Saturday, December 15, 2012

သယံဇာတ တူးဖော်ရေး ဒေါ်လာ ၂၅၀,၀၀၀ ဗြိတိန် ထောက်ပံ့မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံ၏ သယံဇာတ တူဖော်ရေး လုပ်ငန်းများ တွင် ပွင့်လင်း မြင်သာမှု ရှိရေး ကနဦး ဆောင်ရွက်ချက် လုပ်ငန်း စဉ်များ အတွက် ဗြိတိန် နိုင်ငံက အမေရိကန် ဒေါ်လာ ၂၅၀,၀၀၀ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆီဒိုးနား ဟိုတယ် တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တွင် ဗြိတိန် နိုင်ငံခြားရေး နှင့် ဓနသဟာယ ဝန်ကြီး Mr.Hugo Swire က ပြောကြားသည်။

သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ရှိရေး ကနဦး ဆောင်ရွက်ချက် (Extractive Industries Transparency Initiative-EITI) သည် အခွန်အကောက် ပွင့်လင်း မြင်သာမှုကို မြှင့်တင် ဖော်ဆောင်နေသည့် ကမ္ဘာလုံး ဆိုင်ရာ စံသတ်မှတ်ချက် တစ်ခုဖြစ်ပြီး ယင်း စီမံချက် သည် အချိန်ယူ ၍ လုပ်ဆောင် ရမည် ဖြစ်သည့် အတွက် ယခုကဲ့သို့ ထောက်ပံ့ ပေးခြင်း ဖြစ်သည်ဟု ၎င်း က ဆိုသည်။

အတူ လိုက်ပါလာသည့် ကုန်သွယ် ရေးမစ် ရှင်အဖွဲ့တွင် စွမ်းအင်ကဏ္ဍ၌ အဓိက ရင်းနှီးမြှုပ်နှံ လုပ်ကိုင် လိုသည့် စီးပွားရေး လုပ်ငန်းရှင် များနှင့် ကျွမ်းကျင် ပညာရှင်များ ပါဝင်ပြီး အဆိုပါ လုပ်ငန်းများ နှင့် ဆက်စပ်သည့် ရင်းနှီး မြှုပ်နှံမှု သဘောတူ စာချွန်လွှာ တစ်စောင် ကိုလည်း မြန်မာနိုင်ငံ ကုန်သည်ကြီး များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) နှင့် သဘောတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း Mr,Hugo Swire က ပြောကြားသည်။

Mr,Hugo Swire သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ တွင် ရခိုင်ပြည်နယ် သို့ သွားရောက် လေ့လာမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ တာဝန်ရှိ သူများ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည် ကို သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ ကုန်သွယ်ရေး မစ်ရှင် အဖွဲ့ ၏ ထုတ်ပြန်ချက် များ အရ သိရှိ ရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ၁၁၊ ၁၂၊ ၂၀၁၂ နေ့ ညနေ ၆နာရီ ၃၀ မိနစ်တွင် ဆားလင်းကြီးမြိုနယ်၊ လက်ပံတောင်းတောင် ဒေသမှ ရန်ကုန် ကလေး ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိလာသော ကလေးငယ် များကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ဆေးရုံဝင်း အတွင်းရှိ ဝန်ထမ်း အိမ်ယာ လိုင်းခန်း များကိုပါ သွားရောက်ကာ မိသားစု များနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။
 

No comments:

Post a Comment