Wednesday, November 27, 2019
Tuesday, June 4, 2019
ဥပဒေစာစုများ (၁) အလုပ်သမားဆိုသည်မှာ --
ဥပဒေစာစုများ (၁)
အလုပ်သမားဆိုသည်မှာ --
အလုပ်သမားဆိုသော
စကားစုကို ဥပဒေအသုံးအနှုန်းအရ အဓိပ္ပါယ်သတ်မှတ်ချက်တွေဖွင့်ဆိုကြပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ ဥပဒေအသီးသီးက အလုပ်သမားဆိုသော ဝေါဟာရကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားသလဲဆိုတာ
ဖော်ပြပေးလိုက်ရပါတယ်။
(၁) ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
ပုဒ်မ ၂ (ခ)
အလုပ်သမား ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊
သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်ပိုင်လုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း၊
ကုမ္ပဏီတွင်လည်းကောင်း၊ ကျွမ်းကျင်မှုလိုသောအလုပ်ကိုဖြစ်စေ၊ ကျွမ်းကျင်မှုမလိုသောအလုပ်ကိုဖြစ်စေ
အခကြေးငွေဖြင့်လုပ်ကိုင်သူကိုဆိုသည်။
(၂) ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ
ပုဒ်မ ၂ (က)
အလုပ်သမား ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမား၊
စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူအလုပ်သမား၊ အစိုးရဝန်ထမ်း၊ အလုပ်သင်တို့အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ
မိမိ၏လုပ်အားအပေါ် အားကိုး၊ အားထားပြု လုပ်ကိုင်နေသူကိုဆိုသည်။ ထို့ပြင် အငြင်းပွားမှုဖြစ်ပွားနေစဉ်အတွင်း
အလုပ်မှရပ်စဲခံရသူ သို့မဟုတ် အလုပ်ထုတ်ခံရသူအလုပ်သမားလည်း ပါဝင်သည်။
ယင်းစကားရပ်တွင်
-
တပ်မတော်သား
-
မြန်မာနိုင်ငံရဲတပ်ဖွဲ့
-
တပ်မတော်၏
ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတို့ မပါဝင်။
(၃) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ
ပုဒ်မ ၂ (က)
အလုပ်သမားဆိုသည်မှာ လုပ်ငန်းဌာနတစ်ခုခုတွင်
အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ ကာယအား သို့မဟုတ် ဉာဏအားကိုအသုံးပြုပြီးလုပ်ကိုင်၍ ရရှိသောလုပ်ခဖြင့်
အသက်မွေးဝမ်းကျောင်းမှုပြုနေသူကို ဆိုသည်။ ယင်းစကားရပ်တွင် လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ
အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သင်များ၊ ပညာသင်များလည်းပါဝင်သည်။ သို့ရာတွင် အလုပ်ရှင်နှင့်
အတူနေပြီး အလုပ်ရှင်အပေါ်မှီခိုနေသော အလုပ်ရှင်၏မိသားစုမပါဝင်။
(၄) ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ
ပုဒ်မ ၂ (က)
အလုပ်သမားဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊
ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင်
အလုပ်လုပ်ကိုင်ရန် အလုပ်ရှင်နှင့် သဘောတူညီချက်ပြုလုပ်၍ ကာယအား ဉာဏအားကိုအသုံးပြုပြီး
အမြဲတမ်းအလုပ်၊ ယာယီအလုပ်ကို လုပ်ကိုင်၍ရရှိသောအခကြေးငွေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူကိုဆိုသည်။
ယင်းစကားရပ်တွင် အခကြေးငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ စာရေးနှင့် ရုံးဝန်ထမ်းများ၊
လုပ်ငန်းခွင်ပြင်ပအလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံးခြုံရေး၊ အစောင့်ဝန်ထမ်းများနှင့်
သန့်ရှင်းရေး၊ မွန်းမံပြင်ဆင်ရေးအလုပ်သမားများလည်း ပါဝင်သည်။ သို့ရာတွင် အောက်ပါအလုပ်သမားများနှင့်
ဝန်ထမ်းများ မပါဝင်-
(၁) အလုပ်ရှင်အပေါ်မှီခို၍
အတူနေပြီး အလုပ်ရှင်၏ အလုပ်ကိုလုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစုဝင်ဖြစ်သော ဇနီး၊
ခင်ပွန်း၊ သားသမီး မိဘနှင့် ညီအကိုမောင်နှမအရင်းများ
(၂) နိုင်ငံ့ဝန်ထမ်းများ
(၃) ပင်လယ်ကူးသင်္ဘောသားများ
Thursday, April 18, 2019
Myanmar Calendar 2019 သာသနာနှစ် ၂၅၆၃ ခု၊ မြန်မာနှစ် ၁၃၈၁ ခု
Saturday, April 6, 2019
The Founder (2016) မြန်မာစာတမ်းထိုး

Channel Myanmar မှကူးယူတင်ပြသည်။
IMDb 7.2 rotten tomatoes 84% တို့ရရှိထားတဲ့
ဒီဇာတ်ကားကတော့ ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့
McDonald’s ဟမ်ဘာဂါဆိုင်ရဲ့တည်ထောင်သူ
ဒီဇာတ်ကားကတော့ ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့
McDonald’s ဟမ်ဘာဂါဆိုင်ရဲ့တည်ထောင်သူ
Rock Star (2001) မြန်မာစာတမ်းထိုး
Channel Myanmar မှကူးယူဖော်ပြပါသည်။
ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်
2001 ခုနှစ်တုန်းက မင်းသား Mark Wahlberg ပါဝင်ရိုက်ကူးထားတဲ့ Rock Star ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်ကားဟာ မြန်မာနိုင်ငံက
လေးဖြူ အငဲ ဇော်ဝင်းထွဋ် စတဲ့ မက်ဂါစတားကြီးတွေတစ်ခါက သူတို့သီချင်းတွေကို
သီဆိုခဲ့ဖူးတဲ့ Judas Priest တီးဝိုင်းရဲ့
ဖြစ်ရပ်မှန်ကို လျော့တိလျော့ရဲ မရေမရာ အခြေခံထားတယ်လို့ ဆိုပါတယ်…
ရော့ခ် ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းမျိုးပါ…
Wednesday, April 3, 2019
ထူးခြားတဲ့ မော်လမြိုင်က ဦးဇိနဘုရား
![]() |
ဦးဇိနစေတီတော်တွင် မဟာမြတ်မုနိရုပ်ပွားတော် မျက်နှာ်တော်ပုံစံ ဖူးတွေ့ရပုံ |
ဘုရားဖူးခရီး
၂၀၁၈ နှစ်ကုန်ပိုင်းမှာ ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ ခရီးတစ်ခုစီစဉ်ဖြစ်ပါတယ်။ ထားဝယ်ရှင်ကိုးရှင် လေးညအိပ် ငါးရက်ဘုရားဖူးခရီးစဉ်ပါ။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ နေပြည်တော်ကစထွက်ပါတယ်။ ၂၉ ရက်နေ့ မနက် ၅ နာရီလောက်မှာ ထားဝယ်ကိုရောက်ဖို့ ၄၈ မိုင် မှာရှိတဲ့ ကလိန်အောင်မြို့က ဆံတော်ရှင်ဘုရားတောင်ခြေကိုရောက်ပါတယ်။
![]() |
ဆံတော်ရှင်ဘုရားတောင်ပေါ်မှ မြင်ကွင်း (ကလိန်အောင်၊ ထားဝယ်မြို့နယ်) |
Thursday, March 28, 2019
Youtube မှာဝင်ငွေရအောင် ဘယ်လိုလုပ်မလဲ
Youtube မှာဝင်ငွေရအောင် ဘယ်လိုလုပ်မလဲ
Friday, March 22, 2019
Bitcoin ကို ဘယ်လိုရှာမလဲ
2019
Bitcoin Wallet ရှိပြီလား။ မရှိသေးရင်.. အရင်လုပ်ပါ။ မလုပ်တတ်ရင် ဒီလင့်မှာ သွားလေ့လာပါ။
Bitcoin ကိုရှာရ မလွယ်ပါဘူး။ ၀ယ်မယ်ဆိုရင် သိန်းချီပေးရပါမယ်။ ဒါပေမယ့်
ရွှေတိုရွှေစ Satoshi တွေကိုတော့ ရှာရလွယ်ပါတယ်။ ကိုယ်တတ်နိုင်သလောက် ဖဲ့ပြီး
ဝယ်လို့လည်း ရပါတယ်။ ငွေရင်းလေးရှိရင် ၀ယ်စုထားလို့ရပါတယ်။
အင်တာနက်မိုင်းတွင်းတွေမှာ မိုင်းတူးစက်ဝယ်ပြီး မိုင်းတူးလို့ရပါတယ်။
အံစာခေါက်တဲ့ဆိုက်တွေမှာ ငွေထည့်ပြီး အံစာသွားခေါက်လို့ ရပါ တယ်။
လောင်းကစားဆိုက်တွေဆိုလည်း ပေါမှပေါ..။ ဒီနေရာမှာတော့
လောင်းကစားနဲ့ပတ်သက်ပြီး မပြောပါဘူး။ ခုမှ စလုပ်မယ့်သူတွေအတွက်
ရွှေတိုရွှေစတွေကို အလကား ဘယ်လိုစုမလဲ။ အတော်အတန်စုမိဆောင်းမိလာတဲ့ ရွှေတွေကို
တိုးပွားအောင် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ ဆိုတာလောက်ပဲ ပြောပါမယ်။
ဒါလေးတွေ အခြေခံသိသွားရင် ကျန်တာတွေ ကိုယ့်ဘာသာ ရှာဖွေ လုပ်တတ်သွားမှာပါ။
ရွှေတိုရွှေစ အလကားလိုက်ကောက်ခြင်း (Claim Satoshi for FREE)
တစ်ပြားမှ မရှိ၊ ငွေရင်းပြီးမ၀ယ်ချင်ဘူးဆိုရင်လည်း Satoshi အလကားပေးတဲ့
ဆိုက်တွေ အများကြီး ရှိပါတယ်။ အလကားပေးတဲ့ဆိုက်တွေက ၅ မိနစ် တစ်ခါ၊ ၁၀
မိနစ် တစ်ခါ၊ ၁နာရီ တစ်ခါ၊ ၁ ရက် တစ်ခါ အစားစားနဲ့ ပေးကြပါတယ်။
အဲ့ဒီဆိုက်တွေကို Faucet ဆိုက်တွေလို့ ခေါ်ပါတယ်။ တစ်ခါပေးရင် 0.00000020
ကနေ 0.00000600 အထိသာ ပေးလေ့ရှိပါတယ်။ ပြီးရင် သူ့သတ်မှတ်ချိန်အထိ စောင့်ရ
ပါတယ်။ အဲ့ဒီတော့ အဲ့လိုအလကားပေးတဲ့ ဆိုက်ပေါင်း ၂၀၊ ၃၀ ကျော်လောက်ကို
လှည့်ပတ် လိုက်ကောက်(Claim) ပြီး စုရပါတယ်။ ဆိုက် များများကောက်နိုင်လေ
တစ်နေ့ ရတဲ့ ဆာတိုရှီ ပမာဏ များလေလေပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်နေ့တစ်နေ့
အင်တာနက်မှာ အလကား အချိန်ကုန် ဘေလ်ကုန်နေ မယ့်အစား အချိန်နည်းနည်းလေးဖဲ့
ကြားညှပ်ပြီး Claim ခြင်းဖြင့် အလကားနေရင်း ရွှေတိုရွှေစတွေ
စုမိဆောင်းမိလာနိုင်ပါတယ်။
Bitcoin Free ရယူနိုင်တဲ့ အလုပ်အကိုင်များကို အောက်ပါလင့်များမှာ လေ့လာနိုင်ပါတယ်-
ပြည်ထောင်စုဖောင့် မရသေးသူများအတွက် (အပြည့်အစုံ) Pyidaungsu Font
Pyidaungsu Font
Pyidaungsu Installer
Pyidaungsu Font File
Pyidaungsu Keyboards
အားလုံးပါဝင်ပါသည်။
Pyidaungsu Font ဒေါင်းရန်
Thursday, March 14, 2019
Pyidaungsu Font
One-Click Installer
Windows 7 – Microsoft Office အားလုံးအတှကျ
- Pyidaungsu-1.8 Font & Keyman 11 Keyboard [DOWNLOAD]Windows 10 & 8 – Microsoft Office 2013, 2016 အတှကျ
- Pyidaungsu-2.5 Font & Keyman 11 Keyboard [DOWNLOAD]Wednesday, January 30, 2019
Line Walker (2016) မြန်မာစာတမ်းထိုး
Line Walker 2 ကိုမြန်မာနိုင်ငံ၊ ရန်ကုန်မှာလာရိုက်မယ်ဆိုတော့ ၂၀၁၆ ကထွက်ခဲ့တဲ့ Line Walker ဇတ်ကားလေးတင်ပေးလိုက်ပါတယ်။
Crd. Gold Channel Movies
ဒေါင်းရန်
Crd. Gold Channel Movies
ဒေါင်းရန်
Subscribe to:
Posts (Atom)