Monday, August 1, 2016

အိမ်ပြန်မြန်မာလုပ်သားများ ငွေညစ်နေသော ထိုင်းရဲတပ်ဖွဲ့ဝင်နှင့် AAC တို့ မဲဆောက် -မြဝတီ ချစ်ကြည်ရေးတံတားအနီးမှာ ထိပ်တိုက်တွေ့ဆုံ။




  ထိုင်းနိင်ငံ မဲဆောက် မြဝတီနယ်စပ် ချစ်ကြည်ရေး တံတားအနီး ကားမှတ်တိုင်မှာ
နေ့စဉ်မနက်တိုင်း စောင့်၍ အိမ်ပြန် မြန်မာလုပ်သားတွေကို မြန်မာအလုပ်သမား များအား အကြောင်းမဲ့ ငွေညှစ်နေသော မဲဆောက် ရဲများနှင့် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ ''AAC''တို့ ထိပ်တိုက် တွေ့
ခဲ့ကြောင်း သိရပါတယ်။ 


လက်မှတ်များပြည့်စုံပါလျှက်နဲ့ ဖမ်းဆီးငွေညှစ်ခံနေကြောင်း အိမ်ပြန်မြန်မာလုပ်သား တဦးက ဖုန်းဆက်အကူအညီတောင်းခံလာရာ AAC အဖွဲ့ဝင် ကိုရဲမင်းနှင့် ကိုကိုနိုင်တို့က ချက်ချင်းလိုက်သွားပြီး မဲဆောက်ထိုင်းရဲများနှင့် ထိပ်ထိုက်တွေ့ဆုံ ခဲ့တယ်လို့ AAC ရဲမင်းက ဆိုပါတယ်။
ဘာကြောင့်ဖမ်းဆီးလဲ ဘာအပြစ်ရှိလို့လဲ စာရွက်စာတမ်း ပြည့်စုံပါလျှက်နဲ့ ဘာဖြစ် လို့ ငွေးတောင်းခံသလဲ စသဖြင့် AAC က မေးမြန်းခဲ့ရာ ပြန်မဖြေနိုင်တဲ့ ထိုင်းရဲများက အလုပ်သမားထံမှ မတရား ရယူထားသော ငွေများကို ပြန်ပေး ခဲ့ရတယ်လို့ သိရပါတယ်။

အိမ်ပြန်မြန်လာလုပ်သားတွေကို ဝါ့ပါ့မစ်သက်တမ်း ကုန်တယ်ဆိုပြီး ဘတ် ၁၀၀၀၊ ထော်လော်ဆန်စိပဲ့ မပါလို့ ဆိုပြီး ဘတ်ငွေ ၅၀၀၊ ရက် ကိုးဆယ် တုံးထုရန် ၁ ရက်ကျော်လွန်တယ်လို့ပြီး ဘတ်ငွေ ၂၀၀၀ အသီးသီး တောင်းခဲ့တယ်လို့ ဆိုပါ တယ်။

ယ္ခု လိုစောင့်ပြီး ဆက်ဖမ်းနေမယ်ဆိုရင် အထက်လူကြီးများကို တိုင်ကြား သွားမယ်လို့ AACက ပြောဆိုလိုက်ရာ ထိုင်းရဲများက စစ်ဆေးနေခြင်းကို ချက်ချင်း ရပ်လိုက်ပြီး ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ 
ပုံစာ- အိမ်ပြန်မြန်မာလုပ်သားများအား မဲဆောက်တံတားအနီး စောင့်ဖမ်းသော ထိုင်းရဲများနှင့် ရင်ဆိုင်နေသော AAC အဖွဲ့ဝင် ရဲမင်းနှင့် ကိုကိုနိုင် PHOTO-AAC

 

No comments:

Post a Comment