Saturday, December 15, 2012

ဆီးရီးယား အစိုးရအား ဖြုတ်ချရန် ကြိုးပမ်း နေသော သူပုန်များ အပေါ် SCUD ဒုံးပျံများဖြင့် ပစ်ခတ် နှိမ်နင်း

 
ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့ဝင်များသည် အစိုးရအား ဖြုတ်ချရန် ကြိုးပမ်း နေသော သူပုန်များ အပေါ် Scud ဒုံးပျံများဖြင့် ပစ်ခတ် နှိမ်နင်းခဲ့ကြောင်း အမေရိကန် အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

သူပုန်များအား နှိမ်နင်းရာတွင် Scud ဒုံးပျံများ အသုံးပြုမှုသည် အာဏာစွဲ ကိုင်ထားရန် အာဆတ်၏ ကြိုးပမ်းချက် အရှိန်မြင့်တက် လာမှုကို ကိုယ်စားပြု လျက်ရှိကြောင်း၊ ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွား လျက်ရှိသော ဆူပူ အကြမ်းဖက်မှု များမှာ လပေါင်း ၂ဝ ကာလ အထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လူ ၄ဝ,ဝဝဝ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း အမေရိကန် အရာရှိများက ပြောကြား ခဲ့ပါသည်။ ယခုသီတင်းပတ် မှစ၍ ဆီးရီးယား နိုင်ငံအတွင်း၌ တာတိုပစ် ပဲ့ထိန်းဒုံးပျံ များအား အသုံးပြု ပစ်ခတ်ခဲ့ကြောင်း ဘရပ်ဆဲလ်မြို့တွင် နေတိုး အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

ဆီးရီးယား ဒုံးပျံများသည် ၎င်းနိုင်ငံအတွင်း၌သာ ကျရောက် ပေါက်ကွဲခဲ့ပြီး တူရကီ နယ်မြေပေါ်သို့ ရောက်ရှိ လာခဲ့ခြင်း မရှိကြောင်း နေတိုး အရာရှိက ပြောကြား ခဲ့ပါသည်။

No comments:

Post a Comment