Tuesday, July 31, 2012

ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးအတွက် အစည်းအဝေး ကျင်းပ


ရန်ကုန်မြို့မှာ ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးအတွက် အစည်းအဝေး တခုကို နိုင်ငံရေး အကျဉ်းသားဟောင်း
များ အဖွဲ့က ဦးစီးပြီး ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးကနေ “ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး ကော်မတီ” တရပ်ကို ဖွဲ့စည်းခဲ့ရာမှာ ကော်မတီဝင်တွေ အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ၊ Generation Wave အဖွဲ့၊ တကသ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ၇၄ ၊ ၇၆ နဲ့ ၈၈
ကျောင်းသားဟောင်းတွေ ပါဝင်ပါတယ်။
၂ဝ၁၂ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံး
နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခမ်းမမှာ ကျင်းပမယ်လို့ သိရပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး အစည်းအဝေးကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကိုယ်စား ကျောင်းသား
ခေါင်းဆောင် ကိုမင်းဇေယျ တက်ရောက်ခဲ့ပါတယ်။
ရှစ်လေးလုံး အခမ်းအနား ကျင်းပရေးအတွက် ၈၈ မျိုးဆက် ကျောင်းသား
များအဖွဲ့က အလှူငွေ တသိန်း ထည့်ဝင် ခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးဆောင်ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပမယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment