Wednesday, July 20, 2016

မြန်မာလုပ်သားတစ်ဦးကို ထိုင်းအလုပ်ရှင်က သံကြိုးဖြင့် ရိုက်နှက်နှိပ်စက်



Thursday, July 21, 2016

ထိုင်းနိုင်ငံ နခွန်ပထုံမြို့နယ်တွင် သံပိုက်လုပ်ငန်းလုပ်ကိုင် သော အသက်(၂၇)နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးကို အ လုပ်ရှင်သူဌေးက သံကြိုးဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညွှန်ကြားမှုဖြင့်အလုပ်ရှင်သူဌေးအား အမှုဖွင့်၍ တိုင်ကြားထားကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၂၀ ရက်က နခွန်ပထုံ မြို့နယ် အုန်းရိုင်းနယ်မြေရှိ PPCသံပိုက်လုပ်ငန်း၌ လုပ်ကိုင်နေသူ အသက်(၂၇)နှစ်အရွယ် မြန်မာ လုပ်သား ဇော်အောင်မြင့်ကို အလုပ်ရှင်သူဌေးက အခန်းတံခါးပိတ်ကာ သံကြိုးဖြင့် အပြင်းအထန် ရိုက်နှက်သောကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညွှန်ကြားမှုဖြင့် အလုပ်ရှင်သူဌေးကို အမှုဖွင့် တိုင်ကြားထားကြောင်း မဟာချိုင်မြို့အခြေစိုက် မြန်မာလုပ်သားများအား ကူညီပေးနေ သော  AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

‘‘လင်မယား နှစ်ယောက် စကားများလို့ဆိုပြီး အခန်းတံခါးပိတ်ပြီး သံကြိုးနဲ့ ရိုက်တာ။ ရဲကားတွေလာမှ ရပ်တာလို့ သိရတယ်။ ရိုက်တာတော့ အသေရိုက်တဲ့ သဘောပဲ။ အခုလောလောဆယ် တော့ ဆေးရုံပို့ထားပါတယ်’’ဟု AAC မဟာမိတ်အဖွဲ့မှ ကိုခိုင်ကြီး က ပြောသည်။

‘‘ဒဏ်ရာကလည်း တော်တော်များနေလို့ သံရုံးကို အကြောင်းကြားတယ်။ သံအမတ်ကြီးကလည်း အမှုဖွင့်ပါပေါ့။ လိုအပ်တဲ့ စာရွက်တွေနဲ့ အကူအညီတွေပေးမယ်လို့ ပြောပါတယ်။ သူဌေးက ဒီနေ့ ရဲစခန်းကိုခေါ်တာ မလာဘူး။ မနက်ဖြန်တော့ ထပ်ပြီးဖိအားပေးရဦးမယ်’’ဟု ကိုရဲမင်းက ပြောသည်။
သံကြိုးဖြင့် ရိုက်နှက်သော ထိုင်းအလုပ်ရှင်ကို ဘိုကဲလ်နယ် မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြား ထားပြီး ဒဏ်ရာရရှိသော မြန်မာ လုပ်သား ဇော်အောင်မြင့်သည် ကထူးပန်ဆေးရုံ၌ ဆေးကုသမှုခံ ယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

7 Day News







 Credit to Ye Min for photos

No comments:

Post a Comment