Saturday, July 30, 2016

My New Sassy Girl(2016) မြန်မာစာတန်းထိုး

ဒီကားက နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ My Sassy Girlကို ပုံစံအသစ်တစ်မျိုးနဲ့ ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ။ My Sassy Girl  နံပါတ် ၂ လို့ ပြောရင်လဲ ရပါတယ်။ မင်းသားက ၂ ကားလုံး အတူတူပါ။  ပထမကားဖြစ်တဲ့ My Sassy Girlက ၂၀၀၁ မှာ ထွက်ရှိခဲ့တာကြောင့် ၁၅ နှစ်ကြာမှ ပြန်ထွက်လာတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်း အကျဥ်းပြောရရင်တော့ ခပ်တုံးတုံးကောင်လေးနဲ့ ပြသနာ အမြဲရှာတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ် ဇာတ်လမ်းကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ခံစား ကြည့်ရှူလိုက်ကြပါဦး

File Size         : 710 MB
Quality           : Blu ray 720P
Running Time : 1hr 39 minute
Format           : Mp4
Genre             : Comedy, Romanc
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဘာသာပြန်သူကတော့ Zayyar Htet  ပဲ ဖြစ်ပါတယ်)
 http://channelmyanmar2.blogspot.sg မှကူးယူဖော်ပြပါသည်။
jaketaw85
နမူနာကြည့်ရန်

Friday, July 29, 2016

အလုပ်ဖြုတ်၊ထောင်ကျခံနေရသည့်MOU အလုပ်သမားများဖြင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ရန်စီစဉ်



၂၀၁၆ ခု ဇူလိုင်လ ၂၉ ရက်
မြတ်ညို( အလွတ်သတင်းထောက်)

လက်ရှိအချိန်တွင် အလုပ်ဖြုတ်ခံရသည့် MOU အလုပ်သမားများနှင့်
ထောင်ကျခံနေရသည့် MOU အလုပ်သမားများ၏ ပကတိအခြေအနေများကို အစိုးရ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးသိရှိ နိုင်ရန်အတွက် မဟာချိုင်အခြေစိုက် AAC အလုပ် သမားအဖွဲ့နှင့် ဘန်ကောက်အခြေစိုက် MAT အဖွဲ့တို့ပူးပေါင်း၍ သတင်း စာရှင်းလင်း ပွဲ တစ်ရပ် ပြုလုပ်ရန် ရန်ကုန်မြို့
သို့စတင်ထွက်ခွာသွားကြပြီဖြစ်ကြောင်းသိရှိရသည်။


မေ၀င့်ကုမဏီမှ တင်ပို့ထားသည့် အလုပ်ဖြုတ်ခံ MOU အလုပ်သမား ၂၃ ဦး တို့သည် မဟာချိုင် အခြေစိုက် AAC ရုံးခန်းတွင် ၁၀ ရက်ကြာ
စောင့်ဆိုင်းနေခဲ့သော် လည်း အလုပ်သမားသံအရာရှိနှင့် သက်ဆိုင်ရာ ကုမဏီတို့က ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ကြပေ။ အလုပ်သမားများကလည်း MOU ဖြင့် လာရောက်သူများ အလုပ်ပြောင်းရွှေ့ မရနိုင်သည့်အနေအထားများကို သိလာသည့်အခါ နေရပ်ပြန်ရန်
အတွက်ပြောဆို လာခဲ့ကြသည်။


၎င်းတို့၏ပတ်စပို့များကို မေ၀င့်ကုမဏီကသိမ်းဆည်းထားသဖြင့်
နေရပ်ပြန်ရန်အခက်အခဲရှိနေခဲ့ကြသည်။
ထိုအချင်းအရာကို ACCအဖွဲ့ကကျော်လွှား၍ယနေ့ နက်နံက်က
မြ၀တီသို့ရောက်ရှိသွား ခဲ့ကြပြီးဖြစ်သည်။ ထိုမှ နေရပ်ရင်းသို့ AAC အဖွဲ့ ဥက္ကဌ ဦးခိုင်ကြီးနှင့် ကိုစောမြတ်ချိုတို့က လိုက်လံပို့ဆောင် ပေးကြမည်ဖြစ်သည်။

ကိုခိုင်ကြီးက“ထိုင်းဘက်ကအခြေအနေမှန်တွေကို နိုင်ငံတော်အဆင့်
လူကြီးတွေနဲ့ မြန်မာနိုင်ငံသူနိုင်ငံသား တွေအဖြစ်အပျက်
အမှန်အကန်တွေကို သိဖို့လိုပါတယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံတွင်းမှာအလုပ်သမား တွေရဲ့အခြေအနေဟာ တော်တော် ဆိုးနေပါတယ်။ ကာယကံရှင် အလုပ်သမားတွေနဲ့ မိသားစုတွေက ရှင်းပြပါလိမ့်မယ်။ ကျနော်တို့ပြောရင် MOU ကိုတိုက်ခိုက်တယ် ပြောအုံးမယ်” ဟုပြောသည်။

သတင်းစာရှင်းလင်းပွဲကို သြဂုတ်လဆန်းပိုင်းတွင်ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်နေ ရာကို အင်တာနက် လူမှုကွန်ယက်မှာကျေညာမည်ဖြစ်ပါသည်။

MATအဖွဲ့ဒါရိုက် တာ ဦးကျော်သောင်း က“ ခုကျင်းပမှာက MOU အလုပ်သမားတွေ ကိုယ်တိုင် ဒုတိယ အကြိမ်မြောက် သတင်းစာရှင်းတဲ့သတင်းစာရှင်းလင်းပွဲပါ။ အလုပ်သမားဝန်ကြီးဌာနနဲ့ ပွဲစားများအဖွဲ့ချုပ် MOEAF ကိုပါ ကျနော်တို့ဖိတ်ပါမယ်။ လာတာ မလာတာ သူတို့ အပိုင်းပါ။ သတင်းထောက်တွေရှေ့မှာ ဖြစ်ရပ် မှန်တွေကို တင်ပြပါ မယ်။ သတင်း မှန်တွေကို ဖုံးကွယ်ပြီး တိုင်းပြည်ကို အမှောင်တိုက်ထဲ ပြန်သွင်းနေတဲ့ လုပ်ရပ်တွေ ကို ဖေါ်ထုတ်ချင်တာပါ။ ကျနော်တို့ ပြောတဲ့စကားရပ်၊ ကျနောတို့ပြတဲ့ ဓါတ်ပုံတွေ အတွက် ကျနော်တို့ အခိုင်အမာသက်သေတွေနဲ့ရှင်း လင်းပြသမှာဖြစ်ပါ တယ်” ဟုပြောဆိုသည်။

G toG အမည်ခံထားသည့် MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းစဉ်တွင် မူဝါဒလွဲမှားခြင်းများစွာရှိသည်သာမက ကြာခံပွဲစားလူကုန်ကူးသူများ ၀င်ရောက်လုပ် ကိုင်နေကြသဖြင့် MOU အလုပ်သမားတင်ပို့ခြင်းမှာ တရားဝင်လူကုန်ကူးနေသည် နှင့်တူနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုထားကြသည်။

ရွှေလုပ်သား Facebook မှကူးယူဖော်ပြသည်။
https://www.facebook.com/%E1%80%B1%E1%80%9B%E1%82%8A%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-294849193994181/
 

MOU စနစ်ကိုဘယ်သူတွေဖျက်ဆီးနေသလဲ



30.7.2016


၂၅.၆.၂၀၁၆ နေ့က မြောက်ဒဂုံပင်လုံသင်တန်းကျောင်းမှ လိမ်လည်မှုကြီးရဲ့
နောက်ဆက်တွဲသတင်း လေးတစ်ပုဒ် ဆက်လက်တင်ပြပါ့မယ်။

မေ၀င့်ကုမ္ပဏီမှ ပိုက်ဆံပေးဌားလာသောလူများကိုပြပြီး လိမ်လည်စာချုပ်ချုပ်ပွဲကြီး ကျင်းပခဲ့တာကို
အ.လ.ညနဲ့အလုပ်သမားဝန်ကြီး သိအောင်MATအဖွဲ့က
တိုင်ကြားခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ့အမှုကို အ.လ.ည ကစစ်ဆေးပြီးကြောင်းသတင်း
သဲ့သဲ့ကြားရ သလို MOEAF ကလဲမရမက
ဖုံးဖိပေးနေတယ်လို့လည်းသိရပါတယ်ဗျာ။ 

ခုထိ အ.လ. ည ကမေ၀င့်ကုမ္ပဏီကိုအရေးယူမှုတစ်စုံတစ်ရာမလုပ်နိုင်သေးတာကိုတွေရှိရပါတယ်။
အ.လ.ည က MOEAF ကိုမလွန်ဆန်နိုင်ဘူးလားဆိုတာ
မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အခုအဲဒီ့သတင်းရဲ့နောက်ခံအကြောင်းအရာတွေကို အ.လ.ည နဲ့ အလုပ်သမား ၀န်ကြီး သိရှိစေရန်ထပ်မံတင်ပြပေးလိုက်ပါတယ်။
၂ ၅.၆.၂၀၁၆ နေ့ကပင်လုံခန်းမ မှာ စာချုပ်လိမ်ချုပ်ခဲ့တဲ့ Demand Letter ဟာ မေ၀င့်ကုမ္ပဏီက တိုက်ရိုက်ရတဲ့ Demand လား၊ ပွဲစားကကုမ္ပဏီဌားတဲ့ Demand လားဆိုတာဖြေရဲတဲ့ လူရှိရင်လာခဲ့ ပါဖိတ်ခေါ်ပါတယ်။ အဲဒီ့နေ့ကစာချုပ်ချုပ်တဲ့ Demand တွေထဲ (၃) ခုဟာပွဲစား ဇော်ထိုက်အောင် (ခေါ်) ဇော်ကြီး ရဲ့Demand တွေဖြစ်ပါတယ်။ အဲဒီ့ Demand Letter ဘယ်လို ရလာသလဲဆိုတာကို ပိုတိကျအောင်ပြောရမယ်ဆိုရင် ပွဲစား
ဇော်ထိုက်အောင်(ခေါ်) ဇော်ကြီး နဲ့ ဦးအောင်မြင့် (ဇွဲကွန်ယက် ပြည်တွင်း အလုပ်အကိုင် ပိုင်ရှင်)တို့ထိုင်းနိုင်ငံသို့ သွားရောက်၍ Demand ရှာဖွေရင်း မနီလာ(ရွှေရည်ဖြိုးအောင် ကုမ္ပဏီ) ကိုယ်စားလှယ်နဲ့တွေ့ရှိပြီး မနီလာရဲ့ မိတ်ဆက်ပေးမှုကြောင့် အထက်ပါ Demand Letter များရရှိခဲ့ခြင်းဖြစ်ပါတယ်။

 ပွဲစား ဇော်ထိုက်အောင်နဲ့ ဦးအောင်မြင့် ဆိုသူတို့က ထိုင်းအေးဂျင့်တွေကို မိမိတို့က မေ၀င့်ကုမ္ပဏီ ကို ၀ယ်ယူ ပြီးဖြစ်ကြောင်း အထင်ကြီးအောင် လိမ်လည်ပြောဆိုပြီး Demand Letter များရယူ နေကြောင်း ၄င်းတို့နဲ့ နီးစပ်သူတွေကပြောလို့သိရပါတယ်။
ယခုနောက်ဆက်တွဲအနေနဲ့ မဟာချိုင်အခြေစိုက် AACရုံးကိုရောက်နေကြတဲ့ အလုပ်သမား၂၃ ယောက် ဟာ Tip Co အချိုရည်စက်ရုံသို့ လိမ်လည်ပို့ဆောင် တာ ဟာလည်း ပွဲစားဇော်ထိုက်အောင်က မေ၀င့်ကုမ္ပဏီ ကိုဌားသုံးပြီး ပို့ဆောင်ခြင်းဖြစ်ပါတယ်။ မေ၀င့်ကုမ္ပဏီဟာ ပွဲစားထံမှ ပိုက်ဆံရပြီးရော ကုမ္ပဏီဌားရမ်းနေသည်သာ မက၊ ၂၀၁၆ ခုနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့က
မြ၀တီမှာချုပ်ဆိုတဲ့စာချုပ်မှာ ဒေါ်မို့မို့သွင် လက်မှတ် ပါ ရှိနေခြင်းမှာ ကြက်သီးမွေးညင်းထစရာဖြစ်နေတာမို့ အ.လ.ည လူကြီးများသို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါပြီ။

ပွဲစား ဇော်ထိုက်အောင်(ခ)ဇော်ကြီးဆိုသူဟာ မေ၀င့်ကုမ္ပဏီရဲ့ ကိုယ်စားလှယ် လို့ ပြောပါတယ်။မေ၀င့်ကုမ္ပဏီမှလဲ စာချုပ်တွေချုပ်ကုမ္ပဏီ အမည် ခံပြီး ထိုင်းကို MOU နဲ့ လူတွေပို့ပါတယ်။ တစ်ခုမေး ချင်ပါတယ်။ ဇော်ထိုက်အောင် (ခ) ဇော်ကြီးက မေ၀င့်ကုမ္ပဏီ က ဒါရိုက်တာအဖွဲ့ဝင်၊ ကိုယ်စား လှယ်၊ တရားဝင်ဝန်ထမ်း ဟုတ်ပါသလား??? မေ၀င့်ကုမ္ပဏီ မှရှင်းပြပေးပါ။
ဒုတိယမေးချင်သူကတော့ အလုပ်သမား သံအရာ ရှိ ဦးမိုးအောင်ခိုင်ကို
မေးချင်ပါတယ်။ Demand Letter ကိုကုမ္ပ္ပဏီရဲ့MD ( သို့မဟုတ် ) Director လာရောက်၍ အလုပ်သမား သံအရာရှိထံတင်ပြရကြောင်း
သိရှိရပါတယ်ခင်ဗျား။ ယခုဖြစ်စဉ်မှာ ဦးမိုးအောင်ခိုင် အနေဖြင့် လူတစ်ဦးလျှင်ဘတ် ( ၁၀၀ ) ရလျှင်ပြီးရော ဘယ်ပွဲစား လာလာ
လက်မှတ် ထိုးပေးနေပါသလား။ သို့တည်း မဟုတ် မေ၀င့် ကုမ္ပဏီနဲ့ကပ်တဲ့ Demand မို့ ထိုးပေးလိုက်ပါသလားဆိုတာကို ဖြေပေးစေချင်ပါတယ်။

သံအရာရှိရုံးခန်းမှာ တံစိုးလက်ဆောင်ပေးခြင်းသည်းခံပါလို့ရေးထားတာ
တွေ့ရပါတယ်။ အောက်ထပ်မှာ တရားဝင်ဝန်ထမ်းမဟုတ်တဲ့ သန်းထိုက်စိုး တို့ကိုပဲ ယူခိုင်းပါတယ်။ 

ဒါဦးမိုးအောင်ခိုင် တို့ ၀ိနည်းရှောင်တာလေ။
စာရွက်စာတမ်းတွေကိုလာပြီးလုပ်ကိုင်နေတဲ့ ဒေါ်ပပဆိုတာLIBER LIFE ကုမ္ပဏီ ဒါရိုက်တာတစ်ဦးပဲလေ။
နိုင်ငံတော်အဆင့်အလုပ်သမားသံအရာရှိရုံးခန်းအောက်မှာတရားမ၀င်
ဝန်ထမ်းက ဒီလို ငွေကောက်နေတာဟာ ဘာကြောင့်လဲ။ ပွဲစားတွေလာလုပ်နေတာ ဘယ်သူကခွင့်ပြုလို့လုပ်နေတာလဲ။

အလုပ်သမားသံအရာရှိဟာ ဘာကြောင့် Demand letter တင်ရင်လိုက်စစ်ဖို့ လမ်းစရိတ်တောင်းပါသလဲ။ Name List လာထုတ်ရင် တစ်ယောက် ဘတ်ငွေ(၁၀၀) ယနေ့ထက်ထိ တောင်းနေသလဲဆိုတာ အ.လ.ည မှာ
တာဝန်ရှိပါတယ်။ သက်သေပြ လို့တော့ မလုပ်နဲ့နော်။ ပွဲစားဥပဒေသနည်းနာအတိုင်း ခင်ဗျားတို့ ကဘောက်ချာမှ မပေးတာ။ အေဂျင်စီအားလုံးလဲ မလိမ်ကြပါနဲ့ တကယ်မပေးရဘူးလို့ သစ္စာဆိုပြောရဲ တဲ့လူရှိပါသလား၊ လူတိုင်းကိုလိမ်လို့ရပါတယ်။

ကိုယ့်ကိုကိုယ်တော့လိမ်လို့မရပါဘူး။ နေအရှေ့ဘက်ကထွက်တယ်ဆိုတာ မှားချင် မှားပါ မယ်။ တစ်ယောက် ဘတ်(၁၀၀) ပေးရတာတော့အမှန်ပဲ။ အယင်အ လုပ်သမားသံအရာရှိတွေတုန်းကပေါက် ဈေးက ဒီထက်မြင့်ပါသေးတယ်။
ဒီလို အကြီးအကျယ်လာဒ်စားနေတာကို အ.လ.ည ညွှန်ချုပ်ကြီး မသိလေရော့ သလား၊ မသိချင်ယောင်ဆောင်ပေးနေသလားဆိုတာ ကာယကံရှင်တွေဘဲ အသိဆုံးဖြစ်မှာပါ။
ခင်ဗျားတို့သိထားသင့်တာက အလုပ်သမားဆိုတာသက်ရှိလူသားတွေပါ။ ခင်ဗျားတို့ပွဲစားနဲ့ ပေါင်းပြီး ရောင်းစားချင်တိုင်း
ရောင်းစားလို့ရနေတဲ့ရောင်းစရာကုန်ပစ္စည်း မဟုတ်ပါဘူး။
မိသားစုတွေမပြေလည်လို့၊ အလုပ် အကိုင်အခွင့်အလမ်းတွေနည်းပါး
နေသေးလို့ မိဝေးဖသေးတိုင်းတပါးမှာ စွန့်စားပြီး
အလုပ်သွားလုပ်ဖို့ မျှော်လင့်ချက် ကိုယ်စီနဲ့အလုပ်သွားလုပ်နေကြရတာပါ။

အလုပ်သမားလူတန်းစားရဲ့ ဘ၀တွေကိုမိမိအတ္တကိုယ်ကျိုးအတွက် လိမ်လည်
နေတဲ့ပွဲစား လူလိမ်တွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေအတွက် ကံတရားကြီးက ဒါဏ် ခတ်ပါလိမ့်မယ်။ နိုင်ငံတော်ကြီးတွေကိုလိမ်လို့ရချင်ရမယ် ငရဲမင်းကြီးကိုတော့ခင်ဗျားတို့ လိမ်လို့မရပါဘူး။

ရင်နာလွန်းလို့ပါ    
ဆန်းမင်းဦး
ရွှေလုပ်သား

ရွှေလုပ်သား Facebook မှကူးယူဖော်ပြသည်။
https://www.facebook.com/%E1%80%B1%E1%80%9B%E1%82%8A%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-294849193994181/

ရွှေ့ပြောင်း အလုပ်သမားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများ ဆက်လက်ဖွင့်လှစ်သွားမည်

30.7.2016
ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဗဟိုဌာန (Migrant Resource Center – MRC) များကို ဖွင့်လှစ်ရခြင်းမှာဒေသတွင်းအလုပ်သမားများရွှေ့ပြောင်းသွားလာခြင်းလုပ်ငန်းစဉ်များနှင့်ရွှေ့ပြောင်းအလုပ်သမားများတရားဝင်
ရွှေ့ပြောင်းသွားလာခြင်းအတွက်အဆင့်ဆင့်ဦးစားပေးဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများ၊ ဖြစ်နိုင်ချေရှိသော ရွှေ့ပြောင်းအလုပ်သမားများ သိသင့်သိထိုက်သော သတင်းအချက်အလက်နှင့် အလုပ်အကိုင်အခွင့်အလမ်း များမှန်ကန်စွာရရှိရေး၊ ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများသိရှိ လိုက်နာဆောင်ရွက်နိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေး ဗဟိုဌာနများ မှတဆင့် ရွှေ့ပြောင်းအလုပ်သမား များအားကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေး၊ ရွှေ့ပြောင်းသွားလာခြင်းဖြစ်စဉ်တွင် ဘေးကင်း လုံခြုံစွာနေထိုင်နိုင်ရေးစသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ ကူညီပေးရေး ဗဟိုဌာန (Migrant Resource Center – MRC) ကို ရွှေ့ပြောင်း သွားလာမှု အများဆုံး နေရာဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇမြို့နယ်၊ မြင်းခြံမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ထားဝယ်မို့နယ်တို့တွင် (International Labour Organization- ILO) နှင့် ပူးပေါင်း၍ လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအမြို့နယ်နှင့် မြဝတီမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တို့တွင် (International Organization for Migration- IOM) နှင့်ပူးပေါင်း၍လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်အောက်ရှိ မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင်လည်းကောင်း၊ ယင်းရုံးများနှင့် ပူးပေါင်း၍ လည်းကောင်း ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

အဆိုပါ Center များတွင် ရွှေ့ပြောင်းသွာလာရန် အလားအလာရှိသော အလုပ်သမားများ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့်
ယင်းတို့၏မိသားစုများအားအသိပညာပေးခြင်းနှင့်အကြံပြု ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းစသည့်ရွှေ့ပြောင်းသွားလာခြင်းနှင့်သက်ဆိုင်သော
ဝန်ဆောင်မှုများအားဆောင်ရွက်ပေးလျက်ရှိသည့်အတွက်ရွှေ့ပြောင်းသွားလာ၍အလုပ်လုပ်ကိုင်လိုသောမြန်မာအလုပ်သမားများအနေဖြင့်
သွားရောက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ပြည်ပနိုင်ငံတွေမှာ တရားဝင် သွားရောက်အလုပ်လုပ်ကြသူတွေကို အကူအညီပေးနိုင်ဖို့အတွက် ရွှေ့ပြောင်း အလုပ်သမားများ ထောက်ပံ့ကူညီရေးဗဟိုဌာနတစ်ခုကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ၂၉.၇.၂၀၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်လိုသူတွေကို အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

"ဌာနရဲ့အဓိကရည်ရွယ်ချက်က ပြည်ပကိုသွားချင်တဲ့လူငယ်တွေ ဘယ်လိုသွားရတာလဲ၊ ဘယ်လို လမ်းကြောင်းတွေ ရှိသလဲနော်၊ တရားဝင်လုံခြုံစိတ်ချရတဲ့ ပြည်ပမှာသွားရောက်လုပ်ကိုင်နိုင်ဖို့ကို ဒီဌာနကနေပြီးတော့ သတင်းအချက်အလက်တွေပေးမှာပေါ့၊ ဒါက ၁ အချက်ပေါ့နော်၊ ၂ အချက်က ဘာကြောင့်ဖွင့်လဲဆိုတော့ ပြည်ပမှာတချို့က နဂိုကတည်းက ရောက်နှင့်ပြီးသားတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ်တွေပြတ်နေတယ်၊ ပြတ်နေတဲ့အခါကျရင် ကိုယ့်ဘာသာမိသားစုတွေကို ဘယ်မှာရောက်နေ ပါတယ် ဒါလေးကို ကူညီစုံစမ်းပေးပါလို့ပြောလာရင် တချို့နိုင်ငံတွေမှာ အလုပ်သမားသံအရာရှိတွေရှိတယ်၊ မရှိရင် သံရုံးတွေရှိတယ်၊ နောက် လူမှုအဖွဲ့အဖွဲ့အစည်းတွေရှိတယ်၊ ဒါတွေကတဆင့် ကူညီဆောင် ရွက်ပေးနိုင်ဖို့ဖြစ်ပါတယ်"

မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေးဗဟိုဌာနတွေကို မွန်၊ ကရင်၊ ဧရာဝတီ၊ ရှမ်း၊ မန္တလေး၊ မကွေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက နေရာ ၁၂ ခုမှာ ဖွင့်လှစ်ထားပြီး မကြာခင် ချင်းပြည်နယ် မှာလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ပြောပါတယ်။

ဖွင့်လှစ်ပြီးသော Center များတွင် ရွှေ့ပြောင်းသွာလာရန် အလားအလာရှိသော အလုပ်သမားများ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့်
ယင်းတို့၏မိသားစုများအားအသိပညာပေးခြင်းနှင့်အကြံပြု ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းစသည့်ရွှေ့ပြောင်းသွားလာခြင်းနှင့်သက်ဆိုင်သော
ဝန်ဆောင်မှုများအားဆောင်ရွက်ပေးလျက်ရှိသည့်အတွက်ရွှေ့ပြောင်းသွားလာ၍အလုပ်လုပ်ကိုင်လိုသောမြန်မာအလုပ်သမားများအနေဖြင့်
သွားရောက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာနများ၏ ဆက်သွယ်ရန်လိပ်စာများ
၁။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး၊
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ မရမ်းကုန်းမြို့နယ်
အမှတ်-(၈/၁) ၊ နဂါးရုံဘုရားလမ်း၊ အမှတ် ၅ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း- ဝ၁-၆၆၀၅၉၅
၂။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ ချမ်းအေးသာစံမြို့နယ်
(၃၅)လမ်း၊ ရန်ကြီးအောင်လမ်းနှင့် လမ်း(၉၀)ဒေါင့်၊ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်၊ ချမ်းအေးသာစံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း- ဝ၂- ၂၁၁၅၀၊ ဝ၉-၉၇၇၂၂၀၈၅၂
၃။ အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မကွေးမြို့
အကွက်(၁၂)၊ အမှတ်(၉) စီတာပတ်ကွင်းလမ်း၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး
ဖုန်း- ဝ၆၃-၂၁၀၁၉
၎။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ဘားအံမြို့
အမှတ်(၃) ရပ်ကွက်၊ ဗိုလ်တဲကုန်း၊ ဗိုလ်ချုပ်လမ်း၊ ဘားအံမြို့၊ ကရင်ပြည်နယ်
ဖုန်း- ဝ၅၈-၂၁၁၀၆
၅။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မော်လမြိုင်မြို့
အမှတ် (၁၇)၊ ကျိုက်သာလန်ဘုရားလမ်း၊ ရွှေတောင်ရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
ဖုန်း-ဝ၅၇-၂၁၁၄၅
၆။ မော်ကွမ်းဒေသ ဒေသဖွံ့ဖြိုးရေးအဖွဲ့၊ ခတ္တာလမ်း၊ မြို့သစ်ရပ်၊ ရပ်ကွက် (၃)၊ ကျိုင်းတုံမြို့ ရှမ်းပြည်နယ်အရှေ့ပိုင်း
ဖုန်း- ဝ၉-၄၉၀၃၃၄၂၃
၇။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မိတ္ထီလာမြို့
အောင်သုခလမ်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ္တီလာမြို့၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း-ဝ၆၄-၂၃၀၄၈၊ ဝ၉-၉၇၇၂၂၀၈၅၃
၈။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မြင်းခြံမြို့
အမှတ် (၁၉)၊ တိုးချဲ့ကွက်သစ်(ခ)၊ (၁၇၆/၁၇၇)၊ မြင်းခြံမြို့၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း- ဝ၆၆-၃၀၄၈၈၊ ဝ၉-၉၇၇၂၂၀၈၅၄
၉။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ကျောက်ဆည်မြို့
အောက်ချိုင်းရပ်၊ ဆူးကုန်းအုပ်စု၊ ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး
ဖုန်း- ဝ၆၆ -၅၀၃၄၀၊ ဝ၉-၉၇၇၂၂၀၈၅၅
၁၀။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) ထားဝယ်မြို့
ဆိပ်ကမ်းသာလမ်း၊ ဆန်ချီးမြို့သစ်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး
ဖုန်း- ဝ၅၉-၂၁၀၄၂၊ ဝ၉-၉၇၇၂၂၀၈၅၁
၁၁။ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) မြဝတီမြို့
အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့၊ ကရင်ပြည်နယ်
ဖုန်း- ဝ၅၉-၅၀၂၂၃

Complaints Mechanism Center
ပြည်တွင်း/ပြည်ပတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ၏ လိုအပ်ချက်များကို ကူညီ ဆောင်ရွက်ပေးနိုင်ရန် Complaints Mechanism Center ကို ၂၇-၆-၂၀၁၃ ရက်နေ့တွင် နေပြည်တော် ၌ လည်းကောင်း၊ ၃-၇-၂၀၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားလာသော အလုပ်သမားရေးရာကိစ္စများကို ၂၄ နာရီ လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်တွင်း/ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် အကူအညီတောင်းခံ တိုင်ကြားနိုင်ပါသည်-
နေပြည်တော်၊ Complaints Mechanism Center
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)
ဖုန်းနံပါတ် ဝ၆၇-၄၃၀၁၈၄၊ ဝ၆၇-၄၃၀၂၈၄
ရန်ကုန်၊ Complaints Mechanism Center
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး)၊ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် ၈/၁၊ နဂါးရုံ ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ် ဝ၁-၆၅၀ဝ၈၉၊ဝ၁-၆၅၀၁၈၇