Wednesday, August 8, 2012

အဆင့်သင့်မဖြစ်သေး၍ အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကြေ ညာ

ပြည်သူ့ခေတ်
အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးမည့် အစီအစဉ်အား လုပ်ဆောင်ရန်များရှိသဖြင့် ရွှေ့ဆိုင်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကြေ ညာလိုက်သည်။
“ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၄င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း နှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်”အဆိုကို ဦးဝင်းမြင့် (ပုသိမ်၊မဲဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က) တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒီချုပ်ကိုယ်စားလှယ်၎ဦးအပါအ၀င် စုစုပေါင်း၈ဦးပါဝင်ဆွေးနွေးရန် မူလကစီစဉ်ထားခြင်းဖြစ်သည်။

No comments:

Post a Comment