Tuesday, July 26, 2016

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွင် အလုပ်ရပ်စဲမှုနစ်နာကြေး ရထိုက်၊ မရထိုက် ဆုံးဖြတ်ခြင်း


အလုပ်ရပ်စဲရသည့်အကြောင်းရင်းများ

အလုပ်ရှင်အနေဖြင့် မိမိစက်ရုံ၊ အလုပ်ဌာနတွင် ခန့်ထားပြီးသော အလုပ်သမားတစ်ဦးဦး သို့မဟုတ် အလုပ် သမားများကို အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှရပ်စဲ ရမည့်အခြေအနေမျိုး ပေါ်ပေါက်နိုင်ပါသည်။ ယေဘုယျ အားဖြင့် ကုန်ကြမ်းပြတ်တောက်ခြင်းကြောင့် စက်ရုံ ယာယီပိတ်သိမ်းခြင်း၊ စက်ရုံ၊ အလုပ်ရုံ နေရာသစ်သို့ ပြောင်းရွှေ့ခြင်း၊ စက်ရုံအား အလိုအလျောက်လုပ် ဆောင်သည့် စက်ကိရိယာများ တပ်ဆင်အဆင့်မြှင့်တင်ခြင်း၊ ပိုင်ရှင်ပြောင်းလဲခြင်း၊ စီးပွားရေးတွက်ခြေမကိုက်သဖြင့် လုပ်သားအင်အားလျှော့ချခြင်း၊ စက်ရုံအပြီးပိတ်သိမ်းခြင်း တို့ဖြစ်ပါသည်။ အလုပ်ရှင်၊အလုပ်သမား ဆက်ဆံရေးတွင် နေ့စဉ်ကြုံတွေ့နေရသော ပြဿနာမှာ စက်ရုံ၊ အလုပ်ဌာန တွင်းချမှတ်ထားသော အလုပ်ထုတ်ပယ်လောက်သည့် လုပ်ငန်းခွင်စည်းကမ်းအား အလုပ်သမားက ချိုးဖောက် ခြင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားရုံးတစ်ခုခု၏ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရခြင်းတို့ကြောင့်လည်း အလုပ်သမား အလုပ်ရပ်စဲခံရကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုသို့ သော အလုပ်ရပ်စဲမှုများအနက် အလုပ်ရှင်၏ ဆန္ဒအရ တစ်ဖက်သတ် အလုပ်ရပ်စဲခံရခြင်းများတွင် သက်ဆိုင်ရာ အလုပ်သမားများအား ¤င်းတို့၏ လုပ်သက်နှစ်အပေါ် အခြေခံသည့် အလုပ်ထုတ်နစ်နာကြေး သို့မဟုတ် အလုပ် ရပ်စဲမှုနစ်နာကြေးအား လုပ်ခလစာ ကျန်ငွေနှင့်အတူ တစ်ပါတည်း စာရင်းရှင်းလင်းဆောင်ရွက်ပြီးမှ အလုပ် ရပ်စဲခြင်းကိစ္စ ပြီးမြောက်သည်ဟု ဆိုနိုင်ပါသည်။

အလုပ်သမားဘက်က ၄င်း၏ဆန္ဒအရ အလုပ်မှနုတ် ထွက်လိုပါကလည်းကောင်း၊ အလုပ်ရှင်ဘက်က အလုပ် သမားအင်အား လျှော့ချရန်လည်းကောင်း ရှိပါက သက်ဆိုင်ရာဘက်က အနည်းဆုံး ရက်ပေါင်း ၃ဝ ကြိုတင် အသိပေးရပါသည်။ ထိုသို့နို့တစ်မပေးဘဲ အလုပ်သမားအား အလုပ်ရပ်စဲပါက သတ်မှတ်ထားသည့် နို့တစ်ကြေး တစ်လစာအလုပ်ရှင်က ပေးရပါသည်။ အလုပ်သမား၏ နုတ်ထွက်လိုမှုကိစ္စတွင် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် သဘောတူထားသည့် အလုပ်ခန့်ထားမှု သဘောတူစာချုပ် သက်တမ်းမကုန်ဆုံးမီဖြစ်ပါက အလုပ်ရှင်အနေဖြင့် အလုပ်သမားသို့ပေးရန်ရှိသည့် လုပ်ခ၊ လစာ ကျန်ငွေကို သာ ရှင်းလင်းပေးရန် တာဝန်ရှိပြီး အလုပ်ရပ်စဲမှု နစ်နာ ကြေးပေးရန် တာဝန်မရှိကြောင်းလည်း တွေ့ရှိရပါသည်။

ထို့ကြောင့် အလုပ်ရပ်စဲမှုနစ်နာကြေးဆိုသည်မှာ ''စီးပွားရေး၊ ငွေကြေး သို့မဟုတ် ကုန်ကြမ်းအခက်အခဲစသည် တို့ကြောင့် အလုပ်သမားအင်အားလျှော့ခြင်း သို့မဟုတ် အလုပ်ပိတ်ခြင်းအတွက်ဖြစ်စေ၊ အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူညီချက် သို့မဟုတ် စုပေါင်းသဘောတူညီ ချက်ကို အလုပ်ရှင်ဘက်မှ ဖောက်ဖျက်ခြင်းအပါအဝင် တည်ဆဲအလုပ်သမားဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများနှင့် ညီညွတ်ခြင်းမရှိသည့် အလုပ်မှရပ်စဲခြင်း သို့မဟုတ် အလုပ်ထုတ်ပစ်ခြင်းတို့အတွက်ဖြစ်စေ၊ အလုပ် ရှင်က အလုပ်သမားအားပေးရမည့်ငွေကိုဆိုသည်''ဟု အလုပ်သမားဝန်ကြီးဌာန၏ ၂ဝ၁၂ ခုနှစ် ဧပြီ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၂/၂ဝ၁၂ (အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေများ)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိ ရပါသည်။

ILO ပြဋ္ဌာန်းချက်များနှင့် အလုပ်ရှင်၏ အလုပ်ရပ်စဲပိုင်ခွင့်

အလုပ်ရှင်များအနေဖြင့် ¤င်းတို့ခန့်ထားသည့် အလုပ် သမားများ၏ ကျွမ်းကျင်မှု၊ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် အကျင့်စာရိတ္တတို့အား အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့် ထားမှုစာချုပ်တွင် ဖော်ပြပါရှိသည့် အစမ်းခန့်ကာလ (Probation Period)အတွင်း အကဲဖြတ်ပြီး အထူးသဖြင့် လုပ်ငန်းစွမ်းဆောင်ရည်အား နှစ်သက်မှုမရှိပါက အစမ်းခန့် ကာလကုန်ဆုံးချိန်တွင် အလုပ်သမားအား နစ်နာကြေးပေး ရန်မလိုဘဲ အလုပ်ရပ်စဲနိုင်ပါသည်။ ပုံသေကာလ သက်တမ်းဖော်ပြပါရှိသည့် အလုပ်ခန့်ထားမှုသဘောတူ စာချုပ် (င်္Fixed Term Employment Contract-FTC) သက်တမ်းကုန်ဆုံးချိန်တွင်လည်း အလုပ်သမားအနေဖြင့် ဆက်လက်အလုပ်လုပ်ခွင့်ရရန် ဆက်လက်စာချုပ်ချုပ် ဆိုရန်လိုပါသည်။ ထို့ကြောင့် အချို့သောနိုင်ငံများ(ဥပမာ- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံစသည်) တို့တွင် အလုပ်သမားများချုပ်ဆိုမည့်FTCအကြိမ် အရေအတွက် ကန့်သတ်ထားခြင်းဖြင့် ကာလအကန့်အသတ်မရှိသည့် အလုပ်ခန့်ထားမှု သဘောတူစာချုပ် (့Undetermined Term Employment Contract-UDC)အဖြစ်တိုးမြှင့် သတ်မှတ်ပြဋ္ဌာန်းလေ့ရှိကြောင်း၊ ယာယီအလုပ်သမားမှ အမြဲတမ်းခန့် အလုပ်သမားအဖြစ် တိုးတက်ပြောင်းလဲ လာခြင်းသဘောကို လေ့လာတွေ့ရှိရပါသည်။ ဆိုလိုရင်းမှာ အလုပ်ရှင်တွင် သင့်လျော်သည့် အလုပ်ရပ်စဲပိုင်ခွင့်ရှိရမည် ဖြစ်သကဲ့သို့ အလုပ်သမား၏ အလုပ်အကိုင်တည်မြဲပိုင် ခွင့် (Job security) သို့မဟုတ် အလုပ်ဆက်လက်လုပ်ကိုင် နိုင်ရေး(Continuation of Employment)မှာ အလုပ်ရှင်၊ အလုပ်သမားချုပ်ဆိုခဲ့သည့် အလုပ်ခန့်ထားမှု သဘောတူ စာချုပ် (Employment Contract) အမျိုးအစား သတ်မှတ်ခြင်းနှင့် အမျိုးအစားတစ်ခုမှ အခြားတစ်ခုသို့ မည်သို့ ကူးပြောင်းသတ်မှတ်မည်ဆိုသည့် ဥပဒေ၊ နည်း ဥပဒေ သတ်မှတ်ပြဋ္ဌာန်းချက် အထူးအရေးပါကြောင်း သိသာထင်ရှားပါသည်။ ထို့ကြောင့်လည်း အလုပ်ရှင် များတွင် အလုပ်သမားခန့်ထားခွင့်နှင့် အလုပ်ရပ်စဲပိုင်ခွင့် (Right to Hire and Fire)အပြည့်အဝရှိသင့်ကြောင်း၊ အချို့သော အလုပ်ရှင်များက တောင်းဆိုခဲ့ကြောင်း တွေ့ရှိ ရပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO)အနေဖြင့် အလုပ်ရပ်စဲမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၁၅၈ (ILO Convention concerning Termination of Employment)အား ၁၉၈၁ ခုနှစ်တွင် သတ်မှတ်ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်မှာ အလုပ်သမားများ အလုပ်အကိုင်ဆက်လက်တည်မြဲစေရန်၊ မျှတမှန်ကန်မှုမရှိသည့် အလုပ်ရပ်စဲမှု (Unfair Dismissal)များအတွက် အလုပ်သမားများအား အကာအကွယ်ပေးရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ် ရပ်စဲမှု ကျင့်စဉ်တစ်ခုအား ထူထောင်ဆောင်ရွက်သွားရန် တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်ILOအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီILO ပြဋ္ဌာန်းချက်များအနက် မိမိနိုင်ငံမှ ကျင့်သုံးဆောင်ရွက်နိုင်မည့် ပြဋ္ဌာန်းချက်များအား လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ ပါဝင် လက်မှတ်ရေးထိုးအတည်ပြုပြီးသည့် ပြဋ္ဌာန်းချက်ပါ ကိစ္စ ရပ်များအား အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းဥပဒေများတွင် မဖြစ်မနေထည့်သွင်းပြဋ္ဌာန်းရန် တာဝန်ရှိသကဲ့သို့ လက်မှတ်ရေးထိုး အတည်ပြုထားခြင်း မရှိသေးသည့် ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအနက် နိုင်ငံတော်နှင့် အလုပ်ရှင်၊ အလုပ်သမား အကျိုးရှိစေမည့် ပြဋ္ဌာန်းချက် များကိုလည်း ဥပဒေတွင်ထည့်သွင်း ပြဋ္ဌာန်းခြင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေး သဘောတူညီမှုဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ပါက ဒေသ တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံအတွင်း စီးဝင်လာစေပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးအား များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်မိပါသည်။

အချို့သော နိုင်ငံများတွင် အလုပ်ရပ်စဲရန် သို့မဟုတ် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (Employ- ment Contract- EC)ဆိုင်းငံ့ရန်၊ ဖျက်သိမ်းရန်တို့အတွက် သက်ဆိုင်ရာ အလုပ်သမားဥပဒေများတွင် ထည့်သွင်း သတ်မှတ်ထားကြောင်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်သမားများ သပိတ်မှောက် နေသည့်ကာလအား EC သဘောတူစာချုပ် ဆိုင်းငံ့ကာလ သတ်မှတ်ခြင်း၊ ဗီယက်နမ်နိုင်ငံတွင် အမျိုးသားစစ်မှုထမ်း ကာလ၊ ယာယီအချုပ်အနှောင် ကျခံရသည့် ကာလတို့ အား EC ဆိုင်းငံ့ကာလ သတ်မှတ်ခြင်းတို့အား လေ့လာတွေ့ ရှိရပါသည်။ ထို့အပြင် ဦးစီးဌာနသို့ တင်ပြဆောင်ရွက်ရန် မလိုသည့် အလုပ်ရပ်စဲမည့် အလုပ်သမားအရေအတွက် သတ်မှတ်ပေးခြင်း (ဥပမာ-အလုပ်သမား ငါးဦး၊ ၁ဝ ဦး၊ ၂ဝ စသည်) အလုပ်သမားအင်အား လျှော့ရာတွင် ဦးစားပေး သတ်မှတ်ချက်များ (ဥပမာ-အလုပ်သမားအဖွဲ့ အစည်း အမှုဆောင်များ၊ လုပ်သက်ရင့် ကျွမ်းကျင်လုပ်သား များ၊ ဆေးခွင့်ယူဆဲ အလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများ၊ မိသားစုမှီခိုနေသည့် အလုပ် သမားများ၊ အင်အားလျှော့ရာတွင်မပါဝင်ရေး) တို့အား တိကျစွာသတ်မှတ်နိုင်ရန် လိုအပ်ပါသည်။ ထို့အပြင် စက်ရုံ၊ အလုပ်ဌာနက ကြိုတင်ကြေညာထုတ်ပြန်ထားသည့် စည်းကမ်းများအား အကြိမ်ကြိမ်ဖောက်ဖျက်သော အလုပ် သမားအား နှုတ်ဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေး မှတ်တမ်းတင်ခြင်း၊ နောက်ဆုံးသတိပေးခြင်းနှင့် အလုပ်ထုတ် ပယ်လောက်အောင်ကြီးလေးသော စည်းကမ်းဖောက်ဖျက် မှုများအတွက် အလုပ်ရှင်အား အလုပ်ရပ်စဲပိုင်ခွင့်အပြည့် အဝပေးအပ်ခြင်းဖြင့် အလုပ်ရှင်၏ စီမံခန့်ခွဲမှုအား ပိုမိုအား ကောင်းလာစေခြင်း၊ ကုန်ထုတ်စွမ်းအားကောင်းမွန်ခြင်း နှင့် လုပ်ငန်းခွင်အေးချမ်းသာယာခြင်းများ ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။

အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ တို့၏ အဆုံးအဖြတ်ခံယူခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပါ ''အလုပ်သမား''၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ''အလုပ်သမားဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီ အလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူ အလုပ်သမား၊ အစိုးရဝန်ထမ်း၊ အလုပ်သင်တို့အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်း ကျောင်းအတွက်ဖြစ်စေ၊ မိမိ၏ လုပ်အားအပေါ် အားကိုး အားထားပြု လုပ်ကိုင်နေသူကို ဆိုသည်။ ထို့အပြင် အငြင်း ပွားမှုဖြစ်ပွားနေစဉ်အတွင်း အလုပ်မှရပ်စဲခံရသူ သို့မဟုတ် အလုပ်ထုတ်ခံရသူအလုပ်သမားလည်း ပါဝင်သည်။...။''ဟု ဖော်ပြပါရှိသဖြင့် အလုပ်ရှင်တစ်ဦးဦးက အလုပ်ရပ်စဲ လိုက်သော အလုပ်သမားတစ်ဦးသည် ¤င်း၏ အလုပ်ရပ်စဲ ခံရမှုမှာ ဥပဒေနှင့်မညီကြောင်း၊ တရားမျှတမှုမရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြား လာပြီး ¤င်းမှတစ်ဆင့် ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ အဆင့်ဆင့်သို့ အမှုတွဲရောက်ရှိလာပါက ခုံသမာဓိအနေဖြင့် အဆုံးအဖြတ်ပေးရလေ့ရှိပါသည်။ ဆိုလိုသည်မှာ အလုပ်ရှင်က အလုပ်ထုတ်ထားသော အလုပ်သမားသည် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ပိုင်ခွင့်ရှိ ကြောင်း၊ ခုံသမာဓိအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးအခြေအနေ၊ အမှုအကြောင်းခြင်းရာ၊ သက် သေများနှင့် အမှုသည်များအား မေးမြန်းပြီးမှ ဆုံးဖြတ်ချက် ပြုရပါသည်။ ခုံသမာဓိ၏ အဆုံးအဖြတ်မှာ အလုပ်ရပ်စဲမှု နစ်နာကြေး ရထိုက်၊ မရထိုက်၊ အလုပ်ပြန်လည် ခန့်အပ်ရန် သင့်၊ မသင့်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီ အလုပ်ရပ်စဲခြင်း ဟုတ်၊ မဟုတ်၊ မဟုတ်ပါက အလုပ်ပြန်လည်ခန့်အပ်ရန်၊ နစ်နာကြေးပေးရန် စသည် များ ပါဝင်လေ့ရှိပါသည်။

ခုံသမာဓိအနေဖြင့် အမှုသည် အလုပ်ရှင်၊ အလုပ် သမားတို့၏ သဘောထား၊ သက်သေများ၏ ထွက်ဆိုချက် များ၊ တင်ပြသည့် စာရွက်စာတမ်းများအပေါ် လိုအပ်သည့် ကောက်နုတ်ချက်များဆွဲခြင်း၊ အဖွဲ့ဖြင့်သုံးသပ်ပြီး အဆုံးအဖြတ်ပြုပါသည်။ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ် ချက်များအား လေ့လာရာတွင် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသည့် အလုပ်ရပ်စဲမှု (Unlawful Dismissal)အား တွေ့ရှိရသဖြင့် သက်ဆိုင်ရာ အလုပ် ရှင်အား ဥပဒေကြောင်းအရ တရားစွဲရန် ဆုံးဖြတ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ၂ဝ၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၄၄ ပုဒ်မခွဲ(ဃ)အရ ''ဤဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့အစည်း တစ်ရပ်၏ လှုပ်ရှားမှုများကို ဆောင်ရွက်ရန် အလုပ်သမား အဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း သို့မဟုတ် သပိတ်မှောက်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း ကြောင့် အလုပ်သမားတစ်ဦးအား အလုပ်မှထုတ်ပစ်ခြင်း မပြုရ''ဟု တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက သတ်မှတ် ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ ထို့ကြောင့် ခုံသမာဓိအဖွဲ့၊ခုံသမာဓိ ကောင်စီတို့က အဆုံးအဖြတ်ပြုရာတွင် ဥပဒေနှင့်ညီ၊ မညီ၊ လူမှုရေးတရားမျှတမှုရှိ၊ မရှိတို့အား အလေးထားစဉ်းစား ဆောင်ရွက်ပြီးမှ ဆုံးဖြတ်နေကြောင်း တွေ့ရှိရပါ သည်။

အလျဉ်းသင့်သဖြင့် အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ အရ အမြင့်ဆုံးဖွဲ့စည်းထားရှိသည့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ၏ ဖွဲ့စည်းပုံအား လေ့လာတင်ပြလိုပါ သည်။ အဆိုပါကောင်စီတွင် အစိုးရကိုယ်စားလှယ် ငါးဦး၊ အလုပ်ရှင်ကိုယ်စားလှယ် ငါးဦး၊ အလုပ်သမားကိုယ် စားလှယ်ငါးဦး ပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း တွေ့ရပါသည်။ ခုံသမာဓိကောင်စီသို့ ရောက်ရှိလာသည့် အမှုအား အစိုးရကိုယ်စားလှယ် တစ်ဦးအပါအဝင် အမှုသည်များကိုယ်တိုင် ရွေးချယ်ထားသည့် အလုပ်ရှင် ကိုယ်စားလှယ်တစ်ဦး၊ အလုပ်သမားကိုယ်စားလှယ် တစ်ဦး ပေါင်း သုံးဦးပါ ခုံအဖွဲ့ဖြင့် ကြားနာစစ်မေးအဆုံးအဖြတ်ပြု ရကြောင်း၊ ထို့အပြင် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် သမာသမတ်ကျ နာမည်ကောင်းရှိသည့် ကိုယ်စားလှယ် လူကြီးမင်းများကို ရွေးကောက်တင်မြှောက်နိုင်ရန် လည်းကောင်း၊ အမှုသည်များအနေဖြင့် မိမိတို့ရင်ဆိုင်နေ ရသော အမှုအတွက် မှန်ကန်စွာဆုံးဖြတ်ပေးနိုင်မည့် အလုပ်ရှင်၊

အလုပ်သမားကိုယ်စားလှယ်များ ရွေးချယ်ရန်လည်း ကောင်း အထူးလိုအပ်ပါသည်။ ခုံသမာဓိဖြင့် ကြားနာ စစ်ဆေးရာတွင် ဆင့်ဆိုသည့်သက်သေများ မလာရောက် ခြင်း၊တောင်းဆိုသူ (အလုပ်သမား)သို့မဟုတ် တောင်းဆိုခြင်း ခံရသူ(အလုပ်ရှင်) မလာရောက်ခြင်းများကြောင့် အမှုစစ် ဆေးရာတွင် ကြန့်ကြာပြီး ဆုံးဖြတ်ချက်နောက်ကျခြင်း ကြောင့် အကျိုးခံစားခွင့် နှောင့်နှေးတတ်ကြောင်း ကြားသိရ ပါသည်။ ဥပဒေ၊ နည်းဥပဒေများအရ ခုံသမာဓိက သုံးကြိမ်တိုင်ဆင့်ဆိုသော်လည်း တောင်းဆိုသူမလာရောက် ပါက အမှုအား ပလပ်နိုင်ပြီး တောင်းဆိုခံရသူ မလာရောက် လျှင် တောင်းဆိုခံရသူ၏ မျက်ကွယ်တွင် အမှုအား တစ်ဖက်သတ်စစ်ဆေးဆုံးဖြတ်နိုင်ကြောင်း အမှုသည် အလုပ်ရှင် အလုပ်သမားများသိရှိပြီး အမှုပြီးပြတ်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုပါသည်။

အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထားများ ထုတ်ပြန် ဆောင်ရွက်ခြင်း

အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ခ)နှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ(ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃ ရက် ရက်စွဲပါ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော် ငြာစာ အမှတ် (၈၄/၂ဝ၁၅) ဖြင့် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားများနှင့် ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်ခဲ့ပါသည်။ အလုပ် ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှ ရပ်စဲခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ တစ် ဆက်တည်း လုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ် လစာ(အချိန်ပိုကြေးမပါ) ဖြင့် အောက်ဖော်ပြပါ နစ်နာ ကြေးနှုန်းထားများအတိုင်း ပေးရမည်ဖြစ်ပါသည်-

(က) လုပ်သက်ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လဝက်လစာ၊

(ခ) လုပ်သက်တစ်နှစ်ပြည့်ပြီး နှစ်နှစ်မပြည့်ပါက နစ်နာကြေး တစ်လစာ၊

(ဂ) လုပ်သက်နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက
နစ်နာကြေး တစ်လခွဲစာ၊

(ဃ) လုပ်သက်သုံးနှစ်ပြည့်ပြီး လေးနှစ်မပြည့်ပါက
နစ်နာကြေး သုံးလစာ၊

(င) လုပ်သက်လေးနှစ်ပြည့်ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ၊

(စ) လုပ်သက်ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ၊
(ဆ) လုပ်သက်ရှစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ်မပြည့်ပါက နစ်နာကြေး ခြောက်လစာ၊

(ဇ) လုပ်သက်တစ်ဆယ်နှစ်ပြည့်ပြီး နှစ် ၂ဝ မပြည့်ပါက နစ်နာကြေး ရှစ်လစာ၊

(ဈ) လုပ်သက် နှစ် ၂ဝ ပြည့်ပြီး ၂၅ နှစ် မပြည့်ပါက နစ်နာကြေး တစ်ဆယ်လစာ၊

(ည) လုပ်သက် ၂၅ နှစ်နှင့် အထက်ရှိပါက
နစ်နာကြေး ၁၃ လစာ။

အဆိုပါ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအား အလုပ်ရှင်နှင့် အလုပ်သမားများ သိရှိထားရန်လိုအပ်ပြီး အမိန့်စာထုတ်ပြန်သည့် ၂ဝ၁၅ ဇူလိုင်လ ၃ ရက်မှစပြီး အကျိုးသက်ရောက်မှုရှိပြီးဖြစ်သဖြင့် သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ် ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ တို့က အမှုများဆုံးဖြတ်ရာတွင် နစ်နာကြေးရထိုက် သူဖြစ်ပါက သတ်မှတ်နှုန်းထားများအတိုင်း ဆုံးဖြတ်ဆောင် ရွက်မည်ဖြစ်သကဲ့သို့ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ နှင့် ဥပဒေအား စည်းကြပ်မည့် ဦးစီးဌာနများအနေဖြင့်လည်း ထုတ်ပြန်ထားသည်။ နှုန်းထားများအတိုင်း သက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်သမားများ လိုက်နာဆောင်ရွက်ရန် ညှိနှိုင်းခြင်း၊ စည်းကြပ်ဆောင်ရွက်ခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ထုတ်ပြန်ခဲ့သည့် အလုပ်ရပ်စဲမှုနစ်နာ ကြေး နှုန်းထားများသည်ILO ပြဋ္ဌာန်းချက်များနှင့် အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ဝင်နိုင်ငံများ၏ သတ်မှတ်ချက်များအပေါ် မြန်မာနိုင်ငံအစိုးရ ဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာအလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးရရှိချက်များမှ ပေါ်ပေါက်လာကြောင်း သိရှိရပါသည်။

အကြံပြုချက်များ

ဆောင်းပါးရှင်အနေဖြင့် အောက်ပါအချက်များအား အဓိကအကြံပြုအပ်ပါသည်-

အလုပ်ရပ်စဲမှုဆိုင်ရာ လုပ်ငန်းစဉ်၊ ကျင့်စဉ် တစ်ရပ် တိကျစွာသတ်မှတ်နိုင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြုလုပ်ပြီး အလုပ်ရှင်၊ အလုပ်သမားများက သဘောတူ မည့် အဆိုပါကျင့်စဉ်အတိုင်း လိုက်နာဆောင်ရွက်သွားရန် နှင့် လိုအပ်ပါက သက်ဆိုင်သည့် အလုပ်သမားရေးရာ ဥပဒေ၊ နည်းဥပဒေများရေးဆွဲရာတွင် ထည့်သွင်းပေးရန်၊ သို့မဟုတ် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန် ပေးရန်။

အလုပ်ရပ်စဲမှု စတင်ဆောင်ရွက်မည့် အလုပ်ရှင်များ အနေဖြင့် တည်ဆဲအလုပ်သမားရေးရာ ဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်ခန့်ထား ခြင်း၊ အလုပ်ရပ်စဲခြင်းများ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး အတွက် ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်။

ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက် သာဓကများအပေါ် အလုပ်ရှင်နှင့် အလုပ်သမားများပိုမို ယုံကြည်လေးစားလာစေရေးအတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ များ၊ ခုံသမာဓိ၏ ဆုံးဖြတ်ချက်ဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ များတွင် အလုပ်ရှင်၊ အလုပ်သမားများ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ တရားရေးနှင့် ဥပဒေရေးရာကျွမ်းကျင်သူများ၊ ပြင်ပပညာရှင်များအား ဖိတ်ခေါ်ဆွေးနွေးသွားရန်။

ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီတို့အတွက် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စား လှယ်များရွေးချယ်တင်မြှောက်ရာတွင် လည်းကောင်း၊ အမှုအားစစ်ဆေးကြားနာမည့် ခုံသမာဓိကောင်စီဝင် သုံးဦးပါခုံအဖွဲ့ဝင်များ ရွေးချယ်ရာတွင်လည်းကောင်း အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများက တက်ကြွစွာဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။ ။


ဒေါက်တာသန်းဝင်း(ချယ်ရီမြေ)

(အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများအား လေ့လာ ရာတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် အလုပ်ရှင်၏ တစ်ဖက်သတ် အလုပ်ထုတ်မှုများအတွက် အလုပ်ရပ်စဲမှု နစ်နာကြေး ရထိုက်၊မရထိုက်အား ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက်များအပေါ် အခြေခံလျက် သက်ဆိုင်သည့်ILO ပြဋ္ဌာန်းချက်ပါ အချက်အချို့နှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အလုပ် ရပ်စဲမှု နစ်နာကြေးနှုန်းထားများအား အလုပ်ရှင်-အလုပ် သမားနှင့် အများပြည်သူသိရှိနိုင်ရန် လေ့လာတင်ပြ ခြင်းဖြစ်ပါသည်။)

25.7.2016....ကြေးမုံဆောင်းပါး

Monday, July 25, 2016

Special Correspondents(2016) မြန်မာစာတန်းထိုး


 ဒီဇာတ်ကားဟာ……… ရေဒီယိုဂျာနယ်လစ် တစ်ယောက်နဲ့ သူ့ရဲ့နည်းပညာကျွမ်းကျင် သူတို့ နှစ်ယောက်ဟာ တောင်အမေရိကမှာ ပုန်ကန်ထကြွမှုတွေဖြစ်နေစဉ် အတွင်းမှာ ပြန်ပေးဆွဲမှုတစ်ခုပြုလုပ်ရန် လျှို့ဝှက်ကြံစည်ကြပုံကို ဟာသ လေးနှောပြီးရိုက်ကူးထားတဲ့ Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ် iMDb rating အနေနဲ့ကတော့ဘ5.8/10 ရရှိထားပါတယ်



(ဇာတ်ကားအညွန်းရေးသူကတော့ Han Htoo Zaw ပဲ ဖြစ်ပါတယ်)


http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
နမူနာကြည့်ရန် 

I Spit on Your Grave (1+2+3) မြန်မာစာတန်းထိုး

I Spit on Your Grave (2010) မြန်မာစာတန်းထိုး 

ကားဟောင်းလေးတစ်ကားပါ။တောထဲမှာတစ်ကိုယ်တည်းစာရေးဖို့ ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို အကျင့်ပျက်ရဲနဲ့ လူတစ်စုက ၀ိုင်းဝန်းနှိပ်စက် မုဒိန်းကျင့်ပြီး သေပြီထင်ခဲ့ပေမယ့် မသေခဲ့တဲ့အခါမှာ သူခံစားခဲ့ရတာထက် ၂ ဆဆိုးအောင် တစ်ယောက်ချင်းကို ပြန်လက်စားချေပါတော့တယ်။ မိသားစုနဲ့အတူမကြည့်သင့်သလို ကြောက်တတ်တဲ့သူ နှလုံးမကောင်းတဲ့သူတွေလည်း မကြည့်သင့်ပါ။

(AP Newschool မှဘာသာပြန်တင်ဆက်ထားပါတယ်။)

File size...(695MB) 
Quality...DVDRip 720p
Format...mp4
Duration....01:48:00
Subtitle....Myanmar Subtitle (Hardsub)

Encoder....Little Neo

 
Download and Watch DVDrip 720p (pCloud Link) 

Download and Watch 360p Small File Size (387MB)

 နမူနာကြည့်ရန်


 

I Spit on Your Grave 2 (2013) မြန်မာစာတန်းထိုး 

ဇာတ်လမ်းအကျဉ်းကတော့ မော်ဒယ်ဖြစ်ချင်တဲ ကေတီတစ်ယောက် ဓါတ်ပုံဆရာတစ်သိုက်ဆီ အလကားဓါတ်ပုံရိုက်ခွင့်ရမယ်ဆိုတဲမျော်လင့်ချက်နဲသွားခဲပါတယ်။အဲဒီမှာပဲ ဓါတ်ပုံဆရာရဲညီ သိပ်ကျပ်မပြည့်တဲ ဂျောဂျီ ဟာသူမကိုမြင်မြင်ချင်ကြိုက်သွားပါတယ်။နဂိုကသိပ်ကျပ်မပြည့်သူဆိုတော့ ကေတီတိုက်ခန်းကိုညဘက်မှာခိုးဝင်ပြီး ကေတီကိုRapeလုပ်ပါတော့တယ်။ကေတီရဲအော်သံကြောင့်အိမ်နီးနားချင်းကောင်လေးရောက်လာတဲအခါ ဂျောဂျီဟာ အဲဒီကောင်လေးကိုပါသက်ခဲပါတယ်။ကိစ္စတွေပြီးတော့မှ သူလုပ်ခဲတာတွေကိုသတိရပြီး သူ့အကိုတွေဆီအကူညီလှမ်းတောင်ပါတော့တယ်။သူ့အကိုတွေဟာ လူသက်မူနဲမုဒိန်းမူကိုဖျောက်ဖျက်ဖို့အတွက်ကေတီကိုဖမ်းခေါ်သွားပြီး လိင်ပိုင်ဆိုင်ရာနိုပ်စက်ခဲကြပါတယ်။ဒါကို ကေတီကဘယ်လိုလွတ်မြောက်အောင်ထွက်ပြေးမလဲ လူယုတ်မာတွေကိုဘယ်လိုများရက်ရက်စက်စက်ဂလဲစားပြန်ချေမလဲ။ဂလဲစာချေတာရောအောင်မြင်ပါ့မလားဆိုတာကို ရင်တဖိုဖိုနဲကြည့်ရမယ်ဇာတ်ကားကောင်းတစ်ကားပါ။၂၀၁၃ခုနှစ်ကထွက်ရှိခဲတာဖြစ်ပြီး IMDB ကတော့5.7ထိရရှိထားတဲ Horror,Thriller အမျိုးအစားပါ။ nudity ခန်းတွေနဲ့ရက်ရက်စက်စက်သတ်ဖြတ်ခန်းတွေကြောင့် အသက်မပြည့်သေးတဲသူတွေမကြည့်သင့်ပါဘူး။

(ဒီဇာတ်ကားကိုတော့ Soe Zayar Win မှဘာသာပြန်တင်ဆက်ထားတာပါ။) 

File size...(800MB) 
Quality...Blu-ray Rip 720p
Format...mp4
Duration....01:46:11
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 
Download and Watch HD 720p (pCloud Link) 

  နမူနာကြည့်ရန် 



I Spit on Your Grave 3 (2015) မြန်မာစာတန်းထိုး

I spit on your grave ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း အနိုင်ကျင့်ခံလိုက်ရတဲ့
မိန်းမသားများရဲ့ ရက်ရက်စက်စက်လက်စားချေမှုတွေကို ပြသထားပါတယ်။
Crime, Horror, Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (5.2/10) ရရှိထားပါတယ်။


File size...(800MB) 
Quality...Blu-ray Rip 720p
Format...mp4
Duration....01:32:34
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 

Download and Watch HD 720p (pCloud Link)
 
 

  Channel Myanmar Admin Team 

 http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။

jaketaw85
နမူနာကြည့်ရန်

 


Tamasha(2015) မြန်မာစာတန်းထိုး


IMDb Rating 7.2/10 ရရှိထားပြီး ခပ်လန်းလန်း ဘောလိဝုကားတစ်ကားကို တင်ပေးလိုက်ပါတယ်
ပုံပြင်တွေအားလုံးကတော့ အတူတူပါပဲဗျာ ဒါပေမဲ့ ခင်ဗျားရဲ့ကိုယ်ပိုင် ဘ၀ဇာတ်လမ်းကို 
ထုဆစ်ပုံဖော်တော့မယ်ဆိုရင်တော့ ခင်ဗျား နားထောင်ခဲ့တဲ့ ပုံပြင်တွေ ဇာတ်လမ်းတွေထဲက
ဇာတ်ကောင်တွေ စရိုက်တွေရဲ့ လွှမ်းမိုးမှုမခံရဘဲ ကိုယ်ပိုင်အမြင်နဲ့ မိမိဘ၀ကို 
ကိုယ်တိုင် ထုဆစ်ပုံဖော်သင့်ပါတယ်
ငယ်စဉ်ကလေး ဘ၀ ကတည်းက ပါးစပ်ရာဇ၀င်တွေ ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကောင်လေးတယောက်
တကယ့် လူမှုဘ၀ထဲကို ၀င်ရောက်ဖို့ အကြောင်းဖန်လာတော့ ဘယ်လိုတွေများဖြစ်ပျက်မလဲ 
မမျှော်လင့်ထားတဲ့ ခရီးစဉ်တစ်ခုမှာ မမျှော်လင့်ထားတဲ့ ဒုက္ခတွေကြုံရပြီး 
သာမန်သူတွေနဲ့ အမြင်မတူသူတယောက်နဲ့ ဆုံတွေ့ခဲ့မိတဲ့ ကောင်မလေးတယောက်
သူတို့၂ယောက်ဘာတွေများဆက်ဖြစ်ကြမလဲ 
လွှမ်းမောဖွယ်ရာ အချစ်ဇာတ်လမ်းတွေကိုဘဲကြုံတွေ့ရမလား
ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေကိုဘဲ ကြည့်ရှူရမလား 
သိခြင်ရင်တော့ ဆက်လက်ဒေါင်းယူကြည့်ရှူလိုက်ကြပါ

File size...(1GB)  
Quality...BR-Rip 720p
Format...mp4
Duration....01:44:24
Subtitle....Myanmar Subtitle (Hardsub)
Encoder....Kyaw Ye Aung 




http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
နမူနာကြည့်ရန်