ်။ အနုစား-ကြွက်သားကို စိတ်ကနေ ထိန်းမရသလို၊ သန်မာအောင် လေ့ကျင့်ပေးလို့လဲ မရဘူး။ Sexual stimulation လိင်စိတ် နိုးထလာမှသာ အဖြစ်အပျက်တွေ တလှေကြီး ဖြစ်လာတယ်။ သွေးလျှောက်တာ ပိုများလာမယ်၊ ဝင်လာတဲ့ သွေးတွေကို စုပေးထားမယ်၊ သွေးပြန်ထွက်မှာကိုလဲ ထိန်းထားအုံးမယ်၊ အတွင်းဖိအား ဆိုတာ တက်လာမယ်၊ Ischiocavernosus ဆိုတဲ့ ကြွက်သားက ရှုံ့-ကြုံ့လာမယ်။ Kegel exercise ဆိုတာ ဒီ (မာဆယ်လ်) ကို လေ့ကျင့်ပေးရတာပါ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။ ခန္ဓာဗေဒကို ခပ်ပေါ့ပေါ့ ရေးသူတွေက ဒီကြွက်သားလို့ တည့်တည့် မပြောကြဘူး။

လိင်အင်္ဂါ နှစ်မျိုး မသုံးဘဲ အာသာဖြေခြင်း (မာစတာဘေးရှင်း) ကြောင့် ကျား-လိင်အင်္ဂါ ပိုမို ကြီးထွား-သန်မာ စေသလား။ ကျွမ်းကျင်သူ ဆိုသူများက စနစ်ကျဘို့ လိုကြောင်း၊ (မာစတာဘေးရှင်း) လုပ်ရတာနဲ့ နဲနဲ မတူကြောင်း၊ ဖါသာ အာသာ-ဖြေဖျောက်မှုက ကျားအင်္ဂါကို အင်ပြည့်-အားပြည့် အနေအထားမှာ ဆောင်ရွက်ရတာ ဖြစ်ပြီး၊ လေ့ကျင့်တာက သန်းမာမှု တဝက် အနေအထားမှာ လုပ်ပါတဲ့။ ပဌမ-ရည်မှန်းချက်အတွက် ပြီးပြီးရော လုပ်တာများပေမဲ့ ဒုတိယ-ပန်းတိုင် အတွက်တော့ စိတ်ရှည်ပါ။ အချိန် (တနေ့ ၁ဝ မိနစ်) ပေးပါတဲ့။

(မာစတာဘေးရှင်း) လုပ်ရတဲ့သူတွေ ဘာအကျိုး-အပြစ်တွေ သက်ရောက်သလဲ။ ပြောကြတယ် “ထိခိုက်စေတယ်။ သုတ်လွှတ် မြန်စေမယ်။ အားယုတ်တယ်။ ဘာ-ညာ”။ တကယ်လို့ တယောက်ထဲ စခန်းသွားတဲ့ အကျင့်မှာ မြန်တဲ့အလေ့ ရှိရင် နှစ်ယောက်တွဲလဲ မြန်တတ်တာ ဖြစ်နိုင်တယ်။ ဒါမျိုး မဖြစ်အောင် အချိန်ယူ နည်းလုပ်ခြင်းဟာ အင်္ဂါ-လေ့ကျင့်ခန်း လုပ်ရာလဲ ကြာစေမယ်လို့ ယူဆနိုင်တယ်။ စိတ်အလိုကို မလိုက်သေးဘဲ Climax မဖြစ်ခင် နားထားရမှာ ပြောတာပါ။ ဆေးပညာအရ (မာစတာဘေးရှင်း) ခဏခဏလုပ်လို့ သုတ်ရည် များမယ်၊ နည်းမယ်၊ ဆီးကြိတ်-ကင်ဆာ ဖြစ်မယ်-မဖြစ်ဘူး၊ ဆိုတာ ကံသေကံမ မပြောနိုင်ပါ။

“စိတ်ကို အားပေးတဲ့ အစားအစာများ နဲ့ သုတ်ပိုးကို အားပေးတဲ့အစာများ” ဆိုတာတွေ ပြောစမှတ်ရှိတယ်။ ဆေးပညာ အရတော့ သတ်မှတ်ထားတာမျိုး မရှိသလောက်ပါ။ ဒီစိတ်ကို အားပေးတဲ့ အစား-အစာတွေကို ဗဟုသုတအတွက် ရေးပါရစေ။

• Celery တရုတ်-နံနံကြီး။ ပြောသူတွေကတော့ “ဒီအရေးအရာ သာမက (ကိုလက်စထော) ပါ နည်းစေတယ်၊ ကင်ဆာကို ကာကွယ်နိုင်တယ်” တဲ့။ (ဟိုးမား) ရဲ့ ခရီးရှည် ကဗျာရှည်ကြီးထဲမှာလဲ Celery ပါခဲ့သေးတယ်။ ဆေးပညာအရ ထောက်ခံချက် ပေးနိုင်တာက ဗီတာမင် K နဲ့ C တွေပါတာ သေခြာတယ်။
• Oysters မုတ်ကောင်ကလဲ နာမယ်ကြီးပါတယ်။ စိတ်ကိုသာမက သုတ်လဲ ပွါးများပါသတဲ့။ အစိမ်းစားရင် ပိုသိသာတယ်၊ သန့်ရှင်းဘို့တော့ မမေ့ပါနဲ့။ စားနည်းလဲ သူများကို မေးပါတဲ့။
• Bananas ငှက်ပျောသီး၊ သူများတိုင်းပြည်တွေမှာက ငှက်ပျောသီးဆို သီးမွှေး အမျိုးအစားသာ သိတာများတယ်။ ဗမာတွေက ကျန်းမာရေးအတွက် ဖီးကြမ်းငှက်ပျောဘဲ ညွှန်းတယ်။ ဂျပန်မှာ ငှက်ပျောသီး Crazy ဖြစ်နေတာ မကြာခင်က ရေးရသေးတယ်။
• Avocado ထောပတ်သီး၊ လိင်စိတ်ကို အားပေးစေချင်သူ ယောက်ျားတွေသာမက အမျိုးသမီးတွေလဲ စားပါတဲ့။ Vitamin K, Potassium, Vitamin B6, Vitamin C တွေ ပါတာ သေခြာတယ်။
• Almonds ဗာဒံစေ့၊ အစေ့-အဆံတွေရဲ့ အစွမ်းကို နှလုံးရောဂါအတွက်ပါ ရေးကြ-ပြောကြတယ်။ ကျား-ဟော်မုန်း ကိုလဲ အားပေးလို့ ဒီအနံ့ပါတဲ့ ဖရောင်းတိုင်းထွန်းပြီး၊ ကုတင်ဘေးမှာ Almonds ပန်းကန် ထားပါတဲ့။
• Mangoes သရက်သီး၊ ဒီအရေး အားပေတာ သေခြာတယ် ပြောတယ်။ LDL (ကိုလက်စထော) ကျစေတယ်။ Manganese, Copper နဲ့ ဗီတာမင် ဘီ ၂ တွေ ပါတယ်။
• Eggs ကြက်ဥ။ ဗမာတွေလဲ ယုံကြ-လက်ခံကြတယ်။ မတူတာက အစိမ်းသောက်တာ ထူးတယ်လို့ သူများတွေက သိပ်မယုံဘူး။ Libido ဒီစိတ်မှာ အရေးပါတဲ့ ဗီတာမင် B5 and B6 တွေ ပါတယ်။
• Liver အသဲ။ ဒီကိစ္စအတွက်တော့ ကျွမ်းကျင်သူများလို ဟုတ်-မဟုတ် မပြောတတ်ဘူး၊ Glutamine ဆိုတဲ့ ခုခံအား၊ သွေးအား ကောင်းတာတွေ ပါတယ်။ ဂေါက်ရောဂါရှိသူအတွက်တော့ မကောင်းဘူး။
• Chocolate ချော့ကလက်။ အကောင်းစားက ကောင်းစေပါသတဲ့။

Q: ဆရာခင်ဗျား Masters and Johnson method ဂျွန်ဆင်နည်းစနစ်၊ Kegel exercises ကြွက်သား လေ့ကျင့်ခန်းများ ဆောင်းပါးထဲက လေ့ကျင့်ခန်းဟာ လိုသလောက် ဆွဲထားနိုင်တဲ့အတွက် သုတ်တွေကို ထိန်းထားသလို ဖြစ်မနေဘူးလား။ သုတ်တွေ အတွင်းမှာ ခဲတာ (သို့) အခြားအန္တရာယ်များ ရှိနိုင်မလား။ သုတ် မထွက်အောင် လက်နဲ့ ဖြစ်ဖြစ် အကြောကို ထောက်ပြီး ပိတ်ထားမိရင်ရော ရောဂါရနိုင်ပါသလား။

A: သုတ်ရည်က အထဲမှာ မခဲနိုင်ပါ။ လက်နဲ့ ပိတ်ထားလို့ မရနိုင်ပါ။ စိတ်နဲ့သာ ထိန်းနိုင်ပါတယ်။ တကယ် လွှတ်ချင်လာရင် အဲဒီစိတ်ကို ထိန်းမရတော့ပါ။ Spinal reflex အလိုအလျှောက်-တုံ့ပြန်မှုကနေ ဖြစ်တာမို့ပါ။ မလွှတ်သေးအောင်တော့ ထိန်းနိုင်ပါတယ်။ ဒါပေမဲ့ ထိန်းတဲ့ကြားက တစက်လောက် ထွက်ရင် ကိုယ်ဝန် ရစေတာမို့ မိသားစု စီမံကိန်းနည်းတွေထဲက သုတ်ရည် ပြင်ပစွန့် ထုတ်နည်းဟာ ၁၅-၂၈% ကိုယ်ဝန်ရတယ်။ လဖက်ရည်ဇွန်း တဝက် (၂့၅ စီစီ) မှာ သုတ် ကောင်ရေ သန်း ၅ဝ ပါတယ်။

သင်ရ-လေ့လာရတဲ့ ဆေးပညာအလိုအရ Professional advice ပေးပါ့မယ်။ ကြိုက်ရင် ယူပေါ့။ လေ့ကျင့်ခန်းရော အစာအာဟာရပါ အန္တရာယ် ဖြစ်စရာ မတွေ့ပါ။ ဒါလုပ်လို့၊ ဒါစားလို့ ပိုကောင်းမယ်လို့ ယုံကြည်မှုကိုနှိုက်က တဝက် ကောင်းနေပြီ မဟုတ်ပါလား။

Dr. တင့်ဆွေ
၂၉-၉-၂ဝ၁ဝ