Wednesday, August 8, 2012

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်၏ ရှေ့ဆုံးတန်းတွင် နေရာပေး


ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၂ ရက်မြောက်နေ့ သြဂုတ်လ ၈ ရက်နေ့ ယနေ့တွင် စတင် ၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဌ ဖြစ်လာသော ဒေါ်အောင်ဆန်း စုကြည်အား ပြည်သူ့လွှတ်တော်ရှေ့ဆုံးတန်း တွင်နေရာပေးပြီဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် အဆိုပါကော်မတီကို တိုးချဲ့ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက် မည် ဖြစ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ လွှတ်တော်တွင် ဖွဲ့စည်းသော ကော်မတီတစ်ရပ်တွင် ပထမဆုံး ရွေးချယ်ခံခဲ့ရသော ကိုယ်စားလှယ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်တင်မြောက်ခံထားရသော ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
မောင်ပိုင်(နေပြည်တော်)

No comments:

Post a Comment