Friday, October 26, 2012

သမ္မတကြီးအနေဖြင့် ကုရ်ဘာရီပြုလုပ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်းသမ္မတရုံး ထုတ်ပြန်



အ သိ ပေး ချက်
=========
လတ်တလော ဖြစ်ပေါ်နေသည့် သတင်းများအရ သတင်းမီဒီယာများက မကြာခဏမေးမြန်းလာသဖြင့် အောက်ပါအတိုင်း အသိပေးအပ်ပါသည်-

နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့သည် (၂၀-၁၀-၂၀၁၂)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်းကောင်း၊ (၁၉-၁၀-၂၀၁၂)ရက်နေ့တွင် ထုတ်လွှင့်သည့် နိုင်ငံပိုင်ရုပ်/
သံ၊ အသံလွှင့်ဌာနများ၏ ထုတ်လွှင့်ချက်တွင်လည်းကောင်း (၂၇-၁၀-၂၀၁၂) ရက်နေ့သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
ာ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ တွင် အောက်ပါအတိုင်း အတိအလင်း ပြဌာန်းထားပါသည်-

"ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်။"
လက်ရှိ မေးမြန်းလာကြသော မေးခွန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းထင်ရှားစေခြင်းငှာ အောက်ပါအတိုင်း ဖြေကြားအပ်ပါသည်-
"နိုင်ငံတော်သမ္မတကြီးအနေဖြင့် ကုရ်ဘာရီပြုလုပ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်း လုံးဝ မရှိပါကြောင်း" အသိပေးအပ်ပါသည်

ရခိုင်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံသည့် ကိစ္စသမ္မတရုံး ထုတ်ပြန်




၁။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

၂။ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် နိုင်ငံတော်နှင့် ပြည်သူများ၏ ဝိုင်းဝန်းကူညီ ထောက်ပံ့မှုများ အဓိကကျသလို နိုင်ငံတကာမှ လူသားချင်း စာနာထောက်
ထားမှုထောက်ပံ့ကူညီမှုများသည်လည်း တစ်တပ်တစ်အား ဖြစ်ကြောင်း သိရှိထားပါသည်။ ဆိုလိုသည်မှာ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည် ဟု ခံယူထားသလို ပြည်ပမှ အပြုသဘော ထောက်ပံ့မှုသည်လည်း အကျိုး ရှိသည် ဟူသော သဘော ဖြစ်ပါသည်။

၃။ ရခိုင်အရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်းအားလည်း လူသားချင်းစာနာထောက်ထားမှုဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို လက်ခံမည် ဖြစ်ကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ အညီအမျှ ပေးအပ်စေလိုကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပါသည်။

၎။ နိုင်ငံတကာတွင်လည်း ထိုကဲ့သို့သော ဖြစ်စဉ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ပါက ဝိုင်းဝန်းကူညီကြသည့် သဘောသဘာဝ ရှိသလို မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လိုက်လျောညီထွေ ဆောင်ရွက်ရပါသည်။ အထူးသဖြင့် ယခုကဲ့သို့ နိုင်ငံတကာဆက်သွယ်ဆက်ဆံမှုများ ပိုမို ကျယ်ပြန့်လာနေသည့် အချိန်အခါမျိုးတွင် ပိုမို၍ အလေးထားရန် လိုအပ်ပါသည်။

၅။ သို့ပါ၍ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရ၏ အမျိုးသားရေးနှင့် လူသားချင်းစာနာထောက်ထားမှု (၂)ခုစလုံးကို ချိန်ဆ ဆောင်ရွက်နေရသည့် အခြေအနေများကို သိမြင်နားလည်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Hmuu Zaw

Monday, October 22, 2012

မင်းပြား မြို့ နယ် တွင် ညမထွက် ရ အမိန့် ထုတ်


ရခိုင်ပြည်နယ် မင်းပြား မြို့ နယ် ပိုက်သည် သရက် အုပ်ကျေးရွာ တွင် ယနေ့  နံနက် အရုဏ်
တက် ချိန် မှ စပြီး မီးလောင် ကျွမ်း လျှက် ရှိ ပြီး နေ့  လည် ၂ နာရီ နောက်ဆုံး ရရှိသည့် သတင်း
များ အရ အိမ်ခြေ ၃၀၀ နီးပါး မီးလောင် ကျွမ်းခဲ့ ကြောင်း သိရသည်။

ပရိန် ကျေးရွာ တွင် ဘင်္ဂါလီ နှင့် ရခိုင် တိုင်း ရင်းသားများ စု ပေါင်း နေ ထိုင် ကြပြီး ဘင်္ဂါလီများက
ပရိန် ကျေးရွာ ကို မီးရှို့ ပြီး ထွက် ပြေး ကြ ခြင်း ဖြစ်သည် ဟု မင်းပြား မြို့  နယ် ရှိ ကျန်းမာရေး ၀န်
ထမ်း တစ်ဦး ဖြစ်သူ ဒေါ်သာထွန်းနု က FNG ကို ပြောသည်။

သရက် အုပ် ရွာကို မီးရှို့ ပြီး ထွက် ခွာ လာသည့် ဘင်္ဂါလီ များ သည် မင်းပြား ကျိန်းတောင် စေတီ
ကို ဖျက်ဆီးရန် လာသည် ဟု သတင်း ရသဖြင့် ဒေသခံ ရဲ နှင့် စစ်တပ် အပါ အ၀င် လုံ ခြုံရေး တပ်
ဖွဲ့  များ က တားဆီးထားသည်။

သရက် အုပ် ရခိုင် ရွာသား များ ကို ဘင်္ဂါလီ များ က ရန်ရှာနေခြင်း ကြောင့် ပရိန် ရခိုင် ရွာ သားများ
က လာရောက် အားဖြည့် ထားရသည်။

မင်းပြား တွင် ပုဒ်မ ၁၄၄ ညမထွက် ရ အမိန့်  ထုတ် ပြန်ထား ဆဲ ဖြစ်သည်။

မင်းပြား တွင် ရှို့ မီး လောင် ကျွမ်းမှု နှင့် ပတ်သက် ပြီး အသေအပျောက် သတင်း မရှိ သေး ဟု
သိရသည်။

ရခိုင်ပြည်နယ် တွင် မေလ နှင့် ဇွန်လ အတွင်း ဖြစ် ပွားခဲ့ သည့် မငြိမ်သက်မှု များ ကြောင့် လူ
၈၀ ကျော် သေဆုံး ခဲ့ သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက် ရေး ကောင်စီ က ရခိုင် ပြည်နယ် တွင် အခြေစိုက် ရုံးဖွင့် လှစ်
ပြီး ဘင်္ဂါလီ များ ကို နည်းမျိုးစုံ ဖြင့် ကူညီရန် ကြိုးစား အား ထုတ် မှု ကို နိုင်ငံ တ၀ှမ်း မှ ပြည်သူ
များ က ဆန္ဒပြ ကန့် ကွက် ၍ မြန်မာ အစိုးရ က ပြန် ရုပ်သိမ်းခဲ့ သည်။

ပဋိပက္ခများ ထပ်မံဖြစ်ပွားနေသော ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဦးလှသိန်းက ပြောကြားသည်။

ည ၇ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယခုအခါ
မင်းပြားမြို့တွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း The Voice ဂျာနယ် ၏ Facebook စာမျက်နှာ
တွင် ဖော်ပြထားသည်။
 

မင်းပြားမြို့ မီးရှို့တိုက်ခိုက်မူနှင့် နောက်ဆုံး အခြေအနေ



ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး မတည်ငြိမ်မူ ဖြစ်ပွားရာ အိမ်မီးရှို့မူများ ပေါ်ပေါက်ခဲ့ကြောင်း သတင်း ရရှိသည်။

စုစုပေါင်း ပိုက်သည်ရွာမှ မွတ်ဆလင် အိမ် ၁၈ ဆောင် မီးထဲပါသွားသည်ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးသာကျော်က ပြောသည်။

“ ပိုက်သည်ရွာက အိမ် ၁၈ ဆောင် မီးထဲပါသွားပါတယ်။ ဖြစ်တာက ညနေ ၉ နာရီခန့်မှာ ဖြစ်ပါတယ်။ သူတို့အချင်းချင်း အရက်သောက် ရန်ဖြစ်ရာကနေ ရခိုင် တစ်ယောက်ကို ဂျင်ဂလိနဲ့ ပစ်ရာကနေ စဖြစ်တာ ဖြစ်ပါတယ်” ဟု ဦးသာကျော်က ပြောသည်။

ဂျင်ဂလိဖြင့် အပစ်ခံရသူမှာ ပိုက်သည်ရပ်နှင့် ကပ်ပြီး တည်ရှိသော ကင်းဆိပ်ကျေးရွာမှ ဦးစံသိန်း (၄၇ နှစ်) ဖြစ်ကြောင်း သူက ပြောသည်။

“ ဦးစံသိန်းဂျင်ဂလိနဲ့ အပစ်ခံရတော့ ရခိုင်တွေဘက်က လူတွေစုပြုံလိုက်သွားတော့ အဲဒီမှာ ပြဿနာ စဖြစ်တယ်။ အဲဒီ မွတ်ဆလင်တွေက သူတို့အိမ်တွေကို စမီးရှို့တော့ မီးက ရွာထဲကနေ ထတောက်လောင် ပါတယ်” ဟု ဦးသာကျော်က ပြောသည်။

ဦးသာကျော်မှ ပြဿနာကို ပိုမိုကြီးထွားအောင်နှင့် ဒုက္ခသည် အဖြစ် စာရင်သွင်းကာ အကူအညီ ရယူလိုသဖြင့် ယခုကဲ့သို့ ပြုလုပ်ပုံရသည်ဟု ပြောကြားသည်။

မွတ်ဆလင်များဘက်မှ အမြင်ကို အဆက်အသွယ် မရရှိသဖြင့် မေးမြန်းနိုင်ခြင်း မရှိပါ။ ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခု အချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

အခင်း ဖြစ်ပွားနေစဉ် စစ်တပ် ရောက်ရှိလာပြီး ရခိုင် ၁၅ ဦးခန့်ကို ဖမ်းဆီးပြီး အခြေအနေကို တည် ငြိမ်အောင် ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးခံရသူများကို မင်းပြားလူထုက ၀ိုင်းဝန်း တောင်းဆိုသဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ယခုအခါ မင်းပြားမြို့ပေါ် အခြေအနေမှာ တည်ငြိမ်နေသော်လည်း နယ်များတွင် အခြေအနေများ အထူး ဆိုးရွားနေသည်ဟု သိရသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ အနီးရှိ သရက်အုပ် မွတ်ဆလင်ကျေးရွာလည်း မီးရှို့ခံရပြီး မြောက်ဦးမြို့နယ် ပုရိန်တွင်လည်း ပုရိန် ရခိုင်ရွာနှင့် မွတ်ဆလင်ရွာ အကြား တိုက်ခိုက်မူများ ပေါ်ပေါက်နေသည်ဟု သိရသည်။

တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲမူများ ပေါ်ပေါက်နေပြီး အသေးစိတ် အခြေအနေကို သိရှိနိုင်ခြင်း မရှိသေးပါ။ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ငြိမ်သက်အောင် ထိန်းသိမ်းနေကြောင်း သိရသည်။

နိရဉ္စရာ

ကျော်ဖြတ်ရမဲ့ ဒီည


ဒီနေ့ အရေးခင်းမာ ရခိုင် ၃ ယောက်ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရပါတယ်။ အဲဒီရွာက ကလေးနဲ့ သက်ကြီးရွယ်အိုတွေကတော့ မြို့ပေါ်ရောက်နေ ကြပါပြီ။

အခုတော့ တိန်ညို ပေါက်တောပြင်နဲ့ တခြားရွာကလူတွေဟာ မြောက်ဦးမြို့ပေါ်က လူတွေနဲ့ ပူးပေါင်းပြီး ပရိန်ကုလားရွာဖက်ကို ချီတက်သွားကြပါတယ်။ ဒီလူတွေအားလုံးတွက် ထမင်းကို မြို့ပေါ်က ပို့ပေးပါတယ်။

ဒါကြောင့် ဘာတွေ ကြားလာရမလဲဆိုတဲ့ သတင်းဟာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ချီတက်သွားတဲ့ လူတွေထဲမှာ ဖုန်းပါသွားတဲ့အတွက်လဲ တခုခုဖြစ်ရင် ချက်ချင်း သတင်းရမှာ ဖြစ်ပါတယ်။

ခုချိန်မှာတော့ မြို့ပေါ်မှာ လူအနည်းငယ်သာ အသွားအလာရှိပြီး မနက်ဖြန်ဆို ညမထွက်ရ အမိန့်ထုတ်မယ်လို့ ကြားပါတယ်။
facebook