လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ အိမ်ထောင်စုမေးခွန်းပုံစံ၏ စာတိုင် (ဂ)တွင် လူမျိုးအမည် ရေးသွင်းခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့မိမြို့ဖများက နိုင်ငံတော်သမ္မတကြီးထံသို့ မတ် ၁၀ ရက်နေ့စွဲဖြင့် တင်ပြတောင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါစာ၌ ရိုဟင်ဂျာဆိုသောလူမျိုး မြန်မာနိုင်ငံတွင် မရှိကြောင်း သမ္မတကြီးကိုယ်တိုင် ကမ္ဘာသိအောင် ကြေညာထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် ယခုအခါ၌ သန်းခေါင်စာရင်း ကောက်ယူသည့်အခါ ရိုဟင်ဂျာဟု အတင်းအဓမ္မ လိမ်လည်နေသော ဘင်္ဂါလီလူမျိုးများ ပြဿနာရှာမည်ကို စိုးရိမ်မှုကြောင့် လည်းကောင်း၊ ပြောသည့်သူက ပြောသည့်အတိုင်း ရေးသွင်းရမည်ဆိုသော ‘နိုင်ငံတကာ စံချိန်စံနှုန်း’ ဆိုသည်ကြောင့် လည်းကောင်း၊ မေးခွန်းပုံစံတွင် ရိုဟင်ဂျာလူမျိုးဟု စာဖြင့်ရေးသွင်းမည်ဟု ပြောင်းလဲစီစဉ်လာခြင်းဟု ယူဆကြောင်း၊ ယင်းအတွက် ကမ္ဘာတွင်မရှိသော လူမျိုးတစ်ခု၏ အမည်ကို ပြောလာလျှင် ထိုသို့ရေးသွင်းရမည်လားဟု စောဒကတက်စရာရှိကြောင်း ပါရှိသည်။
ယင်းနှင့်ပတ်သက်၍ စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးအဖြစ် လက်မှတ်ထိုး တင်ပြခဲ့များအနက် ပါဝင်သော ဦးသန်းထွန်းက “သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့သာ ထည့်ပေးလိုက်ရင် ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးပြီး ကမ္ဘာနိုင်ငံ အသီးသီးမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာအမည်ခံသူတွေ အားလုံးဟာ မြန်မာပြည်ပေါက် ရိုဟင်ဂျာဆိုပြီး ဖြစ်လာမယ်ဆိုတာကို အလွန်တရာ စိုးရိမ်ရပါတယ်။ ပြီးတော့ သန်းခေါင်စာရင်းဟာ ၁၉၈၂ ဥပဒေအတိုင်း နိုင်ငံသားလျှောက်ဖို့ အားမပြုဘဲ ရိုဟင်ဂျာကို နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေတာသာ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အလွန်စိုးရိမ်ရတဲ့အတွက် ရခိုင်သူရခိုင်သားများကိုယ်စား၊ မြန်မာနိုင်ငံသား အားလုံးကိုယ်စား အခုလို စစ်တွေမြို့မိမြို့ဖတွေက သမ္မတဆီ တင်ပြတောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ ကာလများက ပြည်တွင်းမတည်မငြိမ်မှုများကြောင့် နိုင်ငံတော်လုံခြုံရေး အခြေအနေများအရ နိုင်ငံတော် အကြီးအကဲအချို့မှ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်တကောင်းသား ဘင်္ဂါလီများကို ရိုဟင်ဂျာဟု သုံးနှုန်းခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ ယခုအချိန်တိုင်အောင် သမိုင်းကြောင်းအရ ဖြေရှင်းနေရဆဲဖြစ်ကြောင်း သမ္မတကြီးလည်း အသိပင်ဖြစ်ပါသည်ဟု အဆိုပါစာတွင် ထည့်သွင်းရေးသား တင်ပြထားကြောင်းလည်း သိရသည်။
ထို့အပြင် ယခုတစ်ဖန်လည်း နိုင်ငံတော်အဆင့် အများပြည်သူဆိုင်ရာ စာရွက်စာတမ်းတစ်ရပ်၌ ရိုဟင်ဂျာလူမျိုးဟု ရေးသွင်းမည်ဆိုပါက (၁)နိုင်ငံတော်အဆင့်ကပင် ရိုဟင်ဂျာလူမျိုးဟု တရားဝင်ရေးသား ဖော်ပြထားကြောင်း၊ (၂)ရိုဟင်ဂျာဆိုသည့် လူဦးရေ မည်မျှရှိကြောင်း ကမ္ဘာတစ်ခုသုံးသို့ လိမ်လည်တင်ပြရန် အကြောင်းအချက် ရရှိသွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် သမ္မတကြီးအနေဖြင့် ပြန်လည်သုံးသပ် ပယ်ဖျက်သင့်ကြောင်းများကိုလည်း ထည့်သွင်းရေးသားထားကြောင်း သိရသည်။
ယင်းစာအား စစ်တွေမြို့မိမြို့များကိုယ်စား အလုပ်အမှုဆောင်အဖွဲ့မှ ၁၁ ဦးက လက် မှတ်ရေးထိုးကာ တင်ပြခြင်းဖြစ်ကြောင်းလည်း သိရသည်။
elevenmyanmar.com
Wednesday, March 12, 2014
Sunday, March 9, 2014
ထိုင်းတွင် တရားမ၀င်လုပ်သားများ ဖမ်းဆီးစဉ် ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချသည့် အမျိုးသမီး ခြေထောက်ကျိုး
ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် စတဟစ်မြို့ရှိ ကြောင်ထယန်နယ်မြေ(၁)တွင် နေထိုင်သည့် တရားမ၀င်အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးစဉ် အလုပ်သမားအချို့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက်ကျိုးသွားကြောင်း သတင်းရရှိသည်။
မတ်လ ၆ရက်တွင် ကြောင်ထယန်နယ်မြေ (၁)တွင်ရှိသော ဟောလီးဒေးဟိုတယ်၏ နောက် အဆောက်အအုံတစ်နေရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစရှိသည့် နိုင်ငံများမှ အလုပ်သမား ၅၀ ခန့်ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးရာ ထိုအလုပ်သမားများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် အသက် (၂၃) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ကြောက်လန့်၍ နှစ်ထပ်တိုက်ပေါ်မှ ခုန်ချရာ ခြေထောက်တစ်ဖက် ကျိုးသွားခြင်းဖြစ်သည်။
အဆိုပါဖမ်းဆီးခံရသော နိုင်ငံခြားအလုပ်သမား ၅၀ ခန့် တွင် ၁၀ ဦးသာ တရားမ၀င်အလုပ်သမားများ ပါဝင်ကြောင်း သတင်းရရှိသည်။ ခုန်ချ၍ ခြေကျိုးသွားသည့် မြန်မာအမျိုးသမီးမှာလည်း တရားဝင်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
‘‘တရားမ၀င်အလုပ်သမားတွေကို ထိုင်းရဲတွေက လျှပ်တစ်ပြက်ဝင်ဖမ်းတာ။ တရားဝင်အလုပ်သမားတွေကများတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာ။ အဲဒီမှာ ကောင်မလေးက လန့်ပြီးခုန်ချတာ ခြေကျိုးသွားတာပါ။ ခုတော့ စ၀မ်လိုထန်က ကယ်ဆယ်ရေးစခန်းက နီးစပ်ရာဆေးရုံကို ပို့ထားတယ်လို့သိရပါတယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။
ထိုဖမ်းဆီးမှုတွင် တရားမ၀င်လုပ်ကိုင်သော အလုပ်သမား ၁၀ ဦးသာ ဖမ်းဆီးခံရပြီး ကျန် တရားဝင်လုပ်ကိုင်သည့် အလုပ်သမားများကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က ချက်ချင်းပြန်လွှတ်ပေးခဲ့ကြောင်း ဦးကျော်သောင်းက ပြောသည်။
Author: ငြိမ်းချမ်း
7day Daily
ရန်ကုန်မြို့လယ်မှာ အလုပ်သမားအရေး သမဂ္ဂပေါင်းစုံ ဆန္ဒပြ
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ယာယီ)က ဦးဆောင်ပြီး သမဂ္ဂ ၂၀ ပူးပေါင်းပါဝင်တဲ့ ဆန္ဒပြပွဲတခု ရန်ကုန်မြို့လယ်မှာ ကျင်းပခဲ့ပြီး အလုပ်သမားအရေး တောင်းဆိုချက် ၅ ရပ် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့က အလုပ်သမား ၂၀၀ ကျော်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့လယ်၊ မဟာဗန္ဓလပန်းခြံအနီး စုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးဖြစ်တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥပဒေ အတိုင်ပင်ခံ ဦးအောင်သူရိန်ထွန်းက သူတို့ရဲ့ တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။
“အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့အတွက် ဥပဒေ ပြဋ္ဌာန်းပေးပါလို့ ကျနော်တို့ တောင်းဆိုတယ်။ နောက်တခု အလုပ်သမား တရားရုံးတွေ ပေါ်ပေါက်ဖို့အတွက် တောင်းဆိုရခြင်း အကြောင်းအရင်းဟာ ကျနော်တို့ အလုပ်သမားတွေရဲ့ ကိစ္စတွေကို အလုပ်သမားရုံးတွေက ဥပဒေနဲ့အညီ မဖြေရှင်းပေးတဲ့ ကိစ္စတွေအတွက် ဖြစ်တယ်။ နောက် အလုပ်သမားသမဂ္ဂတွေ ဖြိုခွင်းခံရတာတွေ ရှိတယ်။ အလုပ်သမားသမဂ္ဂတွေ ဖြိုခွင်းခံရတဲ့ ကိစ္စတွေမှာ အလုပ်သမားအရေး တောင်းဆိုတဲ့ အလုပ်သမား ခေါင်းဆောင်တွေကို အလုပ်ကနေ ထုတ်ပြစ်တယ်။ အဲဒီလို ထုတ်ပြစ်တဲ့အခါမှာ ငွေကြေးပေးပြီး လျော်ကြေးပေးပြီး ထုတ်ရင် ရတယ်ဆိုတဲ့ အစွဲအလမ်းမျိုး အလုပ်ရှင်တွေဆီမှာ ၀င်လာတယ်။ ဒီလို ၀င်လာတဲ့ အကြောင်းအရင်းဟာ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ကိုယ်တိုင်သည်လျှင် အလုပ်သမားအဖွဲ့အစည်းတွေကို အကာအကွယ် မပေးနိုင်လို့ ဒီကိစ္စတွေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ဥပဒေတွေကို ပြင်ဆင်ဖို့ ပြောင်းလဲဖို့ လိုအပ်လို့ ကျနော်တို့ တောင်းဆိုခြင်း ဖြစ်တယ်။ ဒီတောင်းဆိုချက်တွေကို ကျနော်တို့ဟာ တရားဝင် ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုတာ ဖြစ်ပါတယ်။”
အခု တောင်းဆိုချက်တွေ မရရင် နည်းလမ်းပေါင်းစုံသုံးပြီး ဆက်လက် လုပ်ဆောင်သွားမယ်လို့လဲ ပြောပါတယ်။
ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စီတန်းလှည့်လည်ခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ အလုပ်သမားအရေး လုပ်ပေးဖို့ ဟောပြောခြင်းတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)
Monday, March 3, 2014
မောင်တောမြို့နယ် လယ်မြေများရှိ ကျူးကျော်အဆောက်အအုံများ စိစစ်ရန်လို
လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန်လိုအပ်နေကြောင်း စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
လယ်ယာမြေများတွင် နေအိမ်အဆောက်အအုံများ ကျူးကျော်တည်ဆောက်မှုများလာသဖြင့် လယ်ယာမြေများ တဖြည်းဖြည်းလျော့နည်းကာ စိုက်ပျိုးမြေများ လျော့ကျနေသည်ဟု ဆိုသည်။
‘‘တစ်နှစ်ထက်တစ်နှစ် လူဦးရေသာများလာပြီး နေအိမ်အဆောက်အအုံတွေလည်း တိုးလာပါတယ်။ တိုးလာတဲ့ လူဦးရေ စားသောက်ဖို့အတွက် လယ်မြေက ကျူးကျော်တည်ဆောက်နေတဲ့ အဆောက်အအုံတွေကြောင့် လျော့နည်းလာပါတယ်။ လယ်မြေထဲမှာ တရားမဝင် ကျူးကျော်တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို စိစစ်ပြီးပေးဖို့တော့ လိုနေပါပြီ’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မောင်တောနယ်စပ်ဒေသတွင် တရားမဝင်တည်ဆောက်ထားသည့် အဆောက်အအုံပေါင်း သန်းချီရှိနေပြီး အဆိုပါအဆောက်အအုံများမှာ လူနေရပ်ကွက်များ၌သာမက လယ်မြေများ၌ပါ တိုးချဲ့လာ၍ စိုက်ပျိုးနိုင်သော လယ်မြေများ မပျက်စီးမဆုံးရှုံးစေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများက စိစစ်ဆောင်ရွက်ရန် လိုအပ်နေကြောင်းနှင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၃(က)တွင် စည်ပင်သာယာရေးကော်မတီသည် ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိ၍ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်သည်ကို ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည်ပြုပြင်စေခြင်း (သို့မဟုတ်) ဖြိုဖျက်စေခြင်းများကို မြေပိုင်ရှင် (သို့မဟုတ်) အဆောက်အအုံပိုင်ရှင် (သို့မဟုတ်) လက်ရှိနေထိုင်သူအား ညွှန်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
Author: မောင်ကံ
7day Daily
ကျောက်ဖြူအထူးစီးပွားရေးဇုန် ဒုတိယအဆင့်ဖြစ်သည့် အကြံပေးကုမ္ပဏီ ရွေးချယ်ပြီးစီး
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အဆင့်(၄)ဆင့်ဖြင့် စနစ်တကျ အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ ဒုတိယ အဆင့်ဖြစ်သည့် အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အထိ ဆောင်ရွက်ပြီးဖြစ်ပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်အရ
(က) အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့မှ ၀န်ကြီး၊ ဒုဝန်ကြီးများ။
(ခ) ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင်များ။
(ဂ) ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ရခိုင်ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းများမှ တတ်သိနားလည်သော resource person များဖြင့်
ဖွဲ့စည်းထားသည့် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ BEAC (Bid Evaluation and Awarding Committee) မှ တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းကို နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါသည်။
အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့်တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်အရ စိတ်ဝင်စားမှေုဖ်ာပြလွှာ Expression of Interest (EOI) ဖိတ်ေခါ်သည့် စက်တင်ဘာလ (၈) ရက်နေ့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် (Launching Ceremony) မှစတင်ကာ နိုင်ငံတကာမှ အကြံပေးကုမ္ပဏီ (Consulting Firm) အား ဖိတ်ေခါ်ခဲ့ရာ အကြံပေး ကုမ္ပဏီ(Consulting Firm) အုပ်စု (၃၁) အုပ်စု စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါသည်။
ယင်းတို့ အားလုံးကို တင်ဒါအဆိုပြုလွှာများတင်ရန် ဖိတ်ခေါ်ခဲ့ရာ အကြံပေးကုမ္ပဏီ(၁၇) အုပ်စုပြိုင်ခဲ့ကြပြီး ယင်းတို့တင်သွင်းလာသော နည်းပညာနှင့် ငွေကြေးအဆိုပြုလွှာများကို BEAC အဖွဲ့ဝင်များက အဆင့်ဆင့်စိစစ်ကာ အထူးစီးပွားရးဇုန်ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စင်ကာပူ နိုင်ငံအခြေစိုက် CPG (Creative Professional Groups) အကြံပေးကုမ္ပဏီ အုပ်စုအား ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆာင်ရွက် ရန်အတွက် ရင်းနှီးတည်ဆောက်သူ (Developer) များ အိတ်ဖွင့်တင်ဒါ ခေါ်ယူရေး လုပ်ငန်းစဉ်အတွက် အကြံပေးဝန်ဆာင်မှေုပးရန် ရွေးချယ်ခြင်း ခံရသော အကြံပေးကုမ္ပဏီအုပ်စုအဖြစ် ရွေးချယ်ပြီး အရန်အဖြစ် ရွေးချယ်ထားသော အကြံပေးကုမ္ပဏီမှာ KPMG ကုမ္ပဏီဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

Wednesday, January 29, 2014
မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ
Thursday, January 30, 2014
မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၊ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီတစ်ဦးအား အမှုဖွင့် အရေးယူထားကာ တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြ
ဒုချီးရားတန်း အနောက်ရွာတွင် နေရာကွက်ပြီး မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင်ကာ မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီလူမျိုးတစ်ဦးအား အမှုဖွင့်အရေးယူထားပြီး တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက်ညနေ ၈ နာရီ ၄၅ မိနစ်က မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု ၊ ဒုချီးရားတန်း အနောက်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မောင်တောမီးသတ်စခန်းမှ တာဝန်ရှိသူများ မီးသတ်ယာဉ်တစ်စီး၊ အပေါ့စား မီးသတ်စက်နှစ်လုံး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့ကြောင်း၊ ည ၈ နာရီ မိနစ် ၅၀ တွင် နေအိမ်ပိုင်ရှင် ဦးအဘူဆွေယော (ဘ) ကာဆိမ်း အသက် ၅၀ နှစ်မှ ၎င်းနေအိမ်ဖြစ်သည့် ၂၅-၃၀-၁၂- ပေ (မြေစိုက်ဓနိမိုး၊ ၀ါးထရံကာ) အား မီးရှို့ထွက်ပြေးခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ မြေစိုက်တဲ ၁၅ လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းခန့်ဖြစ်ကြောင်း၊ ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ပြီး ဇန်န၀ါရီ ၂၉ ရက် ၀၀ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အသေအပျောက် မရှိကြောင်းလည်း သိရသည်။ ၎င်းနှင့်ပတ်သက်၍ မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဒုမီးသတ်ဦးစီးမှူး ဦးမြတ်နိုင်က “ကျွန်တော် ဒုချီရားတန်း အနောက်ရွာမှာ မီးလောင်မှုသတင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကပြောတော့ ၉ နာရီ ၁၈ မိနစ်မှာ စထွက်တယ်။ ရွာကိုရောက်တော့ ရွာအတွင်းပိုင်းမှာ နေရာကွဲပြီး မီးလောင်တာကို စစ်ဆေးတွေ့ရတယ်။ ကျွန်တော်တို့က နေအိမ်နှစ်လုံးကို ကူးစက်မလောင်ကျွမ်းအောင် ထိန်းထားနိုင်ခဲ့တယ်။ ကျန်ခဲ့တဲ့အိမ်မှာလည်း မီးကူးစက်လောင်အောင် ကောက်ရိုးခွေကို ခေါင်မိုးပေါ်နဲ့ သွယ်ထားတာကို တွေ့ရတယ်။ ဒါဟာတမင်ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်။ နေအိမ် ၁၆ လုံး မီးလောင်ခဲ့ပြီး ရွာသားတွေ တစ်ယောက်မှ မတွေ့ရဘူး။ အားလုံး ထွက်ပြေးနေကြတယ်” ဟု ပြောကြားသည်။
ယခု မီးလောင်ကျွမ်းသည့်ကျေးရွာမှာ မောင်တောမြို့နှင့် ခုနစ်မိုင်ဝေးကွာပြီး ဘင်္ဂါလီကျေးရွာများကို ဖြတ်သန်းကာ ကုန်းလမ်းကြမ်းသွားရောက်ရြေ ကာင်းနှင့် အနီးတွင် ဘင်္ဂါလီကျေးရွာများသာဖြစ်ကြောင်း မြေပြင်အနေအထားအရ သိရသည်။ လက်ရှိအနေအထားတွင် မိမိအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဦးအဘူဆွေယောအား (ပ) ၁၉/၂၀၁၄/ ၄၃၆ ဖြင့် မောင်တောမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်းလ ည်း သိရသည်။
“ဘယ်သူက လာရှို့တယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ ဒါကတော့ မတော်တဆလောင်တဲ့မီးတော့ မဟုတ်ဘူး။ ဒေသခံရွာသားတွေ ထွက်ပြေးတယ်ဆိုတာကလည်း မီးရှို့လာသူတွေက ဘောင်းဘီတိုတွေနဲ့လို့ မြင်တယ်လို့ပြောတယ်။ မီးရှို့တော့ ကြောက်ပြီးထွက်ပြေးတာလို့ ပြောတယ်။ အခုရွာမှာပြန်နေဖို့ လာကြပြီဖြစ်ပါတယ်။ ဒီမီးရှို့မှုနဲ့ ဖမ်းဆီးတာတော့ တစ်ယောက်မှ မရှိသေးဘူး” ဟု လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံများကို သွားရောက်တွေ့ဆုံနေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောကြားသည်။ အဆိုပါ မီးလောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့်  ဘင်္ဂါလီ အမျိုးသားများမှာ ဖမ်းဆီးမှုမရှိလျှင် ပြန်လာမည်ဖြစ်ကြောင်း ပြောဆိုကြပြီး လက်ရှိတွင် တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း အဆိုပါ ကျေးရွာသားတစ်ဦးက သက်ဆိုင်ရာမှ မေးမြန်းသည့်အခါ ပြန်လည်ဖြေကြားသည်။
“ဒီရွာမီးလောင်တာဟာ ရှို့မီးကြောင့်ဖြစ်တာပါ။ မီးလောင်တဲ့အခါမှာ နေရာသုံးခုမှာ ခွဲပြီးလောင်နေတာကို စစ်ဆေးတွေ့ရတယ်။ အခုထိတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးတာ မရှိသေးဘူး။ အခုက စုံစမ်းမေးမြန်း ဆောင်ရွက်နေတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရွှေသန်းက ပြောကြားသည်။
“ဒီမီးလောင်ကျွမ်းတာက ရှို့မီးလို့ ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောင်စာတွေကို ကြိုတင်ပြင်ဆင်ထားတာ တွေ့ရတယ်။ စုပုံထားတာတို့ ခေါင်မိုးပေါ်မှာ ကောက်ရိုးလုံးကြီးတွေကို ကြိုးနဲ့ချည်ပြီးတော့ ပြင်ဆင်ထားတာ တွေ့ရတဲ့အခါကျတော့ ရှို့မီးလို့ ပြောလို့ရပါတယ်။ ဒီရွာက နဂိုကတည်းက ဘာမှဖြစ်တဲ့ရွာ မဟုတ်ဘူး။ လူနေတယ်။ ဒါဟာ ရှို့မီးလို့ ယူဆရတာက ကြိုတင်စီစဉ်ပြီး တစ်ပြိုင်တည်း ဆောင်ရွက်တာဖြစ်တယ်။ အခုအရေးယူတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အမှုဖွင့်ထားတယ်။ ဆက်လက်စုံစမ်း ဖော်ထုတ်ရမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့တွေ လာမယ့်အချိန်မှာ ဒီလိုမျိုးဖြစ်တာဟာ နိုင်ငံတကာရဲ့အမြင်မှာ ဆန့်ကျင်ဘက်အမြင်တွေဖြစ်အော င် ကြံစည်တဲ့လုပ်ရပ်လို့ ပြောလို့ရတာပေါ့။ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုတာလည်း အုပ်ချုပ်ရေးယန္တရားကို အများကြီး အခက်အခဲ ဖြစ်စေတာပေါ့။ လုံခြုံရေးအဖွဲ့တွေက အချိန်နဲ့အမျှ ကျေးရွာတိုင်းကို အမြဲမပြတ် လုံခြုံအေးချမ်းအောင် ဆောင်ရွက်နေရတဲ့ ပုံမှန်ထက်ကို ဆောင်ရွက်နေရတော့ သွားလာလှုပ်ရှားမှုတွေကလည်း ကြိုတင်ကြံစည်မှုလို့ မသိတဲ့အခါကျတော့ အလေးဂရုပြု ဆောင်ရွက်နေရတာပေါ့။ သတင်းမီဒီယာတချို့မှာ ဖော်ပြနေတာက တိုင်းရင်းသားတွေ လာလုပ်တာဆိုတာကတော့ မြေပြင်အနေအထားမှာ ဘယ်ရွာတွေက လူများစုလည်းဆိုတာကို ကိုယ်တိုင်လာကြည့်လို့သာ ပြောလိုပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောကြားသည်။ လက်ရှိမီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာတွင် မည်သူတစ်ယောက်မှ မကျန်တော့ဘဲ စားနပ်ရိက္ခာများပါမကျန် ယူဆောင်ကာ အနီးအနား ကျေးရွာများသို့ တိမ်းရှောင်နေဆဲဖြစ်ပြီး ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဒေသခံများနှင့်တွေ့ဆုံကာ မိမိတို့ကျေးရွာသို့ ပြန်လာကြဖို့ စည်းရုံးပြောဆိုနေကြောင်းနှ င့် မီးလောင်မှုဖြစ်ပြီး တွေ့ရှိရသည့် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေးပြီးဖြစ်သဖြင့် ၎င်းတို့ဆွေမျိုးများထံ ပြန်လည်ပို့ဆောင်လိုက်ပြီဖြ စ်ကြောင်း သိရသည်။
ဒုချီးရားတန်းတွင် ဘင်္ဂါလီမွတ်စလင် အမျိုးသမီးနှင့် ကလေးငယ်များ အသတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည်ဟု နိုင်ငံတကာ သတင်းမီဒီယာများ၌ ဖော်ပြခဲ့ပြီးနောက် ကုလသမဂ္ဂအဖွဲ့က မြန်မာအစိုးရအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ဖူးသည့် ရခိုင်ပြည်နယ် နေရာဒေသများတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရသည့် သတင်းအချက်အလက်များ ရရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောဆိုသည်။
ကုလသမဂ္ဂက ပြောဆိုရာတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရွာတစ်ရွာတွင် ဇန်န၀ါရီ ၉ ရက်က ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီအမျိုးသားရှစ်ဦး သေဆုံးခဲ့ရသည်ဆိုသည့် သတင်းများ ရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအပြီး လေးရက်အကြာတွင် အဆိုပါရွာတွင်ပင် ရဲတပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦး ဘင်္ဂါလီများ၏ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရသည်ဟု သိရသည်။
ထိုအဖြစ်အပျက်ကြောင့် ရဲတပ်ဖွဲ့နှင့် ဒေသခံရခိုင်လူမျိုးများက ဘင်္ဂါလီလူမျိုး ၄၀ ခန့်အား ညနေပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားပြီး ကုလသမဂ္ဂအနေဖြင့် ရရှိလာသည့် သတင်းအချက်အလက်များကို မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အေပီသတင်းဌာနနှင့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်အပြီးတွင် မြန်မာနိုင်ငံဘက်မှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကုလသမဂ္ဂ၏ ကြေညာချက်သည် ၀မ်းနည်းစရာကောင်းပြီး အကြောင်းအကျိုး မခိုင်လုံသော သတင်းရင်းမြစ်များအပေါ် အခြေခံထားသည်ဟု ပြောဆိုခဲ့သည်။
“ကုလသမဂ္ဂရဲ့ အခုလိုလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာ မယုံကြည်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး ဒေသခံတွေအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေပေါ်မှာ အယုံအကြည် နည်းပါးလာနိုင်ပါတယ်” ဟု ဦးရဲထွဋ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂဦးဆောင်သည့် လေ့လာရေးအဖွဲ့များအား ပြဿနာဖြစ်ပွားခဲ့ရာ မောင်တောမြို့ အဆိုပါကျေးရွာသို့ သွားရောက်လေ့လာခွင့်ပြုခြဲ့ ပီး ဇန်န၀ါရီ ၂၈ ရက်တွင်လည်း အစိုးရဘက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ သတင်းအမှားများ အသုံးပြု၍ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
ဒုချီးရားတန်း အနောက်ရွာရှိ နေအိမ်အချို့၏ အမိုးပေါ်တွင်တွေ့ရသော ကောက်ရိုးများအား တွေ့ရစဉ်
Eleven Media Group
မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင်
ဒုချီးရားတန်း အနောက်ရွာတွင် နေရာကွက်ပြီး မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင်ကာ မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီလူမျိုးတစ်ဦးအား အမှုဖွင့်အရေးယူထားပြီး တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက်ညနေ ၈ နာရီ ၄၅ မိနစ်က မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အသေအပျောက် မရှိကြောင်းလည်း သိရသည်။ ၎င်းနှင့်ပတ်သက်၍ မြို့နယ်မီးသတ်စခန်းတာဝန်ခံ
ယခု မီးလောင်ကျွမ်းသည့်ကျေးရွာမ
“ဘယ်သူက လာရှို့တယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ ဒါကတော့ မတော်တဆလောင်တဲ့မီးတော့ မဟုတ်ဘူး။ ဒေသခံရွာသားတွေ ထွက်ပြေးတယ်ဆိုတာကလည်း မီးရှို့လာသူတွေက ဘောင်းဘီတိုတွေနဲ့လို့ မြင်တယ်လို့ပြောတယ်။ မီးရှို့တော့ ကြောက်ပြီးထွက်ပြေးတာလို့ ပြောတယ်။ အခုရွာမှာပြန်နေဖို့ လာကြပြီဖြစ်ပါတယ်။ ဒီမီးရှို့မှုနဲ့ ဖမ်းဆီးတာတော့ တစ်ယောက်မှ မရှိသေးဘူး” ဟု လုံခြုံရေးတပ်ဖွဲ့များနှင့်
“ဒီရွာမီးလောင်တာဟာ ရှို့မီးကြောင့်ဖြစ်တာပါ။ မီးလောင်တဲ့အခါမှာ နေရာသုံးခုမှာ ခွဲပြီးလောင်နေတာကို စစ်ဆေးတွေ့ရတယ်။ အခုထိတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးတာ မရှိသေးဘူး။ အခုက စုံစမ်းမေးမြန်း ဆောင်ရွက်နေတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရွှေသန်းက ပြောကြားသည်။
“ဒီမီးလောင်ကျွမ်းတာက ရှို့မီးလို့ ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောင်စာတွေကို ကြိုတင်ပြင်ဆင်ထားတာ တွေ့ရတယ်။ စုပုံထားတာတို့ ခေါင်မိုးပေါ်မှာ ကောက်ရိုးလုံးကြီးတွေကို ကြိုးနဲ့ချည်ပြီးတော့ ပြင်ဆင်ထားတာ တွေ့ရတဲ့အခါကျတော့ ရှို့မီးလို့ ပြောလို့ရပါတယ်။ ဒီရွာက နဂိုကတည်းက ဘာမှဖြစ်တဲ့ရွာ မဟုတ်ဘူး။ လူနေတယ်။ ဒါဟာ ရှို့မီးလို့ ယူဆရတာက ကြိုတင်စီစဉ်ပြီး တစ်ပြိုင်တည်း ဆောင်ရွက်တာဖြစ်တယ်။ အခုအရေးယူတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အမှုဖွင့်ထားတယ်။ ဆက်လက်စုံစမ်း ဖော်ထုတ်ရမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့တွေ လာမယ့်အချိန်မှာ ဒီလိုမျိုးဖြစ်တာဟာ နိုင်ငံတကာရဲ့အမြင်မှာ ဆန့်ကျင်ဘက်အမြင်တွေဖြစ်အော
ဒုချီးရားတန်းတွင် ဘင်္ဂါလီမွတ်စလင် အမျိုးသမီးနှင့် ကလေးငယ်များ အသတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင်
ကုလသမဂ္ဂက ပြောဆိုရာတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရ
အဆိုပါတိုက်ခိုက်မှုအပြီး လေးရက်အကြာတွင် အဆိုပါရွာတွင်ပင် ရဲတပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦး
ထိုအဖြစ်အပျက်ကြောင့် ရဲတပ်ဖွဲ့နှင့် ဒေသခံရခိုင်လူမျိုးများက ဘင်္ဂါလီလူမျိုး ၄၀ ခန့်အား ညနေပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားပြီး ကုလသမဂ္ဂအနေဖြင့် ရရှိလာသည့် သတင်းအချက်အလက်များကို မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အေပီသတင်းဌာနနှင့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်အပြီးတွင် မြန်မာနိုင်ငံဘက်မှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကုလသမဂ္ဂ၏ ကြေညာချက်သည် ၀မ်းနည်းစရာကောင်းပြီး အကြောင်းအကျိုး မခိုင်လုံသော သတင်းရင်းမြစ်များအပေါ် အခြေခံထားသည်ဟု ပြောဆိုခဲ့သည်။
“ကုလသမဂ္ဂရဲ့ အခုလိုလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာ မယုံကြည်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး ဒေသခံတွေအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေပေါ်မှာ အယုံအကြည် နည်းပါးလာနိုင်ပါတယ်” ဟု ဦးရဲထွဋ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂဦးဆောင်သည့် လေ့လာရေးအဖွဲ့များအား ပြဿနာဖြစ်ပွားခဲ့ရာ မောင်တောမြို့ အဆိုပါကျေးရွာသို့ သွားရောက်လေ့လာခွင့်ပြုခြဲ့
ဒုချီးရားတန်း အနောက်ရွာရှိ နေအိမ်အချို့၏ အမိုးပေါ်တွင်တွေ့ရသော ကောက်ရိုးများအား တွေ့ရစဉ်
Eleven Media Group
Thursday, January 23, 2014
ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများစိုးရိမ်ပူပန်မှု
လက်ရှိအချိန်တွင် နိုင်ငံရေးအခြေအနေများမငြိမ်မသက်ဖြစ်နေသော
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများမှာနိုင်ငံကူးလက်မှတ် ကိစ္စအတွက် ဇဝေဇ၀ါနှင့် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်ကိုမသိရှိပဲဖြစ်နေကြသည်။
သက်တမ်းလေးနှစ်ပြည့်ပြီးသော်လည်း မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို မသိနားမလည်ကြခြင်း၊သက်သေခံအထောက်အထားမရှိသူတွေကို မည်သို့ဆက်လက် ဆောင်ရွက်ပေးမည်ကို မသိရှိကြခြင်း၊ အလုပ်သမားများနှင့်အတူပါလာသော သားသမီးများကို မည်သို့ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုကြခြင်း စသည့်အကြောင်းအရာများကို မြန်မာသံရုံး (မြန်မာနိုင်ငံအစိုးရ) မှ မည်သို့မှ ထုတ်ပြန်ကြေညာထားခြင်းမရှိသောကြောင့်ပွဲစားများကသာ ၄င်းတို့ထင်သလိုပြောဆိုပြီး မြန်မာအလုပ်သမားများအပေါ် လိမ်လည်မှုများပြုလုပ် နေကြသည်ကို ကြားသိရသည်။
အလုပ်သမားများအတွက် အဆင်အပြေနိုင်ဆုံးနည်းလမ်းကို ဆောင်ရွက်ပေးနိုင်မည် ဆိုပါက အလုပ်သမားအများစုသိရှိနိုင်စေရန် ကြေညာ အသိပေးပြီး မှသာအမှန်တကယ် အလုပ်လုပ်နေသည့် အလုပ်သမားများထံမှ သဘောထား ထောက်ခံချက်များရယူကာ ဆောင်ရွက် စေလိုကြကြောင်း၊ မြန်မာအလုပ်သမားမှာ ထိုင်းနိုင်ငံရေးမတည်ငြိမ်သည့်အတွက် ကြောင့် တစ်ကြောင်း၊ မြန်မာသံရုံးမှ တိကျပြတ်သားသော ကြေညာချက်မျိုးထွက်ပေါ်လာခြင်းမရှိသေး ခြင်းကြောင့်တစ်ကြောင်း စသည့်အကြောင်းကြောင်းများကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြ ကြောင်းသိရသည်။
မြန်မာအလုပ်သမားအများစု၏ အဓိကလိုအပ်ချက်များမှာ တရားဥပဒေနှင့်အညီ အမှုပြဿနာများ အားဆောင်ရွက်ပေးရန်၊ တိကျမှန်ကန်သော နေထိုင်ခွင့် (passport စသည်) ဆောင်ရွက်ပေးရန်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ရရှိပိုင်ဆိုင်သောအလုပ်သမားအခွင့်အရေးများအား တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်တို့ဖြစ်ကြောင်းသိရသည်။
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အတွင်းတစ်နေရာ

Wednesday, January 22, 2014
ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ် (၁)လက်၊ ခဲယမ်း အချို့နှင့် အတူ ပျောက်ဆုံး
မောင်တောမြို့နယ်၊
ခရေမြိုင်ရဲကင်းမှ နယ်မြေ လုံခြုံရေး ပူးပေါင်း အဖွဲ့ လှည့်ကင်း
ဆောင်ရွက်စဉ် ဒုချီးရားတန်းရွာတွင် ဘင်္ဂလီများက အုပ်စုဖွဲ့ အကြမ်းဖက်
တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ် (၁)လက်၊ ခဲယမ်း
အချို့နှင့် အတူ ပျောက်ဆုံး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်း ဦးစီး ပူးပေါင်း အဖွဲ့သည် နယ်မြေ လုံခြုံရေး လှည့်ကင်း
ဆောင်ရွက်စဉ် ဒုချီးရားတန်း (အလယ်) ရွာသို့ အရောက် ဘင်္ဂလီများအား
အုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး
သက်ဆိုင်ရာ ဌာနများကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့်
ဧရာဝတီ သတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းမှာ ဇန်န၀ါရီလ (၁၄)
ရက်နေ့တွင် အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွား ခဲ့သည့် အတွက် အစ္စလာမ် ဘာသာဝင်
အမျိုးသမီး များနှင့် ကလေးငယ်များ အသတ်ခံ ရကြောင်း၊ မောင်တောမြို့နယ်
ဒေသခံ တစ်ဦး၏ အဆိုအရ သေဆုံးသူ (၄၀)ခန့်ရှိကြောင်း၊ သေဆုံးသူ အချို့၏
ဒဏ်ရာများမှာ ဓါးဒဏ်ရာများသာ ဖြစ်ကြောင်း တဖက်သတ် စွပ်စွဲ ဖော်ပြခဲ့ သဖြင့်
ဇန်န၀ါရီလ (၁၇)ရက်နေ့တွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး၊
ပုဂံမြို့တွင် ကျင်းပသော အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ၀န်ကြီးများ
အစည်းအဝေးများ သတင်းထောက်များအား သတင်းမှားများသာ ဖြစ်ကြောင်း
ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။ ယခု ဖြစ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက်မှုကို
ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး တရားခံများ ဖမ်းဆီး ရမိရေးနှင့် တာဝန်
ထမ်းဆောင်ရင်း ပျောက်ဆုံးနေသော တပ်ဖွဲ့ဝင် တစ်ဦးနှင့် နိုင်ငံပိုင် လက်နက်
ခဲယမ်းများ ပြန်လည် ရရှိရေး တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ
အေးချမ်းသာယာရေးတို့ မပျက်ပြား စေရေး အတွက် လုံခြုံရေး တပ်ဖွဲ့များက အရှိန်
အဟုန်မြှင့် ဆောင်ရွက် လျက်ရှိနေသကဲ့သို့ ပြည်သူ လူထု ကလည်း မိမိတို့
စွမ်းဆောင်နိုင်သမျှ ဘောင်အတွင်းမှ နေပြီး ရဲတပ်ဖွဲ့သို့ ၀ိုင်းဝန်း ကူညီ
ဆောင်ရွက် ကြပါရန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မေတ္တာ ရပ်ခံ ထားကြောင်းနှင့်
အချို့သော သတင်းဌာန များနှင့် သံတမန် အချို့၏ ပြောဆို ဝေဖန် နေမှု များမှာ
မဟုတ် မမှန်ကြောင်း ပြန်ထဲရေး ၀န်ကြီးဌာနမှ သိရပါသည်။

MRTV
Monday, January 20, 2014
ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း
ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။
ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -
အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...
အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။
နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင် မသေးကြနဲ့ ဗျို့ ။
ချစ်ကြည်စွာဖြင့် -
ဧကံသ (မြ၀တီ)

မျိုးစောင့်ဥပဒေနှင့် လူ့အခွင့်အရေး
ဒီအကြောင်းကို ရေးဖို့
စိတ်ထဲမှာ ရှိနေခဲ့တာ ကြာပြီ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးမယ်လုပ်လိုက်၊ မရေးတော့ဘူးဖြစ်လိုက်နဲ့
အချိန်အတော်ကြာသွားခဲ့တယ်။ အရင်တုန်းကတော့ အကြောင်းအရာ တစ်ခုခုကို ချရေးတော့မယ်ဆိုရင်
ရှေ့မကြည့်၊ နောက်မကြည့်၊ ရေးပစ်လိုက်တာပဲ။ မရေးဖြစ်တဲ့ အကြောင်းတွေထဲမှာ တစ်ခုကတော့
နောင်တော်ကြီးအချို့ရဲ့ မှတ်ချက်တွေကြောင့်လည်း ပါသလို ကိုယ်ကိုယ်တိုင်ကလည်း ဂဃနဏ မသိသေးတာကြောင့်လည်း ပါပါတယ်။ နောင်တော်ကြီးတစ်ပါးက
ပြောတယ်။ “မအောင်မြင်သေးခင်မှာ ရန်သူမများစေနဲ့”တဲ့။ သူဆိုရင် “သူတစ်ပါး စိတ်အနှောက်
အယှက်ဖြစ်မှာ၊ အချို့သူတွေ ဝမ်းသာမှာဖြစ်ပေမဲ့ အချို့သူတွေ ငြိုငြင်မယ့်စာမျိုးကို
မရေးသေးဘူး။ အောင်မြင်တဲ့တစ်ချိန်ကျမှ ပြောမယ်”လို့ တေးထားတာတဲ့။ ဘာပဲဖြစ်ဖြစ် အခုတော့
ရေးဖြစ် သွားခဲ့ပြန်ပြီ။မျိုးစောင့်ဥပဒေဆိုပြီး ဆရာတော်ဦးဆေကိန္ဒကျောင်း၊ သံဃာ့ညီလာခံကနေ စတင်ကြားခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြတော့ “ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးအတွက် လုပ်တာတော့ ဟုတ်ပါတယ်၊ လုပ်ငန်းစဉ်(procedure)ကတော
ဇာတ်ရှိန်မြင့်လာတဲ့အချိန်မ
ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည် ပြောတာကနည်းနည်းရယ်၊ သူ့နောက်က သံယောင်လိုက် သူတွေက ရိုင်းရိုင်းစိုင်းစိုင်းတေ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလ
ပွင့်ပွင့်လင်းလင်း ပြောရရင် စာရေးသူ မျက်စိလည်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ လေးစားရတဲ့ ခေါင်းဆောင်က ပြောလိုက်တော့ စိတ်ထဲမှာ ပိုရှုပ်ထွေးသွားရတယ်။ “ဆရာတော်တွေက ဘယ်သူ့အခွင့်အရေးကို ပိတ်ပင်နေလို့လဲ၊ ဘယ်သူ့ကို အကြမ်းဖက် စော်ကားနေလို့လဲ”။ မေးခွန်းတွေက တစ်သီတစ်တန်းကြီး ထွက်လာတယ်။ ဒါနဲ့ အမေရိကန်၊ နော်ဝေ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက အခြေခံဥပဒေတွေကို လေ့လာကြည့်မိတယ်။ မြန်မာနိုင်ငံက ဘာသာရေးဆိုင်ရာ ဥပဒေတွေကို လက်လှမ်း မီသလောက် လေ့လာကြည့်တယ်။
အဲဒီလို လေ့လာလိုက်တဲ့အခါမှာတော့ ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားခဲ့တယ်။ ဥပမာလေးနဲ့ ပြောချင်တယ်။ ဒေသတစ်ခုမှာ ရွာ(၄)ရွာ ရှိတယ်။ အဲဒီထဲက ရွာ(၃)ရွာကတော့ သူတို့ရပ်ရွာတည်ငြိမ်ရေး၊ တည်တံ့ရေးအတွက် စည်းမျဉ်းဥပဒေသတွေ ချမှတ်ထားကြတယ်။ ရွာ(၁)ရွာမှာတော့ အဲဒီစည်းမျဉ်းဥပဒေသမျိုး မရှိဘူး။ ဒီလိုပဲ နှစ်ပေါင်းကြာလာတဲ့အခါမှာ စည်းမျဉ်းမရှိတဲ့ရွာဟာ အသိအမြင်တွေ ပွင့်လာပြီး နစ်နာမှုတွေ များလာတာတွေ့တော့ အခြားရွာ(၃)ရွာလို စည်းမျဉ်းဥပဒေရှိချင်လာတယ်။
မျိုးစောင့်ဥပဒေကို အကောင်အထည်ပေါ်စေချင်တဲ့ ဆရာတော်များမှာလည်း ဥပဒေမရှိလို့ ထိခိုက်နစ်နာရတဲ့ အဖြစ်အပျက်တွေ မြောက်မြားစွာ ရှိနေပါတယ်။ ဒီလို ထိခိုက်နစ်နာမှုတွေ နောင်မဖြစ်ရလေအောင်ဆိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာကို ကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တစ်ဦးဟာ အခြားဘာသာနဲ့ တရားဝင်လက်ထပ်လို့ မရနိုင်ဘူး။ မွတ်စလင်ကလည်း မွတ်စလင်ဖြစ်မှ လက်ထပ်နိုင်တယ်။ ခရစ်ယာန်ကလည်း ခရစ်ယာန်ထုံးတမ်းစဉ်လာနဲ့ပဲ
ဆရာတော်တွေနဲ့အမျိုးဘာသာကို
စာရေးသူလည်း လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်အလက်တွေကို သဘောကျပါတယ်။ ဒါပေမဲ့ ဒီလို သဘောကျစရာကောင်းတဲ့ အချက်အလက်တွေကို ဘယ်နိုင်ငံတွေက တစ်ထပ်တည်းကျအောင် အသုံးပြုပါသလဲ။ ဘယ်နိုင်ငံမှာမှ တစ်ထပ်တည်းကျအောင် အသုံးပြုလို့ မရပါဘူး။ လူ့အခွင့်အရေးကို လူကြားကောင်းအောင် အော်နေတဲ့ နိုင်ငံကြီးတွေကိုယ်တိုင် ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုး၊ လျှို့ဝှက်နည်းနဲ့တစ်သွယ် ချိုးဖောက်နေကြတာပဲ မဟုတ်လား။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် လူ့အခွင့်အရေးဆိုတဲ့ နှုန်းစံကို လက်ကိုင်ပြုကြသေးပါရဲ့လား။ တကယ့်တော့ ပြောမယ့်သာပြောရတာ ကိုယ့်အကျိုးစီးပွား မထိခိုက်ဘဲနဲ့ကို ချိုးဖောက်နေကြတာပါ။ လူ့အခွင့်အရေးဆိုတာကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီစံတစ်ခုတည်းနဲ့ မှတ်ကျောက်တင်ပြီး အလုပ်လုပ်လို့ မရဘူးဆိုတာနဲ့ကိစ္စရပ်တိုင်း
အခြားနိုင်ငံတွေက အခြေခံဥပဒေတွေ လေ့လာကြည့်တယ်။ နော်ဝေနိုင်ငံဆိုရင် ခရစ်ယာန်လူဦးရေ ၇၇% ရာခိုင်နှုန်း။ ဒါပေမဲ့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းပြီး
မလေးရှားနိုင်ငံဆိုရင် မွတ်စလင်လူဦးရေ ၆၁% ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ မွတ်စလင် အသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အစ္စလာမ်ဘာသာကို ကာကွယ်ပေးတဲ့ ပုဒ်မတွေ အများကြီး ထည့်သွင်းထားတယ်။ ဘယ်ဒေသ၊ ဘယ်ဒေသတွေမှာ အစ္စလာမ်မှလွဲပြီး အခြားဘာသာတွေ ပြန့်ပွားရေး မလုပ်ဖို့ ကန့်သတ်ချက်တွေလည်း ထည့်သွင်းထားတယ်။ အစ္စလာမ်ကို ဦးစားပေးထားတာကို နမူနာတစ်ခု ပြောရင် Article 12 မှာ “…………………… it is lawful for Federation or a State to establish or maintain or assist in establishing or maintaining Islamic Institutions or provide or assist in providing institutions in the religion of Islam and incur such expenditure as may be necessary for the purpose”လို့ ပါရှိတယ်။ နောက်ပြီး Article 11 မှာ “…………….., Federation Law may control or restrict the propagation of any religious doctrine or belief among persons professing the religion of Islam”လို့ ပြဋ္ဌာန်းထားတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့အခါမှာ
နောက် အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင်လူဦးရေ ၈၇%ရာခိုင်နှုန်းရှိတယ်။ အစ္စလာဟ်အသားပေးတဲ့ အခြေခံဥပဒေရေးဆွဲထားတယ်။ အခြေခံဥပဒေ Article 29 မှာ “……. The independence of Indonisia shall be formulated into a constitution of Republic of Indonisia which will be built into a soverign state based on a belief in the One and Only God”လို့ ထည့်သွင်းထားတယ်။
နောက် ဘရာဇီးနိုင်ငံမှာ ခရစ်ယာန်လူဦးရေ ၆၄%ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာအသားပေးပြီး အခြေခံဥပဒေကို ရေးဆွဲထားတယ်။
ဒါက နမူနာပဲ ပြထားတာပါ။ ပြောချင်တာက ဘယ်နိုင်ငံမှာမဆို ကိုယ့်အမျိုးဘာသာသာသနာကို ရှေ့တန်းတင်ပြီး ဥပဒေတွေ ရေးဆွဲထားတယ်ဆိုတာ သိရလိမ့်မယ်။ လေးစားရတဲ့ မြန်မာ့ခေါင်းဆောင်တွေကတော့
အထက်မှာ ဆိုခဲ့တဲ့နိုင်ငံတွေ စတဲ့ ကမ္ဘာ့နိုင်ငံတွေက အခြေခံဥပဒေတွေကို ဘယ်လို ပြောကြမလဲ။ သူတို့တွေဟာ လူနည်းစုတွေရဲ့ ခံစားမှုကို မလေးစားတဲ့နိုင်ငံတွေလား။ လူနည်းစုတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ နိုင်ငံတွေလား။ အခုဖြစ်နေတာက ဗုဒ္ဓဘာသာကို ဦးစားပေးရင်ပဲ လူမဟုတ်တော့ သလိုလို။ လူ့အဆင့်အတန်းမရှိတော့သလိုလ
ဒါတွေကို ပြောပြရတဲ့အကြောင်းက အခု မိမိတို့ ဗုဒ္ဓဘာသာဝင်များရဲ့ နစ်နာမှုတွေ၊ အနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်နေတဲ့အနေအထ
တစ်နေ့က အတိုက်အခံပါတီကြီးရဲ့ ဦးဆောင်သူတစ်ဦးကဆိုရင် “အဲဒီ ၉၆၉ ဘုန်းကြီးတွေပေါ့။ သူတို့ကြောင့် အဓိကရုဏ်းတွေ ဖြစ်တာ။ ဒါဟာ သူတို့နဲ့ လုံးဝဆက်စပ်နေတယ်”လို့ ဆိုတယ်။ နောက်ပြီး “ဦးဇင်းစဉ်းစားကြည့်ပေါ့။ OIC ကို ကန့်ကွက်ကြတယ်။ တပည့်တော်တို့ကတော့ ဒါ လုံးဝ မလုပ်သင့်တဲ့ကိစ္စပဲ။ သူတို့က လူသားချင်းစာနာပြီး အကူအညီပေးတဲ့ အဖွဲ့ပဲ၊ ဘုန်းကြီးတွေက နေရင်းထိုင်ရင်း မွတ်စလင်တွေအပေါ် စိုးရိမ်မှု လွန်ကဲနေတယ်”လို့ ဆိုပြန်တယ်။ အတော်ပဲ စိုးရိမ်မိပါတယ်။
ဆရာတော်တွေနဲ့ဗုဒ္ဓဘာသာကို အလေးထားတဲ့ လူတွေမှာ စိုးရိမ်ရတဲ့ အကြောင်းတရားတွေ များစွာရှိပါတယ်။ နမူနာတစ်ခု ထုတ်ပြချင်တယ်။ မောင်တောမြို့နယ်မှာ ၁၉၂၁ ခုနှစ်က ဘင်္ဂါလီ ၆ သောင်းခန့်၊ ၁၉၈၆ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါးဖြစ်လာတယ်။ ဘူးသီးတောင်မြို့နယ်မှာ ၁၉၄၂ ခုနှစ်က ဘင်္ဂါလီ ၁ဝဝ ကျော်၊ ၂ဝဝ၉ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါး ဖြစ်လာတယ်။ ဒါ နမူနာပဲ ရှိသေးတယ်။ ကမ္ဘာ့နမူနာတွေလည်း အများကြီး ရှိပါတယ်။ ပြည်မမှာလည်း လူဦးရေတိုးပွားနှုန်းက အဆမတန် တိုးလာနေတယ်။
ဒါတွေ ပြောလာရင် ခေါင်းဆောင်စကားနောက် သံယောင်လိုက်တဲ့ အချို့ပုဂ္ဂိုလ်တွေ ပြောလေ့ရှိတာက “ဟာ ဒါတော့ စစ်အစိုးရကြောင့် ခိုးဝင်လာကြတာ၊ စစ်အစိုးရရဲ့အပြစ်ပဲ”လို့ ပြောတတ်ကြတယ်။ ဟုတ်ပါတယ်။ စစ်အစိုးရလက်ထပ်မှာ ဝန်ထမ်းတွေ လာဘ်စားမှုကြောင့်၊ ခြံစည်းရိုးမလုံလို့ပါ။ (အခြားအကြောင်းတရားတွေလည်း အများကြီး ရှိပါတယ်)။ ဒါ လူတိုင်းသိနေတာပဲ။ ဘယ်သူမှ မငြင်းဘူး။ ဒါပေမဲ့ စစ်အစိုးရကို အပြစ်တင်နေလို့ကော ဒီပြဿနာက ပြေလည်သွားမှာလား။ ပြေလည်မသွားနိုင်ပါဘူး။ သီပေါဘုရင် အမြော်အမြင်မရှိလို့ တိုင်းပြည်သူ့ကျွန်ဘဝရောက်ရ
လူ့အခွင့်အရေးသမားတွေ ပြောပြောနေတဲ့ လူနည်းစုတို့၊ လူများစုတို့၊ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာတို့ ဆိုတဲ့ စကားတွေရဲ့ အနှစ်သာရနဲ့အဓိပ္ပာယ်ကို သေသေချာချာ လေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအခြေခံဥပဒေတွေဟာ လူများစုရဲ့ဆန္ဒကို အဓိကထား ရေးဆွဲကြတာကို တွေ့ရပါလိမ့်မယ်။ ဆရာတော်တွေနဲ့အမျိုးဘာသာ သာသနာကို တန်ဖိုးထားသူတွေကလည်း ဗုဒ္ဓဘာသာလူများစုဆန္ဒအတိုင်း
ပြောစရာတွေတော့ အများသား။ ပြောချင်တာတွေကလည်း အများကြီး။ စာကလည်း ရှည်သွားပြီ။ ဆောင်းပါးကို ပြန်ဖတ်ကြည့်တော့ မပြည့်စုံတဲ့၊ ဟာနေတဲ့ ကွက်လပ်လေးတွေလည်း ရှိပါတယ်။ ဟိုပါတီ၊ ဒီပါတီ စွပ်စွဲနိုင်စရာတွေလည်း တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူကတော့ ဆောင်းပါးကနေ တစ်စုံတစ်ရာ စဉ်းစားစရာ၊ သုံးသပ်စရာတစ်ခုခု ရသွားတယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်။ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်။
ဒီဆောင်းပါးကို စာရေးသူ ဖတ်ခဲ့ဖူးတဲ့ အမေရိကန်သမ္မတနဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတေ
အားလုံး ချမ်းမြေ့ကြပါစေ
အရှင်ကုသလသာမိ
www.ashinkusala.com
အရှင်ကုသလသာမိ (ပျော်ဘွယ်) Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် စီးလာသည့် ကား ပဲခူးမြို့ နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွား
ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင်၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင်အမှတ် ၆၆/၁ နှင့်၂ အကြား ၀မ်းဘဲအင်းကျေးရွာ အနီးတွင် (၁၉.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။ပဲခူးမြို့ နယ် ဗိုလ်တဲလေးကျေးရွာ ဘက်ကနေ ဦးရယ် မောင်းနှင်လာတဲ့ ယာဉ်အမှတ်- ၁ဂ/xxxx၊ဟိုင်းလတ် (SURF )၊အစိမ်း /ဖြူကျားယာဉ်သည် ၀မ်းဘဲအင်းကျေးရွာ အထွက်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မှာလည်ထွက်သွားပြီး တစ်ဘက်ယာဉ်ကြော မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် တို့ စီးလာသည့် ကားနှင့် တိုက်မိခြင်းဖြစ်သည်။
အဆိုပါ ယာဉ်မှ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် ၊ ဒေါ်စိန် နှင့် ယာဉ်မောင်းတဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် ၄င/xxx၊ လန်ခရူဇာ၊ အစိမ်းရောင်ယာဉ်အား ၀င်တိုက်မိရာ ယာဉ်(၂)စီးလုံးမှာ လွှင့်စင်တိမ်း မှောက်သွား ခဲ့ကြောင်း သိရပါသည်။
ယာဉ်တိုက်မှုကြောင့် ၁ဂ/xxx၊ ဟိုင်းလတ် SURF အစိမ်း/ဖြူနီကျား ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦးမှာ(မစိုးရိမ်ရ)ဖြင့်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ယာဉ်အမှတ်- ၄ဂ/xxx ပေါ်ပါ ဒေါ်စိန်သည်အခင်းဖြစ် နေရာတွင်ပွဲ ချင်းပြီး သေဆုံးခဲ့ပါသည်။
ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်မှာ ယာပခုံး ဖူးရောင်နာကျင်၊ ခါးဆစ်ရိုးဖူးရောင်နာကျင်၊ အောက်
နှုတ်ခမ်းဒဏ်ရာရခဲ့ပြီး ယာဉ်မောင်လည်း ဒဏ်ရာများ ရခဲပါသည်း။
ယာဉ်အမှတ်-၁ဂ/xxx ဟိုင်းလတ်SURF ယာဉ်မောင်းဦးရယ် မှာလည်း ၀ဲဘက်ဂျိုစောင်းပေါက်ပြဲ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိသွားပြီး အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေရကြောင်းနှင့် ယာဉ်မောင်းဦးရယ်အား ယာဉ်(ပ) ၂/၂၀၁၄၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄က/၃၃၇ /၃၃၈အရ ဘုရားကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။
ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် မှာအသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိကြောင်း၊ လက်နှင့်ခါးတွင်ဒါဏ်ရာရရှိသွားကြောင်းနှင့် ဆေးရုံတွင်ဆက်လက်ဆေးကုသမှုခံလျှက်ရှိကြောင်း နောက်ဆက်တွဲသတင်းများသိရှိရပါသည်။
Sunday, January 19, 2014
အယ်လ်ဂိုးကို ဘန်ကောက်မှာအလိုရှိသည်
ရေးသားသူ- ရဲမိုးယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံးနေ့ရက်တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။
“ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။
ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် “အ၀ါ” များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည်ဖြစ်သည်။ Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်းပွတ်ဖြစ်သည့် ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျိုညှစ်လိုက်ခြင်းပင်။
၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်သက်ဆင်ကို စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်က စတင်သည့် သက်ဆင်လိုလားသူ အနီများနှင့် မလိုလားသူအ၀ါများ၏ နိုင်ငံရေးတိုက်ပွဲက ခုနစ်နှစ်ကျော်ကြာသည့်အချိန်မှာ အရှိန်အဟုန်ပိုအားကောင်းလာခဲ့ပါပြီ။ ထိုင်းနိုင်ငံရေးကို အဝေးက ရီမုတ်ကွန်ထရိုးနှင့် ချုပ်ကိုင်နေသည့် သက်ဆင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသူ သူ့လူများကို “သက်ဆင်မိသားစုအကျိုးစီးပွား”အတွက်သာ အလုပ်လုပ်စေသည်။ ရွေးကောက်ပွဲမှာ အနိုင်မရသည့်အတွက် ဧကရာဇ်၏အရောင်“အ၀ါ”ကိုခြုံပြီး စစ်တပ်မသိကျိုးကျွံပြုမှုအောက်မှာ ဘန်ကောက်လမ်းများကို ထိန်းချုပ်တတ်သည့် ဒီမိုကရက်များကလည်း ဒီမိုကရေစီမကျသည့်နည်းလမ်းများဖြင့် အာဏာကို လွှဲပြောင်းဖို့ အားထုတ်ကြသည်။
နိုင်ငံရေးမရင့်ကျက်သည့် ပြိုင်ဘက်နှစ်ဖွဲ့အကြားမှာ ထိုင်းနိုင်ငံကတော့ နိုင်ငံရေး၊ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာသွားခဲ့ပါပြီ။
အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ဒုသမ္မတအယ်လ်ဂိုးနှင့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘုရှ်တို့ယှဉ်ပြိုင်သည့် ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက သမိုင်းမှာ အကြိတ်အနယ်အဖြစ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဒုသမ္မတအယ်လ်ဂိုးကလည်း သမ္မတကလင်တန်၏တွဲဖက်အဖြစ် ရှစ်နှစ်ကြာစွမ်းဆောင်ပြနိုင်ခဲ့သူ။ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း သမ္မတဟောင်းဂျော့ခ်ျဘုရှ် (အကြီး)၏ သားဖြစ်သည့်အတွက် အသိုင်းအ၀ိုင်းအင်အား တောင့်တင်းလှသူ။ နှစ်ဖက်စလုံး၏ ရွေးကောက်ပွဲမန်နေဂျာများ၊ စည်းရုံးရေးမှူးများ၊ ထောက်ခံသူများကလည်း နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင်သွားခဲ့ကြသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။
ပြည်နယ်တစ်ခုချင်းစီက မဲများရေတွက်ကြေညာသည့်အခါလည်း ရလဒ်က ဘတစ်ပြန်ကျားတစ်ပြန်။ ရုပ်မြင်သံကြားပေါ်က အမေရိကန်မြေပုံကြီးမှာ ဒီမိုကရက်အယ်လ်ဂိုးက နိုင်သည့်ပြည်နယ်များကို အပြာရောင်ဖြင့်ပြပြီး ရီပက်ဘလေကန်ဂျော့ခ်ျဒဗလျူဘုရှ်နိုင်သည့်ပြည်နယ်ကို အနီဖြင့်ပြသည်။ မြေပုံပေါ်မှာ အပြာနှင့်အနီက တစ်ကွက်ချင်း နယ်လုနေခဲ့သည့်ပြကွက်။
နောက်ဆုံးတော့ အဆုံးအဖြတ်က ဖလော်ရီဒါပြည်နယ်ကိုရောက်လာသည်။ ဖလော်ရီဒါမှာနိုင်တဲ့သူ သမ္မတဖြစ်ပြီ။ ပြဿနာက ဒီနေရာမှာစပါသည်။ ဖလော်ရီဒါမဲရုံကထွက်လာသူများကို မေးမြန်းသည့်အပေါ်မှာ အခြေခံပြီး“အယ်လ်ဂိုးနိုင်ပြီ”ဟု ရုပ်မြင်သံကြားအချို့က ကြိုတင်ခန့်မှန်းကြသည်။
နောက်ပိုင်းမှာ “ဘုရှ်”နိုင်ပြီဟု ပြောင်းလဲခန့်မှန်းလောက်အောင် နှာတစ်ဖျားအသာ ယှဉ်ပြိုင်ကြသည်။ နောက်ဆုံးမဲရေတွက်ရာမှာ ရာဂဏန်းမျှဖြင့် ဘုရှ်နိုင်သည်။ သို့သော် ဒီမိုကရက်များကို အစဉ်တစိုက်အားပေးသည့် ခရိုင်သုံးနေရာမှာ မဲရေတွက်မှုပြဿနာရှိနေသည်။ အယ်လ်ဂိုးကိုထည့်သည့် မဲခုနစ်သောင်းကျော်ကို မဲရေတွက်သည့်စက်က ပယ်မဲလုပ်ထားသည်။ အယ်လ်ဂိုးက မဲပြန်ရေတွက်ပေးဖို့တောင်းဆိုသည်။ ဖလော်ရီဒါတရားရုံးချုပ်က ပထမတော့ခွင့်ပြုလိုက်သည်။ တစ်နိုင်ငံလုံးက ရင်တမမနှင့်ကြည့်နေကြသည်။ အယ်လ်ဂိုးကို ထောက်ခံသူများကတော့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားလျက်။ သို့သော် နောက်ဆုံးမှာ ပြည်ထောင်စုတရားသူကြီးချုပ်အဖွဲ့ဝင်ငါးဦးက ပြန်လည်ရေတွက်မှုကိုရပ်စဲလိုက်ပြီး “ဘ်ုရှ်”ကို အနိုင်ပေးလိုက်သည်။
တကယ်တော့ တရားသူကြီးငါးဦးက ကွန်ဆာဗေးတစ်ရီပက်ဘလေကန်သစ္စာတော်ခံများ။ တစ်နိုင်ငံလုံးမှာ မဲငါးသိန်းကျော်အသာနှင့် အနိုင်ရလျက် ရှုံးရသည့်အတွက် နိုင်ငံအ၀န်း အယ်လ်ဂိုးထောက်ခံသူများက မကျေနပ်ကြ။
သူတို့မျက်နှာပေါ်ကမျက်ရည်များက တစ်စုံတစ်ခုကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေခဲ့ကြသည်။ အားလုံးက အယ်လ်ဂိုးမျက်နှာကိုကြည့်ကြသည်။ မတရားသည့်ဆုံးဖြတ်ချက်ကို အယ်လ်ဂိုးဘယ်လိုတုံ့ပြန်မလဲ။ ဆူသက်နှင့် သက်ဆင်သာ အယ်လ်ဂိုး၏အကြံပေးများဆိုလျှင်တော့ နယူးယောက်ကိုသိမ်းလိုက်၊ ဝေါစထရိကိုပိတ်ဆို့ထား၊ မက်ဒီဆင်စကွဲယားကိုဝင်စီး၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်ထဲကို “ဘုရှ်”မ၀င်နိုင်အောင်တားထားဟု အကြံပေးကြပါလိမ့်မည်။
သို့သော် အယ်လ်ဂိုးက သက်ဆင်မဟုတ်သလို၊ ဆူသက်လည်းမဟုတ်ခဲ့ပါ။ တရားသူကြီးများ၏ဆုံးဖြတ်ချက်က မမျှတသည့်တိုင် သူတို့၏လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဟု သူဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူ့ကိုထောက်ခံသည့် နိုင်ငံလူဦးရေထက်ဝက်ကျော်ကို လမ်းများပေါ်သို့ သူခေါ်ထုတ်လာခဲ့လို့ရသည်။
သူမလုပ်ခဲ့ပါ။ သူလုပ်ခဲ့လျှင် အမေရိကန်လူ့အဖွဲ့အစည်း ထက်ခြမ်းကွဲသွားမည်ဆိုတာကို သူနားလည်ခဲ့သည်။ တရားသူကြီးများ၏အဆုံးအဖြတ်ကို လက်ခံဖို့ ပြည်သူတွေကို သူဖျောင်းဖျခဲ့သည်။ နိုင်ငံရေးပြဿနာကြားမှာ တိုင်းပြည်ညက်ညက်ကြေသွားမည့်လမ်းကို သူမရွေးခဲ့ပါ။
၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ရုပ်သံပေါ်မှာ တည်ကြည်ရင့်ကျက်စွာ စကားပြောသွားသည့် အယ်လ်ဂိုးကိုကြည့်ပြီး ကျွန်တော်ကြက်သီးထသွားမိခဲ့သည်။
“အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်”
နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သူ့ကော်လံမှာ အခုလိုရေးခဲ့သည်။
“အကယ်၍သာ တရုတ်နှင့် ရုရှားစပိုင်များက ၀ါရှင်တန်ဆီက အဖိုးတန်ဆုံးလျှို့ဝှက်ချက်တစ်ခုကို ခိုးယူဖို့စောင့်ကြည့်နေခဲ့ကြသည်ဆိုလျှင်တော့ အကြံပေးလိုက်ပါမည်။ အယ်လ်ဂိုး၏မိန့်ခွန်းကိုသာ ခိုးယူပါတော့”
တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဒီမိုကရေစီကိုချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။
ကံဆိုးစွာနှင့် ဘန်ကောက်မှာ အယ်လ်ဂိုးရှိမနေခဲ့ပါ။ ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည်ကြီးသာဖြစ်ပါသည်။ ဆူသက်သောင်ဆူဘန်၏စပွန်ဆာဖြင့် (၁၉)ကြိမ်မြောက် အာဏာသိမ်းမည့် အစိမ်းရောင်ထိုင်းစစ်တပ်ကတော့ တင့်ကားအင်ဂျင်စက်များကို နှိုးကောင်းနှိုးနေကြမည်ဖြစ်သည်။ အယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။
Tuesday, December 31, 2013
အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်
အာဆီယံအသိုင်းအ၀ိုင်းတွင်
မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်
လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု
စံလက်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့်
လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) တို့၏
ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။
အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြုရေးပရောဂျက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် ဂဟေ၊ ကွန်ကရစ်ဖျော်၊ လေအေးပေးစက်စက်ပြင်၊ မွေးမြူရေးခြံလုပ်သားနှင့် ဧည့်လမ်းညွှန်အလုပ်အကိုင်များအတွက် လုပ်ရည်ကိုင်ရည်များကို ပရောဂျက်အထောက်အကူပြုအဖွဲ့ အစီအစဉ်ဖြင့် ရေးဆွဲခဲ့ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်က " NSSA က ၂၀၀၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်မှုစံတွေ သတ်မှတ်ပြဋ္ဌာန်းခြင်းအတွက် ရည်ရွယ်ပြီးလုပ်တာပါ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်ကတည်းက လုပ်တယ်ဆိုပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေက နည်းနည်းလေးနှေးခဲ့တာပေါ့။ အဲဒီအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေဆိုပြီးတော့ ယာယီဥပဒေနဲ့ ပိုအသက်ဝင်အောင် လုပ်လိုက်တာပေါ့။ အရင်တုန်းကတော့ အမိန့်ကြော်ငြာစာ အနေနဲ့ပဲရှိတယ်။ အဓိကက ဒါကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကို အဲဒါနဲ့ပတ်သက်ပြီးတော့ သူ့ကဏ္ဍအလိုက်မှာ ကျွမ်းကျင်းမှုစံတွေကိုသိမယ်။ သိရင်ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်" ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် လုပ်သားကျွမ်းကျင်မှုနှင့် စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အား လုပ်ငန်းကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကမှ ကိုယ်စားလှယ်များဖြင့် ကော်မတီ (၁၄) ခု ဖွဲ့စည်းထားရှိပြီး နည်းဥပဒေများ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) အား လုပ်ငန်းကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Eleven Medis Group

Subscribe to:
Posts (Atom)