Saturday, July 30, 2016

font ရှိရှိမရှိရှိ သင့် ဝက်ဆိုက်/blog ကို ဘယ်သူမဆို ဖတ်လို့ရအောင် လုပ်ချင်ရင်-


မှန်ပါတာယ်။ ဘယ် မြန်မာဖွန့်မှ ထည့်မထားတဲ့ စက်မှာတောင် မြန်မာ လိုဖတ်လို့ရတဲ့ နည်းပညာ ထွက်ပါပြီ။
အခမဲ့လည်း သုံးနိုင်ပါတယ်။ သင့်ဝဗ်ဆိုက်မှာ အလွယ်တကူလည်း ထည့်နိုင်ပါတယ်။
အမှန်ဆို မကြာတော့တဲ့ အနာဂတ်မှာ ကွန်ပျူတာတိုင်း၊ Mac, PC, Linux, IPhone, Symbian, Windows Mobile ဘယ် ကွန်ပျူတာ၊ ဘယ်ဖုန်းမဆို ကမ္ဘာ့ standard  Myanmar Unicode ကို စံအဖြစ် ထည့်သွင်းနေကြ ပါပြီ။ ထည့်သွင်းလာတာနဲ့အမျှ၊ မြန်မာလို စာတွေ email တွေ ဖတ်ဘို့ Myanmar font ထည့်ထားဘို့ လိုတယ်ဆိုတဲ့ ခေတ် ရှိတော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စက်တိုင်းမှာ အပြီးပါပြီးသား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ISO Standard, Myanmar Unicode Standard ကြောင့် စက်တိုင်းက မြန်မာစာကို သိတဲ့ခေတ်ကို တဖြေးဖြေး ရောက်လာပါပြီ။

 ဘယ် မြန်မာဖွန့်မှ ထည့်မထားတဲ့ စက်မှာတောင် မြန်မာ လိုဖတ်လို့ရတဲ့ နည်းပညာ ထွက်ပါပြီ။ မြန်မာ ယူနီကုဒ်ကို သုံးထားရင် လုပ်လို့ရပါတယ်။ ဇော်ဂျီ သုံးထားရင်တော့ ရမှာ မဟုတ်ပါဘူး။
Myanmar Unicode သုံးထားတဲ့ သင့် ဝဗ်ဆိုက်/blog ကို ဘယ် Myanmar font မှ မရှိတာတောင် ဖတ်လို့ ရသွား စေရပါမယ်။  ဒီဆော့ဝဲကျေးဇူးနဲ့ ဝဗ်ဆိုက်ပိုင်ရှင်တိုင်း Unicode ကို စိတ်ချလက်ချ ပြောင်းသုံးနိုင်ပါပြီ။ ကိုယ့်ဝဗ်ဆိုက်ကို အခြားလူ ဖတ်မရမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒီစနစ်ကို တီထွင်သူ ၂ ယောက်ကို အထူးကျေးဇူး တင်ဘို့ ကောင်းပါတယ်။ ဖြစ်နိုင်ရင် သူတို့ ၂ ယောက်ဆီကို ကျေးဇူးတင်စာ ပို့ပေးလိုက်ပါ။

  • Keith Stribley -- http://www.thanlwinsoft.org
  • Wunna Ko Ko -- http://my.openoffice.org/bur/

လွယ်ပါတယ်။ ဒါလေး ၃ ခု လုပ်ရုံပါဘဲ။ web page တိုင်းမှာ လုပ်ရမှာဆိုတော့ WordPress, Joomla, blog တို့ သုံးရင်တော့ template မှာ တစ်ခါ ဝင်ပြင်ရုံပါဘဲ။ html page တွေဆိုရင်တော့ စာမျက်နှာတိုင်း ပြင်ဘို့ လိုပါလိမ့်မယ်။

  1. <head> နဲ့ </head> ကြားထဲမှာ ဒါလေး ထည့်ထားပါ။
    <!--[if IE]>
    <style>vml\: * { behavior:url(#default#VML); display:inline-block }</style>
    <xml:namespace ns="urn:schemas-microsoft-com:vml" prefix="vml" />
    <![endif]-->
      <script type="text/javascript" src="http://mut.rit-alumni.info/styles/myDetection.js"></script>
      <script type="text/javascript" src="http://mut.rit-alumni.info/styles/xmlRequest.js"></script>
         
  2. <body> tag ကို ဒီလို အစားထိုး ဘို့ လိုပါတယ်။
    <body onload="myUnicode.initParse('http://mut.rit-alumni.info/styles/');">
        
  3. invisible code လေးတစ်စုကို footer မှာဘဲဖြစ်ဖြစ် web page ရဲ့ တစ်နေရာမှာ ထည့်ထားပေးဘို့ လိုပါတယ်။
    <span class="myUniTest" id="myWidth2">ကက</span>
    <span class="myUniTest" id="myWidth1">က္က</span>

No comments:

Post a Comment