Tuesday, August 23, 2016

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများ တိုင်တန်းနိုင်ပြီ

23 August 2016

မြန်မာအလုပ်သမားများအားလုံး မိမိတို့ရဲ့ အလုပ်ရှင်များမှ နှိပ်စက်ညှင်းပန်းမှု၊ အစိုးရ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှု၊ အထောက်အထားမပြည့်စုံသော တရားမ၀င် အလုပ်သမားများအား ငှားရမ်းအသုံးပြုမှု၊
ကလေးလုပ်သား အသုံးပြုမှု၊ လုပ်အားခလစာ အပြည့်အ၀မရရှိမှု၊ လုပ်အားခလစာ ပေးချေရန် ကျန်ရှိနေမှု၊ လူကုန်ကူးမှု၊ ပြည့်တန်ဆာပြုစေမှုနှင့် အခြားသောကိစ္စရပ်များအားလုံးကို တိုင်တန်း၍ရပြီဖြစ်ကြောင်းသိရသည်။


http://www.doe.go.th ၀ဘ်ဆိုက်မှ တစ်ဆင့် ထိုင်းဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ လာအိုဘာသာ၊ ဗီယက်နမ်ဘာသာ၊ ကမ္ဘောဒီယား ဘာသာ စသည့် ၆ ဘာသာဖြင့် တိုင်တန်းနိုင်ပြီဖြစ်ပြီး မြန်မာဘာသာဖြင့်တိုင်တန်းလိုပါက http://doe.go.th/helpme/index.php/issue/mm တွင်ဝင်ရောက် တိုင်တန်းနိုင်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါဝက်ဆိုက်မှာ ထိုင်းနိုင်ငံ၊ အလုပ်အကိုင်အခွင့်အလမ်း ဦးစီးဌာန၏ တရားဝင် ၀က်ဆိုက်တစ်ခုဖြစ်ကြောင်းသိရသည်။

 Jaketaw85

No comments:

Post a Comment