5 July 2016
မန္တလေးတောင်ခြေ ရွှေမန်းတောင်ဂေါက်ကွင်းလုပ်သားများက ယင်းတို့၏ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများရရှိရေး လုပ်သားဝန်ထမ်းအင်အား ၁၀၀ ကျော်က ယနေ့ ဇူလိုင် ၅ ရက် နံနက် ၉ နာရီက စတင် ဆန္ဒထုတ်ဖေါ်ခဲ့သည်။
အလုပ်သမားများမှာ အာမခံချက်မဲ့နေပြီး သက်ဆိုင်ရာရပိုင်ခွင့်များဆုံးရှုံးနေခြင်းကြောင့် ကြွေးကြော်သံ ၈ ခုနှင့် လှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
"အလုပ်သမားအဖွဲ့အစည်းတွေထံ တိုင်ကြားခဲ့တယ်။ ဒါကို စစ်ဆေးအရေးယူတာ လုပ်မပေးဘူး။ ဂေါက်ကွင်းအလုပ်သမားတွေမှာ နစ်နာမှုတွေ ရှိနေတယ်။ အလုပ်ရှင်က ဘယ်သူလဲ။ စည်ပင်လား ပုဂ္ဂလိကလား သိချင်တယ်"ဟု ဦးဆောင်သူ ဦးစောလှအောင်က ပြောသည်။
“ဂေါက်ကွင်းအလုပ်ရှင် ဘယ်သူလဲ”
“ဖိနိပ်ခံ အလုပ်သမားများအား ကာကွယ်ပေးရေး”
“ခေါင်းရှောင်နေသူများ အရေးယူပေးရေး အလုပ်သမား အခွင့်အရေးရှိရေး”
စသည့် ကြွေးကြော်သံများဖြင့် မြို့တွင်း၌ လှည့်လည် ဆန္ဒပြခဲ့ကြသည်။
ခိုင်ဆက်ဝေ
News Watch (စောင့်ကြည့်သတင်းဂျာနယ်)
Wednesday, July 6, 2016
Monday, January 5, 2015
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီလီ လာရောက်စဉ် ရခိုင်တိုင်းရင်းသားများ ပြည်နယ်လုံးကျွတ် ကန့်ကွက်ဆန္ဒပြမည်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မစ္စ ယန်ဟီလီသည် ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်၊ မောင်တောရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံရန် ဇန်နဝါရီလ ၈ ရက်မှ ၁၀ ရက်အထိ စစ်တွေနှင့် ဘူးသီးတောင်မြို့များသို့ လာရောက်စဉ် မစ္စ ယန်ဟီလီကို ပြည်နယ်လုံးကျွတ် ကန့်ကွက်ဆန္ဒပြရန်စီစဉ်ထာြးေ
“နိုင်ငံသားကိစ္စဆိုတာ အချုပ်အခြာအာဏာကိစ္စပါ။ မြန်မာနိုင်ငံက လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကုလသမဂ္ဂက လာပြီး ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါ ပြောလို့ မရဘူး။ ပြောလည်း လုပ်မှာ မဟုတ်ဘူး။ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာတွေ များနေပြီ။ ကုလသမဂ္ဂက ဒီလူတွေကို ခေါ်သွားပြီး နေရာပေးမလား။ တောင်ကိုရီးယားနိုင်ငံကို ခေါ်သွားပြီး နိုင်ငံသား ပေးမလား။ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ဆိုပြီး တောင်ကိုရီးယားမှာ ထားဖို့ ပြောရင် ယန်ဟီလီ ဘာပြောမလဲ မေးချင်တယ်” ဟု ၄င်းက ဆိုသည်။
“ယန်ဟီလီ ပြီးခဲ့တဲ့ ခရီးစဉ်မှာ ဘင်္ဂါလီတွေကို နိုင်ငံသားပေးဖို့ အကြံပြုချက်နဲ့ ရိုဟင်ဂျာလို့ သုံးသွား တာကို လုံးဝ မကျေနပ်ပါဘူး။ ဘင်္ဂါလီတွေကို နိုင်ငံသားပေးဖို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်တဲ့အ
မစ္စ ယန်ဟီလီသည် တာဝန်ပြီးဆုံးသွားသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား နေရာတွင် တာဝန်ယူရသူဖြစ်ပြီး ၄င်း၏ မြန်မာနိုင်ငံပထဆုံး ခရီးစဉ် အဖြစ် ၂၀၁၄ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ချိန်တွင် ဘင်္ဂါလီများအား နိုင်ငံသားဖြစ် ခွင့်ရရှိရေးအတွက် နိုင်ငံသားဥပဒေကို ပြန်လည်ပြင်ဆင်ရန် အကြံပြုခဲ့ပြီး ဘင်္ဂါလီများကို ရိုဟင်ဂျာ ဟု သုံးနှုန်းခဲ့မှုကို အစိုးရအနေဖြင့် လက်မခံကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ဆိုပါသည်။
ဘင်္ဂါလီများကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန်နှင့် နိုင်ငံအ နှံ့ လွတ်လပ်စွာသွား လာခွင့် ပြုရန် ဒီဇင်ဘာ၂၉ရက် တနင်္လာနေ့က ကျင်းပ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် တိုက်တွန်းခဲ့ခြင်းသည်။
ယင်းတိုက်တွန်းချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ”ကျွန်တော်တို့ကတော့ လက်မခံဘူး။ ရှုတ်ချပါတယ်။ နောက်ပြီးတော့ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ အာဏာကို စော်ကားသလိုလုပ်တဲ့ သဘောဖြစ်တဲ့အတွက် ကုလသမဂ္ဂ အနေနဲ့ နိုင်ငံရေးသိက္ခာချ တယ်လို့ သုံးသပ်တယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေးကစားကွင်း တစ်ခု အနေနဲ့ ရောက်မှန်းမသိ ရောက်လာတယ်။ တစ်နည်းအားဖြင့် ကုလသမဂ္ဂဟာ ဝင်ချင်သလိုဝင်၊ ထွက်ချင် သလိုထွက် သာလာယံဇရပ် လိုဖြစ်လာတယ်။ ကုလသမဂ္ဂဟာ စတင်တည်ထောင် စဉ်တုန်းနဲ့ ဒုတိယ ကမ္ဘာစစ်အလွန် ကာလပုံစံမျိုးနဲ့ မတူတော့ဘူးလို့ သုံးသပ်တယ်။ ဒီမိုကရေစီ သဘောအရ အင်အားကြီးတဲ့အုပ်စု က အောင်မြင်တယ်။ အင်အားနည်းပါး တဲ့ ငွေကြေး နည်းပါး တဲ့ အုပ်စုကတော့ လက်ညှိုးထိုးခံရ ပြီး ခုလိုလုပ်ရခြင်းခံရတယ်။ ဒါ ကြောင့် နိုင်ငံငယ်တော်တော်များ များတောင် UN မှာပါဖို့ မသင့်တော့ ဘူးလို့ သုံးသပ်မိတယ်” ဟု ဝေဖန် ပြောကြားထားပြီး ဖြစ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် အခြေအနေကို အမှန်အတိုင်း ကြည့်မြင်ခြင်းမရှိဘဲ ဘင်္ဂါလီသတင်းဌာနများကို အခြေခံ၍ သုံးသပ်နေမည် ဆိုလျှင် ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ မီးထိုးရာသာ ရောက်မည် ဖြစ်ကြောင်း၊ ယန်ဟီလီ၏ ဇန်န၀ါရီလ ၈ ရက်နေ့ ခရီးစဉ်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ဆန္ဒြ
facebook comment ထဲမှာတစ်ယောက်ကအကြံပြုပါတယ် အဝေးရောက်နေသူတွေရော online ဆန္ဒထုတ်ဖော်လို့ရအောင် Voat Poll လေးတစ်ခုဖန်တီးပေးလိုက်ပါတယ်
မစ္စ ယန်ဟီလီ ကိုထောက်ခံတယ် မထောက်ခံဘူး
PP™
ပြည်သူ့အာဏာ facebook page မှသတင်းအားကူးယူဖော်ပြသည်၊၊
်
Tuesday, July 22, 2014
MH17 ကို ပစ်ချခဲ့သည့် BUK ဒုံးကျည် အားရွှေ့ပြောင်းသည်ဟုယူဆရသော ဗီဒီယို
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဇူလိုင်(၁၉)ရက်က ယာဉ်မောင်းတစ်ဦးသည် ကားဒက်ရှ်ဘုတ်ပေါ်တွင် တပ်ဆင်ထားသည့် ကင်မရာဖြင့် ၎င်း၏ရှေ့မှောက်မှ ထရပ်ကားကြီးကို မှတ်တမ်းယူ ဗီဒီယို ရိုက်ထားခြင်း ဖြစ်သည်။ အဆိုပါ ယာဉ်မောင်းသည် စစ်ဘက်သုံး ထရပ်ကားကြီးနောက်မှ (၂)ကီလိုမီတာမျှထိ နောက်ယောင်ခံ မောင်းနှင်ပြီး ဗီဒီယို ရိုက်ယူထားခဲ့သည်။
ထရပ်ကားကြီး၏ နောက်ဘက်တွင် အညိုရောင် အဝတ်စဖြင့် ဖုံးလွှမ်းထားသည့် ကြီးမားသော ပစ္စည်းတစ်ခု ရှိနေပြီး ယင်း၏ ကောက်ကြောင်းသည် ဒုံးကျည်စနစ် တစ်ခုသဏ္ဍန် ပေါ်လွင်နေသည်။ ယူကရိန်း ထောက်လှမ်းရေး ရင်းမြစ်များက အဆိုပါ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီး ရုရှား Blogger တစ်ဦးက BUK M1 ဒုံးကျည်စနစ် ရွှေ့ပြောင်းနေသည်ကို မှတ်တမ်းတင်ထားခြင်းဟု ဖော်ပြခဲ့သည်။ အဆိုပါ ထရပ်ကားကြီးသည် လေယာဉ် ပျက်ကျပြီး (၂)ရက်မျှ အကြာတွင် ယူကရိန်းမှ ရုရှားနယ်စပ်ဘက်သို့ ဦးတည် မောင်းနှင်နေခြင်းဟုလည်း သိရသည်။
MH17သည် ရုရှားက အထောက်အပံ့ ပေးထားသည့် ယူကရိန်း သူပုန်များ မှားယွင်းပစ်ခတ်သည့် ဒုံးကျည်ထိမှန်ပြီး ပေါက်ကွဲသွားခြင်းဟု ယူဆစရာ အခြေအနေများ ရှိနေရာ ယခုအခါ လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက်သို့ ပြန်လည် ပေးပို့လိုက်ခြင်းဟု ယူကရိန်းဘက်က စွပ်စွဲထားသည်။
“ရုရှားနိုင်ငံက Blogger တစ်ယောက်ဟာ အဝတ်နဲ့ လွှမ်းခြုံဖုံးအုပ်ထားတဲ့ BUK 1M ဒုံးကျည်စနစ် ရွှေ့ပြောင်းမှု ခရီးစဉ်နောက်ကို (၂)ကီလိုမီတာလုံးလုံး ခြေရာခံ လိုက်ခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရတော့ အဲဒီကားကြီးက ယူကရိန်း နယ်ခြားဘက်ကို ဦးတည်နေပါတယ်တဲ့။ သူကတော့ ဒါဟာ MH17 ကို ပစ်ချခဲ့တဲ့ ဒုံးကျည်စနစ်ပဲလို့ သေချာပေါက် ယူဆထားတယ်”ဟု အင်တာနက်တွင် ပျံ့နှံ့နေသည့် ဗီဒီယို၌ ရေးသားထားသည်။ ဗီဒီယိုထဲတွင် ကားမောင်းနေသူက “ဒါနောက်နေတာ မဟုတ်ဘူး”ဟု ရေရွတ်နေသော အသံလည်း ပါရှိနေသည်။
ယူကရိန်း အစိုးရက သူပုန်များသည် ရုရှားစစ်တပ်က ထောက်ပံ့သည့် BUK ဒုံးကျည်ဖြင့် မိမိတို့၏ စစ်ဘက်လေယာဉ်များကို ပစ်ချနေရာမှ MH-17 ကို မှားယွင်းပစ်ခတ်ခဲ့ခြင်းဟု စွပ်စွဲထားသည်။
သူပုန်တပ်ဖွဲ့များက ၎င်းတို့သည် လေယာဉ်ပျက်၏ သေတ္တာနက်ဟု ယူဆရသော အရာကို ပြန်လည်တွေ့ရှိထားပြီး ယင်းကို ဒိုးနက်စ်ခ်မြို့သို့ ယူဆောင်လာကာ ထိုမှတစ်ဆင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များထံ လက်လွှဲပေးအပ်မည်ဟု ကြေညာထားသည်။
သူပုန်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အလက်ဇန္ဒား ဘိုရိုဒိုင်က ဒိုးနက်စ်ခ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ “လေယာဉ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတချို့ကို ရှာတွေ့ထားပါတယ်။ အဲဒီထဲမှာ သေတ္တာနက်လို့ ယူဆရတဲ့ ပစ္စည်းလည်း ပါတယ်။ ကျွန်တော်တို့ရဲ့ ကွပ်ကဲမှုနဲ့အတူ အဲဒီပစ္စည်းတွေကို ဒိုးနက်စ်ခ်ထိ သယ်ယူလာနေပါတယ်။ ကျွန်တော်တို့ထဲမှာ ဒီပစ္စည်းဟာ လေယာဉ်ရဲ့ သေတ္တာနက် ဟုတ်မဟုတ် အတည်ပြုပေးနိုင်တဲ့ ပညာရှင် မရှိပါဘူး။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေလို့ ယူဆရတဲ့ အရာမှန်သမျှကို ဒိုးနက်စ်ခ်ထိ သယ်လာပါတယ်”ဟု ပြောကြားသွားသည်။
_Ref: Dailymail
7Day News Journal
Monday, July 7, 2014
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက် ဦးတည်ချက်များ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက် ဦးတည်ချက်များ
ဦးတည်ချက်များ
(၁) အလုပ်သမားရပိုင်ခွင့်များ
ဆောင်ကြဉ်းပေးရေး
(၂) လူမှုအခွင့်အရေးများ ဆောင်ကြဉ်း
(၃) ကုန်ထုတ်စွမ်းအား တိုးတက်ရေး
(၄) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာကိစ္စရပ်များဆောင်ရွက်ရေး
Main Functions
1. Ensuring workers enjoy
rights and protection granted under the various labour laws
2. Providing social
services for the workers
3. Promoting higher
productivity of labour
4. Participation in
international labour affairs
ရည်မှန်းချက်တာဝန်များ
(၁) လုပ်ငန်းခွင်အေးချမ်းသာယာရေး
(၂) အလုပ်အကိုင်နေရာချထားရေး(ပြည်တွင်း/ပြည်ပ)
(၃) လုပ်သားများလုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေး
(၄) အလုပ်သမားရေးရာ
သုတေသနနှင့်စာရင်းဇယားများစုဆောင်းပြုစုရေး
(၅) အလုပ်သမားဥပဒေပါအကျိုးခံစားခွင့်များ
အတွက် စည်းကြပ်ဆောင်ရွက်ရေး
(၆) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး
(၇) လူမှုဖူလုံးရေးစီမံကိန်း
အကောင်အထည်ဖော်ဆောင်ရွက်ရေး
(၈) ပြည်တွင်းကုန်စည်စီးဆင်းမှုသွက်လက်မြန်ဆန်ရေးအတွက်
ကြီးကြပ်ဆာင်ရွက်ရေး
(၉) အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ
အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး
Objectives
1. Maintaining of
industrial peace
2. Providing free
employment services
3. Skill training of
workers
4. Conducting research
regarding labour matters and collection of statistics
5. Ensuring workers enjoy
rights under the labour laws
6. Occupational safety
and health
7. Social security of
workers
8. Supervising smooth and
steady flow of goods throughout the country
9. Participation in
international labour affairs
Thursday, June 26, 2014
ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းများ
၂၆.၀၆.၂၀၁၄ နေပြည်တော်
ထိုင်းဘတ်ငွေနှင့်
မြန်မာကျပ်ငွေလဲလှယ်နှုန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
·
၁ ဘတ် ၂၉.၈၅ ကျပ်
·
၁၀၀၀၀၀ ကျပ် ၃၃၅၀ ဘတ်
အဆိုပါ နှုန်းများမှာ ဟွန်ဒီစနစ်ဖြင့်
ငွေလွှဲကျသင့်နှုန်းဖြစ်ကြောင်းသိရှိရပါသည်။
Wednesday, June 11, 2014
ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။
“ပုဒ်မ ၅၉ (စ) လုံး ပြင်ဖို့၊ မပြင်ဖို့ မဲခွဲဆုံးဖြတ် တယ်။ ပုဒ်မ ၅၉ (စ) ပြင်ဖို့ ထောက်ခံမဲက ၅ မဲပဲရှိတယ်။ မပြင်ဆင်ဖို့ မဲပေး တာက တော်တော်များ တယ်။ မပြင်ဆင်ဖို့မဲက အသာရသွားတော့ ၅၉ (စ) ပြင်ဆင်ဖို့ကတော့ ဒီလွှတ်တော် သက်တမ်း အတွင်း မှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး” ဟု ဖွဲ့စည်းပုံ ပြင် ဆင်ရေး လွှတ်တော် ကော်မတီတွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြော ဆိုသည်။
အဖွဲ့ဝင် ၃၁ ဦး ပါဝင်သော ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၇ ဦး ပါဝင်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှု များရှိခဲ့သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။
ပုဒ်မ ၅၉ (စ) သည် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမည့် သူသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတဦးဦး၏ ဇနီးနှင့် ခင်ပွန်း သည် နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံသို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစား နိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ဖော်ပြထားပြီး ယင်းသတ် မှတ်ချက်သည် နိုင်ငံခြားသား ၂ ဦးရှိနေသော ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတဖြစ်ခွင့် မရှိစေရန် တားဆီးထားခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီဝင်လည်းဖြစ်သူ ဗိုလ်မှူး ကြီးဟောင်း ဦးတင်မောင်ဦးက ပုဒ်မ ၅၉ (စ) ပြင် ဆင်ဖွယ်ရှိ သည်ဟု ဧရာဝတီသို့ မေလတွင် ပြောဆိုခဲ့ သော်လည်း လွှတ်တော်ကော်မတီက ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် ဆုံးဖြတ်မှုကိုမူ တိတိကျကျ ဖြေဆို ခြင်းမပြုဘဲ တိမ်းရှောင်ဖြေဆိုသွားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ် တော်ကော်မတီတွင် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စား လှယ် ၁၄ ဦး၊ စစ်တပ် လွှတ်တော် အမတ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၂ ဦး၊ အခြား နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ် ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်သည်။
(သာလွန်ဇောင်းထက်နှင့်ထက်နိုင်ဇော် ပူးတွဲရေးသားသည်)
ဧရာဝတီ
Subscribe to:
Posts (Atom)