Thursday, September 13, 2012

ပါကစ္စတန်တွင် အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား ၁၉၁ ဦး သေဆုံး



ကရာချိ စက်တင်ဘာ ၁၂

ပါကစ္စတန် တောင်ပိုင်း ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ကရာချိမြို့တွင် စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ခန့်က အထည်ချုပ် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ၁၉၁ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံသည် လေးထပ် အဆောက်အအုံ တစ်ခုဖြစ်ပြီး လူအများအပြား သေဆုံးရခြင်းမှာစက်ရုံပိုင်ရှင် မှ အရေးပေါ် ထွက်ပေါက်ကို ပိတ်ထား ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ အများစုမှာ အသက်ရှူ ကျပ် ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းစက်ရုံကို မီးစလောင်ပြီး ၁၁ နာရီခွဲ အကြာ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီ မိနစ်၃ဝတွင် ငြှိမ်းသတ် နိုင်ခဲ့ကြောင်း ကရာချိမြို့ မီးသတ်ဌာနမှ အကြီးအကဲက ပြောကြား ခဲ့ကြောင်း သိရသည်။ 



No comments:

Post a Comment