Monday, July 30, 2012

သံအမတ်ခန့်အပ်ခြင်း အိုဘားမားလက်ခံ

 ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) ကို နှုတ်ဆက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးသန်းဆွေသည် အမရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သံအမတ်ခန့် အပ်လွှာ ပေးအပ်ခဲ့သည်။
အမေရိကန်ပြည်ထောင် စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ဖို့ နှစ်ဘက် သဘောတူထားတဲ့ ဦးသန်းဆွေဟာ ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးအပ် ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဖြင့် နှစ်ပေါင်း ၂၅ နှစ်နီးပါးအတွင်း အမေရိကန်နဲ့ မြန်မာအကြား သံတမန် ဆက်ဆံရေး အဆင့်အတန်းကို အပြည့်အ၀ ပြန်ပြီး ထူထောင်လိုက်ကြတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးအဖြစ် Derek Mitchell ဟာလည်း မကြာသေးခင်ကပဲ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
သံအမတ်ကြီး ဦးသန်းဆွေဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီရေးလှုပ်ရှားမှုကို အဲဒီအချိန် အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုက သံတမန်ဆက်ဆံရေးအဆင့်အတန်းကို လျှော့ချခဲ့သလို မြန်မာနိုင်ငံဘက် ကလည်း အလားတူ လုပ်ဆောင်ခဲ့တာပါ။ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခဲ့တာ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာတွေကို တုန့််ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းခဲ့သလို သံတမန်ဆက်ဆံ ရေးကို အပြည့်အ၀ ပြန်ထူထောင်ခဲ့တာလည်းဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

မျက်မမြင်တွေအတွက် စမတ်ဖုန်


မျက်မမြင်တွေအတွက် သွားရေးလာရေးနဲ့ စာဖတ်ဖို့အတွက် အလွယ်တကူအသုံးပြုနိုင်မယ့် စမတ်ဖုန်း ဈေးကွက်ထဲရောက်ရှိလာပြီဖြစ်ပါတယ်၊ Gerogie လို့ခေါ်တဲ့စမတ်ဖုန်းကိုအခြားဖုန်းတွေလိုပဲ မျက်နှာပြင်ကိုလက်နဲ့တို့ထိအမိန့်ပေးလို့ရသလို ဖုန်းထဲကအသံနဲ့ပြန်ပြောပြပေးမှာဖြစ်ပါတယ်၊ ဒါ့အပြင်မျက်မမြင်တွေ ဘတ်စ်ကားမလွတ်အောင် စာဖတ်လို့ရအောင် တည်နေရာရှာဖွေမှုတွေအတွက် လည်းအကူအညီပေးနိုင်မှာဖြစ်ပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်

ကင်တားနားမြန်မာနိုင်ငံသို့ရောက်ရှိ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်
ဒါဟာ ရခိုင်ပြည်နယ်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီးမှာ သူ့ရဲ့ပထမဆုံး မြန်မာ ခရီးစဉ်လည်းဖြစ်ပါတယ် သူဟာ မြန်မာနိုင်ငံမှာ တနင်္လာနေ့ကစပြီး မြန်မာနိုင်ငံလူ့အခွင့်အရေး နဲ့ပတ်သက်ပြီး  သတင်းတစ်ပတ်ကြာလေ့လာမှုပြုလုပ်သွားမယ်လို့ဆိုပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်

Surface တက်ဘလက်

မိုက်ကရိုဆော့ကုမ္ပဏီကSurface တက်ဘလက် လက်ကိုင် ကွန်ပြူတာ ထွက်လာမယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မှာကြေညာလိုက်ပါတယ်၊ Touch screenအသုံးပြု ထားတဲ့ဒီ Surface တက်ဘလက် မှာမိုက်ကရိုဆော့ရဲ့ windows 8 OS ကိုထည့်သွင်းထားတာမှာဖြစ်ပြီး Processor အပိုင်းမှာတော့ ntel ဒါမှမဟုတ်ARM processors တို့ကိုအသုံးပြုထားမှာဖြစ်ပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်

ဆုတံဆိပ်ရရှိမှုဇယား(အိုလန်ပစ် ဒုတိယနေ့)

1တရုတျတရုတ်642
2အမရေိကနျအမေရိကန်353
3အီတလီအီတလီ232
4တောင်ကိုရီးယားေတာင္ကိုရီးယား212
5ပြင်သစ်ျပင္သစ္211
မြန်မာနိုင်ငံကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေရဲ့ လန်ဒန်အိုလန်ပစ် သတင်းများဖတ်ရန်

Sunday, July 29, 2012

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု


မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
 (၁)  အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။
 (၂)  ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃)   ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄)   မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅)   Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။
 (ရေးသားသူ ညိုလင်းထွန်း)

မန္တလေးနှင့်မုံရွာမြို့များတွင် ငလျင်လှုပ်ခတ်

                                                                     မန္တလေးမြို့ပုံ
ယနေ့မနက် မြန်မာစံတော်ချိန်၈နာရီ၊၅၂မိနစ်တွင်မန္တလေးမြို့၌ငလျင်လှုပ်ခတ်သွားကြောင်းသိရသည်။ ငလျင်ဒါဏ်ကြောင့်ပျက်စီးထိခိုက်မှုမရှိကြောင်းဒေသခံများမှပြောပြခဲ့သည်။မန္တလေးမြို့သည်စစ်ကိုင်းပြတ်ရွှေ့ ကျာနှင့်နီးကပ်စွာရှိနေ၍ငလျင်ဒါဏ်ကြောင့်အန္တရာယ်ရှိနိုင်ကြောင်းကိုပညာရှင်တို့တွက်ဆထားကြသည်။ အလားတူမနက်၈နာရီမိနစ်၅၀အချိန်ခန့်တွင်မုံရွာမြို့တွင်လည်းငလျင်လှုပ်ခတ်ခဲ့ကြောင်းသတင်းရရှိပါသည်။

ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ကြဗျာ


ဒီအထဲကတွေ့တာပါ

နဂါးမောက်သီး

(၁) နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ 
(၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်သော သွေးဖိ အားတက်ခြင်း ကို လျော့ နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်းခြေဖျက်ပေး ပါတယ်။
(၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင် သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။
(၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၅) အစာအိမ်ရောဂါများနှင့် ဟော် မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။
(၆) ဗီတာမင် C လည်း အများကြီး ပါဝင်တာမို့ အနာကျက်မြန်စေခြင်း အညိုအမည်းစွဲခြင်းများကို မြန်မြန် အားကိုလည်း မြှင့်တင်ပေးပါတယ်။
(၇) ဘီတာကယ်ရိုတင်းပါဝင်တဲ့ အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်းခြင်းနှင့် အခြားသော ဇီဝရုပ်ဖြစ်ပျက်မှု များကိုလည်း ကောင်းစေ ပါ တယ်။
(၈) ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်
(၉) သွေးတွင်းသကြားဓာတ် ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုး အစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူ များအတွက် သင့်တော်ပါတယ်။
(၁၀)သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝ ရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို ထိန်း သိမ်းပေးပါတယ်။
(၁၁)နဂါးမောက်သီးပုံမှန်စားပေး မယ်ဆိုရင် ရင်ကျပ်ရောဂါနှင့် ချောင်း ဆိုးခြင်းကို သက်သာပျောက်ကင်း စေနိုင်တယ်လို့ သိရပါတယ်။
Ref: Health Digest

ဂျာနယ်အချို့ တရားစွဲဆိုခံရနေခြင်းနှင့် အချိန်ကာလကြာမြင့်စွာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံနေရခြင်း

ပြည်တွင်းထုတ် ဂျာနယ်အချို့ တရားစွဲဆိုခံရနေခြင်းနှင့် အချိန်ကာလကြာမြင့်စွာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံနေရခြင်းအပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ)၏ သဘောထားထုတ်ပြန်
ပြည်တွင်းထုတ် ဂျာနယ်အချို့ တရားစွဲဆိုခံနေရခြင်းနှင့် တိကျရှင်းလင်းသည့် ထုတ်ပြန် အသိပေးမှုများမရှိဘဲ ဂျာနယ်ထုတ်ဝေခွင့်အား အချိန်ကာလကြာမြင့်စွာ ရပ်ဆိုင်းခံရခြင်းများအပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ)က ဇူလိုင်လ ၂၈ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသဘောထား ထုတ်ပြန်ချက်၌ လျှပ်တစ်ပြက်ဂျာနယ်အား ထုတ်ဝေဖြန့်ချိခွင့် ပိတ်ပင်ထားမှုမှာ ယခုအခါ ရက်သတ္တပတ် ၇ ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး အယ်ဒီတာချုပ် ဦးမြတ်ခိုင်မှာလည်း ပုဒ်မ-၅၀၀ (ခ)(ဂ)တို့ဖြင့် တရားစွဲဆိုခြင်းခံထားရပါသည်။ ဤသို့သော အခြေအနေ များတွင် ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ မည်သည့်အချက်များကို ဖောက်ဖျက်ကျူးလွန်၍ မည်သည့်ဥပဒေဖြင့် မည်ကဲ့သို့ အရေးယူမှုများ ပြုလုပ်ထားသည်ဟု တိတိကျကျ တရားဝင် ထုတ်ပြန် အကြောင်းကြားခြင်းမပြုဘဲ ယခုကဲ့သို့ အချိန်ကာလကြာမြင့်စွာ ရပ်ဆိုင်း ထားခြင်းမှာ လုံးဝ သင့်လျော်ခြင်း မရှိကြောင်း ကန့်ကွက်အပ်ပါသည်။ ထိုသို့ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းခံရခြင်းနှင့်အတူ အဆိုပါဂျာနယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဂျာနယ်လစ်များ အပါအ၀င် ၀န်ထမ်းအသီးသီး၏ ဘ၀ရပ်တည်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားသင့်ရာ ယခုကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိဘဲ လက်ရှိ ခေတ်စနစ်နှင့် လိုက်လျောညီထွေခြင်းမရှိသော လုပ်ဆောင်ချက်အပေါ် ကန့်ကွက်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
ထို့အပြင် ယခုကိစ္စသည် ဥပဒေပါအတိုင်း ဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ဂျာနယ်လစ်များ၊ စာနယ်ဇင်း မီဒီယာများ၏ မိမိတို့ လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်များအတိုင်း လွတ်လပ်စွာ ရေးသား ဖော်ထုတ်မှုများအတွက် မိမိတို့မှ အပြည့်အ၀ ရပ်တည် ကာကွယ်ပေးသွားမည်ဖြစ်ပါသည်ဟု သဘောထား ထုတ်ပြန်ချက်၏ အမှတ်စဉ်(၄)တွင် ဖော်ပြထားသည်။
လျှပ်တစ်ပြက်သတင်းဂျာနယ် မှာ အတွဲ(၃)၊ အမှတ်(၉၁)၊ စာမျက်နှာ(၈)တွင် ဖော်ပြခဲ့သော ရခိုင်ပြည်နယ်၊ ရမ်းမြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာမှ မသီတာထွေး၏ ဓာတ်ပုံအား ဖော်ပြခဲ့ခြင်းကြောင့် ဂျာနယ်ထုတ်ဝေခွင့်အား တစ်လ ယာယီပိတ်ပင် ခံခဲ့ရပြီးနောက်တွင် အယ်ဒီတာချုပ်ဖြစ်သူ ဦးမြတ်ခိုင်မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပုဇွန်တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀- (ခ)(ဂ)တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။
ပုဇွန်တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀-(ခ)(ဂ)ဖြင့် အရေးယူပေးပါရန် ဇွန်လ ၂၉ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့ ရုံးချိန်းအထိ လေးကြိမ် ကြားနားခဲ့ပြီးဖြစ်သည်။

Eleven Media Group
သူငယ်ချင်းမြတ်ခိုင်
ငါ မသေဘူး
ရေကူးတတ်တဲ့ မြတ်ခိုင်။
အခု
မြတ်ခိုင်မှာ
ဂျာနယ် မရှိ။
ခက်တာက
လယ်သမားတွေမှာ
လယ် မရှိတာပဲ။
မြတ်ခိုင်က
ဂျာနယ် အသိမ်းခံရ။
လယ်သမားတွေက
လယ် အသိမ်းခံရ။
မြတ်ခိုင်မှာ
ဂျာနယ်လိုအပ်သလို
လယ်သမားတွေလည်း
လယ်မြေလိုအပ်သပေါ့။
လွတ်လပ်မှုဆိုတာ
လိုအပ်မှုကို သဘောပေါက်နားလည်ခြင်းတဲ့ မြတ်ခိုင်။
မြတ်ခိုင်ရော
လယ်သမားတွေပါ
လွတ်လပ်မှု အသိမ်းခံရပါပကော။
ထွန်တုံးပေါ်က လာတဲ့လူ
ပြန်ကျတော့လည်း
ထွန်တုံးပေါ်ပဲကျမယ် မြတ်ခိုင်။
လယ်သမားတွေလို
ထွန်တုံးတိုက်ပွဲ ဆင်ပါ။
လွတ်လပ်မှုအတွက်
လွတ်လပ်မှုကို စတေးပါ။
ဓားတွေ လှံတွေ ကြားမှာ
“တရား” နဲ့ နေပါ။
တစ်နေ့ -
လယ်သမားတွေက
မြတ်ခိုင်ကို လိုအပ်လာမယ့်နေ့
အဲဒီနေ့ .... .... .... ။ ။ 
အောင်ဝေး
ဇွန် ၂၇၊ ၂၀၁၂

Saturday, July 28, 2012

အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ထိုင်းနိုင်ငံခရီးစဉ်အတွင်းအလုပ်သမားရေးရာကိစ္စများဆွေးနွေးခြင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ထိုင်းနိုင်ခရီးစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားကိစ္စများအား NGO အဖွဲ့များနှင့်လည်းကောင်း၊ ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးနှင့်လည်းကောင်း၊ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ကော်မရှင်နာတို့နှင့်လည်းကောင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။(----)
သတင်းအပြည့်အစုံဖတ်ရန်

သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည်

(ဓါတ်ပုံ - မဇ္ဈိမ)

မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကာက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းဆရာ /ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့
ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။“မူလတန်းပြ ဆရာ/မ
တသိန်းခန့်ကို လူဦးရေ စာရင်းကောက်ခံပြုစုရာမှာ အသုံးပြုသွားမှာဖြစ်ပြီး
အလယ်တန်းပြ ဆရာ/မ နှစ်သောင်းခန့်ကိုတော့ စာရင်းတွေ စစ်ဆေးရာမှာ
အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။အဆိုပါ ကျောင်းဆရာ/မများမှာ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်မှ အိမ်ခြေ ၁၁ သန်းခန့်သို့ ကိုယ်တိုင်သွား
ရောက်ကာ စစ်တမ်းများ လိုက်လံကောက်ခံရမည်ဖြစ်သည်။ ၎င်းတို့အား ညွှန်ကြားပေးမည့် သင်တန်းဆရာများကို ကုလသမဂ္ဂမှ သင်တန်းများပေးမည် ဖြစ်သည်။နှစ်ပေါင်း
 ၃၀ အကြာတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံရေးအတွက်
 လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ သည် ကုလသမဂ္ဂနှင့်
ပူးပေါင်းဆောင်ရွက်သွားမည်။ထို့ပြင် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ၂ ရာခိုင်နှုန်းသော လူဦးရေမှာကောက်ခံရာတွင် ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားသည်။သို့သော်ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ခေါ် မူဆလင်များကိစ္စကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ
ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ကမ္ဘာပေါ်တွင် နှိပ်စက် အညှဉ်းပမ်းခံရဆုံး လူမျိုး
တမျိုးဖြစ်သည်ဟု ဖော်ပြထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား
နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထားပေ။၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ
ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွား သည်။မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၏ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း
ကောက်ယူရေး မေးခွန်းနှင့် ပတ်သက်၍ ဦးခင်ရီ က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။“သန်းခေါင်စာရင်း ကောက်ယူမည့် အစီအမံ တခုလုံးကို သုံးနှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်၌ လူဦးရေဆိုင်ရာ အခြေခံ
အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း” ဟု သောကြာနေ့ ထုတ်
နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။၂ဝ၁၄ ခုနှစ်၊
စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍
ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊
စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း
လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။၁၉၈၃
ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း
မကောက်ယူနိုင်ခဲ့သည့်အတွက် ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းတွင်
နှစ် ၃ဝ ကြာမှ ကောက်ယူရသည့် အတွေ့အကြုံပြတ်လပ်မှုကြောင့် လစ်ဟာမှု မရှိစေရန်
အချိန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။၂ဝ၁၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ခရီးစဉ်အတွင်း
မြန်မာနိုင်ငံ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလမှ နည်းပညာ၊
အုပ်ချုပ်မှုနှင့် ငွေကြေးအရ ပံ့ပိုင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံလူဦးရေ
ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု
မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး
အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာ
ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။ကုလသမဂ္ဂ
 လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) ကိုယ်စားလှယ် Mohamed
Abdel-Ahad ကလည်း သန်းခေါင်စာရင်း၏ အရေးပါပုံကို “သန်းခေါင်စားရင်း
ကောက်ယူမှုတွေဟာ လူဦးရေတိုးပွားမှုရဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပါတယ်။
 ဒါ့အပြင် လတ်တလောနဲ့ အနာဂတ်မှာ ကျောင်းတွေ၊ ဆရာတွေ၊ ဆေးရုံတွေ၊
ဆရာဝန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုလုံခြုံရေးတွေ လိုအပ်မှုကိုလည်း
ခန့်မှန်း တွက်ချက်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု မေလအတွင်းက
နေပြည်တော်အစည်းအဝေးတွင် ပြောကြားသွားသည်။
ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ)

ကျွမ်းကျင်လုပ်သား လိုအပ်ချက် ဖြည့်ဆည်းရန် ပညာရှင်တို့ သတိပေး


၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်းသို့ ဝင်ရောက်တော့မည့် မြန်မာနိုင်ငံ အတွက် ကျွမ်းကျင်လုပ်သား လိုအပ်ချက် ရှိနေသေးပြီး ထိုလိုအပ်ချက်အား ဖြည့်ဆည်းရန် လိုကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်အုန်းသန့် က သတိပေး ပြောကြားလိုက်သည်။
“မြန်မာပြည်အတွက် ခြိမ်းခြောက်မှုက ဘာလဲဆိုတော့ ကိုယ့်ဆီကလူက အလုပ်ရဖို့ မလွယ်ဘူး။ သူတို့ဆီက လူတွေက ကိုယ့်ဆီမှာ အလုပ်ရဖို့ လွယ်တယ်။ မြန်မာပြည် အတွင်းမှာကို စံချိန်စံညွှန်းပြည့်ဖို့ လိုလာပြီ။ မမီရင် အပြင်ကလူကို ခန့်တော့မှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။
အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပေါ်လာပါက ကုန်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားများ စသည်တို့သည် အာဆီယံနိုင်ငံအတွင်း လွတ်လပ်စွာ ကုန်သွယ် လုပ်ကိုင်နိုင်ကြမည် ဖြစ်ခြင်းကြောင့် ကျွမ်းကျင် လုပ်သား လိုအပ်ချက် ဖြည့်ဆည်းထားရန် ဒေါ်ခင်အုန်းသန့် က ပြောသွားခြင်း ဖြစ်သည်။
ထို့အပြင် မိမိနိုင်ငံအတွင်းမှ ရရှိသည့် လစာနှင့် အခွင့်အလမ်း နည်းပါးနေပါက ပြည်တွင်းမှ ကျွမ်းကျင် လုပ်သားများပြည်ပသို့ ထွက်ခွာသွားနိုင်သည့်အတွက် ထိုသို့ မဖြစ်စေရန် အခွင့်အလမ်းများ ပေးသင့်သည်ဟု Parami Energy Group ကုမ္ပဏီ၏ အကြီးတန်း အကြံပေးဖြစ်သူ ဒေါ်တင်တင်ထွေး က သုံးသပ်ပြောဆိုသည်။“နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကလေးတွေအတွက် နေရာမရှိကြဘူး ဆိုတာလည်း နေရာ လုပ်ပေးရမှာပေါ့။ အခုတောင် သမ္မတကြီး ဦးသိန်းစိန်က Good Governance ၊ Clean government ဆိုတာ ပြောတာရှိတယ်။ အဲဒါ အရမ်း အရေးကြီးတယ်။ Good တင်မကဘူး။ Clean ပါ ဖြစ်ရမယ်။ အလုပ် မရဘူးဆိုတာ အဲဒါလည်း ပါတယ်” ဟု ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် လူငယ် အလုပ်လက်မဲ့ဦးရေ မြင့်မားလျက်ရှိနေပြီး ၎င်းမှာ ချိန်ကိုက်ဗုံး တခုကဲ့သို့ ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ၌ ဇွန်လ ၁ ရက်နေ့က ပြောကြားခဲ့သည်။

အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး


အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက ယနေ့အထိ သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင် အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် တပ်မတော် လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝန်ထမ်းများမှအပ ကျန်အလုပ်သမားများသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။
လက်ရှိတွင် အစိုးရဝန်ထမ်း မဟုတ်သော အလုပ်သမားများ၏ သမဂ္ဂပေါင်း ၁၃၀ နီးပါး မှတ်ပုံတင် ဖွဲ့စည်းပြီး
ဖြစ်သော်လည်း အစိုးရဝန်ထမ်းများက ယခုအချိန်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
ထိုသို့ အစိုးရ ဝန်ထမ်းများ သမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတခုမှ အကြီးတန်း စာရေးတဦးက “ခေါင်းဆောင်မယ့်သူလည်း မရှိဘူး၊ လမ်းပြမယ့်သူလည်း မရှိဘူး” ဟု ဆိုသည်။
ထို့ပြင် အစိုးရဝန်ထမ်းများအတွက် အလုပ်သမားသမဂ္ဂကို ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါက အထက်လူကြီး ဖိအားပေးမှု ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ခေါင်းဆောင်မည့်သူ မရှိခြင်းဖြစ်မည်ဟု ထင်မြင်ချက် ပေးသည်။
ရွှေပြည်သာမြို့နယ်ရှိ “အောင်” ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ ဥပဒေအကြံပေး ဦးစောကျော်ကျော်မင်း က အစိုးရဝန်ထမ်းများ သမဂ္ဂ မဖွဲ့စည်းကြခြင်းအပေါ် “ကြောက်နေတဲ့ စိတ်ထားတွေကို ဖျောက်သင့်ပါပြီ” ဟု ဆိုသည်။
မိမိတို့၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ကိုကာကွယ်နိုင်ရန် အစိုးရ ၀န်ထမ်းများ အနေဖြင့်လည်း ကြိုးစားပြီး ဖွဲ့စည်းသင့်ကြောင်း ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု အစီအစဉ်၏ အကြံပေးအရာရှိ
ရော့စ်ဝီလ်စန် ကလည်း ၎င်းတို့အနေဖြင့် မှတ်ပုံတင်ထားသည့် အလုပ်သမားအဖွဲ့များကို အသိပညာပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး အစိုးရ ဝန်ထမ်းများသည်လည်း အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် ရှိသလို ထိုသို့ ဖွဲ့စည်းပြီးမှသာ ILO အနေဖြင့် အလုပ်သမားရေးရာ သင်တန်းများ ပေးနိုင်မည်ဟု ဆိုသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန် က အလုပ်သမား သမဂ္ဂများ “များများဖွဲ့လေ ကောင်းလေပါပဲ” ဟု ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီတွင် အသက်ဝင်လာခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ လုပ်ငန်းတူ အလုပ်သမား ဦးရေ ၃၀ ရှိလျှင် အခြေခံ အလုပ်သမား အဖွဲ့တခု ဖွဲ့စည်းနိုင်သည်။

ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ငွေကံ့ကော် အထည်ချုပ် စက်ရုံ စက်ချုပ်ဌာနမှာ စက်ချုပ်လိုင်း ၁၊ ၂၊ ၃၊ ၄ စသဖြင့်ရှိတဲ့ အထဲမှာ လိုင်း ၁ နဲ့  ၂ ကို ဖျက်သိမ်းပြီး စက်ချုပ် လုပ်သားတွေကို တခြားလိုင်းတွေမှာ သွားရောက် ပူးပေါင်း လုပ်ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် အေးချမ်းစွာ ဆန္ဒပြကြတာလို့  စက်ချုပ် အလုပ်သမား မကျင်ကျင်နွယ်က ပြောပါတယ်။ "သူတို့က ဌာနတစ်ခုနဲ့ တစ်ခု ရောပေါင်းဆိုရင် ပေါင်းမယ်။ အဲလိုမဟုတ်ဘဲနဲ့ ဟိုဌာနကို နည်းနည်းထည့်၊ ဒီဌာနကို နည်းနည်းထည့် လူစုခွဲလိုက်သလို ဖြစ်သွားတာပေါ့နော်။ ကိုယ့်ဌာနမှာ ကိုလုပ်ချင်တယ်။ သူတို့က အော်ဒါ မရှိဘူးလို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ အော်ဒါတွေ ရှိရဲ့သားနဲ့ သက်သက်မဲ့ လုပ်တယ်လို့ အလုပ်သမားတွေက ထင်ကြတယ်။ ကျန်တဲ့ဌာနကလူတွေကပါ သူတို့နဲ့အတူတူ ထိုင်ပြီး တောင်းဆို ပေးတယ်ပေါ့နော်" ကျွမ်းကျင်မှု မတူညီတဲ့ အလုပ်သမား အုပ်စုတွေကို ရောနှောပြီး ခိုင်းစေတဲ့အတွက် အလုပ်သမားတွေအကြား အခက်အခဲတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်လို့ အလုပ်သမ တစ်ဦးကလည်း RFA ကို အခုလို ပြောပါတယ်။ "သူတို့က အပြင်ကို ပေးထုတ်ပြီး ဒီမှာ အလုပ်မရှိဘူးဆိုပြီးတော့ လူတွေကိုကျုံ့လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်။ အဲတာ မကျေနပ်လို့ တောင်းဆိုတာပေါ့နော်။ တောင်းဆိုတာ တစ်လိုင်းထဲပါ။ တစ်လိုင်းထဲကို သူတို့က လုပ်မပေးတဲ့ အတွက် ကျန်တဲ့ လိုင်းတွေကပါ လိုက်တောင်းဆိုတာ။ အဲ မနက်တည်းက ၂၈ ယောက်ပဲ တောင်းဆိုတာလေ။ အခု ၁ နာရီထိုးတဲ့ အခါကျတော့ session အကုန်လုံးပေါ့နော်။ တောင်းဆိုတယ်။ လူ ၅၀၀ လောက်ရှိ မလားမသိဘူး။ တစ်စက်ရုံလုံး ဝိုင်းပြီးတော့ တောင်းဆို ပေးတာပေါ့နော်။ ၁ နာရီကနေ ၃ နာရီ။ ၃ နာရီထိုးတော့ အလုပ်ပြန်လုပ်ကြတယ်။ လူကြီးတွေ လာညှိနေတယ်လေ" အလုပ်ရှင်ဘက်က ထုတ်လုပ်မှု စရိတ်နဲ့ ၀န်ထမ်းအင်အားကို လျှော့ချဖို့ ရည်ရွယ်ပြီး ကျွမ်းကျင်မှုအဆင့် မတူညီတဲ့ အလုပ်သမားတွေကို စုပေါင်း ခိုင်းစေလာတဲ့အတွက် ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရမယ့် အရေးက ကာကွယ်နိုင်ဖို့ အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။ မနေ့ကဆိုရင် အထွေထွေ အလုပ်သမား (၆) ယောက် အလုပ်ဖြုတ် ခံရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စက်ရုံ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ငွေကံ့ကော် အထည်ချုပ် စက်ရုံ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မေလ အတွင်းကလည်း တစ်ကြိမ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

Emergency Contraception (2) အရေးပေါ်တားဆေးများ (၂)

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၅)

Ecee2 ဆေးဆိုတာ
Apr 4, 2011 at 10:36 AM
ကျမ အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အမျိုးသားနဲ့က တလမှာ ၂ ကြိမ် လောက်ပဲ အတူတူ နေဖြစ်ပါတယ်။ သူက နယ်မြို့မှာ တာဝန် ထမ်းဆောင်နေရလို့ပါ။ ပုံမှန်တားဆေး မသောက်ပါဘူး။ ECee2 ကိုပဲ သောက်ဖြစ်တယ်။ ဒါပေမဲ့ အမျိုးသားက ကလေး လိုချင်ရင် မရတော့မှာ စိုးလို့ဆိုပြီး အဲဒီဆေးကို ဆက်မသောက် စေချင်ဘူး ပြောပါတယ်။ ပုံမှန် နေရတာ မဟုတ်တော့လဲ ပုံမှန်ဆေး မသောက်ချင်လို့ အရေးပေါ်-တားဆေးက ကိုယ်ဝန် မရနိုင်တဲ့ အကျိုးဆက် ဖြစ်နိုင်ပါသလား။ ဒီတခေါက် ဆေးသောက်တာ Second pill ကို First pill သောက်ပြီး ၁၂ နာရီ ကြာမှာ သောက်ရမှာကို မိနစ် ၃ဝ ကျော်သွားပါတယ်။ Effective ဖြစ်ပါတော့မလား။ ကိုယ်ဝန်များ ရသွားနိုင်မလား။ နောက်နှစ်ဆန်းလောက်မှ ကလေးယူမလို့ စဉ်းစားထားလို့ပါ။ ဆက်ပြီးတော့လည်း အခုလိုပဲ နေဖြစ်မှာမို့လို့ ဘယ်လိုတားနည်း သုံးရမလဲဆိုတာ ပြောပြပေးပါ။ ကွန်ဒုံးလည်း သုံးလို့ အဆင်မပြေလို့ပါ။

Ecee2 ဆေးဆိုတာ Levonorgestrel ပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်တယ်။ အိန္ဒိယ၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဒီနာမယ်နဲ့ ရောင်းတယ်။ အမေရိကားမှာ သုံးတဲ့ Morning-after pill (Plan B) နဲ့ အတူတူဘဲ။

သီချင်းတွေ နားထောင်တော့ Mp3 ကနေ ပိုလွယ်တဲ့ iPod ဖြစ်လာသလို၊ တားဆေးတွေမှာလဲ i-Pill ဆိုတာ ပေါ်လာတယ်။ အလွယ် ဆိုတော့ ထိန်းသိမ်းစရာကိုပါ အလွယ်နဲ့ ဖေါက်ဖျက်စေတယ်လို့ ထောက်ပြတာ လုံးဝမှန်တယ်။ iPod လေးတွေနဲ့ လူငယ်တွေ i-Pill သုံးကြရင် အနောက်နိုင်ငံက လူမှုရေး၊ ကျန်းမာရေး ပြဿနာမျိုးတွေ တက်လာလိမ့်မယ်။ သူတို့ဆီမှာက ရုပ်ပိုင်းမှန်သမျှ ပြည့်စုံကြတယ်။ ကိုယ့်ဆီမှာက သိတဲ့အတိုင်းဘဲ။

Norlevo နဲ့ Ecee2 ဆေးတွေကို Cipla ကုမ္ပဏီက တရားဝင် ထုတ်တာပါ။ တခြား ကုမ္ပဏီတွေက ရောင်းတာတွေထဲမှာ Levonorgestrel ဆေးက ၂ ဆလောက် ပါနေတယ်လို့ ထောက်ပြထားတယ်။ ကိုယ်ဝန်ကိုတော့ တားမယ်၊ ဘေးထွက်-ဆိုးကျိုး နှစ်ဆ တိုးနိုင်တယ်။

အခုမေးတဲ့သူလို အိမ်ထောင်ရက်သားကျပြီး ကလေးရဘို့ မစဉ်းစားသေးသူတွေအတွက် Ecee2 ဆေးရဲ့ သတိထားစရာတွေ ပြောပါမယ်။ Blood disorders သွေးရောဂါတွေနဲ့ High blood pressure သွေးတိုးရောဂါ မရှိသူများအတွက်သာ ကောင်းပါတယ်။ ဆေးထဲမှာပါတဲ့ Oestrogen (ဟော်မုန်း) ကြောင့် ရောဂါတိုးစေနိုင်တယ်။ ပုံမှန် အကာအကွယ်နည်းတွေ ဖြစ်တဲ့ Contraceptive pills, Condoms တို့ တို့ကို Copper T (IUCD) အစားထိုး မသုံးသင့်ပါ။

ဆေးသုံးလိုက်ရင် ရာသီလာတာ ရက်လွဲနိုင်တယ်။ ရက်စောနိုင်တယ်။ မလာတာလဲ ဖြစ်တတ်တယ်။ များတာလဲ ဖြစ်နိုင်တယ်။ ပျို့တာ၊ အန်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူတာ နဲ့ အားယုတ်တာတွေ ဖြစ်နိုင်တယ်။ တချို့မှာ ဗိုက်နာ၊ ရင်သား နာတတ်တယ်။ ဝမ်းပျက်တတ်တယ်။ ဆီးချိုရှိရင် ဆိုးစေနိုင်တယ်။

၉၅% အထိ ကိုယ်ဝန်မရနိုင်ပါ။ Fool-proof လုံးဝဥသုံ စိတ်ချပါလို့တော့ အာမမခံပါ။ ဆေးသောက်တာ နောက်ကျလို့ အဲလိုဖြစ်တာက များတယ်။ ဆက်ဆံအပြီး ၇၂ နာရီအတွင်း ဆေးသောက်တာ အကောင်းဆုံး ဖြစ်တယ်။ ၅ ရက်အထိလဲ သုံးနိုင်တယ်။ မတော်တဆ ကိုယ်ဝန်ရသွားရင် Ectopic pregnancy သားအိမ်ပြင်ပ တည်နေ-မနေ စစ်ရမယ်။ တကယ် ကိုယ်ဝန်ယူရင် ကလေးကို ဘာမှ မထိခိုက်စေပါ။

ဆေးကို သတိနဲ့ သုံးရမဲ့သူတွေကတော့ -
1. Heart disease နှလုံးရောဂါရှိသူ၊
2. Stroke နှလုံး (စထုပ်) ရဘူးသူ၊
3. Previous breast cancer ရင်သား-ကင်ဆာ အရင်က ရှိခဲ့ဘူးသူ၊
4. Repeated use ခဏခဏ ဒီဆေးမျိုး သုံးနေသူ၊
5. Overdue menstrual bleeding ရာသီဆင်းရက် နောက်ကျနေသူ၊
6. Breast-feeding ကလေးနို့တိုက်နေသူ၊

လုံးဝ မသုံးရမဲ့သူတွေကတော့ -
1. Girls below 16 years အသက် ၁၆ နှစ်အောက် မိန်းကလေးတွေ ဘာဖြစ်မလဲဆိုတာ သုတေသန မပြည့်စုံသေးလို့ မသုံးတာ ကောင်းတယ်။
2. Unexplained vaginal bleeding ရာသီမှန်း၊ ဘာမှန်းမသိ မွေးလမ်းက သွေးဆင်းနေသူ၊
3. Current breast cancer အခု ရင်သား-ကင်ဆာ ဖြစ်နေသူ၊
4. Pregnancy ကိုယ်ဝန်ဆောင်နေသူ၊

အရေးပေါ်-တားဆေး ဒုတိယ ဆေးလုံးကို နာရီဝက်လောက် နောက်ကျတာ ကိစ္စမရှိလောက်ပါ။ သုတေသန လုပ်ထားတာတော့ မတွေ့ပါ။ ကိုယ်ဝန်ရှိ-မရှိ သေခြာချင်ရင် ဆီးစစ်ပါ။ မေးတဲ့သူမှာ ရွေးစရာလမ်းတွေ ရှိပါတယ်။ Regular contraceptive pills ပုံမှန် တားဆေး မသောက်ချင်ရင် IUCD ပစ္စည်းထည့်နည်း၊ Calendar method လွတ်ရက်ရွေးနည်း၊ Withdrawl method သုတ်ရည် အပြင်ထုတ်နည်း သုံးနိုင်တယ်။ ထိုးဆေး Depo-Provera ထိုးနိုင်တယ်။ Female condom အမျိုးသမီးသုံး (ကွန်ဒွမ်)၊ Diaphragm (ဒိုယ်ရာဖရမ်)၊ Cervical cap (ဆဗိုက်ကယ်လ်-ကက်ပ်) တွေ ဝယ်လို့ ရ-မရ မသိပါ။

5 Apr 11, 20:43
Ecee2 အကြောင်းရေးထားတာ ဖတ်ပြီးပါပြီ။ ဆေးက ဆက်ဆံပြီး ၂ လုံးလုံး တခါတည်း သောက်ရမှာ မဟုတ်ဘူးလား။

Ecee 2 နာမယ်နဲ့ အရေးပေါ် ကိုယ်ဝန်တားဆေးဆိုတာ Levonorgestrel 0.75mg ပါတဲ့ဆေး ၂ လုံး ဖြစ်တယ်။
Levonorgestrel ဆိုတာ တည်ဆောက်ထားတဲ့ Progestogen ဟော်မုန်း ဖြစ်တယ်။ တခြားနာမယ်တွေနဲ့ ဆေးတွေလဲ ရှိတယ်။
• 72-Hours ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• G- Pill ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• G- Pill ဆေးမှာ Levonorgestrel 1.5mg ပါတဲ့ ဆေး ၁ ပြားထဲဖြစ်တယ်။
• Norlevo ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• Pill 72 ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။

တနေ့ ၁ လုံး ပုံမှန် တားဆေးတွေထဲမှာလဲ ဒီဆေးပါတာဘဲ။ အနည်း-အများကွာတယ်။
• Choice ဆေးဟာ Levonorgestrel 0.15mg, Ethinyl Estradiol 0.03mg ပါတဲ့ ဆေး ၂၁ ပြားနဲ့ Fe fumarate 60mg သံဓါတ်ဆေး ၇ ပြားတွဲပါတယ်။
• Combee ဆေးဟာ Ethinyl Estradiol 20mcg, Levonorgestrel 100mcg ပါတဲ့ ဆေး ၂၁ ပြားဖြစ်တယ်။
• Combee -R ဆေးဟာ Ethinyloestradiol 50mcg, Levonorgestrel 250mcg ပါတဲ့ ဆေး ၂၁ ပြား ဖြစ်တယ်။
• Duolution -L ဆေးဟာ Levonorgestrel 0.25mg, Ethinyl Estradiol 0.05mg ပါတဲ့ ဆေး ၂၁ ပြား ဖြစ်တယ်။

တားဆေး အမျိုးအစားတွေ -
1. Progestin-only pills (ပရိုဂျက်စတီရုံး) တမျိုးထဲ အရေးပေါ်တားဆေး၊
a. Next Choice တခါထဲ ၂ လုံးသောက်။
b. Plan B တခါထဲ ၂ လုံးသောက်။
c. Plan B One-Step တခါထဲ ၁ လုံးသောက်။
d. Plan B Specially designed for use as EC ပဌမ ၁ လုံးသောက်၊ ၁၂ နာရီခြားပြီး ၁ လုံးသောက်၊

2. Combined Progestin and Estrogen pills ဟော်မုန်း ၂ မျိုးတွဲ ပုံမှန်တားဆေးကို အရေးပေါ်သုံးနည်း၊
a. Alesse ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
b. Aviane ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
c. Cryselle ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
d. Enpresse ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
e. Jolessa ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
f. Lessina ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
g. Levlen ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
h. Levlite ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
i. Levora ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
j. Lo-Ovral ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
k. LoSeasonique ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
l. Low-Ogestrel ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
m. Lutera ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
n. Lybrel ပဌမ ၆ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၆ လုံးသောက်၊
o. Nordette ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
p. Ogestrel ပဌမ ၂ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ လုံးသောက်၊
q. Ovral ပဌမ ၂ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ လုံးသောက်၊
r. Ovrette ၄၈ နာရီအတွင်း ၂- လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ဝ လုံးသောက်၊
s. Portia ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
t. Quasense ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
u. Seasonale ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
v. Seasonique ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
w. Sronyx ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
x. Tri-Levlen ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
y. Triphasil ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
z. Trivora ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊

3. ကိုယ်ဝန်တားဆေး နာမယ်၊ ပါတဲ့ဟော်မုန်း နဲ့ ဝယ်ယူနိုင်တဲ့နိုင်ငံ၊
1. After1 = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
2. Ai Wu You = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
3. An Ting 0.75 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
4. An Ting 1.5 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
5. Bao Shi Ting (Postinor-2, 0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
6. Bao Shi Ting 1.5 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
7. Bi Yun (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
8. Bi Yun (12.5 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
9. Dan Mei (0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
10. Dan Mei (1.5 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
11. Duet = Progestin-only မြန်မာ၊ ဟောင်ကောင်၊ (အရေးပေါ်ဆေး)
12. E Pills = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
13. ECee2 = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
14. Estinor = Progestin-only ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှား၊ (အရေးပေါ်ဆေး)
15. Fu Nai Er (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
16. Fu Nai Er (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
17. Hou Ding Nuo (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
18. Hou Ding Nuo (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
19. Hua Dian (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
20. Hua Dian (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
21. Hui Ting 0.75 mg = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
22. Hui Ting 1.5 mg = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
23. i-pill = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
24. Jin Xiao (0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
25. Jin Xiao (1.5 mg) တရုပ်၊ (အရေးပေါ်ဆေး)
26. Jin Yu Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
27. Ka Rui Ding = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
28. Le Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
29. Levonia = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
30. Levonormin = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
31. Madonna = Progestin-only ထိုင်း၊ (အရေးပေါ်ဆေး)
32. Me Tablet 0.75 = Progestin-only မလေးရှား၊(အရေးပေါ်ဆေး)
33. MS Pill = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
34. Nuo Shuang = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
35. Pill 72 = Progestin-only အိန္ဒိယ၊ မြန်မာ၊(အရေးပေါ်ဆေး)
36. Postinor = Progestin-only မြန်မာ၊ ထိုင်း၊ (အရေးပေါ်ဆေး)
37. Postinor-2 = Progestin-only မြန်မာ၊ စင်္ကာပူ၊ အိန္ဒိယ၊(အရေးပေါ်ဆေး)
38. Pregnon = Progestin-only မြန်မာ၊ (အရေးပေါ်ဆေး)
39. Preventol = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
40. Sexcon One&One = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
41. Si Mi An (10 mg) Mifepristone တရုပ်၊(ဖျက်ဆေး)
42. Si Mi An (25 mg) Mifepristone တရုပ်၊(ဖျက်ဆေး)
43. Xian Ju = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
44. Yi Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
45. Yu Ping = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)

Dr. တင့်ဆွေ
၎-၄-၂ဝ၁၁
၆-၄-၂ဝ၁၁


Apr 15, 2011 at 9:05 AM
ဆရာရှင့် Microgestin FE 1.5/30 tablets ဆေးအကြောင်း သိချင်လို့ပါ။ ဘယ်လို သောက်ရတာပါလဲ။ ဆေးရဲ့ ကောင်ကျိုး-ဆိုးကျိုး သိချင်လို့ပါ။ ဘယ်ချိန်စသောက်ရမှာပါလဲရှင်။
• Microgestin FE ဆိုတာ Ethinyl estradiol နဲ့ Norethindrone ခေါ်တဲ့ မ-ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တားဆေး ဖြစ်တယ်။
• မျိုးဥအိမ်ကနေ မျိုးဥထွက်မှာကို တားဆီးပေးလို့ ကျားသုတ်ပိုးဝင်လာပေမဲ့ ကိုယ်ဝန်မရစေနိုင်ဘူး။
• သားအိမ်ဝ မှာရှိတဲ့ အချွဲကိုလဲ စေးပြစ်စေလို့ သုတ်ပိုးမဝင်စေနိုင်တယ်။
• သားအိပ် အတွင်းနံရံကိုလဲ ထူစေတာမို့ သန္ဓေက လာမတွယ်စေနိုင်ဘူး။
• ဒီဆေးကို ဆိုးတဲ့ ဝက်ခြံပေါက်သူတွေကိုလဲ ပေးတတ်တယ်။
• ကိုယ်ဝန် ရှိနေသူကို မပေးရဘူး။ အထဲက ကလေးကို မထိခိုက်ဘူးလို့ မပြောနိုင်ဘူး။
• နို့တိုက်နေချိန်လဲ မပေးတာ ကောင်းတယ်။
• အရင်က သွေးခဲပိတ်ရောဂါ ဖြစ်ဘူးသူ၊ ဟော်မုန်းနဲ့ဆိုင်တဲ့ သားအိမ်-ရင်သား ကင်ဆာဖြစ်ထားသူ၊ အသဲ မကောင်းသူတွေလဲ မပေးပါ။ အသက်ကြီးရင်လဲ မကောင်းဘူး။ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါရှိရင် မပေးပါနဲ့။ သွေးတိုးရင်၊ (ကိုလက်စထော) များရင်၊ ဆီးချိုရှိရင်၊ သည်းခြေအိတ်မကောင်းရင်၊ စိတ်ကျရောဂါ ရှိရင်လဲ မပေးပါ။
• ရာသီစလာတဲ့နေ့က စသောက်ပါ။ တနေ့ (၂၄ နာရီ) ၁ လုံး၊ တကပ်ကုန်ရင် တကပ်ဆက်သောက်ပါ။
• ဆေးသက်တမ်း ကောင်းပါစေ။
• တချို့က ဝါးစားလို့ရတာ ထုတ်တယ်။ ရေ တဖန်ခွက်သောက်ပါ။
• တရက်နောက်ကျရင် ၂ ပြား တခါတည်းသောက်ပါ။ ပြီးတော့ တနေ့ ၁ ပြားဆက်သောက်ပါ။
• ပဌမပါတ်နဲ့ ဒုတိယပါတ်ထဲမှာ ဆေးသောက်တာ ၂ ရက်နောက်ကျရင် ဆေး ၂ ပြားစီ၊ ၂ ရက် ဆက်သောက်ပါ။ ပြီးတော့ တနေ့ ၁ ပြား ပုံမှန်ဆက်သောက်ပါ။ နောက်ကျရက် အပြီး ၇ ရက်တွက် အရေးပေါ် ကာကွယ်နည်း ကိုလည်း သုံးပါ။
• တတိယပါတ်ထဲမှာ ဆေး ၂ ရက် မေ့သွားရင်၊ ဒါမှမဟုတ် ပဌမ-ဒုတိယ-တတိယပါတ်ထဲမှာ ၃ ရက်မေ့သွားရင် ဆေးကပ်ကို ဆက်မသောက်ဘဲ နောက်ဆေးကပ် အသစ် စသောက်ပါ။
• တကယ်လို့ ဆေးမေ့တာ ၂-၃ ပြား ဖြစ်ရင် အဲဒီလမှာ ရာသီလာမယ် မဟုတ်ပါ။
• ၂ လ ဆက် မလာရင် ကိုယ်ဝန် ဟုတ်-မဟုတ် ဆီးစစ်ပါ။
• နောက်ဆုံး သောက်ရမဲ့ဆေး (စတုတ္ထပါတ်) မေ့ရင် ဘာမှ လုပ်စရာ မလိုပါ။ မေ့တာကို ထားလိုက်ပြီး ပုံမှန်သာ ဆက်သောက်နေပါ။
• ဆေးမတည့်သူဆိုရင် ယားယံတာ၊ အနီပြင်ထွက်တာ၊ အသက်ရှူခက်တာတွေဖြစ်မယ်။ ဘယ်တော့မှ မသောက်ပါနဲ့။
• မဆိုးတဲ့ ဘေးထွက်ဆိုကျိုးတွေလဲ ရှိတဲ့သူတွေမှာ ရှိနိုင်တယ်။ ပျို့ချင်-အန်ချင်၊ မောပန်း၊ ရင်သားနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ မွေးလမ်းကြောင်း ယား-တခုခုဆင်းတာ။
• ကိုယ်ဝန်တားဆေး မှန်သမျှ HIV/AIDS/STD ဘာကိုမှ အကာအကွယ် မပေးနိုင်ပါ။

Dr. တင့်ဆွေ
၁၅-၃-၂ဝ၁၁

Friday, July 27, 2012

ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာမူဝါဒ
(Migration Policy)
(က) ပြည်ပသို့ အလုပ်အကိုင်ရှာဖွေရန် တရားဝင်လမ်းကြောင်းများ ဖွင့်ပေးပြီး သွားလာရန်လွယ်ကူစေခြင်း။
Simplifying regular channels that allow people to seek work abroad.
(ခ ) ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံအခွင့်အရေးများ ရရှိစေခြင်း။
Ensuring basic rights for migrants.
(ဂ ) ရွှေ့ပြောင်းလုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ် လျော့ချခြင်း။
Reducing transaction costs associated with migration.
(ဃ) ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအတွက် လူမှု စီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေခြင်း
Improving socio-economy status for migrants and their families.
(င ) ဒေသတွင်း ရွှေ့ပြောင်းသွားလာခြင်းမှ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် အသိပညာရရှိစေခြင်း နှင့် ပြန်လည်မျှဝေ ပေးနိုင်ခြင်း။
Enabling experience, skill and knowledge from mobility and sharing those to others.
(စ ) ရွှေ့ပြောင်းသွားလာခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ၏ ပေါင်းစည်းမှု တစ်စိတ်တစ်ဒေသ ဖြစ်စေခြင်း။
Making mobility an integral part of national development strategies.
ဦးစားပေးဖော်ပြချက်များ

Thursday, July 26, 2012

Tuesday, July 24, 2012

အဖွဲ့အစည်းတစ်ခုမှ Trojan Virus Attack နည်းပညာအသုံးပြုကာ သတင်းအချက်အလက်များရယူရန် ကြိုးပမ်းလျှက်ရှိပါတယ်၊ ယင်း Virus သည် Kyingtongtcl@gaml.com လိပ်စာဖြင့် e mail ပေးပို့လာ ပါက Cyber Attack ပြုလုပ်နေခြင်းဖြစ်ကာ Download ပြုလုပ်မိပြီး ဖွင့်လိုက်သည်နှင့် ဖိုင်အတွင်းပါဝင်သည့် Virus Program အားအသက်ဝင်စေပြီး အသုံးပြုနေသည့် Email , Facebook အခြား Password နှင့် Data များခိုးယူသွားနိုင်ပြီး တရုပ်နိုင်ငံအခြေစိုက် mmkeg.uicp.net နှင့် phsenator. vicp. net သို့သွားရောက်ချိတ်ဆက်ထားကြောင်း၊ ကွန်ပြူတာအတွင်းတွင် Yahoo Messanger Program ၏အလုပ်လုပ်ဆောင်ပုံဟု ထင်ယောင်ထင်မှားပြုလုပ်ထားကြောင်း ယင်း KTG အမည်ဖြင့် Email ၀င်ရောက်လာပါက Delete ပြုလုပ်သွားရန်တိုက်တွန်းနိုးဆော်အပ်ပါသည်။
Facebook ပေါ်တွင်ဖတ်လိုပါက

Sunday, April 8, 2012

Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃ဝ)

ပုံပြင်နဲ့ စပါရစေ။ သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထား၊ Casual, One-night stand “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တညတာ စခန်းသွား” နေကြလို့ Love ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine နေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။ ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ Valentine ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။”
Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။

ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ Aphrodisiac တွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ Rhinoceros ကြံချိုကနေ ထုတ်တဲ့ဆေး ရောင်းကောင်းလှတယ်။ Banana ငှက်ပျောသီး နဲ့ Ice-cream ရေခဲမုံ့ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြ ကြော်ညာတော့လဲ တမျိုးဘဲ။

ကနု-ကမာ Oysters ဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပ နန်းတွင်းနဲ့ အထက်တန်းလွှာ အမျိုးသမီး ကြီး-ငယ် ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့ သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာ စားရင် Oysters ၅ဝ အစိမ်း စားတယ်လို့ ပြောစမှတ် ရှိတယ်။ (Mr. Bean လို သိုးတာကို သွားမစားနဲ့။) ဒီအစားက Pine nuts လိုဘဲ Zinc သွပ်ဓါတ် များတာမို့ Sperm production သုတ်ထွက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ Testosterone ကျား-ဟော်မုန်း များစေတယ်။

Middle Ages အလယ်ခေတ်တုံးက “အထင်တခု” ရှိခဲ့တယ်။ ယောက်ျားရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သား ယောက်ျားလေး မွေးစေသတဲ့။ ကနေ့အထိ ယုံနေကြတာကတော့ အထီးကောင်တွေရဲ့ Testicles အစိ၊ Rocky Mountain Oysters (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ Bull testicles နွားထီး ဟာကို အများဆုံး စားသုံးကြပါတယ်။

Yohimbine ဆိုတာ အမေရိကမှာ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား လိင်အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ Chocolate ချော့ကလက်လဲ စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ Serotonin, Phenylethylamine တွေဟာ ဦးနှောက် ထဲက Pleasure areas တွေကို သက်ရောက်နိုင်လို့ Sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် Sex ကို အကျိုး သက်ရောက်တာ ရှာမတွေ့ဘူး။

Club drug (ကလပ်) ဆေးတွေလဲ နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှူရတယ်။ ကြွက်သား အနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ Sphincters အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင် Cocaine (ကိုကိန်း) နဲ့ Methamphetamine (မက်သမ်ဖတမင်း) တို့လည်း ဒီလိုဘဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ Booze and party drugs ခေါ်တဲ့ Cannabis ဆေးခြောက်၊ Cocaine နဲ့ Ecstasy (MDMA) ဆေးဝါးတွေက Testosterone ကျားဟော်မုန်း လျှော့စေလို့ ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ Alcohol, Champaign အရက်မျိုးစုံ နဲနဲဆိုရင် ဖြစ်စေနိုင်ပေမဲ့ များသွားလို့ကတော့ တယောက်ထဲ အိပ်ပျော်သွားမှာ သေခြာတယ်။

Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုံ့၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာ မနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်း မရှိဘူးလို့ ထောက်ပြတာ ရှိတယ်။

သဘာဝ လိင်အားတိုး အစာနဲ့ဆေး Natural Aphrodisiac foods and drugs လို့ နာမယ်ပေးတာတွေလဲ မနည်းပါ။ Cinnamon သစ်ကြံပိုးခေါက်၊ Coriander တရုပ်နံနံကြီး၊ Parsley တရုတ်နံနံသေး၊ Clove လေးညှင်းပွင့်၊ Garlic ကြက်သွန်ဖြူ၊ Ginger ချင်း (ဂျင်း)၊ Liquorice Root နွယ်ချိုမြစ်၊ Mace and Nutmeg ဇာတိပ္ဖိုလ် အသီး-အခွံ-အပွင့်၊ Mustard မုံညင်း၊ Pepper ငရုတ်ကောင်း၊ Saffron ကုံကုမံ၊ Orchid သစ်ခွရည်။ Saffron နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။

Scents အနံ့ကလဲ အားပေးပါသတဲ့။ Wild Rose Shrub နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တမျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက “အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ်” လို့ နာမယ်ရနေတာ ရာစုနှစ် တခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇ မျိုးပါ။ နောက်ပိုင်း Male musk deer သမင်းဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ Gland အိတ်ကနေ ထုတ်ယူကြတယ်။

လိင်အားပေးတဲ့ Flowers ပန်းတွေလဲရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ Poppy ဘိန်းပန်း၊ Sunflower နေကြာ၊ Wild Rose Shrub နှင်းဆီရိုင်း။

B-Complex ဗီတာမင်ဘီအုပ်စု၊ Zinc သွပ်ဓါတ်၊ Kelp ပင်လယ်ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ် ရေညှိအသေး၊ လူတိုင်းစားတဲ့ ဂျုံ ထဲမှာ မဟော်မုန်း Estrogen နဲ့ Vitamine E ပါတယ်။

တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း) လို့လဲခေါ်တဲ့ ဆေးဘက်ဝင်သစ်မြစ်။ ဗမာတွေ မပူနဲ့ Betel palm ကွမ်းရွက်၊ Betel seed ကွမ်းသီးမှာလဲ ဒီတန်ခိုး မဆိုးဘူးတဲ့။

တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်” လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္ကိ ပြင်းပြင်း ရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက် များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလို ဖြစ်စေတဲ့ သတ္ကိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲ ဆိုပြီး Drug Safety Society က မေးခွန်း ထုတ်နေတယ်။

စုံတွဲတွေ စားသုံးဘို့ ချက်နည်း-ပြုတ်နည်း Cookbooks for Lovers စာအုပ်တွေလဲ သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ Asparagus ကညွတ်၊ Banana ငှက်ပျေားသီး၊ Mushroom မှို၊ (ဒီ သုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း (ဆု-ပ်)၊ Figs သင်္ဘောသဖန်းသီး၊ Ginseng (ဂျင်ဆန်း)၊ Lobster ကျောက်ပုဇွန်၊ Oysters ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါ မဟုတ်)၊ Truffles ညိုမဲမဲ မှိုတမျိုး၊ Veal Marsala နွားပျိုသားဟင်း စတာ-စတာတွေ ပါတယ်။ (မဆလာ ဆိုတာ ရောနှောချက်တာကို ပြောတာပါ။)

လိင်စိတ်အားပေး အစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ Placebo effect စိတ်မှာ သက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကို ဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာကို ညာတာလား” လို့ မေးရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့ စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်းတခု မဟုတ်ပါလား။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁ဝ