Thursday, August 11, 2016

တူးတာ ညောင်မြစ် ၊ ပေါ်တော့ ပုတ်သင်ဥ တစ်ခုခုလုပ်ပါ အလုပ်သမားဝန်ကြီးဌာန

10.8.2016

ဇူလိုင်လ နောက်ဆုံးအပတ် အတွင်း သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်း နိုင်ငံ ခရီးစဉ်အပြီး တွင်ဖြစ်သည်။ တစ်ရက်တည်း တစ်မြို့နယ်တည်း ၂ နာရီသာခြားပြီး ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ နှစ်ခုက ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးကိစ္စနှင့် ပတ် သက်၍ မြန်မာပြည်တွင်း၌ အုန်းအုန်း ကျွက်ကျွက်ဖြစ်စေခဲ့သည်။




အဆိုပါ သတင်းစာရှင်းလင်းပွဲ နှစ်ခုမှာ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ လုပ်သားအရေး ကူညီ ဆောင်ရွက်နေသည့် MAT (ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ )နှင့် AAC မဟာမိတ်အဖွဲ့ တို့ ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် ပြု လုပ်ခဲ့သည့် ”ထိုင်းကိုပို့လိုက်တဲ့ MoU အလုပ်သမားတွေ ဘာဖြစ် နေကြသလဲ” ဟူသော သတင်းစာ ရှင်းလင်းပွဲ နှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း ရှင်များ အဖွဲ့ချုပ် MOEAF အဖွဲ့ ဝင်မေဝင့်(MAY WINT)အေ ဂျင်စီနှင့် ထိုင်းနိုင်ငံရွှိTipco သစ် သီးစုံ အချိုရည် စက်ရုံပိုင်ရှင်တို့ ဦးဆောင်ပြုလုပ်ခဲ့သည့် တော်ဝင် နှင်းဆီစားသောက်ဆိုင်မှ ”ထိုင်း ရောက် အလုပ်သမားများအရေး နှင့် ပတ်သက်၍သတင်းစာရှင်း လင်းပွဲ” တို့ဖြစ်သည်။အဆိုပါ သတင်းစာရှင်းလင်းပွဲ နှစ်ခုအနက် ယုဇနဟိုတယ် တွင် ပြုလုပ်သည့်MAT၊AAC နှင့် အလုပ်သမား ပို့ဆောင်နေသည့် အေဂျင်စီများကြား တစ်ဖက်နှင့် တစ်ဖက်လက်သီးလက်မောင်း တန်းသည်အထိ အချေအတင်အ ငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး သတင်း စာရှင်းလင်းပွဲကို ရပ်နားခဲ့ရသည်။ထိုမျှမက MATအဖွဲ့မှ ဦးကျော် သောင်းနှင့် lovely World အေ ဂျင်စီကြား အမှား၊ အမှန်ဆုံးဖြတ် ရေး တရားရုံး၌ တရားစွဲဆို ချိန်း ချက်သည်အထိပင် ဖြစ်ခဲ့သည်။

တရားဝင်သွားရောက်ပြီး တရား မဝင်ပြန်ရောက်လာတဲ့ လုပ်သား ၂၃ ဦးကစ၍

အဆိုပါ ပြဿနာများက ၂ဝ၁၆ ခုနှစ် ၂ လပိုင်း ၂၆ ရက် နေ့တွင် မြန်မာ-ထိုင်း အလုပ်သမား ပို့ဆောင်မှုဆိုင်ရာ နားလည်မှု စာ ချွန်လွှာMoU့ အရ ထိုင်းနိုင်ငံသို့ MOEAF အဖွဲ့ဝင် မေဝင့်အေဂျင် စီ၏ ပို့ဆောင်မှုဖြင့် တရားဝင် သွားရောက်ခဲ့ပြီး တရားမဝင်နည်း လမ်း (အောက်လမ်း)ဖြင့် မြန်မာ နိုင်ငံသို့ ပြန်ရောက်လာ သည့် မြန် မာလုပ်သား ၂၃ ဦးကိစ္စမှ အစပြု ခဲ့ခြင်းဖြစ်သည်။

ယုဇနဟိုတယ်တွင် ပြုလုပ် သော MAT၊ AAC ၏ သတင်းစာ ရှင်းလင်းပွဲတွင် AAC မှ ဦးခိုင်ကြီး က အဆိုပါ အလုပ် သမား ပြဿနာ နှင့်ပတ်သက် ၍ ရှင်းလင်းရာတွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် မြန်မာလုပ်သား ၂၃ ဦးသည်၂ဝ၁၅ ခုနှစ်၁၂ လပိုင်း၁၅ ရက်နေ့က ထိုင်းနိုင်ငံရှိကြက် သားစက်ရုံ တစ်ခုတွင် အလုပ်သွား ရောက်လုပ်ကိုင်ရန် ရန်ကုန်မြို့ ကျောက်ကုန်း အလုပ်သမား လေ့ ကျင့်ရေးသင်တန်းကျောင်း၌ အလုပ် ရှင် အလုပ်သမားသဘောတူစာ ချုပ် (EC) ကိုချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါချုပ်ဆိုမှုတွင် ရန်ကုန်တိုင်း အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနမှ ဦးစီးမှူး ဒေါ်မို့မို့ သွင်က ကြက်သားအအေးခန်း စက်ရုံ အလုပ်ဟုဆိုကာ လုပ်ငန်းသဘာဝ တို့ကို ရှင်းပြခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံ သို့ သွားရာ မြဝတီကျောက်လုံးကြီးစခန်းသို့ အ ရောက်တွင် စာချုပ်တွင်ပါသော ကြက်သားစက်ရုံမှာ ကြက်အ ကောင်များ သေးနေသေးသည့် အတွက် နာနတ်သီးအချိုရည်စက်ရုံ တွင် ၂ လခန့် လုပ်ကိုင်ရန်၊ ပြီးမှ သာ ကြက်သားစက်ရုံသို့ ပြန်လည် ပြောင်းရွှေ့ပေးမည်ဟု ဆိုကာ အချိုရည်စက်ရုံတွင် လုပ်ကိုင်မည့် အလုပ်ရှင်အလုပ်သမား သဘော တူ စာချုပ် EC နောက်တစ်ခုကို ထိုင်း နိုင်ငံတောင်ပိုင်း ပရကျွတ် နယ်မြေတွင်ရှိသောTIPCO နာ နတ်သီးအချိုရည် စက်ရုံနာမည်ဖြင့် ထပ်မံချုပ်ဆိုခဲ့ရကြောင်း၊ ထို့ နောက် ပြဿနာများတက်ကာ အလုပ်ရှင်၏ မောင်းထုတ်မှုကြောင့် AAC အဖွဲ့နှင့် MATအဖွဲ့ကို ဖုန်းဆက်သွယ်ကာ အကူညီ တောင်းခံ၍ မြန်မာနိုင်ငံသို့ တရား မဝင်နည်းလမ်းဖြင့် ပြန်လည်ရောက် ရှိလာကြောင်း ဆိုသည်။”ရန်ကုန်မှာ စာချုပ်ကို အ လုပ်သမားတွေကို မပေးလိုက်ဘူး။ မြဝတီမှာ အချိုရည်လို့ပြောင်းချုပ် တဲ့စာချုပ်မှာ ရန်ကုန်တိုင်း အလုပ် သမားညွှန်ကြားရေး ဦးစီးမှူး ဒေါ်မို့မို့သွင် လက်မှတ်နဲ့ ရာထူးတံ ဆိပ်ရိုက်နှိပ်ပြီးသား စာရွက်တွေကို အလုပ်သမားတွေကို ပေးတယ်။ မူ ရင်းစာရွက်တွေ ကျနော်တို့လက် ဝယ်မှာရထားတယ်။ ပြောချင်တာ ကတော့ မြဝတီမှာ ထပ်ချုပ်တဲ့ စာချုပ်မှာ ဒေါ်မို့မို့သွင် လက်မှတ် ဘာလို့ ပါနေတာလဲ။ ဒါဟာ နည်း မျိုးစုံနဲ့ အလုပ်သမားတွေကိုမလိမ့် တပတ် ထုတ်ရောင်းနေတာလူကုန် ကူးတာပဲမဟုတ်ဘူးလား” ဟု ဦးခိုင်ကြီးက သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ ယင်းကားMAT၊ AAC ၏ သတင်းစာ ရှင်း လင်းပွဲ ဖြစ်သည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ ကာယကံရှင် မေဝင့်ကုမ္ပဏီနှင့် Tipco သစ်သီးစုံအချိုရည်စက်ရုံ ပိုင်ရှင်တို့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်မူ အလုပ်သမား ၂၃ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ခြင်း မဟုတ်ကြောင်းနှင့် MoU စာချုပ် ပါ စည်းကမ်းချက်များအတိုင်း မိတ်ဖက်လုပ်ငန်းတူစက်ရုံသို့ ရွှေ့ ပြောင်းပေးခြင်းဖြစ်ကြောင်း၊ အလုပ်သမား ၂၃ ဦးမှာ အလုပ်ရှင် မသိဘဲ ထွက်ပြေးခြင်းဖြစ်ပြီး အလုပ်သမားများကို AAC အဖွဲ့ က ခိုးယူသွားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ထို့ကြောင့် သတင်းစာရှင်း လင်းပွဲ ၂ ခု၏ ပြောဆိုရှင်းလင်း မှုများ၊ တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ အလုပ်သမားနှင့် လဝက ဝန်ကြီး ဌာန၊ ရွှေ့ပြောင်းလုပ်သားရေးရာ ဌာနမှ တာဝန်ရှိသူကို ဆက်သွယ် မေးမြန်းရာတွင်လည်း တိကျသည့် အဖြေပြန်လည် ပေးနိုင်ခြင်းမရှိဘဲ ပြန်လည် စစ်ဆေးနေကြောင်းသာ ပြောဆိုခဲ့သည်။ သတင်းစာရှင်း လင်းပွဲနှစ်ခုမှာ တစ်ဖက်နှင့်တစ် ဖက် စွပ်စွဲပြောဆို အငြင်းပွားမှုသာ ဖြစ်သည်။ သို့သော် ယင်းမှ အခြား သော အကြောင်းအရာများ ထွက် ပေါ်ခဲ့သည်။

ပုတ်သင်ဥတူးရင်း ညောင်မြစ် ပေါ်ခဲ့ပြီ

အငြင်းပွားမှုများမှ ဝန်ကြီး ဌာန၏ အားနည်းချက်များ၊ အေဂျင်စီအချို့၏ အခွင့်အရေးချိုး ဖောက်မှုများနှင့် မိမိအလုပ်သမား အပေါ်တာဝန်မယူမှုများ၊ အလုပ် သမားများ၏ အားနည်းချက်များ အားလုံး ဘူးပေါ်သလိုပင်ပေါ် လာခဲ့သည်။ ယင်းဖြစ်ရပ်များက ယခင်အစိုးရလက်ထက် ကတည်း က ယနေ့ထိ ဖြစ်ပေါ်နေသော ကိစ္စများဖြစ်သော်လည်း ယခုမူ မီးမောင်း ထိုးပြလိုက်သကဲ့ပင်။ ပထမအချက်အနေဖြင့် ထိုင်းနိုင်ငံ သို့သွားရောက်မည့် မြန်မာလုပ် သားများ မြဝတီကျောက်လုံးကြီး စခန်းအရောက်တွင် Smart Cardရရှိရေးအတွက် စခန်းရှိ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန အရာ ရှိကို အလုပ်သမားတစ်ဦးလျှင် လာဘ်ငွေ ၆၅ ဘတ် ပေးနေရခြင်း၊ အစိုးရကSmart Card အတွက် တစ်ဦးလျှင် ထိုင်းငွေ ၁၂ဝဝ ဘတ် သတ်မှတ်ထားသော်လည်း လက် တွေ့တွင် တစ်ဦးလျှင် ဘတ် ၃ဝဝဝ ပေးရကြောင်း အလုပ်သမားများက ထွက်ဆိုခဲ့သည်။ယင်းကိစ္စအတွက် ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသိန်းဝင်းက ”ဥပဒေအရတော့ မပေးရဘူး။ မကောက်ခိုင်းထားဘူး။ ဒါပေမယ့် မြန်မြန်ဆန်ဆန်ရဖို့ မျိုးတွေအတွက်ပေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။ ယင်းကား လာဘ်စားမှု တစ်ရပ်ပင် ဖြစ်သည်။

နောက်တစ်ချက် အနေဖြင့် ရန်ကုန်တွင် ကြက်သားစက်ရုံဟု စာချုပ်ချုပ်သွားပြီး နယ်စပ်ရောက် မှ သစ်သီး စက်ရုံဟု ပြောင်းလဲသွား သည့် စာချုပ် အသစ်တွင် ဒေါ်မို့မို့ သွင်၏ လက်မှတ်ပါနေခြင်းကိစ္စ ဖြစ်သည်။ ယင်းအတွက် ပို့ဆောင် သူ မေဝင့်ကုမ္ပဏီနှင့် ထိုင်းလုပ်ငန်း ရှင်ပူးပေါင်းကာ စာချုပ်အတု၊ လက်မှတ်အတု ပြုလုပ်ခြင်းလား (သို့မဟုတ်) ဒေါ်မို့မို့သွင်ကိုယ် တိုင်က စာချုပ်နောက်တစ်ခုကို အဆင်သင့်လက်မှတ်ရေးထိုးပေးလိုက်ခြင်းလား ဟူသောမေးခွန်း ပေါ်လာခဲ့သည်။အဆိုပါ ကိစ္စအတွက်မူ ဝန်ကြီးဌာန တာဝန်ရှိသူအချို့ကို ဆက်သွယ်မေးမြန်းရာတွင် တိကျ သည့် အဖြေမပေးခဲ့သော်လည်း ပြန်လည် စစ်ဆေးနေကြောင်း ဖြေ ကြားခဲ့သည်။နောက်တစ်ချက် အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် သူများအတွက် ကုန် ကျငွေ မြန်မာကျပ်ငွေ တစ်သိန်းခွဲ ဟု အစိုးရက သတ်မှတ်ထားသော် လည်း လက်တွေ့တွင် ငွေကျပ် သုံးသိန်းမှ လေးသိန်းခွဲအထိ အေ ဂျင်စီများကိုပေးနေရကြောင်းအလုပ် သမားများအားလုံးက တညီ တညွတ်တည်း ထွက်ဆိုကြသည်။ယင်းအပေါ်တွင် lovely World အေဂျင်စီမှMD ဒေါ်ချိုချို စန်းက အလုပ်သမားများ ကုန်ကျ သည့် ပိုက်ဆံလေးသိန်းဟူသည် သူမလက်အတွင်း မရောက်ရှိ ကြောင်း၊ သူမ လက်အတွင်းသို့ မရောက်ရှိသည့်အတွက် ပွဲစား လက်အတွင်းပေးလိုက်ရသည့်ကိစ္စ ကို တာဝန်မယူနိုင်ကြောင်းဆိုသည်။ထို့ပြင် စာချုပ်၌ အလုပ်လုပ် ချိန်သက်တမ်း ၂ နှစ် ပါသော်လည်း ခြောက်လနှင့် အလုပ်ထုတ်ခံလိုက် ရသော အလုပ်သမားကိစ္စ၊ အလုပ် သမားများ ပြဿနာတက်လာပါက တာဝန်ယူဖြေ ရှင်း ပေးခြင်း မရှိဘဲ ရှောင် တိန်းနေသည့် အေဂျင်စီများ ကိစ္စ၊ နိုင်ငံကူးလက်မှတ်နှင့် Work Permit ကို အလုပ်သမားများ လက်အတွင်း ထားရှိရမည်ဟု ပြဋ္ဌာန်း ထားသော်လည်း လက်တွေ့တွင် အလုပ်ရှင်ကသိမ်းထားပြီး အကြေွး ကျေမှ ပြန်ပေးသည်ဟူသောကိစ္စ၊ ယင်းကြောင့် အလုပ်သမားများမှာ တရားဝင် MoU ဖြင့် သွားပါ လျက် ထိုင်းရဲကို လိုင်းကြေးပေး အလုပ် လုပ်နေရသည့် ကိစ္စ၊ ပြဿနာ တက်လာသောအခါ ထောင်ကျခံရ သည်အထိဖြစ်သောအလုပ်သမားကိစ္စ၊ အလုပ်လုပ်ချင်စိတ်သာရှိပြီး မိမိလုပ်ကိုင်ရမည့် လုပ်ငန်းအကြောင်း သေသေချာချာမလေ့လာခဲ့သည့် အလုပ်သမားများ၏ အားနည်း ချက် စသဖြင့် ပြဿနာပေါင်းများ စွာ ထွက်ပေါ်လာခဲ့သည်။

ဝန်ကြီးဌာန၏ ညွှန်ကြားရေး မှူးဦးသိန်းဝင်းက ”အလုပ်သမား အချို့က သွားချင်တာပဲသိတယ်။ ကိုယ်လုပ်ရမယ့်လုပ်ငန်းကို သေချာ နားလည်အောင် ရှင်းပြတဲ့အချိန် နားထောင်တာတွေ အားနည်း တယ်။ သင်တန်းမှာဆို အိပ်နေတာ တွေပါ တွေ့ရတယ်။ အခု ၂၃ ဦး ကိစ္စမှာလည်း သူတို့ကို ထိုင်းဥပဒေ အရ တရားမဝင် ပြန်လာသလိုဖြစ် သွားတော့Black List အ ထိသွား တယ်ထင်တယ်။ သူတို့ဥပဒေတော့ ကျွန်တော်သေချာမသိပါဘူး။ အမှန် ဆိုရင်ပေါ့နော် ထိုင်းနိုင်ငံရဲ့ဥပဒေ အရ သေသေချာချာ လေးရှင်းပြီး ထွက်လာခဲ့ရင် ဒီလိုမဖြစ်တော့ဘူး ပေါ့ဗျာ။ အခုက တချို့ပြောဆိုတဲ့ ဟာတွေက ဟုတ်တာတွေလည်းပါတယ်။ မဟုတ်တာတွေလည်းပါ တယ်။ ကျွန်တော်တို့လည်း ပြန်ပြီး စိစစ်နေပါတယ်” ဟု ဆိုသည်။ အေဂျင်စီများကို စွပ်စွဲသည့် ကိစ္စနှင့်ပတ်သက်၍ MOEAF အဖွဲ့မှ ဦးမြင့်ကျော်က ပြန်လည် ရှင်းလင်း ပြောဆိုခဲ့သော်လည်းAAC ၊ MAT အဖွဲ့၏ တန်ပြန်မေး ခွန်းထုတ်ခြင်းများအပေါ် ဝေဝေ ဝါးဝါးသာ ပြောဆိုနိုင်ခဲ့သည်။မြန်မာနိုင်ငံရှိ လိုင်စင်ရပြည်ပ အလုပ်အကိုင် အေဂျင်စီများအား လုံးသည် MOEAFအဖွဲ့ဝင်များ ဖြစ်သည်။ သို့သော် သတင်းစာရှင်း လင်းပွဲ ၂ ခုကြောင့် မိမိအဖွဲ့ဝင် အေဂျင်စီများအားလုံး အကြောင်းကိုပင် MOEAF အနေဖြင့် တိတိကျကျ မသိရှိကြောင်း ပေါ်လွင်ခဲ့သည်။

ဝန်ကြီးဌာန ဘာလုပ်မှာလဲ မေး ခွန်းထုတ်လိုက်တဲ့ အေဂျင်စီ အရှုပ်နှင့် MoU ပြဿနာ

MoU လုပ်သားအရေးတွင် အေဂျင်စီနှင့် ထိုင်းရောက် မြန်မာ လုပ်သားအရေး ဆောင်ရွက်သည့် အဖွဲ့များကြား အငြင်းပွားမှုဖြစ်ပွား ခဲ့သည်ကား ကြာခဲ့ပြီဖြစ်သည်။

MAT မှ ဦးကျော်သောင်းက ”MoU့ ကနေ စာရွက်စာတမ်း တွေရဖို့ လာဘ်ပေး လာဘ်ယူမှုတွေ ဖြစ် ကုန်တာ။ အစိုးရချင်း G to G အလုပ်သမားပို့တဲ့ ကိစ္စမှာ အေဂျင် စီက ကြားကနေခံလိုက်တော့B to B ဆိုတဲ့ စီးပွားရေး -စီးပွားရေး ဖြစ်သွားတယ်။ ဒါကြောင့် တရား ဝင် လူမှောင်ခို ကုန်ကူးတာနဲ့ တူ သွားတယ်” ဟုပြောသည်။ ယင်းကဲ့သို့ ပြောကြားမှုကို အလုပ်အကိုင် အေဂျင်စီများဘက် မှ တန်ပြန်ငြင်းဆိုခဲ့သည်။ထိုင်းရောက် မြန်မာလုပ်သား များ ရင်ဆိုင်နေရသည့် ပြဿနာ များနှင့် ပတ်သက်၍ ဝန်ကြီး ဌာန မှ နှစ်နိုင်ငံအစိုးရချင်းအစည်းအဝေး ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ဆွေးနွေး ဖြေရှင်းခဲ့ပြီးဖြစ်သည်။မည်သို့ပင် ဖြေရှင်းမှုများရှိနေ စေကာမူ အမှန်တကယ်အောက် ခြေတွင်ကြုံတွေ့နေရသည့် အလုပ် သမားများပြဿနာများက တစ်စ တစ်စနှင့် အနာရင့်လာပြီး နောက် ဆုံး ရန်ကုန်မြို့၏ သတင်းစာရှင်း လင်းပွဲတွင် ပေါက်ကွဲထွက်လာခဲ့ သည်။ ယင်းအရှုပ်ထုပ်ကို အလုပ် သမားနှင့်လဝက ဝန်ကြီးဌာနအနေ ဖြင့် မည်သို့ဖြေရှင်းမည်ကို အဆိုပါ သတင်းစာရှင်းလင်းပွဲနှစ်ပွဲက မေး ခွန်းထုတ်ခဲ့သည်။ ထိုအထဲတွင် အေဂျင်စီနှင့် အလုပ်သမား ကြားရှိ ကြားပွဲစားကိစ္စ သည်လည်း အရေးကြီးပြဿနာ တစ်ရပ်အဖြစ် တည်ရှိနေသည်။ ”ဦးမျိုးအောင်ကို ပြန်ပြီး မေး ခွန်းထုတ်ချင်ပါတယ်။ ထိုင်းရောက် မြန်မာ အလုပ်သမားတွေရဲ့ အ ကြောင်းကို သေချာမသိဘဲကြေညာ ချက်တွေ ထုတ်နေတာလားလို့မေး ချင်ပါတယ်”ဟု AACမှကိုရဲမင်းကသတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားနှင့်လဝကဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကိုမေးခွန်း ထုတ်ခဲ့သည်
 အဆိုပါ မေးခွန်း၏အဖြေကိုဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ပြန်လည်ဖြေကြားမည်နည်း၊ မည်သို့ လုပ်မည်နည်းဟုသာ တန်ပြန်မေး ခွန်းထုတ်ရတော့မည်ဖြစ်သည်။


 Website မှကူးယူဖော်ပြပါသည်
jaketaw85

No comments:

Post a Comment