Tuesday, July 31, 2012

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက် အဆို

နိုင်ငံခြားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက် လုံခြုံမှုရရှိစေရေး မူဝါဒ ချမှတ် ဆောင်ရွက်နိုင်ရေးအဆိုကို ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လွှတ်တော်မှာ ဒီကနေ့တင်သွင်းခဲ့ပြီး
ရှေ့ဆက် ဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

တချိန်ထဲမှာပဲ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက်ကို
ဖြည့်ဆည်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သေး တာကြောင့် ဦးဌေးဦးရဲ့
အဆိုကို ဆက်လက်မဆွေးနွေးသင့်ဘူးလို့ NLD ပါတီပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ကန့်ကွက်ဆွေးနွေးပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစောလှထွန်းနဲ့ NLDပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအောင်မိုးညိုတို့ကို - RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

No comments:

Post a Comment