Thursday, November 14, 2013

နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု


နေပြည်တော် 2013 နိုဝင်ဘာလ 15 ရက်
နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက စိစစ်တင်ပြခဲ့တဲ့ အကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတက ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြစ်ဒဏ်က လွတ်ငြိမ်း ခွင့်ပြုခဲ့ပါတယ်။

အကျဉ်းသား ၆၉ ဦးကို ပြန်လည်စေလွှတ်ခဲ့တဲ့ အကျဉ်းထောင်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-
အင်းစိန်အကျဉ်းထောင်မှ ၃ ဦး
မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး
မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး
သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး
တောင်ငူ အကျဉ်းထောင်မှ ၆ ဦး
ရွှေဘို အကျဉ်းထောင်မှ ၄ ဦး
မုံရွာ အကျဉ်းထောင်မှ ၂ ဦး
ပုသိမ် အကျဉ်းထောင်မှ ၁ ဦး
သထုံ အကျဉ်းထောင်မှ ၁ ဦး
အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး
ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး
မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး
သီပေါ အကျဉ်းထောင်မှ ၃ ဦး
ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး
ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး
သံတွဲ အကျဉ်းထောင်မှ ၄ ဦး
ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး
စစ်တွေ အကျဉ်းထောင်မှ ၉ ဦး

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ နိုင်ငံတော်သမ္မတပြောခွင့်ရပုဂ္ဂို ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် ရဲ့ဖေ့ဘုတ်စာမျက်နှာ
Ye Htut  မှာဖော်ပြထားပါတယ်။

Tuesday, November 12, 2013

ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲများကြုံတွေ့

Tuesday, November 12, 2013
 
 ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်း လုပ်သား များ ဗီဇာသက်တမ်းကုန်လွန်သွားပြီးနောက် အခက်အခဲ အမျိုး မျိုး ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်က နိုဝင်ဘာ ၁၁ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်း အလုပ်သမားများမှာ အလုပ်ရှင်တို့မှ ဗီဇာသက်တမ်းကုန်ဆုံးသွားသဖြင့် အလုပ်မှရပ်နားထားပြီး ဗီဇာအသစ်ရရှိပြိးမှသာ အလုပ်ပြန်ဝင်ရန်ပြော ဆိုခြင်းကြောင့် အလုပ် လက်မဲ့များဖြစ်နေကြောင်း၊ပွဲစားများက ဗီဇာ ဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင်ဘတ် ၃၅၀၀မှ ဘတ် ၅၀၀၀ထိ လိမ်လည်ယူဆောင်သွားခြင်းများအပြင် ပွဲစားများက အလုပ်ရှင်များနှင့် ဆက်သွယ်၍ နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်တစ်ဦး လျှင် ဘတ် ၁၀၀၀၀မှ ၁၅၀၀၀ထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျက် ရှိနေကြောင်း အလုပ်ရှင်အချို့ထံ သိထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သက်တမ်းကုန်ဆုံးတဲ့လူက နေ့စဉ် ၅၀၀ လောက်တိုးနေတာ၊ အခုဆို ၂၀၀၀၀န်းကျင်လောက်ရှိနေပြီး၊Over Stay ဖြစ်နေတဲ့သူတွေက သူ့ နိုင်ငံရဲ့ လ၀က ဥပဒေနဲ့ဆို ပြည်နှင်ဒဏ်ခံရမှာပါ။ ဒါပေမယ့် အဲဒီ့ကရဲတွေက ဖမ်းတယ်။ ပြီးရင် ငွေညှစ်ပြီး ပြန်သွားတာများတယ်။ ဘာပဲ ပြောပြော မလုံခြုံဘူးပေါ့”ဟုရွှေ့ပြောင်းလုပ်သား များအခွင့်အရေးကွန်ရက် (MWRN) မှ ဒါရိုက်တာ ကိုစိန်ဌေးက ပြောကြားသည်။ ယင်းအပြင် အလုပ်သမားများမှာ အလုပ်ရှင်တို့မှ ဗီဇာသက်တမ်းကုန်ဆုံး သွားသဖြင့် အလုပ်မှရပ်နားထားပြီး ဗီဇာအသစ်ရရှိပြိးမှသာ အလုပ် ပြန်ဝင်ရန် ပြောဆိုခြင်းကြောင့် အလုပ်လက်မဲ့များဖြစ်နေကြောင်း၊ပွဲစားများက ဗီဇာ ဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင်ဘတ် ၃၅၀၀မှ ဘတ် ၅၀၀၀ထိ လိမ်လည်ယူဆောင်သွားခြင်းများအပြင် ပွဲစားများက အလုပ်ရှင်များနှင့် ဆက်သွယ်၍ နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်တစ်ဦး လျှင် ဘတ် ၁၀၀၀၀မှ ၁၅၀၀၀ထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျက် ရှိနေကြောင်း အလုပ်ရှင်အချို့ထံ သိထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုင်းနှင့် မြန်မာအစိုးတို့မှ ၂၀၀၉ခုနှစ်၊ ဇူလိုင် ၁၅ရက်မှ စတင်၍င်ငံသား စိစစ်ခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ရာ ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၁၁ရက်အထိ မြန်မာအလုပ်သမားဦးရေ ၁ဒသမ၇သန်းကျော် တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ၂၀၀၉ခုနှစ်က ဗီဇာရရှိသူများမှာ ၄နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်၍အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။ ရေးသားသူ - ဝေဖြိုး People power

Wednesday, October 16, 2013

နမ့်ခမ်းမြို့ တွင်ဗုံးများဆက်တိုက်နီးပါးပေါက်ကွဲ

Thursday, 17 October 2013

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် ယနေ့ 17.10.2013 မနက်၇ နာ၇ီ အချိန် တွင် နမ့်ခမ်း မြို့ လည်ရှိ ဘုရားကြီး ရှေ့ ၌ ဗုံး တစ်လုံး ပေါက်ကွဲ ပြီး အမှိုက်သိမ်းသာစည်ပင် ၀န်ထန်းတစ်ဦး သေဆုံးခဲ့ပါသည်။


ထိုဗုံးပေါက်ကွဲခြင်းသည် ၃လုံးမြောက် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါမြို့တွင် ၁၆.၁၀.၂၀၁၃ ရက်နေ့ ည ၁၀း ၄၅တွင်တစ်လုံး ၁၇.၁၀.၂၀၁၃ ရက်နေ့ မနက် ၇း၀၀တွင် တစ်လုံး ယင်းနေ့ ၇း၃၀တွင် တစ်လုံး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်တွင်တာဝန်ထမ်းဆောင်မည့်အမျိုးသမီး ဗိုလ်လောင်းများပထမဦးဆုံးအကြိမ်ခေါ်ယူထား

မြန်မာ့တပ်မတော်တွင်တာဝန်ထမ်းဆောင်ရန် ဘွဲ့ ရအမျိုးသမီး ဗိုလ်လောင်းများ ကို 
စစ်ရာထူးခန့်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ပထမဦးဆုံးအကြိမ်အဖြစ်ခေါ်ယူထားကြောင်းသိရသည်။
စိတ်ပါဝင်စားသူအောက်ပါအချက်အလက်များဖြင့်ပြည့်စုံသူများလျှောက်ထားနိုင်ကြောင်းသိရှိရသည်-

၁။ လျှောက်ထားသူသည် -

(က) ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (အပျို) ဖြစ်ရမည်။

(ခ) အနည်းဆုံး အရပ်(၅)ပေ(၃)လက်မနှင့် ကိုယ်အလေးချိန်ပေါင် (၁၀၀)ထက်မနည်းရ၊ ပေါင်(၁၃၀)ထက် မကျော်ရ။

(ဂ) မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။

(ဃ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရရှိပြီးသူဖြစ်ရမည်။ ဘွဲ့ လက်မှတ်(မူရင်း)အား ပြသနိုင်ရမည်။

(င) မဟာဘွဲ့ သင်တန်းတက်ရောက်ရန် အဆင့်မီသူ ဦးစားပေးမည်။ မဟာဘွဲ့ ရသူများ၊ပါရဂူဘွဲ့ ရရှိသူများလည်း လျှောက်ထားနိုင်သည်။

(စ) အသက်သတ်မှတ်ချက်နှင့် ပတ်သက်၍ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ တွင် အသက်(၂၅)နှစ်ထက် မကျော်လွန်စေရ၊ မဟာဘွဲ့ ရထားသူများအနေဖြင့် အသက်(၂၇)နှစ်အထိလည်းကောင်း၊ပါရဂူဘွဲ့ ရထားသူများအနေဖြင့် အသက်(၃၀)နှစ် အထိလည်းကောင်း လျှောက်ထားနိုင်သည်။

(ဆ) ဗိုလ်လောင်းသင်တန်းတက်ရောက်အောင်မြင်ပြီးပါက ဒုတိယဗိုလ်အဆင့်ဖြင့် စတင်ခန့် အပ်ခြင်းခံရမည်။ မဟာဘွဲ့ ရသူ၊ ပါရဂူဘွဲ့ ရသူများသည် ဗိုလ်အဆင့်ဖြင့် စတင်ခန့် အပ်ခြင်းခံရမည်။

(ဇ) သက်ဆိုင်ရာတက္ကသိုလ်မှ ဘွဲ့ ရအမှတ်စာရင်းပါရှိရမည်။

(ဈ) တပ်မတော်မှ လေ့ကျင့်သင်ကြားမှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့ နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူနိုင်သည်။

၃။ လျှောက်ထားသူနှင့်အတူ အကျင်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့ နယ်ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့ အရွယ် ဓါတ်ပုံ(၃)ပုံနှင့် တပ်မတော်ဆေးရုံ/ပြည်သူ့ ဆေးရုံတို့ မှ ပဏာမဆေးစစ်အောင်မြင်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။

၎။ လျှောက်လွှာများကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ တွင် စတင်ထုတ်ပေး မည်ဖြစ် ပြီး နိုဝင်ဘာလ(၁၇)ရက်နေ့  နောက်ဆုံးထား၍ လျှောက်လွှာတောင်း ခံရရှိသော တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် စစ်ရာထူးခန့် ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သို့ ပေးပို့ ရမည်။

၅။ သတ်မှတ်ချက်နှင့် ပြည့်စုံပြီး အရည်အချင်းမီသော လျှောက်လွှာရှင်များသာ တပ်မတော်ဗိုလ်ရွေးအဖွဲ့ တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ အစစ်ဆေးခံရန် အကြောင်းကြား စာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှတဆင့် အချိန်မီပေးပို့ သွားမည်။

၆။ သတ်မှတ်ထားသည့်အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မိမိတို့ လျှောက်လွှာ တင်သွင်းသည့် တိုင်းစစ်ဌာနချုပ်တွင် ရွေးချယ်ခြင်း ခံရသည်/မခံရသည်ကို သွားရောက်စုံစမ်းမေးမြန်းနိုင်သည်။