Thursday, July 28, 2016

ဝန်ကြီးဌာနမှ မလေးရှားနိုင်ငံရှိ အပြစ်ဒဏ်များကျခံပြီးသော လုပ်သားများပြန်လည်ခေါ်ယူရန်စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း မလေးရှားသံရုံးမှ ပြန်လည်ခေါ်ယူရန်အစီအစဉ်ပျက်ကြောင်းယင်း Facebook တွင်ဖော်ပြ

28.7.2016

မလေးရှားနိုင်ငံ ရှိ Pekan Nenas ၊ Bukit Jalil ၊ Melaka နှင့် Belantik ထိန်းသိမ်းရေးစခန်းလေးခုတွင် ဥပေဒအရ အပြစ်ဒဏ်များကျခံပြီးသော်လည်း လေယာဉ်စရိတ် အခက်အခဲကြောင့် မြန်မာနိုင်ငံသို့မပြန်နိုင် ဖြစ်နေရသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ပူးပေါင်းစီစဉ်မှု   စေတနာရှင်များ၏ ပါဝင်ကူညီမှုဖြင့် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ပြန်လည် ခေါ်ယူသွားရန်စီစဉ် နေကြောင်းသိရှိရပါသည်။

အဆိုပါထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားဟု အတည်ပြုနိုင်သည့် ရွှေ့ပြောင်းအလုပ်သမား (၅၆၀) ဦးအား MAI လေယာဉ်ဖြင့် တစ်ခေါက်လျှင် (၁၄၀) ဦး တင်ဆောင်၍ လေယာဉ်(၄) ခေါက် ခေါ်ယူသွားရန် စီစဉ်ထားကြောင်းနှင့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက စိစစ်မှုများ အသေးစိတ်ပြုလုပ်လျှက်ရှိကြောင်းသိရပါသည်။

စီစဉ်လှူဒါန်းသူစေတနာရှင်များမှ မြန်မာနိုင်ငံသို့ရောက်ရှိပါက တစ်ဦးလျှင် ကျပ်ငွေ ၂၀၀၀၀ိ/- (ကျပ်ရှစ်သောင်း) စီထောက်ပံ့၍ သက်ဆိုင်ရာ နေရပ်များသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့သို့ ရောက်ရှိလာပါကလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ လိုအပ်သည်များကိုပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ခေါ်ယူနိုင်မည့် နေ့ရက်အတိအကျကို ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန Website တွင်ဖော်ပြထားသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ Facebook တွင် (၂၈.၇.၂၀၁၆ ) နိုင်ငံခြားရေးဝန်ကြီးဌာန၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ မလေးရှားနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းစခန်း (၁၁) ခုတွင် ထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသားများအား စင်းလုံးငှားလေယာဉ် (၅) စီးဖြင့် အမိမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့် နောက်ဆက်တွဲအခြေအနေကို အသိပေးဖော်ပြခြင်း ခေါင်းစဉ်ဖြင့် အလှူရှင်ဖြစ်သူ ဖိုးလမင်းထရိတ်ဒင်းကုမ္ပဏီ၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးမိုးနိုင်နှင့်အဖွဲ့ မှ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကမ်းလှမ်းအဆိုပြုချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် မြန်မာသံရုံးမှ မူလစီစဉ်ထားသော မြန်မာလေကြောင်းပိုင်လေယာဉ် (၅) စီးဖြင့် မလေးရှားနိုင်ငံ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံနေရသော မြန်မာနိုင်ငံသား (၇၀၀) ခန့်အား ၃-၈-၂၀၁၆ ရက်နေ့မှစတင်၍ အမိမြေသို့ ပြန်လည်ပို့ဆောင်ပေးမည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါကြောင်း ဖော်ပြခဲ့ကြောင်း သတင်းရရှိသည်။

Jaketaw85

No comments:

Post a Comment