Thursday, September 13, 2012

တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း ကိုအာဏာပိုင်အဖွဲ့စည်းတွေ အဓမ္မ၀င်ရောက် ဖျက်ဆီး



တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း ကိုဒီကနေ့ နေ့လည်ပိုင်းက မြို့နယ် သံဃမဟာနာယက အဖွဲ့အပါအ၀င် ရာနဲ့ချီတဲ့ အာဏာပိုင်အဖွဲ့စည်းတွေ အဓမ္မ၀င်ရောက် ဖျက်ဆီးခဲ့တဲ့ အတွက် မြို့ခံဒါယကာဒါယိကာမတွေ မကြေမနပ် ဖြစ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

သံဃာ့ မဟာနာယကအဖွဲ့အနေနဲ့ ဒီကျောင်းတိုက်ဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ ကျောင်းတိုက် မဟုတ်တာကြောင့် အခုလို လာရောက်ဖြိုဖျက် ပစ်ရတာဖြစ်ကြောင်း ဒေသခံတွေကို ပြောကြားခဲ့တယ် သိရှိရပါတယ်။

အခုဖြိုဖျက်ခံနေရတဲ့ ထင်းရူးမြိုင်ကျောင်းတိုက်ကိုပြောင်းရွှေ့ဖို့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက မြို့နယ် သံဃာ့မဟာနာယကအဖွဲ့ကနေနို့တစ်စာပေးပို့ထားခဲ့ပြီး၊ ထင်းရူးမြိုင်ကျောင်းတိုက်ဆရာတော် ကလည်း ၀ါတွင်းကာလအတွင်း သံဃာ ၂၂ ပါး ရှိတဲ့ ကျောင်းတိုက်ရွှေ့ပြောင်းဖို့ကိစ္စ အတွက် ညှာတာ ထောက်ထားပေးဖို့ ပြည်နယ်သံဃ မဟာနာယက အဖွဲ့နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေထံ သြဂုတ် ၃၁ ရက်နေ့စွဲနဲ့ အသနားခံစာ ပေးပို့ ထားတယ်လို့ သိရပါတယ်။
RFA

No comments:

Post a Comment