Monday, July 25, 2016

Neerja (2016) မြန်မာစာတန်းထိုး

၁၉၆၃ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ် တစ်ခုရှိခဲ့တယ် ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ် ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါ သေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာ တန်ဆာခံခရီးသည် ၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ လွတ်မြောက်ခဲ့ပါတယ်

သူရဲကောင်းဆိုတဲ့ ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ် မထင်မရှား အားနွဲ့တဲ့ လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ် ခရီးသည်တွေရဲ့အသက်ကိုဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့ပုံကတော့အရမ်းကို အံသြစရာပါ တကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက် ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှုယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ

ဒီကားထဲမှာချီးကျူးရမှာ မင်းသမီးချော Sonam Kapoor အပြင်သူမရဲ့အမေအဖြစ်သရုပ်ဆောင်တဲ့ Shabana Aamiကိုပါ သမီးးအတွက် ဗျာများနေတဲ့အမေတစ်ယောက်အဖြစ်ရုပ်လုံးပေါ်တဲ့အပြင် တုန်ယင်နေတဲ့အသံတွေနဲ့ပြောစကားတွေကလွမ်းမောဖွယ် ဂန္တ၀င်တေး သွားတစ်ခုလိုရင်ထဲရိုက်ခတ်နိုင်စွမ်းရှိလို့ပါ ဒီဇာတ်ကားကြည့်နေရင်း အသက်ရှင်ဖို့အဓိကအစိတ်အပိုင်းဖြစ်တဲ့ လေထဲကအောက်ဆီဂျင်ကိုရှုနေရပါ့လားဆိုတဲ့အသိပါပျောက်သွားပါလိမ့်မယ်ငုတ်တုတ်မေ့သွားတယ်ဆိုတာ ကြီးကိုလည်း ခင်ဗျားကိုယ်တိုင်ကြုံဖူးသွားလိမ့်မယ် ပရိတ်သတ်ကြီးကို ပြောချင်တာက ရင်ထဲဘာမှမခံစားခဲ့ရဘူးလို့ဆိုခဲ့ရင် သေချာတယ် ခင်ဗျားနှလုံးသားက ကျောက်တုံးတွေနဲ့ဖွဲ့ဆည်းထားတာပါလို့ ကဲ IMDB 8.0 ရပြီဆိုကထဲက ထပ်မညွှန်းတော့ပါဘူး ခံစားကြည့်လိုက်ပါဦးဗျာ............

 File Size         : 870 MB
Quality           : Blu ray 720P
Running Time : 2hr 02 minute
Format           : Mp4
Genre             : Biography,Drama, Thriller
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဘာသာပြန်သူကတော့ Tariq Walker ဖြစ်ပြီး အညွန်းရေးသူကတော့  Phyo Pyae ပဲ ဖြစ်ပါတယ်) 
http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85
နမူနာကြည့်ရန် 

Friday, July 22, 2016

ဖ ရက် ဒီ Vs ဂျေ ဆန်

အကယ်၍ မင်းဟာ Elm Street လမ်းမတွေထက်မှာ
one, two
Freddy's Coming For you
three, Four
Better Lock the Door ……
ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကိုကြားလိုက်ပြီ ဆိုရင်
သေချာတယ် မင်းရဲ့ အဲ့ဒီအိမ်မက်ဆိုးကနေ
မြန်မြန် နိုးထဖို့ လိုနေပါပြီ ဘာ့လို့လဲ ဆိုတော့
မင်း ဆက်ပြီး အိပ်စက်နေဦးမယ်ဆိုရင်
Freddy Krueger ဆိုတဲ့ မကောင်းဆိုးဝါးကြီးက
မင်းကို ထာဝရ မနိုးသောအိပ်စက်ခြင်းတွေဆီကို ရက်ရက်စက်စက် ပို့ဆောင်ပေးတော့မှာမလို့ပါပဲ

အလားတူပဲ Crystal Lake မြို့လေးရဲ့
စခန်းချအနားယူအပန်းဖြေရာ Camp Crystal Lake
မှာ …………
Chi Chi Chi Hah Hah Hah
Chi Chi Chi Hah Hah Hah
ဆိုတဲ့ အသံကြားလိုက်မယ် ဆိုရင်ရော………??
လှည့်ကြည့်မနေပါနဲ့ ပြေးသာ ပြေးပါတော့
Jason ဆိုတဲ့ အမေကိုချစ်တဲ့ သားကြီး မင်းနောက်ကို

ဒီလို ရက်စက်မှုအပေါင်းသရဖူဆောင်း နေတဲ့
လူသတ် သရဲ မိစ္ဆာကြီး နှစ်ကောင်ကို
Crossover လုပ်ထားတဲ့ ဒီဇာတ်ကားဟာ
အသည်းငယ်တတ်သူတွေအဖို့ လုံးဝမကြည့်သင့်တဲ့ဇာတ်ကား
ဖြစ်ပြီး Horror ဇာတ်ကားများကိုကြိုက်နှစ်သက် သူများအတွက်တော့ လုံးဝအကြိုက်တွေ့စေမယ့် ကားတစ်ကားအဖြစ်ညွှန်းပေးပါရစေ ………
ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင်တော့
Freddy ဆိုတဲ့ နာမည်ကို Elm street မှာမေ့မေ့ပျောက်ပျောက်ဖြစ်လာတဲ့ကာလ တစ်ခုမှာ
လူသတ်သရဲကြီး Freddyဟာ တန်ခိုးစွမ်းအားတွေလျော့နည်းလာပါတယ်
သိခဲ့တဲ့ လူကြီးသူမတွေဟာလဲ လူငယ်တွေ
ဘေးအန္တရာယ် ကင်းရေးအတွက် Freddy ရဲ့နာမည်ကို
လုံးဝ အစဖျောက်ထားပါတယ်
အဲ့ဒီမှာ Freddy ဟာ သူ့ရဲ့စွမ်းအားတွေပြန်ရရှိပြီး
အဆုံးမဲ့အိမ်မက်ဆိုးတွေနဲ့ ပြန်လည်ခြောက်လှန့်ရက်စက်
ဖို့လိုတဲ့အတွက် နည်းလမ်း တစ်ခု နဲ့ သူ့ရဲ့နာမည်ကိုပြန်
အမှတ်ရလာအောင် ကြံစည်ပါတော့တယ်
တစ်ခြားတော့မဟုတ်ပါဘူး Friday the 13th ဇာတ်ကားများရဲ့ လူသတ်သမားကြီး Jasonကို
ပြန်အသက်သွင်းကာ Elm Street ကို ခေါ်ဆောင်လာပြီး
Jasonကျူးလွန်တဲ့ လူသတ်မှုများအတွက်
Freddy အမည်ခံကာ သူ့ရဲ့နာမည်ကို
ပြန်လည်အမှတ်ရလာစေဖို့ စီစဉ်ပါတော့တယ်
ဒါပေမယ့် Freddyအတွက် ကိုယ်မွေးတဲ့မျောက်
ကိုယ့်ပြန်ခြောက်လာခဲ့တဲ့ အခါမှာတော့……………
ဆက်ပြောရင် Spoil ကုန်မှာစိုးတဲ့အတွက်
ဇာတ်ကားအစအဆုံး ရင်တထိတ်ထိတ် အသဲတစ်ယားယား
ခံစားမှုရသများကိုပေးစွမ်းနိုင်မယ့် ဒီကားလေးကို
ငွေရောင်ပိတ်ကားကြီး ထက်မှာ အဲလေ
မှန်သားပြင်ထက်မှာသာ
ဆက်လက်ရှုစားဖို့ပဲတိုက်တွန်းလိုက်ပါရစေ ခင်ဗျာ

ဒီကားလေးက ဒီနေ့မှာကျရောက်တဲ့
CM Team မှ ဘာသာပြန် ညီလေး Ye Khant Min
ရဲ့မွေးနေ့ အမှတ်တရလက်ဆောင်အနေနဲ့ CM ပရိတ်သတ်ကြီးအတွက် သူကိုယ်တိုင်ဘာသာပြန်ထားတဲ့
လက်ဆောင် ဇာတ်ကားလေး ပဲဖြစ်ပါတယ်
ညီလေး Ye Khant Min
ဒီနေ့မှာကျရောက်တဲ့ မွေးနေ့မှစ
နောက်နှစ်ပေါင်းများစွာတိုင် စိတ်သွားတိုင်းကိုယ်ပါ
လိုရာဆန္ဒတစ်လုံးတစ်ဝတည်း ပြည့်စုံ ပြီး
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ လို့
ကျွန်တော်တို့ Channel Myanmar
ဝိုင်းတော်သူ ဝိုင်းတော်သားအပေါင်းမှ ဆုမွန်ကောင်းတောင်း
ပေးလိုက်ပါတယ် ခင်ဗျာ

ဇာတ်လမ်း အညွှန်းရေးသား သူကတော့ ……ဟုတ်ကဲ့
ကျွန်တော် Han Htoo Zaw ပဲဖြစ်ပါတယ်

File Size         : 700 MB
Quality           : Blu ray 720P
Running Time : 1hr 37 minute
Format           : Mp4
Genre             : Action, Horror, Thriller
Encoder         : Joker.phs




ဖိုင် အသေး ဒီမှာ နှိပ် ဒေါင်းပါ

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85
နမူနာကြည့်ရန် 

Colonia Dignidad (2016) မြန်မာစာတန်းထိုး

2016 ခုနှစ်ထွက် ဖြစ်ရပ်မှန် အခြေခံထားတဲ့ ဇကားလေးတစ်ကားနဲ့
စီအမ် ပရိတ်သတ်ကြီးကို ဒီညအတွက် မိတ်ဆက်ပေးပါရစေ
ကျတော်ကတော့ အသဲကျော်လေး အမ်မာဝတ်ဆန်ပါလို့ ဒီကားလေးကိုကြည့်မိပြီး
သဘောကျမိတာနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးတာပါ
ကဲ ဇာတ်လမ်းအကျဉ်းလေးကို သွားလိုက်ကြရအောင်ဗျာ
ဇာတ်လမ်း အကျဉ်းလေးကတော့ ချီလီနိုင်ငံရဲ့ ၁၉၇၃ ခုနှစ်ကာလကို အခြေခံပြီးရိုက်ကူးထားပြီး
ချီလီနိုင်ငံက နာမည်ကြီး ကိုလိုနီးယား ဒစ်ကနီဒက် ဆိုတဲ့ ဘုရားရှိခိုးကျောင်းအမည်ခံ 
စစ်အတွင်း ပုန်ကန်ဆန္ဒပြသူတွေကို ရူးသွပ်သည်အထိနှိပ်စက်ပြီး 
အသိစိတ်ကင်းမဲ့စေသောဆေးများကြွေးပြီး 
သူ့ကိုယ်သူ ဘု၇ားနှင့်ဆက်သွယ်နိုင်သည်ဟု ဆိုကာ နှိပ်စက်နေသော ဘုန်းတော်ကြီး
Paul Schäfer အကြောင်းကို ရိုက်ကူးပြထားသော ဇာတ်ကားဖြစ်ပြီး
ဘုန်းတော်ကြီးPaul Schäfer ကတော့ ၂၀၀၄ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ အဖမ်းခံခဲ့ရပြီး
ကလေးသူငယ်ဆိုင်ရာ လိင်ကျူးလွန်မှုအပါအ၀င် အခြားအမှုပေါင်းများစွာနှင့်
ထောင်ဒဏ် ၃၃ နှစ်ချမတ်ခံရပြီး ၂၀၁၀ ခုနှစ်မှာ စန်တီဂို အကျဉ်းထောင်အတွင်းမှာဘဲ
ဘ၀ ဇာတ်သိမ်းသွားခဲ့ပါတယ်။
လေယာဉ်မယ် လီနာ တဖြစ်လဲ အမ်မာဝတ်ဆန် ဟာ ချီလီနိုင်ငံကို လေကြောင်းတာဝန်အရ လိုက်ပါခဲ့ပြီး
အနားယူရန် ကားဖြင့် ထွက်လာစဉ် ချစ်သူဖြစ်သူ ဒယ်နီရယ် ကိုတွေ့မိပြီး လိုက်ပါသွားခဲ့ရာမှ
ဒယ်နီရယ် မှာ အာဏာရပါတီ၏အတိုက်အခံ ခေါင်းဆောင်၏ပုံကို ဆွဲပေးပြီး စစ်တပ်မှလိုက်ဖမ်းရာမှ ထွက်ပြေးရင်း အဖမ်းခံရရာမှ ကိုလိုနီးယား ဒစ်ကနီဒက်သို့ရောက်ရှိသွားခဲ့ ရာမှာ
ရည်းစားဖြစ်သူ လီနာ က လိုက်သွားခဲ့ပြီး မည်သို့မည်ပုံကယ်တင်မည်ကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှူကြပါအုံးဗျာ
(Based On True Story ဖြစ်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတကားဖြစ်ပြီး
သင်ခန်စာယူဖွယ် သမိုင်းဖြစ်ရပ်များကိုတွေ့ရှိရမှာပါ)
File size...(700MB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Kyaw Ye Aung 


Download & Watch On Pcloud 

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85

နမူနာကြည့်ရန်