Thursday, July 21, 2016

မန္တလေးတိုင်းရှိ အလုပ်သမားအဖွဲ့အစည်းအချို့က သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားစာပို့မည်


Friday, July 22, 2016 
ပြည်ထောင်စုအဆင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ်ရွေး ချယ်ရာတွင် အခြေခံအလုပ်သ မားအဖွဲ့အစည်းများအား စာဖြင့် အသိပေးအကြောင်းကြားခြင်းမ ရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမှ အလုပ်သမားအဖွဲ့အစည်းအချို့ က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ကန့်ကွက်တိုင်ကြားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ခုံသမာဓိကောင်စီအလုပ်သ မားကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အလုပ်သမားအဖွဲ့အစည်းများအား ဖိတ်ကြားခြင်းမရှိသည့်ကိစ္စနှင့်ပတ်သက်၍  ဇူလိုင် ၁၉ရက်က မန္တလေးမြို့ 88ကဖေး၌  မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်ခုနစ်ခုမှ အလုပ်သမားအ
ဖွဲ့၃၀ခန့်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကန့်ကွက်ခဲ့ရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အရင်အစိုးရလက်ထက် တုန်းကတောင် အခြေခံအဖွဲ့အ ထိ ဖိတ်စာပို့ပြီးဖိတ်ခဲ့တယ်။ အခု ပြည်သူတွေ ရွေးချယ်ထားတဲ့၊ ပွင့် လင်းမြင်သာတဲ့ အစိုးရလက်ထက်ကျမှ အလုပ်သမားအဖွဲ့အ စည်းတွေကို တရားဝင်အကြောင်း ကြားဖိတ်ကြားခြင်းမရှိဘဲ လက် သိပ်ထိုးရွေးချယ်သွားတယ်။ ဒါနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနကို ကန့် ကွက်စာပေးပို့ပြီး နိုင်ငံတော်အစိုး ရကို တိုင်ကြားသွားမယ်’’ဟု ကျောက်ဆည်မြို့နယ် ဆင်မင်း ဘိလပ်မြေစက်ရုံမှ အလုပ်သမား ခေါင်းဆောင်ဦးအောင်သူဝင်းက အဆိုပါသတင်းစာရှင်းလင်းပွဲ ၌ ပြောကြားသည်။
ထိုသို့ အောက်ခြေအလုပ် သမားအဖွဲ့အစည်းများသို့စာဖြင့် အသိပေးအကြောင်းကြားခြင်းမရှိဘဲ ကိုယ်စားလှယ်များရွေးချယ်ခဲ့ ခြင်းကို ကန့်ကွက်ကြောင်း မန္တ လေးတိုင်းဒေသကြီးရှိ အလုပ်သ မားအဖွဲ့အစည်း များက အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ဇူလိုင်တတိယအပတ်က အသိပေးအကြောင်းကြားစာများပေးပို့ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာများကိုလည်း  ယခုအပတ်အတွင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံသို့ ပေးပို့တိုင်ကြားမည်ဟု အလုပ်သမားအဖွဲ့ခေါင်းဆောင်များကပြောသည်။
ပြည်ထောင်စုအဆင့် အ လုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးခုံသမာဓိကောင်စီဝင် ကိုယ်စားလှယ် ၁၅ဦးကို အလုပ် ရှင်များဘက်မှ ငါးဦး၊ အလုပ်သ မားများဘက်မှ ငါးဦး၊ ၀န်ကြီးဌာ နမှ ငါးဦးရွေးချယ်ရခြင်းဖြစ်ပြီး အလုပ်သမားကိုယ်စားလှယ်များ ရွေးချယ်ရာတွင် တရားဝင်အ ကြောင်းကြားခြင်းမရှိဟုဆိုကာ မန္တလေးတိုင်းမှ အလုပ်သမားအ ဖွဲ့အစည်းအချို့က ကန့်ကွက်ခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံးရှိ အလုပ် သမားအဖွဲ့အစည်းများ မဲပေးရွေး ချယ်ခွင့်ရှိသည့် အလုပ်သမားရေး ရာအငြင်းပွားမှုဖြေရှင်းရေး ခုံသ မာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ်ငါးဦးရွေးချယ်ခြင်းကို ဇူလိုင် ၁၂ရက်က ရန်ကုန်မြို့ တွင် ကျင်းပခဲ့သည်။ ထိုသို့ရွေး ချယ်ရာတွင် အလုပ်သမားအဖွဲ့ အစည်းများကို အလုပ်သမားဦးစီး ဌာနက တရားဝင်အကြောင်း ကြားစာမပေးပို့ခဲ့ကြောင်း မန္တ လေးတိုင်းဒေသကြီးအလုပ်သ မားခေါင်းဆောင်များကဆိုသည်။
 ‘‘ကျွန်တော်တို့ ဥပဒေအ တွင်းက တိုင်ကြားတယ်၊ ကန့် ကွက်တယ်။ ဥပဒေနဲ့အညီ ကန့် ကွက်တာကို ဥပဒေနဲ့အညီ အ ရေးယူပေးချင်ပါတယ်’’ဟု CCTU အလုပ်သမားအဖွဲ့အစည်း   ဦး ဆောင်သူဦးစောလှအောင်က ပြောသည်။
နေပြည်တော်  အလုပ်သ မားရေးရာ    ဆက်ဆံရေးဌာန ဒုတိယဦးစီးမှူးဦးမြင့်အောင်က ‘‘ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာအ ခြေခံအလုပ်သမားအဖွဲ့ ၂,၀၃၇ဖွဲ့၊ မြို့နယ်အဖွဲ့အစည်း ၁၁၅ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်က ၁၄ ဖွဲ့၊ အဖွဲ့ချုပ်က ရှစ်ဖွဲ့ရှိတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာအဖွဲ့တစ် ဖွဲ့ရှိတယ်။ အဲဒီတော့ ၂,၁၇၅ဖွဲ့ကို ဖိတ်စာပေးမယ်ဆိုရင် မရောက်နိုင်ဘူးလို့ ယူဆနိုင်တယ်။ အဲဒါကြောင့် သတင်းစာနဲ့ SkyNet ကပဲကြော်ငြာခဲ့တာပါ’’ဟု ပြောကြားခဲ့သည်။
အလုပ်သမားရေးရာ အငြင်းပွားမှု    ဖြေရှင်းရေးခုံသမာဓိ ကောင်စီဝင်များကို ၂နှစ်တစ်ကြိမ်အလုပ်သမား၊အလုပ်ရှင်နှင့် ၀န်ကြီးဌာနမှ ငါးဦးစီရွေးချယ်တင်မြှောက်ရခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment