Monday, October 8, 2012

ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့နယ်သို့ သွားရောက်မည်



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၁.၁၀.၂၀၁၂ နေ့(ကြာသပတေးနေ့) နံနက်(၈)နာရီမှ နေ့ လယ် (၁၂) နာရီအထိ သုံးခွမြို့နယ်သို့ သွားရောက်မည် ဖြစ်ပါသည်။

သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၊ မြို့နယ် တရားရေးရုံး ၊ ကျန်းမာရေးဌာန နဲ့  ပညာရေးဌာနတွေကို သွားရောက်ကာ တာဝန်ရှိသူတွေနဲ့  တွေ့ဆုံဖို့ ရှိပါသည်။

အဲဒီနောက် သုံးခွမြို့ NLD ရုံးချုပ်မှာ ကော်မရှင် ဖွဲ့ စည်းရေး အစည်းအဝေးကို တက်ရောက်ဖို့ ရှိပါသည်။

သုံးခွမြို့  NLD ရုံးမှာ နံနက်စား စားသုံးမှာဖြစ်ပြီး နေ့ လည် (၁၂)နာရီမှာ ရန်ကုန်မြို့ ကို ပြန်လည် ထွက်ခွါမှာ ဖြစ်ကြောင်း သုံးခွမြို့ နယ် NLD ပါတီ တာဝန်ရှိသူများက Myanmar News Now ကို ပြောကြားပါသည်။

အောက်တိုဘာလ(၁၀) ရက်နေ့ မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကော့မှူးမြို့ နယ်ကို သွားရောက်ဖို့ ရှိပါသည်။

Myammar News Now

One Direction - Live While We're Young

Monday, October 1, 2012

နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများကျရောက်နိုင်ကြောင်း သတင်းထွက်ပေါ်နေ

နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြောသည်။

"ဟိုးအရင်တုန်းက နာဆာက ၂၀၁၂ မှာ လျှပ်စစ်မုန်းတိုင်ဖြစ်မယ်လို့တော့ ခန့်မှန်းဖူးတယ်။ အဲလိုဖြစ်ရင် လျှပ်စစ်အပူလှိုင်းတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေထိခိုက်မယ်လို့တော့ပြောတယ်။ လူတွေတော့ မထိခိုက်ဘူးလို့တောပြောတယ်။ ဒီနှစ်က ဒီဇင်ဘာ၂၁ ရက်ကမ္ဘာပျက်မယ်လို့ပြောနေကြတာတွေလည်း ရှိတယ်။အခုသတင်းကတော့ ကောလဟလပါ"လို့ ဦးထွန်းလွင်ကပြောသည်။

လျှပ်စစ်မုန်တိုင်းဖြစ်ပေါ်နေသည် မဖြစ်ပေါ်နေသည်ကို အတည်မပြုနိုင်သော်လည်း မြန်မာနိုင်ငံအတွက် အန္တရာယ် မရှိနိုင်ကြောင်း၊ နေမင်းတွင် လျှပ်စစ်မုန်းတိုင်ဖြစ်ပေါ်မှုသည် နှစ်ပေါင်း ၃၀ လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်နိုင်ကြောင်း၊ သို့သော်လည်း နေနှင့်ကမ္ဘာသည် မိုင်ပေါင်း ၉၃ သန်းကွာဝေးသောကြောင့် ကမ္ဘာပေါ်သို့ ကျရောက်ရန် ၁၀၀ ရာခိုင်နှုန်းလျှင် ၁၁ ရာခိုင်နှုန်းသာဖြစ်နိုင်ချေရှိကြောင်း၊ စင်္ကြာဝဠာကို ပြန်လွင့်နိုင်သော်လည်း ဂြိုဟ်ကြီးကိုးလုံးက ခံထားသောကြောင့်ကျရောက်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန် ကြားမူဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

"အလျပ်စစ်အပူလှိုင်းဖြတ်နေတာဆိုမဟုတ်ပါဘူး။ ဖြစ်နေရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိဘူး" ဦးချစ်ကျော်ကပြောသည်။