Monday, September 3, 2012

မန္တလေးမြို့ ရခိုင်အရေးနဲ့ ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်းအမိန့်အား ပြန်လည်ပိတ်သိမ်း

မန္တလေးမြို့တွင် စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ တရားဝင်ဆန္ဒထုတ်ဖော် ခွင့်ပြုခဲ့သော်လည်း စက်တင်ဘာလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်သူအရေအတွက်များပြားမှုကြောင့်ဆန္ဒထုတ်ဖော်ခြင်းအမိန့်အား ပြန်လည် ပိတ်သိမ်းခံခဲ့ရကြောင်း သိရသည်။

''ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်တဲ့နေရာမှာ ခွင့်ပြုထားတဲ့လူဦးရေထက်ပိုလို့ သက်ဆိုင်ရာကနေ တားမြစ်ခဲ့တာပါ။ ခွင့်ပြုထားတဲ့လူဦးရေ ၁၀၀ ထက်ပိုလာတဲ့ သံဃာထုနဲ့လူထုကိုမပါဝင်ဖို့ ဆန္ဒထုတ်ဖော်ဖို့ ကျန်နေတဲ့ မြို့နယ် ၄ မြို့နယ်က တာဝန်ခံ ၄ ဦးကို ကနေ့မနက်(သန်းခေါင်)၁နာရီမှာ ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းကြတဲ့ အဆင်မပြေတဲ့အတွက် ဆန္ဒပြခွင့်ကို ပြန်လည်ရုတ်သိမ်းလိုက်တာပဲ။ ဆန္ဒထုတ်ဖော်တဲ့သူတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိဖို့ပဲ တာဝန်ယူနိုင်ပေးနိုင်တယ်။ သူတို့ကို မပါဝင်ကြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး''ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့ပါသည်။
၂.၉.၂၀၁၂ ရက်နေ့မန္တလေးမြို့တွင်ဆန္ဒထုတ်ဖော်နေသူများ
REF: EMG

No comments:

Post a Comment