Monday, September 3, 2012

ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ဦးအောင်သိန်းလင်း၏ အဆို

 စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ 'တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍ လည်းကောင်း၊ ကုမ္ပဏီ အမည်ဖောက်၍ လည်းကောင်း၊ ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ သီးစားခ ရယူနေခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ် လုပ်ကိုင်နေသူများကို ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ချထားပေးသင့်ကြောင်း' အဆိုတင်သွင်းခဲ့သည်။

၎င်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်က လက်ခံဆွေးနွေးရန် သင့် မသင့်ကို ဆုံးဖြတ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦးက ''ယင်းအဆိုတွင် စားကျက်မြေများဟု ဆိုထားသော်လည်း ဆွေးနွေးရာတွင် လယ်ယာမြေများဟု ဆွေးနွေးခဲ့သဖြင့် လယ်ယာမြေဥပဒေကို ကျော်လွန် ဖောက်ဖျက်ရာရောက်ကြောင်း၊ စားကျက်မြေများနှင့်ပတ်သက်၍ ယခုခေတ်တွင် ကျွဲနွားများ ပိုနေသည်ဆိုသည်မှာ လုံးဝမှားယွင်းနေကြောင်း၊ ကျေးလက်နေပြည်သူများနှင့် ယင်းတို့နှင့် ထိတွေ့ဆက်ဆက်နေရသူများမှာ ထိုအကြောင်းကို ပိုမိုသိရှိပြီးဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတွင် စက်မှုလယ်ယာအဆင့်သို့ လုံးဝပြောင်းလဲနိုင်ခြင်း မရှိသေးပါကြောင်း၊ ကျွဲနွားများမှာ မိရိုးဖလာလုပ်ငန်းများအတွက် အဓိကဖြစ်ကြောင်း၊ ၄င်းတို့၏ အစားအစာအတွက် စားကျက်မြေများကို မည်သည့်ခေတ် မြေယာဥပဒေများတွင်မှ ထိပါးခြင်း၊ ဖျက်သိမ်းခြင်း မပြုခဲ့ကြောင်း၊ ထို့ကြောင့် ဦးအောင်သိန်းလင်း၏ အဆိုကို ကန့်ကွက်ပါကြောင်း၊ စားကျက်မြေနှင့် ပတ်သက်သည့် ဥပဒေများတွင် စားကျက်မြေများကိုဒီအတိုင်းထားရှိဖို့ကိုလည်း ဖော်ပြထားပါကြောင်း၊ တောင်သူလယ်သမားများအပါအ၀င်၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများက စားကျက်မြေများကို ဖျက်သိမ်း၍ အခြားမြေများအဖြစ် ဖန်တီးခြင်းငှာ မသင့်သည့်အတွက် အဆိုကို လက်ခံဆွေးနွေးရန် မသင့်ပါကြောင်း ကန့်ကွက်တင်ပြခဲ့သည်။

ထို့ကြောင့် အဆိုကို ဆွေးနွေးရန်မသင့်ကြောင်း ကန့်ကွက်သဖြင့် မတ်တပ်ရပ်စေခြင်းဖြင့် ဆန္ဒမဲခွဲဆုံးဖြတ်ခဲ့ရာ အစည်းအဝေးတက်ရောက်သူ ၁၈၃ ဦးရှိသည့်အနက် အစည်းအဝေး ခန်းမအတွင်းရှိသူ ၃၅၂ ဦးရှိပြီး ၁၇၇ ဦးက ထောက်ခံခဲ့သဖြင့် လိုအပ်သည့် သုံးပုံတစ်ပုံ ကျော်လွန်ခဲ့သဖြင့် ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ကန့်ကွက်ကသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်သည်။''လိုအပ်တဲ့ သုံးပုံတစ်ပုံကျော်လွန်တဲ့အတွက် ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းအဆိုကို အတည်ပြုရန်အတွက် ဆွေးနွေးချက်များပေါ်တွင်သာ မူတည်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

No comments:

Post a Comment