Thursday, August 4, 2016

မြန်မာအပါအ၀င် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေမှု ရပ်တန့်ပေးရန် ထိုင်းလုပ်ငန်းရှင် ၁၀၀ ကျော် ဆန္ဒပြတောင်းဆို



Friday, August 5, 2016

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ အပါအ၀င် ရွှေ့ပြောင်းလုပ်သားများအားဖမ်း ဆီးနေမှုကို ရပ်တန့်ပေးရန်ဖူးခက်  မြို့ရှိ ထိုင်းဆောက်လုပ်ရေး လုပ် ငန်းရှင်ဦးရေ တစ်ရာကျော်ကဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၃ ရက်တွင် ဖူးခက် မြို့ရှိ ထိုင်းဆောက်လုပ်ရေးလုပ် ငန်းရှင် တစ်ရာကျော်တို့သည်ဖူးခက်မြို့ဆနမ်ချိုင်းရင်ပြင်၌ စုဝေး ဆန္ဒပြတောင်းဆိုခဲ့ပြီးဖူးခက်ခရိုင် မြို့တော်ဝန်ထံသို့ တောင်းဆိုချက် များ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါတောင်းဆိုချက်တွင် ရွှေ့ပြောင်း လုပ်သားများအား ဖမ်းဆီးနေမှုကြောင့် ၎င်းတို့၏ လုပ်ငန်းများ လည်ပတ်မှု အဆင် မပြေဖြစ်နေ၍ ဖမ်းဆီးမှုများ ရပ် တန့်ပေးရန်နှင့် ရွှေ့ပြောင်းလုပ် သားများ၏ ပန်းရောင်ကတ်များ သက်တမ်းတိုးမှုကို အချိန်ရက် တိုးပေးရန် စသည့်တောင်းဆိုချက် များ ပါဝင်ကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း (FED)ဒါရိုက်တာ ဦးထူးချစ် ကပြောသည်။

‘‘ဖူးခက်မှာက အဓိက ဟို တယ်ဆောက်လုပ်ရေးတွေများ တယ်။ အဲဒီမှာလည်း အများဆုံး က မြန်မာလုပ်သားတွေပဲ။ အခု က ဘာဖြစ်နေလဲဆိုတော့ အလုပ် သမားတွေက ပန်းရောင်ကတ် တွေ သက်တမ်းတိုးထားကြတယ်။ အခု လောလောဆယ် သူတို့လက် ထဲမှာ ဘာကတ်မှမရှိဘူး။ သက် တမ်းတိုးထားတဲ့ပန်းရောင်ကတ် ကလည်း လူများနေလို့ အသစ် ထုတ်မရသေးဘူး။ ဒီကြားထဲမှာ ရဲက၀င်ဖမ်းတော့ ဖမ်းဆီးခံရတာ ရော၊ ထွက်ပြေးကြတာရောဆို တော့ သူတို့လုပ်ငန်းခွင်တွေမှာ လူမရှိတော့ဘဲဖြစ်နေတာ။ အဲဒါ ကြောင့် ဖမ်းဆီးမှုတွေ မလုပ်ဖို့ တောင်းဆိုတာ’’ဟု ဦးထူးချစ်က ပြောသည်။

 ‘‘အဓိကကတော့ မြန်မာ လုပ်သားတွေ ဖမ်းဆီးနေတာကို ရပ်ပေးဖို့ ထိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက တောင်းဆိုကြ တာပေါ့။ ပန်းရောင်ကတ်ကိုင်တဲ့ သူတွေကို ထိုင်းအစိုးရကနယ်မြေ  သတ်မှတ်ထားတာ။ ဒီတော့ မြန် မာလုပ်သားတွေကနယ်မြေကျော် ဖြတ်ပြီး သွားလာလို့မရဘူး။ အဲဒါ ကိုလည်း ဖျက်ပေးဖို့ တောင်းဆို တဲ့အထဲမှာ ပါတယ်’’ ဟု ထိုင်း ရောက် မြန်မာလုပ်သားများအား ကူညီပေးနေသော AAC မဟာ မိတ်အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

ဇူလိုင် ၂၉ ရက်က နောက် ဆုံးသက်တမ်းတိုးခဲ့သော ၂ နှစ် သက်တမ်းပေးထားသည့် ပန်း ရောင်ကတ် သက်တမ်းတိုးမှုကို ထိုင်းလုပ်ငန်းရှင်များက ရက်တိုး ပေးရန် ထိုင်းအစိုးရထံတောင်းဆို ထားသည်။
ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအနက် မြန်မာလုပ် သားငါးသိန်းကျော်သည် ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင် ခွင့်တို့ပါရှိသည့် ပန်းရောင်ကတ် များ ကိုင်ဆောင်ထားခြင်းဖြစ်သည်။

 ၎င်းတို့ ကိုင်ဆောင်ထား သော ပန်းရောင်ကတ်သည် တစ် နှစ်သက်တမ်းသာရှိပြီး မတ်လ ၃၁ ရက်က သက်တမ်းကုန်ခဲ့ခြင်း ဖြစ်သည်။ ယခု သက်တမ်းတိုး အပြီးတွင် ၂ နှစ်သက်တမ်းရှိပန်း ရောင်ကတ် ကိုင်ဆောင်ရမည်ဖြစ်သည်။

သြဂုတ် ၇ ရက်တွင် ထိုင်း နိုင်ငံ၌ အခြေခံဥပဒေသစ် လူထု ဆန္ဒခံယူပွဲ ပြုလုပ်မည်ဖြစ်၍နိုင်ငံ အတွင်းသို့ လာရောက်လုပ်ကိုင် ကြသော အခြားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများကို လုံခြုံရေး အရ ထိုင်းအစိုးရက ဖမ်းဆီးစစ် ဆေးမှုများပြုလုပ်နေသည်။


No comments:

Post a Comment