Thursday, June 20, 2013

International Alert အကြောင်းသိကောင်းစရာ


International Alert သည်ငြိမ်ချမ်းရေးတည်ဆောက်သည့် လုပ်ငန်းများ တွင် ၂၇ နှစ်ကြာအတွေ့အကြုံရှိသည့် လွတ်လပ်သောအဖွဲ့ အစည်းဖြစ်သည်။ ပြင်းထန်သော ပဋိပက္ခဒဏ်ကို တိုက်ရိုက် ခံစာရနိုင်သည့် ပြည်သူများနှင့်အတူ ငြိမ်းချမ်းရေး အလားအလာ ကောင်းများတိုးတက် လာစေရန်လုပ်ဆောင်ပါသည်။ ပဋိပက္ခဖြစ်နိုင်သည့်အန္တရာယ်များ လျှော့နည်းလာစေရန်အတွက် အစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာကုမ္ပဏီများ စသည့်အဖွဲ့ အစည်းများ၏ မူဝါဒများအပေါ်အကျိုးသက်ရောက်မှုရှိစေရန် ရည်ရွယ် လုပ်ဆောင်ပါသည်။


International Alert သည် အာဖရိကအတွင်းရှိနိုင်ငံများ၊ အာရှတောင်ပိုင်းနိုင်ငံများ၊ အာရှအလယ်ပိုင်းနိုင်ငံများ၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် လက်တင်အမေရိကနိုင်ငံများတွင်အလုပ်လုပ်ကိုင်လျှက်ရှိ ပါသည်။ မူဝါဒပိုင်းဆိုင်ရာလုပ်ဆောင်မှုများတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တို့အတွက် အလားအလာကောင်းများအပေါ်သြဇာသက်ရောက်မှု ရှိစေမည့် အဓိကအကြောင်းအရာများဖြစ်သည့် စီးပွားရေး၊ ရာသီဥတု ပြောင်းလဲလာမှု၊ ယောက်ျား မိန်းမကဏ္ဍ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ဖွံ့ဖြိုးမှုအကူအညီများ၏ အကျိုးသက်ရောက်မှုနှင့် အုပ်ချုပ်ရေး ကောင်းခြင်းဆိုးခြင်းများ၏ အကျိုးသက်ရောက်မှု စသောအကြောင်းအရာများအပေါ် အာရုံစိုက်လုပ်ဆောင်ပါသည်။ International Alert အဖွဲ့ ၏လုပ်ဆောင်ချက်များမှာ ပဋိပက္ခကြောင့် သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နှင့်တဖက် မဆွေးနွေးလို၍ ရင်ကြားစေ့မရဖြစ်နေသည့် အုပ်စုများနှင့် လူထုကြားတွင် လုံခြုံစိတ်ချရသောအခြေအနေတစ်ခုဖန်တီးပေးနိုင်ရန် ပါဝင်ပတ်သက်သူ အုပ်စုအားလုံးအတွက် အကူအညီပေးနိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကမ်းလှမ်းကာ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်ပေးပါသည်။

များပြားလှစွာသောအဖွဲ့အစည်းများအား ယင်းတို့၏ နည်းပညာပိုင်း၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များနှင့် သက်ဆိုင်သော အကြောင်းအရာများ အားပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ စွမ်းရည်မြင့်တင်မှုသင်တန်း များကိုလည်းပို့ချပေးပါသည်။

 International Alert အဖွဲ့၏ အဓိကအခြေခံအကျဆုံး လုပ်ငန်းစဉ်များမှာ သုတေသနလုပ်ငန်းများနှင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းတို့ဖြစ်ပြီး ဒေသခံ အဖွဲ့အစည်းများနှင့် အပြန်အလှန်ဆွေးနွေး၍ ရလာဒ်ကောင်းများ ဖော်ထုတ်ခြင်း၊ ပဋိပက္ခဖြစ်နေသောအခြေအနေတွင် အလုပ်လုပ်ကိုင် နေကြသောနိုင်ငံတကာအဖွဲ့အစည်းများအား လိုက်လျှောညီထွေစွာ အလုပ်လုပ်ကိုင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးအပေါ်အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်လာစေရန်အတွက် မူဝါဒနှင့် လုပ်နည်းလုပ်ဟန်များ ချမှတ်လုပ်ဆောင်ရန် အကြံပေးသည့်လုပ်ငန်းများ လုပ်ဆောင်ပါသည်။

ကမ္ဘာတလွှားရှိ International Alert အဖွဲ့၏ လုပ်ငန်းဆောင်တာများကို အင်္ဂလန်၊ ဆွီဒင်၊ နော်ဝေ၊ နယ်သာလန်၊ အိုင်ယာလန်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျှနိုင်ငံ အပါအ၀င် အလှူရှင်နိုင်ငံများ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ လန်ဒန်ဌာနချုပ်ရုံးနှင့် အခြားသောနိုင်ငံများရှိ ရုံးပေါင်း ၁၁ ရုံးတွင် ၀န်ထမ်းပေါင်း ၂၀၀ ကျော်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

jaketaw85

အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေးထိခိုက်နိုင်သည်

အမျိုးသမီးများအနေနှင့်အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်တားဆေး
ကဲ့သို့အသုံးပြုလျှင်ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ကြောင်းသိရသည်။

အရေးပေါ်တားဆေးများဖြစ်သော Ecee 2, Pill 72 အစရှိသောဆေးများကို
ပုံမှန်သုံးစွဲနေလျှင်အမျိုးသမီးများတွင် သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊
ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ အစရှိသော
ရောဂါများဖြစ်ပွားနိုင်ကြောင်းသိရသည်။အမျိုးသမီးများ၏ ကျန်းမာရေးကို
ဆိုးဝါးစွာထိခိုက်နိုင်သည့်အကြောင်းကို Health Channel ၏အထွေထွေ
မန်နေဂျာဒေါက်တာသန်းထွဋ်က ပြော ကြားခဲ့သည်။


ပုံမှန်အနေနှင့် သုံးစွဲ၍
ရသော ပဋိသန္ဓေတားဆေး၊ သောက်ဆေး၊ ထိုးဆေးများကို နှစ်ရှည်လများ
သုံးစွဲလာလျှင် သွေးတိုး၊ နှလုံး၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊
သားအိမ်ခေါင်းကင်ဆာရောဂါများရရှိနိုင်ကြောင်းသိရသည်

နှစ်ရှည်လများ ပဋိသန္ဓေတားဆေးများကို သုံးစွဲလျှင်ကလေး မရှိနိုင်၍မြုံသော အခြေအနေ များအထိ ဖြစ်ပွားနိုင်ကြောင်းသိရသည်။


အရေးပေါ်ပဋိသန္ဓေတား ဆေး

သောက်သုံးထားသောအမျိုးသမီးများအနေနှင့်နေရောင်ခြည်ကို တိုက်ရိုက် ထိတွေ့မည်ဆိုလျှင် ခရမ်းလွန်ရောင်ခြည် A ကြောင့်မျက်နှာတွင် အညိုအမည်းကွက်များထွက်လာနိုင် ကြောင်းသိရသည်။

Wednesday, June 19, 2013

Pattern Lock မေ့နေလို့ Android ဖုန်းLock ဖြုတ်နည်း

ပို့စ်ရေးသားသူ- ကိုဇော်သူရိန်ထွန်း
Pattern Lock မေ့နေလို့ Android ဖုန်းပိုင်ရှင်တွေအတွက် Pattern Lock ဖြုတ်နည်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဖြေရှင်းနည်းမရေးခင် သဘောတရားကို အရင်ရှင်းပြပါရစေ။ Android ဖုန်းတွေမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Setting တွေအားလုံးဟာ Database ထဲမှာ သိမ်းထားတာ ဖြစ်ပါတယ်။ Ringtone ကအစ ဘယ်ဖိုင်ကို Ringtone အနေနဲ့သတ်မှတ်ထားတယ်၊ Volume ကို ဘယ်လောက်အထိ တင်ထားတယ်အဆုံး အားလုံးဟာ Database ထဲမှာ ရှိနေပါတယ်။
အခု Pattern Lock ပြဿနာဟာ ဖုန်းရဲ့ Lock Screen ကို Pattern နဲ့ဖွင့်လို့ရအောင် လုပ်မိပြီးကာမှ Pattern ကို မေ့သွားပြီးမှ အခါခါကြိုးစားရင်းနဲ့ မရတဲ့နောက်ဆုံးမှာ ဖုန်းက အလိုလို Lock ချပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ တကယ်တမ်းတော့ ဖုန်းရဲ့ Database ထဲမှာ ရှိတဲ့ lockscreen.lockoutpermanently ရဲ့ တန်ဖိုးဟာ အရင် 0 ကနေ 1 ကို ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီ 1 ကို 0 ပြန်ပြောင်းနိုင်ရင် ပြေလည်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Android ဖုန်းတွေမှာ အဲဒီလို Database အတွင်းပိုင်းကို ပြုပြင်ခွင့်ပေးမထားပါဘူး။ Root လုပ်ထားတဲ့ ဖုန်းတွေမှာသာ ပြုပြင်ခွင့် ရပါတယ်။ ဒါကြောင့် အောက်ပါနည်းလမ်းဟာ Root လုပ်ထားတဲ့ဖုန်းတွေမှာသာ အကျုံးဝင်ပါတယ်။ နောက်ပြီး ADB နဲ့ Command တွေသုံးပြီး ပြုပြင်မှာမို့ ကိုယ့်ဖုန်းဟာ အဲဒီလို ကွန်ပျူတာက Command တွေနဲ့တစ်ဆင့် ခိုင်းစေခွင့်ကို ခွင့်ပြုထားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် USB Debugging ကို အမှန်ခြစ် ထားဖို့ လိုပါတယ်။ Lock ကျသွားပြီမှ USB Debugging ကို ဖွင့်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အစကတည်းက USB Debugging ကို ဖွင့်ထားတဲ့
ဖုန်းတွေမှာသာ ရပါလိမ့်မယ်။ ကံကောင်းတာက အတော်များများဟာ USB Debugging ကို ဖွင့်ထားတတ်ကြပါတယ်။
အပေါ်ကအဆင့်တွေနဲ့ ကိုက်ညီပြီဆိုရင် အဆင်ပြေပါပြီ။ အရင်ဆုံး သူ့ရဲ့ settings.db လို့ခေါ်တဲ့ setting database ကြီးကို ကွန်ပျူတာထဲမှာ ကော်ပီကူးယူမယ်။ lockoutpermanently တန်ဖိုးကို 1 ကနေ 0 ပြောင်းမယ်။ ပြီးရင် ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်မယ်။ ဒါလေးပါပဲ။ ဘယ်ဆော့ဖ်ဝဲလ်တွေလိုလဲ
Android Debug Bridge(ADB) လို့ခေါ်တဲ့ Android ဖုန်းတွေကို Command နဲ့ အမိန့်ပေးခိုင်းစေ ပြုပြင်နိုင်တဲ့ Tool တစ်ခုလိုပါတယ် (အဲဒါက Google က
ထုတ်ပေးထားပါတယ်)။ နောက်ပြီး Database ထဲက အချက်အလက်တွေကို ဝင်ပြီးပြင်မှာမို့ Database Management Tool တစ်ခုလည်း လိုပါ့မယ်။ Android
က SQLite Database ကို သုံးထားတာမို့ sqlite ဆိုတဲ့ Database Management Tool တစ်ခု လိုပါတယ်။ နောက်ပြီး ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းရဲ့ Driver ကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားဖို့ လိုပါမယ်။
ဘယ်လိုအရည်အချင်းတွေလိုလဲ
Command Prompt သုံးစွဲနည်းကို သိထားဖို့လိုသလို ADB သုံးစွဲနည်းကို အနည်းငယ်သိထားဖို့လိုပါတယ်။ Database အကြောင်းကိုလည်း တီးမိခေါက်မိ ရှိဖို့လိုပါတယ်။
အောက်က link မှာပေးထားတာကို download အရင်ဆွဲထားပါ။
https://dl.dropboxusercontent.com/u/17993536/adb.zip က zip
Download လုပ်ဆွဲပြီးပြီဆိုရင် ဇစ်ဖိုင်ကို Extract လုပ်ပါ။ အဲဒီထဲမှာ adb ရယ်၊ sqlite ရယ် ပါဝင်ပါတယ်။
ဖြေရှင်းနည်း
၁။ ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်ပါ။ (Driver မရှိရင်တော့ Driver ကို ကြိုတင်ပြီး Install လုပ်ထားပါ)
၂။ Command Prompt ကိုဖွင့်ပါ။ adb ရှိတဲ့လမ်းကြောင်းဆီသွားပါ။ (ဥပမာ C:\adb) ကိုယ့်ဖုန်းကို adb က သိမသိ စမ်းဖို့လိုပါမယ်။ အဲဒီအတွက် adb devices ဆိုပြီး ရိုက်ထည့်လိုက်ပါ။ devices attached အောက်မှာ ID တစ်ခု ပေါ်လာရင် ဖုန်းကို adb က သိနေပြီ ဖြစ်ပါတယ်။
၃။ adb shell ဆိုပြီး ရိုက်ထည့်ပါ။
၎။ shell@android:/$ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အတွင်းပိုင်းတွေကို ၀င်ပြင်မှာဖြစ်တာမို့ root access ပြောင်းဖို့လိုပါမယ်။ su ဆိုပြီး ရိုက်ထည့်လိုက်ပါ။
၅။ shell@anroid:/# ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒီလိုမပြောင်းရင်တော့ root မလုပ်ရသေးလို့ ဖြစ်နိုင်ပါတယ်။
၆။ ဖုန်းထဲမှာရှိတဲ့ Database တွေသိမ်းထားတဲ့ Folder ဟာ ပုံမှန်အားဖြင့် ဖတ်လို့မရအောင် ကာကွယ်ထားပါတယ်။ ဒါကြောင့်မို့ chmod command ကို
သုံးပြီး Permission ကို ပြောင်းလဲဖို့ လိုပါတယ်။ အောက်က Command သုံးပြီး လုပ်လိုက်ပါ။
chmod 0777 /data/data/com.android.providers.settings/databases
ဒါဆို data/data/com.android.providers.settings ထဲက databasese ဆိုတဲ့ folder က Permission တွေ ပြုတ်သွားပြီဖြစ်ပါတယ်။ ဖျက်ပစ်တာ၊ ကော်ပီကူးယူတာတွေ လုပ်ခွင့်ရှိသွားပါပြီ။ shell ကနေ Control+C နှိပ်ပြီး ထွက်လိုက်ပါ။
၇။ အဲဒီ databases ထဲက settings.db လို့ခေါ်တဲ့ settings database ဖိုင်ကို ကွန်ပျူတာထဲကို ကူးယူပါမယ်။ အဲဒီအတွက် အောက်က command ကို သုံးပါ။
adb pull /data/data/com.android.providers.settings/databases/settings.db C:\adb
ဒါဟာ settings.db ဖိုင်ကို C:\adb ထဲကို ကူးယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
၈။ sqlite ကိုသုံးပြီး settings.db ကို ပြုပြင်ပါတော့မယ်။
sqlite3 settings.db လို့ ရိုက်ထည့်လိုက်ပါ။
command prompt ဟာ sqlite> ဆိုပြီး ပြောင်းလဲသွားပါလိမ့်မယ်။ sqlite စအလုပ်လုပ်နေပါပြီ။ .tables ဆိုပြီး ရိုက်ထည့်ကြည့်ပါ။ settings.db ထဲမှာရှိတဲ့
table တွေရဲ့ နာမည်တွေ တွေ့ပါလိမ့်မယ်။
အဲဒီမှာ pattern lock တန်ဖိုးက secure ဆိုတဲ့ table အထဲမှာ သိမ်းထားပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ system ဆိုတဲ့ table ထဲမှာ သိမ်းထားပါတယ်။
အခု ကျွန်တော်စမ်းသပ်ခဲ့တဲ့ ဖုန်းဟာ secret ဆိုတဲ့ table ထဲမှာ သိမ်းထားတာမို့ အဲဒီ table ထဲမှာရှိတဲ့ lockscreen.lockedoutpermanently ရဲ့ တန်ဖိုးကို 0 လို့ ပြောင်းလဲဖို့အတွက် အခုလို command ကို သုံးလိုက်ပါတယ်။
update secret set value=0 where name=’lockscreen.lockedoutpermanently’;
autolock ဖြစ်နေတာကိုလည်း အခုလို command သုံးပြီး ဖြုတ်ပစ်ပါတယ်။
update system set value=0 where name=’lock_pattern_autolock’;
Database ကို ပြုပြင်ခြင်း ပြီးဆုံးသွားပါပြီ။ .quite လို့ ရိုက်ထည့်ပြီး ထွက်လိုက်ပါ။ အခု ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်ပါ့မယ်။
အဲဒီအတွက် အောက်ပါ command ကို သုံးလိုက်ပါ။
adb push settings.db /data/data/com.android.providers.settings/databases/
ပြီးဆုံးပါပြီ။ ကိုယ့်ဖုန်းကို restart လုပ်ကြည့်ပါ။ Patter Lock ကျနေတာ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဆင်ပြေကြပါစေ။

Tuesday, June 18, 2013

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ကျန်ရှိနေသေးသော တားမြစ်ကန့်သတ်ချက်များအားလုံးကိုရုပ်သိမ်းပေးခဲ့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
June 19th, 2013

“အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ကျန်ရှိနေသေးသော တားမြစ် ကန့်သတ်ချက်များ အားလုံးကိုရုပ်သိမ်းပေးခဲ့ခြင်း”


       မြန်မာနိုင်ငံ၏အဓမ္မစေခိုင်းမှုပပျောက်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်၊ (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံနှင့် ၂၀ဝ၀ ပြည့်နှစ်၊(၈၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံတို့မှ မြန်မာနိုင်ငံအပေါ်တားမြစ် ကန့်သတ်သော ဆုံးဖြတ်ချက်များချမှတ်ခဲ့ပါ သည်။ ယင်းဆုံးဖြတ်ချက်များ အနက်(၈၇) ကြိမ်မြောက်ညီလာခံမှ ချမှတ် ခဲ့သည့် တားမြစ်ကန့်သတ်ချက်များ အားလုံးနှင့် (၈၈)ကြိမ်မြောက်ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက်အချို့ကို ၂၀၁၂ ခုနှစ်၊ဇွန်လတွင်ကျင်းပ ခဲ့သော (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ပါသည်။