Monday, March 3, 2014

ကျောက်ဖြူအထူးစီးပွားရေးဇုန် ဒုတိယအဆင့်ဖြစ်သည့် အကြံပေးကုမ္ပဏီ ရွေးချယ်ပြီးစီး

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုအဆင့်(၄)ဆင့်ဖြင့် စနစ်တကျ အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ ဒုတိယ အဆင့်ဖြစ်သည့် အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အထိ ဆောင်ရွက်ပြီးဖြစ်ပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်အရ 

(က) အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့မှ ၀န်ကြီး၊ ဒုဝန်ကြီးများ။

(ခ) ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင်များ။

(ဂ) ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ရခိုင်ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းများမှ တတ်သိနားလည်သော resource person များဖြင့်
ဖွဲ့စည်းထားသည့် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ BEAC (Bid Evaluation and Awarding Committee) မှ တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းကို နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါသည်။ 


အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့်တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်အရ စိတ်ဝင်စားမှေုဖ်ာပြလွှာ Expression of Interest (EOI) ဖိတ်ေခါ်သည့် စက်တင်ဘာလ (၈) ရက်နေ့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် (Launching Ceremony) မှစတင်ကာ နိုင်ငံတကာမှ အကြံပေးကုမ္ပဏီ (Consulting Firm) အား ဖိတ်ေခါ်ခဲ့ရာ အကြံပေး ကုမ္ပဏီ(Consulting Firm) အုပ်စု (၃၁) အုပ်စု စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါသည်။

ယင်းတို့ အားလုံးကို တင်ဒါအဆိုပြုလွှာများတင်ရန် ဖိတ်ခေါ်ခဲ့ရာ အကြံပေးကုမ္ပဏီ(၁၇) အုပ်စုပြိုင်ခဲ့ကြပြီး ယင်းတို့တင်သွင်းလာသော နည်းပညာနှင့် ငွေကြေးအဆိုပြုလွှာများကို BEAC အဖွဲ့ဝင်များက အဆင့်ဆင့်စိစစ်ကာ အထူးစီးပွားရးဇုန်ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စင်ကာပူ နိုင်ငံအ‌ခြေစိုက် CPG (Creative Professional Groups) အကြံပေးကုမ္ပဏီ အုပ်စုအား ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆာင်ရွက် ရန်အတွက် ရင်းနှီးတည်ဆောက်သူ (Developer) များ အိတ်ဖွင့်တင်ဒါ ခေါ်ယူရေး လုပ်ငန်းစဉ်အတွက် အကြံပေးဝန်ဆာင်မှေုပးရန် ရွေးချယ်ခြင်း ခံရသော အကြံပေးကုမ္ပဏီအုပ်စုအဖြစ် ရွေးချယ်ပြီး အရန်အဖြစ် ရွေးချယ်ထားသော အကြံပေးကုမ္ပဏီမှာ KPMG ကုမ္ပဏီဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

Wednesday, January 29, 2014

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

Thursday, January 30, 2014

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၊ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီတစ်ဦးအား အမှုဖွင့် အရေးယူထားကာ တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြ

ဒုချီးရားတန်း အနောက်ရွာတွင် နေရာကွက်ပြီး မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင်ကာ မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီလူမျိုးတစ်ဦးအား အမှုဖွင့်အရေးယူထားပြီး တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက်ညနေ ၈ နာရီ ၄၅ မိနစ်က မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု၊ ဒုချီးရားတန်း အနောက်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မောင်တောမီးသတ်စခန်းမှ တာဝန်ရှိသူများ မီးသတ်ယာဉ်တစ်စီး၊ အပေါ့စား မီးသတ်စက်နှစ်လုံး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့ကြောင်း၊ ည ၈ နာရီ မိနစ် ၅၀ တွင် နေအိမ်ပိုင်ရှင် ဦးအဘူဆွေယော (ဘ) ကာဆိမ်း အသက် ၅၀ နှစ်မှ ၎င်းနေအိမ်ဖြစ်သည့် ၂၅-၃၀-၁၂- ပေ (မြေစိုက်ဓနိမိုး၊ ၀ါးထရံကာ) အား မီးရှို့ထွက်ပြေးခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ မြေစိုက်တဲ ၁၅ လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းခန့်ဖြစ်ကြောင်း၊ ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ပြီး ဇန်န၀ါရီ ၂၉ ရက် ၀၀ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အသေအပျောက် မရှိကြောင်းလည်း သိရသည်။ ၎င်းနှင့်ပတ်သက်၍ မြို့နယ်မီးသတ်စခန်းတာဝန်ခံဒုမီးသတ်ဦးစီးမှူး ဦးမြတ်နိုင်က “ကျွန်တော် ဒုချီရားတန်း အနောက်ရွာမှာ မီးလောင်မှုသတင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကပြောတော့ ၉ နာရီ ၁၈ မိနစ်မှာ စထွက်တယ်။ ရွာကိုရောက်တော့ ရွာအတွင်းပိုင်းမှာ နေရာကွဲပြီး မီးလောင်တာကို စစ်ဆေးတွေ့ရတယ်။ ကျွန်တော်တို့က နေအိမ်နှစ်လုံးကို ကူးစက်မလောင်ကျွမ်းအောင် ထိန်းထားနိုင်ခဲ့တယ်။ ကျန်ခဲ့တဲ့အိမ်မှာလည်း မီးကူးစက်လောင်အောင် ကောက်ရိုးခွေကို ခေါင်မိုးပေါ်နဲ့ သွယ်ထားတာကို တွေ့ရတယ်။ ဒါဟာတမင်ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်။ နေအိမ် ၁၆ လုံး မီးလောင်ခဲ့ပြီး ရွာသားတွေ တစ်ယောက်မှ မတွေ့ရဘူး။ အားလုံး ထွက်ပြေးနေကြတယ်” ဟု ပြောကြားသည်။

ယခု မီးလောင်ကျွမ်းသည့်ကျေးရွာမှာ မောင်တောမြို့နှင့် ခုနစ်မိုင်ဝေးကွာပြီး ဘင်္ဂါလီကျေးရွာများကို ဖြတ်သန်းကာ ကုန်းလမ်းကြမ်းသွားရောက်ရကြောင်းနှင့် အနီးတွင် ဘင်္ဂါလီကျေးရွာများသာဖြစ်ကြောင်း မြေပြင်အနေအထားအရ သိရသည်။ လက်ရှိအနေအထားတွင် မိမိအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဦးအဘူဆွေယောအား (ပ) ၁၉/၂၀၁၄/၄၃၆ ဖြင့် မောင်တောမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

“ဘယ်သူက လာရှို့တယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ ဒါကတော့ မတော်တဆလောင်တဲ့မီးတော့ မဟုတ်ဘူး။ ဒေသခံရွာသားတွေ ထွက်ပြေးတယ်ဆိုတာကလည်း မီးရှို့လာသူတွေက ဘောင်းဘီတိုတွေနဲ့လို့ မြင်တယ်လို့ပြောတယ်။ မီးရှို့တော့ ကြောက်ပြီးထွက်ပြေးတာလို့ ပြောတယ်။ အခုရွာမှာပြန်နေဖို့ လာကြပြီဖြစ်ပါတယ်။ ဒီမီးရှို့မှုနဲ့ ဖမ်းဆီးတာတော့ တစ်ယောက်မှ မရှိသေးဘူး” ဟု လုံခြုံရေးတပ်ဖွဲ့များနှင့်ဒေသခံများကို သွားရောက်တွေ့ဆုံနေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောကြားသည်။ အဆိုပါ မီးလောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် ဘင်္ဂါလီ အမျိုးသားများမှာ ဖမ်းဆီးမှုမရှိလျှင် ပြန်လာမည်ဖြစ်ကြောင်း ပြောဆိုကြပြီး လက်ရှိတွင် တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း အဆိုပါ ကျေးရွာသားတစ်ဦးက သက်ဆိုင်ရာမှ မေးမြန်းသည့်အခါ ပြန်လည်ဖြေကြားသည်။

“ဒီရွာမီးလောင်တာဟာ ရှို့မီးကြောင့်ဖြစ်တာပါ။ မီးလောင်တဲ့အခါမှာ နေရာသုံးခုမှာ ခွဲပြီးလောင်နေတာကို စစ်ဆေးတွေ့ရတယ်။ အခုထိတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးတာ မရှိသေးဘူး။ အခုက စုံစမ်းမေးမြန်း ဆောင်ရွက်နေတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရွှေသန်းက ပြောကြားသည်။

“ဒီမီးလောင်ကျွမ်းတာက ရှို့မီးလို့ ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောင်စာတွေကို ကြိုတင်ပြင်ဆင်ထားတာ တွေ့ရတယ်။ စုပုံထားတာတို့ ခေါင်မိုးပေါ်မှာ ကောက်ရိုးလုံးကြီးတွေကို ကြိုးနဲ့ချည်ပြီးတော့ ပြင်ဆင်ထားတာ တွေ့ရတဲ့အခါကျတော့ ရှို့မီးလို့ ပြောလို့ရပါတယ်။ ဒီရွာက နဂိုကတည်းက ဘာမှဖြစ်တဲ့ရွာ မဟုတ်ဘူး။ လူနေတယ်။ ဒါဟာ ရှို့မီးလို့ ယူဆရတာက ကြိုတင်စီစဉ်ပြီး တစ်ပြိုင်တည်း ဆောင်ရွက်တာဖြစ်တယ်။ အခုအရေးယူတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အမှုဖွင့်ထားတယ်။ ဆက်လက်စုံစမ်း ဖော်ထုတ်ရမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့တွေ လာမယ့်အချိန်မှာ ဒီလိုမျိုးဖြစ်တာဟာ နိုင်ငံတကာရဲ့အမြင်မှာ ဆန့်ကျင်ဘက်အမြင်တွေဖြစ်အောင် ကြံစည်တဲ့လုပ်ရပ်လို့ ပြောလို့ရတာပေါ့။ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုတာလည်း အုပ်ချုပ်ရေးယန္တရားကို အများကြီး အခက်အခဲ ဖြစ်စေတာပေါ့။ လုံခြုံရေးအဖွဲ့တွေက အချိန်နဲ့အမျှ ကျေးရွာတိုင်းကို အမြဲမပြတ် လုံခြုံအေးချမ်းအောင် ဆောင်ရွက်နေရတဲ့ ပုံမှန်ထက်ကို ဆောင်ရွက်နေရတော့ သွားလာလှုပ်ရှားမှုတွေကလည်း ကြိုတင်ကြံစည်မှုလို့ မသိတဲ့အခါကျတော့ အလေးဂရုပြု ဆောင်ရွက်နေရတာပေါ့။ သတင်းမီဒီယာတချို့မှာ ဖော်ပြနေတာက တိုင်းရင်းသားတွေ လာလုပ်တာဆိုတာကတော့ မြေပြင်အနေအထားမှာ ဘယ်ရွာတွေက လူများစုလည်းဆိုတာကို ကိုယ်တိုင်လာကြည့်လို့သာ ပြောလိုပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောကြားသည်။ လက်ရှိမီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာတွင် မည်သူတစ်ယောက်မှ မကျန်တော့ဘဲ စားနပ်ရိက္ခာများပါမကျန် ယူဆောင်ကာ အနီးအနား ကျေးရွာများသို့ တိမ်းရှောင်နေဆဲဖြစ်ပြီး ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဒေသခံများနှင့်တွေ့ဆုံကာ မိမိတို့ကျေးရွာသို့ ပြန်လာကြဖို့ စည်းရုံးပြောဆိုနေကြောင်းနှင့် မီးလောင်မှုဖြစ်ပြီး တွေ့ရှိရသည့် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေးပြီးဖြစ်သဖြင့် ၎င်းတို့ဆွေမျိုးများထံ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒုချီးရားတန်းတွင် ဘင်္ဂါလီမွတ်စလင် အမျိုးသမီးနှင့် ကလေးငယ်များ အသတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သည်ဟု နိုင်ငံတကာ သတင်းမီဒီယာများ၌ ဖော်ပြခဲ့ပြီးနောက် ကုလသမဂ္ဂအဖွဲ့က မြန်မာအစိုးရအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ဖူးသည့် ရခိုင်ပြည်နယ် နေရာဒေသများတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရသည့် သတင်းအချက်အလက်များ ရရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောဆိုသည်။

ကုလသမဂ္ဂက ပြောဆိုရာတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရွာတစ်ရွာတွင် ဇန်န၀ါရီ ၉ ရက်က ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီအမျိုးသားရှစ်ဦး သေဆုံးခဲ့ရသည်ဆိုသည့် သတင်းများ ရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအပြီး လေးရက်အကြာတွင် အဆိုပါရွာတွင်ပင် ရဲတပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦး ဘင်္ဂါလီများ၏ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရသည်ဟု သိရသည်။

ထိုအဖြစ်အပျက်ကြောင့် ရဲတပ်ဖွဲ့နှင့် ဒေသခံရခိုင်လူမျိုးများက ဘင်္ဂါလီလူမျိုး ၄၀ ခန့်အား ညနေပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားပြီး ကုလသမဂ္ဂအနေဖြင့် ရရှိလာသည့် သတင်းအချက်အလက်များကို မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အေပီသတင်းဌာနနှင့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်အပြီးတွင် မြန်မာနိုင်ငံဘက်မှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကုလသမဂ္ဂ၏ ကြေညာချက်သည် ၀မ်းနည်းစရာကောင်းပြီး အကြောင်းအကျိုး မခိုင်လုံသော သတင်းရင်းမြစ်များအပေါ် အခြေခံထားသည်ဟု ပြောဆိုခဲ့သည်။

“ကုလသမဂ္ဂရဲ့ အခုလိုလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာ မယုံကြည်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး ဒေသခံတွေအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေပေါ်မှာ အယုံအကြည် နည်းပါးလာနိုင်ပါတယ်” ဟု ဦးရဲထွဋ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂဦးဆောင်သည့် လေ့လာရေးအဖွဲ့များအား ပြဿနာဖြစ်ပွားခဲ့ရာ မောင်တောမြို့ အဆိုပါကျေးရွာသို့ သွားရောက်လေ့လာခွင့်ပြုခဲ့ပြီး ဇန်န၀ါရီ ၂၈ ရက်တွင်လည်း အစိုးရဘက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ သတင်းအမှားများ အသုံးပြု၍ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

ဒုချီးရားတန်း အနောက်ရွာရှိ နေအိမ်အချို့၏ အမိုးပေါ်တွင်တွေ့ရသော ကောက်ရိုးများအား တွေ့ရစဉ်




Eleven Media Group

Thursday, January 23, 2014

ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများစိုးရိမ်ပူပန်မှု

လက်ရှိအချိန်တွင် နိုင်ငံရေးအခြေအနေများမငြိမ်မသက်ဖြစ်နေသော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများမှာနိုင်ငံကူးလက်မှတ် ကိစ္စအတွက် ဇဝေဇ၀ါနှင့် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်ကိုမသိရှိပဲဖြစ်နေကြသည်။

သက်တမ်းလေးနှစ်ပြည့်ပြီးသော်လည်း မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို မသိနားမလည်ကြခြင်း၊သက်သေခံအထောက်အထားမရှိသူတွေကို မည်သို့ဆက်လက် ဆောင်ရွက်ပေးမည်ကို မသိရှိကြခြင်း၊ အလုပ်သမားများနှင့်အတူပါလာသော သားသမီးများကို မည်သို့ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုကြခြင်း စသည့်အကြောင်းအရာများကို မြန်မာသံရုံး (မြန်မာနိုင်ငံအစိုးရ) မှ မည်သို့မှ ထုတ်ပြန်ကြေညာထားခြင်းမရှိသောကြောင့်ပွဲစားများကသာ ၄င်းတို့ထင်သလိုပြောဆိုပြီး မြန်မာအလုပ်သမားများအပေါ် လိမ်လည်မှုများပြုလုပ် နေကြသည်ကို ကြားသိရသည်။

အလုပ်သမားများအတွက် အဆင်အပြေနိုင်ဆုံးနည်းလမ်းကို ဆောင်ရွက်ပေးနိုင်မည် ဆိုပါက အလုပ်သမားအများစုသိရှိနိုင်စေရန် ကြေညာ အသိပေးပြီး မှသာအမှန်တကယ် အလုပ်လုပ်နေသည့် အလုပ်သမားများထံမှ သဘောထား ထောက်ခံချက်များရယူကာ ဆောင်ရွက် စေလိုကြကြောင်း၊ မြန်မာအလုပ်သမားမှာ ထိုင်းနိုင်ငံရေးမတည်ငြိမ်သည့်အတွက် ကြောင့် တစ်ကြောင်း၊ မြန်မာသံရုံးမှ တိကျပြတ်သားသော ကြေညာချက်မျိုးထွက်ပေါ်လာခြင်းမရှိသေး ခြင်းကြောင့်တစ်ကြောင်း စသည့်အကြောင်းကြောင်းများကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြ ကြောင်းသိရသည်။

 မြန်မာအလုပ်သမားအများစု၏ အဓိကလိုအပ်ချက်များမှာ တရားဥပဒေနှင့်အညီ အမှုပြဿနာများ အားဆောင်ရွက်ပေးရန်၊ တိကျမှန်ကန်သော နေထိုင်ခွင့် (passport စသည်) ဆောင်ရွက်ပေးရန်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ရရှိပိုင်ဆိုင်သောအလုပ်သမားအခွင့်အရေးများအား တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်တို့ဖြစ်ကြောင်းသိရသည်။

ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အတွင်းတစ်နေရာ

Wednesday, January 22, 2014

ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ် (၁)လက်၊ ခဲယမ်း အချို့နှင့် အတူ ပျောက်ဆုံး

မောင်တောမြို့နယ်၊
ခရေမြိုင်ရဲကင်းမှ နယ်မြေ လုံခြုံရေး ပူးပေါင်း အဖွဲ့ လှည့်ကင်း
ဆောင်ရွက်စဉ် ဒုချီးရားတန်းရွာတွင် ဘင်္ဂလီများက အုပ်စုဖွဲ့ အကြမ်းဖက်
တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ် (၁)လက်၊ ခဲယမ်း
အချို့နှင့် အတူ ပျောက်ဆုံး



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်း ဦးစီး ပူးပေါင်း အဖွဲ့သည် နယ်မြေ လုံခြုံရေး လှည့်ကင်း
ဆောင်ရွက်စဉ် ဒုချီးရားတန်း (အလယ်) ရွာသို့ အရောက် ဘင်္ဂလီများအာ
အုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး
သက်ဆိုင်ရာ ဌာနများကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့်
ဧရာဝတီ သတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းမှာ ဇန်န၀ါရီလ (၁၄)
ရက်နေ့တွင် အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွား ခဲ့သည့် အတွက် အစ္စလာမ် ဘာသာဝင်
အမျိုးသမီး များနှင့် ကလေးငယ်များ အသတ်ခံ ရကြောင်း၊ မောင်တောမြို့နယ်
ဒေသခံ တစ်ဦး၏ အဆိုအရ သေဆုံးသူ (၄၀)ခန့်ရှိကြောင်း၊ သေဆုံးသူ အချို့၏
ဒဏ်ရာများမှာ ဓါးဒဏ်ရာများသာ ဖြစ်ကြောင်း တဖက်သတ် စွပ်စွဲ ဖော်ပြခဲ့ သဖြင့်
ဇန်န၀ါရီလ (၁၇)ရက်နေ့တွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး၊
ပုဂံမြို့တွင် ကျင်းပသော အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ၀န်ကြီးများ
အစည်းအဝေးများ သတင်းထောက်များအား သတင်းမှားများသာ ဖြစ်ကြောင်း
ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။ ယခု ဖြစ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက်မှုကို
ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး တရားခံများ ဖမ်းဆီး ရမိရေးနှင့် တာဝန်
ထမ်းဆောင်ရင်း ပျောက်ဆုံးနေသော တပ်ဖွဲ့ဝင် တစ်ဦးနှင့် နိုင်ငံပိုင် လက်နက်
ခဲယမ်းများ ပြန်လည် ရရှိရေး တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ
အေးချမ်းသာယာရေးတို့ မပျက်ပြား စေရေး အတွက် လုံခြုံရေး တပ်ဖွဲ့များက အရှိန်
အဟုန်မြှင့် ဆောင်ရွက် လျက်ရှိနေသကဲ့သို့ ပြည်သူ လူထု ကလည်း မိမိတို့
စွမ်းဆောင်နိုင်သမျှ ဘောင်အတွင်းမှ နေပြီး ရဲတပ်ဖွဲ့သို့ ၀ိုင်းဝန်း ကူညီ
ဆောင်ရွက် ကြပါရန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မေတ္တာ ရပ်ခံ ထားကြောင်းနှင့်
အချို့သော သတင်းဌာန များနှင့် သံတမန် အချို့၏ ပြောဆို ဝေဖန် နေမှု များမှာ
မဟုတ် မမှန်ကြောင်း ပြန်ထဲရေး ၀န်ကြီးဌာနမှ သိရပါသည်။




MRTV