Wednesday, July 20, 2016

အက်ဆစ်စက်ရုံပြောင်းရွှေ့ သင့်ကြောင်း အေအိုင်အကြံပြု



20 July 2016

ဆားလင်းကြီးမြို့ရှိ ဆာလ်ဖျူရစ် အက်စစ်စက်ရုံအနီးတွင် လယ်ယာလုပ်ကိုင်နေကြသည်ကို တွေ့ရစဉ်။ Photo: Amnesty International

Amnesty International လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ကျေးရွာနှစ်ရွာ အနီးမှာရှိနေတဲ့ ဆာလဖျုရစ်အက်စစ် စက်ရုံကို မြန်မာအစိုးရအနေနဲ့ ရွှေ့ပြောင်းနေရာချထားဖို့ အမိန့်ထုတ်ပြန်သင့်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ စိုးရိမ်မှုတွေ လျော့ကျသွားအောင် စက်ရုံကို ပြောင်းရွှေ့သင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ထံကို တိုင်းအစိုးရကလည်း မှတ်ချက်ပြုတင်ပြထားတယ်လို့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။
ဆာလဖျူရစ်အက်ဆစ်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ဘေးပတ်ဝန်းကျင်ရွာတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနေတယ်ဆိုတာ ကို ဒေသခံတွေရဲ့ ပြောပြချက်တွေ စုစည်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့လည်း ဦးမြင့်ကြည်က ပြောပါတယ်။

စက်ရုံနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ကံကုန်းကျေးရွာက ဒေသခံတွေဟာ စက်ရုံကထွက်တဲ့ အက်ဆစ်နံ့တွေ ကြောင့် အသက်ရှုလမ်းကြောင်း၊ အရေပြားနဲ့ မျက်လုံးရော ဂါတွေ ခံစားနေရတယ်လို့ AI အဖွဲ့ သွားရောက်လေ့လာစဉ် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစိုးရသစ်လက်ထက်မှာ အသစ်တင်မြှောက်လိုက်တဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စက်ရုံကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေကို ဆန်းစစ်မှု မပြီးမချင်း လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ကို သက်တမ်းမတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဗဟိုအစိုးရဌာန အဖွဲ့အစည်းတစ်ခုက ဆက်လက်လည်ပတ်ခွင့်ပြုနေတာဖြစ်တယ်လို့လည်း AI အဖွဲ့က ဆိုပါတယ်။
အစိုးရသစ်အနေနဲ့ အဲ့ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်နစ်နာနေတဲ့ ပြည်သူတွေနဲ့ ညှိနိုင်းဆွေးနွေးပြီး တဲ့အထိ သတ္တုတွင်းလုပ်ငန်းလည်ပတ်မှုတွေ ကို ရပ်ဆိုင်းထားသင့်ကြောင်း အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လက အက်ဆစ်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် စက်ရုံအနီးမှာရှိတဲ့ စာသင်ကျောင်း မှာ ကလေးတွေ ကျောင်းမတက်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီစက်ရုံဟာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က လုပ်ကိုင်နေတာဖြစ်ပြီး ဒီနှစ် အောက်တိုဘာလမှာ စက်ရုံလည်ပတ်ခွင့် သက်တမ်းကုန်ဆုံး မှာ ဖြစ်ပါတယ်။

RFA Burmese

အလုပ်သမား ၈၀ ကျော် ကို လျော်ကြေးငွေပေး



20 July 2016


လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေက အလုပ်ထုတ် နစ်နာကြေးရရှိဖို့နဲ့ လုပ်သက်လျော်ကြေးကို အမြန်ဆုံးပေးဖို့ ဇူလိုင်လ ၁၆ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်။ Photo: Kyaw Zaw Win/ RFA
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ် စက်ရုံက စက်ရုံရပ်နားလိုက်တဲ့အတွက် အလုပ်သမား ၈၅ ယောက်ကို စက်ရုံပိတ်နစ်နာကြေးနဲ့ လုပ်သက်အလိုက် လျော်ကြေးငွေတွေ ထုတ်ပေးနေပါတယ်။

စက်ရုံပိတ်နစ်နာကြေးနဲ့ လုပ်သက်အလိုက် လျော်ကြေးငွေ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ နီးပါးကို စက်ရုံဘက်က ပြန်ပေးတာဖြစ်ပြီး ဒီနေ့ အပြီးသတ်ထုတ်ပေး မှာ ဖြစ်တယ်လို့ အလုပ်သမား ခေါင်းဆောင် မ၀င်းဝင်းစိုး က ပြောပါတယ်။

စက်ရုံပိတ်သိမ်းမယ်ဆိုရင် အလုပ်သမားတွေကို တစ်လကြိုတင်အသိပေးရမှာ ဖြစ်ပြီး ကြိုတင် အသိမပေးဘဲ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ပိတ်သိမ်းလိုက် တာကြောင့် စက်ရုံပိတ်နစ်နာကြေးအဖြစ် အလုပ်သမားတွေရဲ့ လစာငွေ တစ်လစာစီကို ပေးရတာဖြစ်ပါတယ်။

ဒါ့အပြင် တစ်နှစ်မှာ ၁၀ ရက် လုပ်သက်ခွင့်ရတာကို ခွင့်မယူဘဲ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတွေ အတွက် လုပ်သက်ခွင့်လစာတွေကို စက်ရုံဘက်က လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပေးမှာ ဖြစ်ပါတယ်။

လ၀န်းထက်သာ အထည်ချုပ်စက်ရုံဟာ ၂၀၁၃ ခုနှစ်က စပြီး အလုပ်သမား ၁၀၀၀ နီးပါးနဲ့ ကိုးရီးယားအနွေးထည်တွေ၊ ကုတ်အင်္ကျီနဲ့ ဘောင်းဘီတွေကို ချုပ်လုပ် ခဲ့တာဖြစ်ပါတယ်။

စက်ရုံဘက်က လုပ်ခလစာတွေ အချိန်မှန်မပေးတာကြောင့် အလုပ်ကနေ နှုတ်ထွက်သူတွေ များလာပြီး လုပ်သက် ၃ လကနေ ၃ နှစ်ကျော်အထိရှိတဲ့ အလုပ် သမား ၈၅ ယောက်သာ ကျန်နေတာ ဖြစ်ပါတယ်။

RFA Burmese

မဟာချိုင်မြန်မာလုပ်သားများအရေး သံရုံးတာဝန်ယူမှု အားနည်း



21 July 2016

Burmese Migrants workers kick off from Factory in Thailand- Photo Credit to Ye Min FB
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အပြီး ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ အသားလုံးစက်ရုံက အလုပ်သမားတွေ ဥပဒေပါ အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် မြန်မာအလုပ်သမား သံအရာရှိကို သွားရောက်အကူအညီ တောင်းခံခဲ့ရာမှာ တာဝန်ယူမှု မရှိတာကြောင့်ဆိုကာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို တိုင်ကြားမှု လုပ်ခဲ့ပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံခရီးစဉ်က ပြန်သွားအပြီးမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အဖမ်းဆီးခံရတာတွေ အလုပ်ဖြုတ်ခံရတွေ စတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံဘက်ကနေ ဥပဒေနဲ့အညီ အလုပ်သမားတင်သွင်းမှုတွေ မလုပ်ခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက အရေးယူမှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ဆိုခဲ့တာပါ။

ဒါပေမဲ့ ဥပဒေနဲ့အညီ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက အကူညီပေးဖို့ လိုအပ်တာကြောင့် သွားရောက်အကူညီ တောင်းခဲ့ရာမှာတော့ တာဝန်ယူမှုမရှိတဲ့အတွက် မြန်မာအလုပ်သမား သံအရာရှိတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှု လုပ်ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း က ဆိုပါတယ်။

“အဲဒီအလုပ်သမားတွေဟာ မနက် ၅ နာရီမှာ အလုပ်ဝင်ရတယ်။ မွန်းလွဲ ၂ နာရီအထိ လုပ်ရတယ်။ အဲဒီလောက် လုပ်တာတောင်မှ သူတို့က တရက်ကို ၂၀၀ ပဲရတယ်။ သူတို့ အဲ့ဒီလို အချိန်အများကြီး လုပ်ရတဲ့အထဲမှာ ကြားထဲမှာ နားတဲ့အချိန်ဆိုတာလည်း မရှိဘူး။ ဒီအလုပ်သမားတွေဟာ ထိုင်းမှာသတ်မှတ်ထားတဲ့ မနက် ၈ ည ၅ ထက် ပိုများနေတာက တပိုင်း၊ နောက်တချက်က အလုပ်သမားတွေကို ညှဉ်းပန်းနှိပ်စက်တာက တပိုင်း ဆိုတော့ အလုပ်သမား ဥပဒေကြောင်းအရဆိုရင် ငြိနေတယ်။ အဲဒါကြောင့် ဒါကို စာသေသေချာချာရေးပြီးတော့ မဟာချိုင်မြို့ ဒီလမ်းဒီနေရာမှာရှိတဲ့ အလုပ်သမားအရေအတွက်က ဘယ်လောက် ဘယ်လောက် နာမည်ကတော့ ဘယ်သူ ဘယ်သူဆိုပြီးတော့ အလုပ်သမားတွေရဲ့ဓာတ်ပုံ၊ လိပ်စာတွေ အပြည့်အစုံပေးပြီးတော့ ကာယကံရှင် အလုပ်သမားကောင်မလေးကို ကျနော်တို့ ခေါ်ထုတ်လာပြီးတော့မှ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ သွားပြီးတော့ ကျနော်တို့ရဲ့ ရုံးအဖွဲ့မှူး ကိုအောင်မြတ်သူကို သွားပြီးတော့မှ အမှုဖွင့် တိုင်ကြားခိုင်းတယ်။ အလုပ်သမားသံအရာရှိက ဘာပြောလဲဆိုတော့ နှစ်နိုင်ငံဆက်ဆံရေးအရတဲ့ ငါတို့က သံရေးတမန်ရေးအရ လာတာတဲ့။ ဒီလိုသွားပြီးတော့ စစ်လို့ရှိရင် နှစ်နိုင်ငံ ပြဿနာ တက်မှာပေါ့တဲ့။ မျက်နှာပူစရာဖြစ်မယ့်ကိစ္စ ဆိုပြီးတော့ ပယ်လိုက်တယ်ဗျ။ ကျနော်တို့တွေ အပေါ်မှာရော၊ အလုပ်သမားတွေ အပေါ်မှာပါ သနားညှာတာမှု၊ ကိုယ်ချင်းစာနာမှုမရှိတဲ့ အလုပ်သမား သံအရာရှိတွေနဲ့ ထိုင်းရောက် အလုပ်သမားတွေအတွက် ဘာမှ အကာအကွယ် အကူအညီ ရနိုင်စရာ မရှိတဲ့အတွက် ကျနော်တို့က နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်အထိ တိုင်ကြားရတာ ဖြစ်ပါတယ်။”

ဒီလိုတိုင်ကြားတာဟာ ဒေါ်အောင်ဆန်းစုကြည်လာတုန်းက အလုပ်သမားတွေကို အကာကွယ်ပေးဖို့ ကိစ္စတွေကို မှာကြားခဲ့တာကြောင့် အခုလို တိုင်ကြားရတာ ဖြစ်တယ်လို့လည်း ဆက်ပြောပြပါတယ်။

“ကျနော်တို့က အချက်အလက် ခိုင်ခိုင်မာမာနဲ့ ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့တဲ့အတိုင်း မြန်မာနိုင်ငံသားနဲ့ ပတ်သက်ပြီးတော့ သံရုံးကို အားလုံး လာပြီးတော့ အကူအညီတောင်းပါ။ အကူအညီတောင်းလာတာကို ဖြေရှင်းပေးဖို့တာဝန်က အစိုးရတာဝန်ဖြစ်တယ်။ လာပြီးတော့ အကူအညီတောင်းတဲ့သူကို အကူအညီ မပေးချင်ဘူးဆိုရင် အစိုးရမလုပ်နဲ့ပေါ့ဆိုပြီးတော့ ပြောခဲ့တယ်။”

ဒီလိုအလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တခုက တိုင်ကြားမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတဦးဖြစ်တဲ့ ဦးမိုးအောင်ခိုင်ကတော့ သူတာဝန်ယူခဲ့တဲ့ ၄ လတာ ကာလအတွင်းမှာ အလုပ်သမားရေးကိစ္စတွေကို တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ကတော့ ဒီမှာ လုပ်နိုင်သမျှ အကုန်လုံး လုပ်ပေးနေတယ်။ ကျနော်တို့ လုပ်ပေးလို့ ရသွားတဲ့ဟာတွေလည်း အများကြီး။ တိုင်တဲ့အတွက် ကျနော်တို့ ဖြေရှင်းပေးနေတာတွေလည်း အများကြီးပဲ။ ကျနော်တို့မှာ အကုန်လုံး အထောက်အထားတွေ ရှိပါတယ်။ သူတို့တိုင်ထားတယ် ဆိုတာက ကျနော်တို့ကို ဘာအထောက်အထားနဲ့ တိုင်တာလဲ။ ဥပဒေလမ်းကြောင်းပေါ်မှာ ကျနော်တို့ရှိပါတယ်။ ဥပဒေနဲ့ ကျနော်တို့လုပ်တယ်။ ထိုင်းနိုင်ငံရဲ့ဥပဒေရှိတယ်။ လေးစားလိုက်နာတယ်။ ဥပဒေအတိုင်းပဲ ကျနော်တို့ လုပ်ပေးပါတယ်။ နောက်တခုက လူပေါင်း ဒီမှာ ၂ သန်းကျော် ၃ သန်းရှိတယ်။ ကျနော်တို့ဆီမှာ လေဘာ (အလုပ်သမား) လူကြီး ဆိုလို့ ၂ ယောက်ပဲရှိတယ်။ ၂ ယောက်တည်းနဲ့ ကျနော်တို့ ဆက်ပြီး လုပ်နေတာ။ နောက်ပြီးတော့ ကျနော်တို့ ဇွတ်သွားတာလေးတွေလည်း ရှိမယ်။ လုပ်နိုင်တဲ့ဟာလေးတွေကိုတော့ စောစောစီးစီးမှာ ကျနော်တို့ လုပ်ပေးနေတယ်။ ကျနော်တို့ တာဝန်ကျတာ ၄ လအတွင်းမှာ အကောင်းဆုံး လုပ်ပေးနေတယ်။ ၁၀ ရက် ၄ လပိုင်းကစပြီး ကျနော်တို့ တာဝန်ထမ်းဆောင်တယ်။ record တွေကိုလည်း နေပြည်တော်အထိ တင်ထားပေးပါတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ကူညီခဲ့တဲ့ ၁၃ နှစ်တာ ကာလအတွင်းမှာ ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမားတွေ ၈၀၀၀ ထက်မနည်းကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကယ်ဆယ်ရေး လုပ်ခဲ့သလို လွန်ခဲ့တဲ့ တနှစ်ခွဲခန့်ကစပြီး မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ ဖွဲ့စည်းတဲ့အခါမှာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတွေနဲ့ အလုပ်သမားရေးရာ ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းမှုတွေ လုပ်ခဲ့တာကြောင့် တချို့ လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမားတွေကို ကယ်ဆယ်ရေးလုပ်တဲ့အခါမှာ အဆင်ပြေမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာသံရုံးအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အလေးထား လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါမှသာ ထိုင်းနိုင်ငံတွင်းမှာ သန်းနဲ့ချီပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို ရရှိမှာဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါ တယ်ရှင်။

 မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

မလေးရှားတွင် ထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား ၁၀၀ ကျော် ထပ်မံရောက်ရှိ

July 21, 2016
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်လာသော မြန်မာနိုင်ငံသားများကို ဇူလိုင်၂၀ ရက်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ−နစ်ကီ)

မလေးရှားနိုင်ငံ ထိန်း သိမ်းရေးစခန်းများရှိ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော မြန်မာ နိုင်ငံသားများကို မလေးရှားရောက် မြန်မာလူမှုအသင်းအဖွဲ့အစည်း များကစုပေါင်းကာ လေယာဉ်လက်မှတ်ဝယ်ပေးပြီး ပြန်ပို့ပေး၍ တတိယအသုတ်အဖြစ် အကျဉ်းကျခံ မြန်မာလုပ်သား ၆၈ ဦး ပြန်လည် ရောက်ရှိလာကြောင်း သတင်းရရှိ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၁)နှစ်ပြည့် မွေးနေ့ ကုသိုလ်အဖြစ် အသောကကျန်း မာရေးဖောင်ဒေးရှင်း (မလေးရှား) က လူဦးရေ ၄၀ ဦးနှင့် ကျန်လူမှု ရေးအသင်းများက ၂၈ ဦး စုစု ပေါင်း ၆၈ ဦးသည် ဇူလိုင် ၂၀ ရက်က ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

‘‘ဦးပဉ္စင်းတို့ အသောကကျန်း မာရေးဖောင်ဒေးရှင်းက လူဦးရေ ၄၀ စာအတွက် လေယာဉ်လက် မှတ်ဖိုး လှူဒါန်းတာပေါ့။ ဒီရောက် တော့လည်း သူတို့နေရပ်ပြန်နိုင် ရေးအတွက် တစ်ဦးကို နှစ်သောင်း စီ ထပ်မံပေးသွားပါမယ်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ အဖြစ် ကုသိုလ်ပြုပေးတာပါ’’ဟု အသောကကျန်းမာရေးဖောင်ဒေး ရှင်း နာယက ဆရာတော်အရှင်ကေသရက မိန့်ကြားသည်။

မြန်မာနိုင်ငံသား ၆၈ ဦးအ ပြင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးကစိစစ်၍ ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား ၅၁ ဦးလည်း အတူတကွ ပြန်လည် ရောက်ရှိလာခဲ့သည်။

ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများသည် Bela-ntik Camp နှင့် Tenah Merah Camp တို့တွင် ထိန်းသိမ်းခံထားရသူများဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

‘‘လူမှုရေးအသင်းတွေက လေယာဉ်လက်မှတ်ဖိုးတွေ ပေး လှူတာပေါ့။ သံရုံးကမြန်မာနိုင်ငံ သား ဟုတ်၊ မဟုတ် စိစစ်ပြီး လက်မှတ်ထုတ်ပေးတာတွေ၊ လေဆိပ် ကိုပို့ပေးတာတွေ လုပ်ရတာပေါ့’’ ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကုသိုလ်အဖြစ် မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးကဦး ဆောင်ပြီး မလေးရှားရောက် မြန်မာအသင်းအဖွဲ့အစည်းများက လေယာဉ်လက်မှတ်ဝယ်ပေး၍ ပြန်ပို့ပေးရာ ဇူလိုင် ၁၃ ရက်၌ ၁၀၀ ဦးပြန်လည်ရောက်ရှိလာပြီး ဇူလိုင် ၁၄ ရက်တွင် ၁၁၃ ဦး ပြန် လည်ရောက်ရှိလာခဲ့သည်။

ယခင်က ပြစ်ဒဏ်ကျခံပြီး နေရပ်ပြန်လိုသူများသည် မြန်မာ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံ စာအပါအ၀င် အခြားဝန်ဆောင်မှု များနှင့် လေယာဉ်လက်မှတ်ခ ရင်းဂစ် ၆၅၀ ပေးဆောင်နိုင်မှသာ ပြန်ခွင့်ရရှိခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်း ရေးစခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား ၅,၀၀၀ ကျော်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၂၀၁၅ အတွင်း ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများကို ထိန်းသိမ်းထားသည့်
ထိန်းသိမ်းရေးစခန်း ၁၁ ခုရှိရာ စခန်းတစ်ခုလျှင် မြန်မာနိုင်ငံသား၄၀၀ ခန့်ရှိကြောင်း သတင်းရရှိသည်။

7 Day News

မြန်မာလုပ်သားတစ်ဦးကို ထိုင်းအလုပ်ရှင်က သံကြိုးဖြင့် ရိုက်နှက်နှိပ်စက်



Thursday, July 21, 2016

ထိုင်းနိုင်ငံ နခွန်ပထုံမြို့နယ်တွင် သံပိုက်လုပ်ငန်းလုပ်ကိုင် သော အသက်(၂၇)နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးကို အ လုပ်ရှင်သူဌေးက သံကြိုးဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညွှန်ကြားမှုဖြင့်အလုပ်ရှင်သူဌေးအား အမှုဖွင့်၍ တိုင်ကြားထားကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၂၀ ရက်က နခွန်ပထုံ မြို့နယ် အုန်းရိုင်းနယ်မြေရှိ PPCသံပိုက်လုပ်ငန်း၌ လုပ်ကိုင်နေသူ အသက်(၂၇)နှစ်အရွယ် မြန်မာ လုပ်သား ဇော်အောင်မြင့်ကို အလုပ်ရှင်သူဌေးက အခန်းတံခါးပိတ်ကာ သံကြိုးဖြင့် အပြင်းအထန် ရိုက်နှက်သောကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညွှန်ကြားမှုဖြင့် အလုပ်ရှင်သူဌေးကို အမှုဖွင့် တိုင်ကြားထားကြောင်း မဟာချိုင်မြို့အခြေစိုက် မြန်မာလုပ်သားများအား ကူညီပေးနေ သော  AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

‘‘လင်မယား နှစ်ယောက် စကားများလို့ဆိုပြီး အခန်းတံခါးပိတ်ပြီး သံကြိုးနဲ့ ရိုက်တာ။ ရဲကားတွေလာမှ ရပ်တာလို့ သိရတယ်။ ရိုက်တာတော့ အသေရိုက်တဲ့ သဘောပဲ။ အခုလောလောဆယ် တော့ ဆေးရုံပို့ထားပါတယ်’’ဟု AAC မဟာမိတ်အဖွဲ့မှ ကိုခိုင်ကြီး က ပြောသည်။

‘‘ဒဏ်ရာကလည်း တော်တော်များနေလို့ သံရုံးကို အကြောင်းကြားတယ်။ သံအမတ်ကြီးကလည်း အမှုဖွင့်ပါပေါ့။ လိုအပ်တဲ့ စာရွက်တွေနဲ့ အကူအညီတွေပေးမယ်လို့ ပြောပါတယ်။ သူဌေးက ဒီနေ့ ရဲစခန်းကိုခေါ်တာ မလာဘူး။ မနက်ဖြန်တော့ ထပ်ပြီးဖိအားပေးရဦးမယ်’’ဟု ကိုရဲမင်းက ပြောသည်။
သံကြိုးဖြင့် ရိုက်နှက်သော ထိုင်းအလုပ်ရှင်ကို ဘိုကဲလ်နယ် မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြား ထားပြီး ဒဏ်ရာရရှိသော မြန်မာ လုပ်သား ဇော်အောင်မြင့်သည် ကထူးပန်ဆေးရုံ၌ ဆေးကုသမှုခံ ယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

7 Day News







 Credit to Ye Min for photos

The Trust (2016) မြန်မာစာတန်းထိုး

မင်းသားကြီး နီကိုလပ်ကေ့စ် ရဲ့ ၂၀၁၆ ထွက် စုံထောက်ကားလေးတကားနဲ့
မိတ်ဆက်ပေးပရစေ။ဇာတ်ကားလေးကတော့ IMDb rating 5.4/10 ရရှိထားပြီး
စိတ်ဝင်စားဖို့အတော်ကောင်းတာကိုတွေ့ရပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ LVPD ရဲ့ သက်သေခံပစ္စည်းထိန်းသိမ်းရေး
တာဝန်ခံ နီကိုလပ်ကေ့စ်ဟာ တရက် မထင်မှတ်ဘဲ ကားတစ်စီးကို သိမ်းမိရာမှာ
ကား အင်ဂျင်ဘလောက်တုန်းအတွင်းမှ ဘိန်းဖြူများအားတွေ့ရှိပြီး
ဘိန်းမှောင်ခိုဂိုဏ်းကို ဆက်စပ် စုံစမ်းရာမှ ဘိန်းမှောင်ခိုင်ဂိုဏ်း၏
ဘိန်းများနှင့် ပိုက်ဆံများအား သိမ်းဆည်းထားရာ နေရာအား စုံစမ်းမိပြီး
ဘယ်လိုတွေများ လမ်းမှားလိုက်မိမလဲ လောဘတက်ပြီး ဘယ်လိုတွေဖြစ်မလဲ
ဆိုတာ သိခြင်ပါက ဒီ ယုံကြည်မှုလို့ အမည်ရတဲ့ကားလေးကို ကြည့်လိုက်ကြပါလို့
အကြံပြုလိုက်ပါရစေ။

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85

နမူနာကြည့်ရန်

Papillon (1973) မြန်မာစာတန်းထိုး

Papillon ရုပ်ရှင်ဟာ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တစ်ကျွန်းကျ အကျဉ်းသား

တစ်ယောက်ရဲ့ ထောင်ဇာတ်လမ်း ရုပ်ရှင်ဖြစ်ပါတယ်။

ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ ပြင်သစ်အကျဉ်းသား အွန်ရီ ရှာရန်း ရဲ့

ကိုယ်တိုင်ရေး အတ္ထုပတ္တိစာအုပ်ကို ရုပ်ရှင် ပြန်လည်ရိုက်ကူးခဲ့တာပါ။

မြန်မာပြည်မှာ ၁၉၈၂ ခုနှစ်က စာရေးဆရာ ဦးလှဝင်း (လေသူရဲ တစ်ဦး ) က

'ပါပီလွန် နှင့် ဗင်ကို' အမည်နဲ့ ဘာသာပြန်ခဲ့ပါတယ်။ လူကြိုက်များခဲ့ပါတယ်။

မဖတ်ရသေးရင် ဖတ်ကြည့်ကြပါ။

ဒီရုပ်ရှင်ကို ဝေးလံတဲ့ဒေသတွေမှာ သွားရောက်ရိုက်ကူးခဲ့ရတဲ့အတွက် အဲဒီ

အချိနိတုန်းက အတော်များတဲ့ ကုန်ကျစရိတ် ဒေါ်လာ ၁၂သန်းခန့် ကုန်ကျခဲ့ပါ

တယ်။

ဒါပေမယ့် ရုံတင်ပြီး ပထမတနှစ်အတွင်းမှာတင် ဝင်ငွေနှစ်ဆမက မြတ်ခဲ့ပါတယ်။

Imdb rating 8 ရရှိထားပါတယ်။

(ဇာတ်ကားကို ဘာသာပြန်ပြီး အညွှန်းပါ ရေးပေးသူကတော့ KO MYO (WAKEMA) ပဲ ဖြစ်ပါတယ်)


File Size >>> 1GB / 541 Mb

Quality >>> Blurayrip 720p

Duration >>> 2 hr 30 min

Subtitle >>> Myanmar (hardsub)


Encoder >>> seniorkaung

Download and watch via pCloud (Big size higher quality)

Download and watch via pCloud (Small size lower quality)

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85


နမူနာကြည့်ရန်


ရွှေရောင် သံလိုက် အိမ်မြှောင် (၂၀၀၇) မြန်မာစာတန်းထိုး

ဝိဥာဉ်တွေက ခန္ဓာကိုယ်ထဲမှာ နေကြတယ်... ငါတို့ ကမ္ဘာမှာတော့... ငါတို့ဝိဥာဉ်တွေက ငါတို့ဘေးမှာလမ်းလျှောက်ပြီးနေကြတယ်လေ။

နိဒါန်းလေးကြည့်လိုက်ရုံနဲ့ အရမ်းစိတ်ဝင်စားမိမှာ ပဲဆိုတာမြေကြီးလက်ခတ်မလွဲပါပဲ.... လိုင်ရာ တစ်ယောက်ကလေးချင်းစကြနောက်ကြရင်းနဲ့ မထင်မှတ်ပဲ အရေးကြီးကိစ္စတစ်ခုထဲရောက်သွားပါတော့တယ် သူကိုယ်တိုင်ကလည်းအဖိုးတန်ရတနာလေးဖြစ်နေပါတယ်..

လိုင်ရာကတစ်ဦးတည်းသောအမှန်တရားကို ဖတ်နိုင်သူလေးဖြစ်နေတာပါ.. ကဲ လိုင်ရာတစ်ယောက် ဘယ်လိုအမှန်တရားတွေရှာမယ်.. ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ...အခုပဲကြည့်လိုက်ကြစို့ဗျား


File Size         : 800 MB
Quality           : Blu ray 720P
Running Time : 1hr 53 minute
Format           : Mp4
Genre             : Adventure,Fantasy, Family
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်) 

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85
နမူနာကြည့်ရန် 
 

From Beijing with Love (1994) မြန်မာစာတန်းထိုး

ကျွန်တော့်အကြိုက်ဆုံးတွေထဲက တစ်ခုဖြစ်တဲ့ မင်းသားကြီးစတီဖင်ချောင်ရဲ့
Action, Comedy, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့.....
စတီဖင်ချောင်ဟာ အမူအကျင့် စတိုင် အတွေးအခေါ် အရာမှာ ဂျိမ်းစ်ဘွန်းနဲ့ နင်လား ငါလား ခွဲခြားမရနိုင်အောင်တူတယ်လို့ 
ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပေမယ့် အထက်ဌာနကတော့ သူ့ကို IQ မမှီတဲ့ အေးဂျင့်တစ်ယောက်အဖြစ် သတ်မှတ်ပြီး ဖိုင်ပိတ်ချိတ်ပိတ်ထားခဲ့တာ ကြာလှပါပြီ။
တစ်နေ့မှာတော့ တရုတ်ပြည်ရဲ့ နံပါတ်တစ်ရတနာဟာ လွန်စွာထူးဆန်းလှတဲ့ လူတစ်စုကြောင့်
လုယက်ခံလိုက်ရပါတယ်။အဲ့ဒီကိစ္စမှာ စတေးဖို့လူလိုနေတာနဲ့ IQ မမှီဘူးလို့သူတို့သတ်မှတ်ထားတဲ့
စတီဖင်ချောင်ကို ထိုးထည့်ဖို့ကြံစည်ကြပါတယ်။
စတီဖင်ချောင်ကလဲ ဂျိမ်းစ်ဘွန်းလို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားသူဖြစ်ရာ သေပင်သေသေ
ဒီကိစ္စအရှုပ်ထဲကို အလွယ်တကူလက်ခံဝင်ရောက်ခဲ့ပါတယ်။
တရုတ်ပြည်ရဲ့ နံပါတ်တစ်ရတနာကို ပြန်ရဖို့အတွက် 
စတီဖင်ချောင်တစ်ယောက် အခက်အခဲ..အကြပ်အတည်း ..ထောင်ချောက်တွေထဲမှာ
သူ့ရဲ့အစွမ်းကို ဘယ်လိုထုတ်သုံးမလဲဆိုတာ.........။
ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကို ဟာသသဘောမျိုးတင်ဆက်ထားရာမှာ အတော်ပဲထိရောက်ပြီး
ကြည့်နေတဲ့တစ်ချိန်လုံး သဘောကျ နှစ်ခြိုက်မိတဲ့ဇာတ်ကားပါ။
Rating အနေနဲ့လဲ IMDb မှာ (7.2/10)ထိရရှိထားတဲ့ ဇာတ်ကားပါ။
(ဒီဇာတ်ကားရဲ့မြန်မာစာတန်းထိုးကို Chuck Chuck မှခံစားတင်ဆက်ထားပါတယ်။)


File size...(850MB) 
Quality...Blu-ray Rip 720p
 

Format...mp4
Duration....01:23:38
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 
Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(350MB)

  


http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85
နမူနာကြည့်ရန်

မင်းနဲ့မတွေ့ခင်အချိန်အထိ (၂၀၁၆)မြန်မာစာတန်းထိုး

Louisa  Clark ဆိုတဲ့မိန်းကလေးဟာ ငယ်ရွယ်သွက်လက်ပြီး ပျော်ပျော်နေတတ်သူ။ သူ့မိသားစုအတွက်ဆိုပြီး အလုပ်တွေတစ်ခုပြီးတစ်ခုပြောင်းလုပ်နေရတယ်။ သို့ပေမဲ့ တစ်ရက်မှာတော့ Clark ဟာ အက်စီးဒင့်ဖြစ်လို့ အောက်ပိုင်းသေနေတဲ့ Will Treynor ဆိုတဲ့ လူငယ်သူဌေးလေးတစ်ယောက်ကို ပြုစုစောင့်ရှောက် ပေးရမဲ့ caregiver ဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့ ပျော်ပျော်နေတတ်တဲ့ စိတ်ထားဟာ နှစ်ယောက်လုံးအပေါ်မှာ သက်ရောက်လာပါတော့တယ်။ သူ့ကြောင့် Will ဟာ အသက်ဘာကြောင့်ရှင်သန်သင့်သလဲဆိုပြီး အောက်ပိုင်းသေနေပေမဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ရင်ဆိုင်ချင်တဲ့စိတ်တွေဖြစ်လာတဲ့အပြင် နှစ်ယောက်ကြားမှာလည်း ဘယ်သူမှမမှန်းဆနိုင် မသိနိုင်တဲ့ သံယောဇဉ်တွေဖြစ်ပေါ်လာပါတော့တယ်။ Game Of thrones ထဲမှာ နဂါးမိခင်အဖြစ် သရုပ်ဆောင်တဲ့ ခယ်လီဆီ (Emilia Clarke) မင်းသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။IMDB Rating 7.6 အထိ ရထားတဲ့ ကားပါ။

File Size         : 930 MB
Quality           : Blu ray 720P
Running Time : 1hr 50 minute
Format           : Mp4
Genre             : Drama, Romance
Encoder         : Than Htike Zaw


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဘာသာပြန်သူကတော့ မေ ဖြစ်ပြီး အညွန်းကိုတော့  Datshin Page မှ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်) 
http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85

နမူနာကြည့်ရန်