Sunday, August 19, 2012

မြန်မာ့လေကြောင်းနှင့် UAE နိုင်ငံအခြေစိုက် Dnata တို့ပထမဦးဆုံးမြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း(Joint Operation)ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး




ရန်ကုန်၊ သြဂုတ်-၁၈
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းနှင့် UAE နိုင်ငံအခြေစိုက် Dnata တို့ သြဂုတ် ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပထမဦးဆုံးမြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း(Joint Operation)ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။

မြေပြင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား ၁၄ မျိုးပါဝင်ပြီး လေယာဉ်ဆိုက်ရောက်ချိန်တွင် လေယာဉ်သန့်ရှင်းရေးမှစ၍ ယာဉ်ယန္တရားများဖြင့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသည် ခရီးဆောင်အိတ်၊ ကုန်စည်တင်/ ချဝန်ဆောင်မှုများနှင့် လေယာဉ် ပြန်လည်မထွက်ခွာမီ စက်မှုလက်မှုပိုင်းဆိုင်ရာ စစ်ဆေးထိန်းသိမ်းမှုများ ပါဝင်သည်။ လေယာဉ်ပျံ သန်းနိုင်ရန် စီမံမှု၊ လေယာဉ်တင် အစားအသောက်၊ လေယာဉ်ရပ်နားစဉ် လုံခြုံရေး၊ ဆက်သွယ်ရေး နှင့် လေယာဉ်အား ယာဉ်ယန္တရားများဖြင့် တွန်းထုတ်သည်အထိ ၀န်ဆောင်ခ၀င်ငွေများစွာရသည့် လေကြောင်းစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး နိုင်ငံတကာ အဆင့် အတန်းရောက်အောင် UAE နိုင်ငံ Dnata ကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းတို့ ပထမဦးဆုံး ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

Ref:7Days News

No comments:

Post a Comment