Friday, September 14, 2012

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) ဖွဲ့စည်းမည်

ပြန်ကြားရေး ၀န်ကြီးဌာနက ဦးဆောင် ပြုလုပ်မယ့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး ယခင်က တင်းကျပ်တဲ့ မူဝါဒတွေကို လျှော့ပေါ့ပြီး မူဝါဒအသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းဖို့ မျှော်လင့်ရတယ်လို့ ရန်ကုန်မြို့ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အယ်ဒီတာ ကိုဇော်သက်ထွေးက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)ကိုလာမယ့်၁၇ရက်နေ့မှာချက်ထရီယမ် ဟော်တယ်မှာ  ပြုလုပ်မယ့် အခမ်းအနားမှာ ဖွဲ့စည်း မှာဖြစ်ပြီးပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည် တက်ရောက်မယ် လို့လည်း သိရပါတယ်။

ပေါ်ပေါက်လာမယ့် ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာဥပဒေ မထွက်ပေါ်ခင် ကာလအတွင်း မီဒီယာလာကရဲ့ ပဋိပက္ခတွေကို ကိုယ်တွယ် ဖြေရှင်းသွားမှာဖြစ်ပြီး၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး၊ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ စာရေးဆရာမောင်ဝံသ၊ အငြိမ်းစား တရားရုံးချူပ် တရားသူကြီးဦးခင်မောင်အေး၊ အယ်ဒီတာကိုဇော်သက်ထွေး အပါအ၀င် လူပုဂ္ဂိုလ် (၃၀) ကိုလည်း ယာယီကောင်စီမှာပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက လျာထားတယ်လို့ သိရပါတယ်။

ယခုဖွဲ့စည်းမယ့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)ဟာ ပြန်ကြားရေးဌာနအတွင်း ၀န်ကြီး အပြောင်းအလဲ ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ ပထမဆုံးဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်လာမှာ ဖြစ်ပါတယ်။
 

No comments:

Post a Comment