အာဆီယံအသိုင်းအ၀ိုင်းတွင်
မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်
လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု
စံလက်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့်
လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) တို့၏
ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။
အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြုရေးပရောဂျက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊
ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် ဂဟေ၊ ကွန်ကရစ်ဖျော်၊ လေအေးပေးစက်စက်ပြင်၊
မွေးမြူရေးခြံလုပ်သားနှင့် ဧည့်လမ်းညွှန်အလုပ်အကိုင်များအတွက်
လုပ်ရည်ကိုင်ရည်များကို ပရောဂျက်အထောက်အကူပြုအဖွဲ့ အစီအစဉ်ဖြင့်
ရေးဆွဲခဲ့ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်က " NSSA က ၂၀၀၇
ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်မှုစံတွေ
သတ်မှတ်ပြဋ္ဌာန်းခြင်းအတွက် ရည်ရွယ်ပြီးလုပ်တာပါ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးက ၂၀၀၇
ခုနှစ်ကတည်းက လုပ်တယ်ဆိုပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေက နည်းနည်းလေးနှေးခဲ့တာပေါ့။
အဲဒီအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေဆိုပြီးတော့ ယာယီဥပဒေနဲ့
ပိုအသက်ဝင်အောင် လုပ်လိုက်တာပေါ့။ အရင်တုန်းကတော့ အမိန့်ကြော်ငြာစာ
အနေနဲ့ပဲရှိတယ်။ အဓိကက ဒါကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့
အလုပ်သမားတွေကို အဲဒါနဲ့ပတ်သက်ပြီးတော့ သူ့ကဏ္ဍအလိုက်မှာ
ကျွမ်းကျင်းမှုစံတွေကိုသိမယ်။ သိရင်ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့
အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်" ဟု
ပြောကြားသည်။
မြန်မာနိုင်ငံတွင် လုပ်သားကျွမ်းကျင်မှုနှင့် စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အား
လုပ်ငန်းကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကမှ ကိုယ်စားလှယ်များဖြင့် ကော်မတီ (၁၄) ခု
ဖွဲ့စည်းထားရှိပြီး နည်းဥပဒေများ အကောင်အထည်ဖော်နိုင်ရေးအတွက်
လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) အား
လုပ်ငန်းကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Eleven Medis Group
ရန်ကုန်၊ အောက်တိုဘာ ၁၅
(၁) ဗုံး(သို့)မသင်္ကာဖွယ်ပစ္စည်းတစ်ခုခုကို တွေ့ရှိပါက ကိုင်တွယ်ခြင်း၊
ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနသို့
အမြန်ဆုံးသတင်းပို့အကြောင်းကြားရန်
(၂) သက်ဆိုင်ရာတာဝန်ရှိသည့် ၀န်ထမ်းများမှ ဗုံး(သို့)မသင်္ကာဖွယ်ရာ
တစ်ခုခုတွေ့ရှိသည့် နေရာပတ်ဝန်းကျင်မှ လူများအား သတိပေး
ဖယ်ရှားရန်နှင့် အမှတ်အသား အလံစိုက်ထူထားရှိရန်
(၃) ဗုံးနှင့်ဗုံးဟု မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါကအနီးပတ်ဝန်းကျင်ရှိ
လူများအားရှင်းလင်း၍မိုင်းစွန့်ကျင်းသို့သွားရောက်ထည့်ခြင်း၊သဲအိတ်၊
ကားတာယာ၊အ၀တ်အထည်အိတ်စသည့်အနီးအနားရှိပစ္စည်းများဖြင့်
ကာရံထားရှိရန်
(၄) မသင်္ကာဖွယ်ရာတွေ့ရှိသည့်ပတ်ဝန်းကျင်သို့တာဝန်မရှိသူများ
ဝင်ရောက်မှုမရှိစေရေးအတွက်တာဝန်ရှိသူများနှင့်ပူးပေါင်း၍
လုံခြုံရေးဆောင်ရွက်ရမည်။ယာဉ်ပိတ်ဆို့မှုမရှိစေရေးအတွက်
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ လွှဲပြောင်းမောင်းနှင်စေရန်
စီစဉ်ဆောင်ရွက်ပေးရမည်။
(၅) အနီးပတ်ဝန်းကျင်ရှိ အရေးကြီးပစ္စည်းများနှင့်မီးလောင်စေတတ်သော
ပစ္စည်းများအား အဝေးသို့ရွှေ့ရန်။
(၆) ဗုံး(သို့)ပေါက်ကွဲစေတတ်သောပစ္စည်းသေချာပါက စစ်မြေပြင်
အင်ဂျင်နီယာတပ်မှ မိုင်းရှင်း စစ်သည်များနှင့် တာဝန်ရှိများထံ
တင်ပြပြီး တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် သက်မဲ့ဖြစ်အောင်
ဆောင်ရွက်ရန်၊
ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကမိဘပြည်သူများထိခိုက်မှု
မဖြစ်စေရေးအတွက်အထက်ပါအတိုင်းလိုက်နာဆောင်ရွက်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော်အပ်ပါသည်။
ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနသို့
အမြန်ဆုံးသတင်းပို့အကြောင်းကြား
(၂) သက်ဆိုင်ရာတာဝန်ရှိသည့် ၀န်ထမ်းများမှ ဗုံး(သို့)မသင်္ကာဖွယ်ရာ
တစ်ခုခုတွေ့ရှိသည့် နေရာပတ်ဝန်းကျင်မှ လူများအား သတိပေး
ဖယ်ရှားရန်နှင့် အမှတ်အသား အလံစိုက်ထူထားရှိရန်
(၃) ဗုံးနှင့်ဗုံးဟု မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါ
လူများအားရှင်းလင်း၍မိုင်းစွန့်
ကားတာယာ၊အ၀တ်အထည်အိတ်စသည့်အနီးအ
ကာရံထားရှိရန်
(၄) မသင်္ကာဖွယ်ရာတွေ့ရှိသည့်ပတ်ဝန်းက
ဝင်ရောက်မှုမရှိစေရေးအတွက်တာဝန်ရ
လုံခြုံရေးဆောင်ရွက်ရမည်။ယာဉ်ပိ
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ လွှဲပြောင်းမောင်းနှင်စေရန်
စီစဉ်ဆောင်ရွက်ပေးရမည်။
(၅) အနီးပတ်ဝန်းကျင်ရှိ အရေးကြီးပစ္စည်းများနှင့်မီးလောင
ပစ္စည်းများအား အဝေးသို့ရွှေ့ရန်။
(၆) ဗုံး(သို့)ပေါက်ကွဲစေတတ်သောပစ္စည
အင်ဂျင်နီယာတပ်မှ မိုင်းရှင်း စစ်သည်များနှင့် တာဝန်ရှိများထံ
တင်ပြပြီး တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်
ဆောင်ရွက်ရန်၊
ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းမ
မဖြစ်စေရေးအတွက်အထက်ပါအတိုင်းလိ