မိုက်ကရိုဆော့ကုမ္ပဏီကSurface တက်ဘလက် လက်ကိုင် ကွန်ပြူတာ ထွက်လာမယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မှာကြေညာလိုက်ပါတယ်၊ Touch screenအသုံးပြု ထားတဲ့ဒီ Surface တက်ဘလက် မှာမိုက်ကရိုဆော့ရဲ့ windows 8 OS ကိုထည့်သွင်းထားတာမှာဖြစ်ပြီး Processor အပိုင်းမှာတော့ ntel ဒါမှမဟုတ်ARM processors တို့ကိုအသုံးပြုထားမှာဖြစ်ပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်
Monday, July 30, 2012
ဆုတံဆိပ်ရရှိမှုဇယား(အိုလန်ပစ် ဒုတိယနေ့)
1 | တရုတ် | 6 | 4 | 2 | ||
2 | အမေရိကန် | 3 | 5 | 3 | ||
3 | အီတလီ | 2 | 3 | 2 | ||
4 | တောင်ကိုရီးယား | 2 | 1 | 2 | ||
5 | ပြင်သစ် | 2 | 1 | 1 |
မြန်မာနိုင်ငံကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေရဲ့ လန်ဒန်အိုလန်ပစ် သတင်းများဖတ်ရန် |
Sunday, July 29, 2012
မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု
မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။
(ရေးသားသူ ညိုလင်းထွန်း)
မန္တလေးနှင့်မုံရွာမြို့များတွင် ငလျင်လှုပ်ခတ်
ယနေ့မနက် မြန်မာစံတော်ချိန်၈နာရီ၊၅၂မိနစ်တွင်မန္တလေးမြို့၌ငလျင်လှုပ်ခတ်သွားကြောင်းသိရသည်။ ငလျင်ဒါဏ်ကြောင့်ပျက်စီးထိခိုက်မှုမရှိကြောင်းဒေသခံများမှပြောပြခဲ့သည်။မန္တလေးမြို့သည်စစ်ကိုင်းပြတ်ရွှေ့ ကျာနှင့်နီးကပ်စွာရှိနေ၍ငလျင်ဒါဏ်ကြောင့်အန္တရာယ်ရှိနိုင်ကြောင်းကိုပညာရှင်တို့တွက်ဆထားကြသည်။ အလားတူမနက်၈နာရီမိနစ်၅၀အချိန်ခန့်တွင်မုံရွာမြို့တွင်လည်းငလျင်လှုပ်ခတ်ခဲ့ကြောင်းသတင်းရရှိပါသည်။
နဂါးမောက်သီး
(၁) နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်သော သွေးဖိ အားတက်ခြင်း ကို လျော့ နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်းခြေဖျက်ပေး ပါတယ်။
(၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင် သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။
(၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၅) အစာအိမ်ရောဂါများနှင့် ဟော် မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။
(၆) ဗီတာမင် C လည်း အများကြီး ပါဝင်တာမို့ အနာကျက်မြန်စေခြင်း အညိုအမည်းစွဲခြင်းများကို မြန်မြန် အားကိုလည်း မြှင့်တင်ပေးပါတယ်။
(၇) ဘီတာကယ်ရိုတင်းပါဝင်တဲ့ အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်ြး ခင်းနှင့် အခြားသော ဇီဝရုပ်ဖြစ်ပျက်မှု များကိုလည်း ကောင်းစေ ပါ တယ်။
(၈) ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်
(၉) သွေးတွင်းသကြားဓာတ် ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုး အစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူ များအတွက် သင့်တော်ပါတယ်။
(၁၀)သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝ ရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို ထိန်း သိမ်းပေးပါတယ်။
(၁၁)နဂါးမောက်သီးပုံမှန်စား ပေး မယ်ဆိုရင် ရင်ကျပ်ရောဂါနှင့် ချောင်း ဆိုးခြင်းကို သက်သာပျောက်ကင်း စေနိုင်တယ်လို့ သိရပါတယ်။
Ref: Health Digest
(၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်သော သွေးဖိ အားတက်ခြင်း ကို လျော့ နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်းခြေဖျက်ပေး ပါတယ်။
(၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင် သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။
(၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၅) အစာအိမ်ရောဂါများနှင့် ဟော် မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။
(၆) ဗီတာမင် C လည်း အများကြီး ပါဝင်တာမို့ အနာကျက်မြန်စေခြင်း အညိုအမည်းစွဲခြင်းများကို မြန်မြန် အားကိုလည်း မြှင့်တင်ပေးပါတယ်။
(၇) ဘီတာကယ်ရိုတင်းပါဝင်တဲ့ အတွက် မျက်စိအမြင်ကောင်းခြင်း၊ မျိုးပွားနိုင်စွမ်းကောင်ြး
(၈) ဗီတာမင် B1, B2, B3 ကြွယ်ဝစွာ ပါဝင်ပါတယ်
(၉) သွေးတွင်းသကြားဓာတ် ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့အတွက် အမျိုး အစား (၂) ဆီးချိုသွေးချိုရောဂါ ရှိသူ များအတွက် သင့်တော်ပါတယ်။
(၁၀)သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝ ရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကိ
(၁၁)နဂါးမောက်သီးပုံမှန်စား
Ref: Health Digest
ဂျာနယ်အချို့ တရားစွဲဆိုခံရနေခြင်းနှင့် အချိန်ကာလကြာမြင့်စွာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံနေရခြင်း
ပြည်တွင်းထုတ် ဂျာနယ်အချို့ တရားစွဲဆိုခံရနေခြင်းနှင့်
အချိန်ကာလကြာမြင့်စွာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံနေရခြင်းအပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ
ဖြစ်မြောက်ရေးကော်မတီ(ယာယီ)၏ သဘောထားထုတ်ပြန်
ပြည်တွင်းထုတ် ဂျာနယ်အချို့ တရားစွဲဆိုခံနေရခြင်းနှင့် တိကျရှင်းလင်းသည့် ထုတ်ပြန် အသိပေးမှုများမရှိဘဲ ဂျာနယ်ထုတ်ဝေခွင့်အား အချိန်ကာလကြာမြင့်စွာ ရပ်ဆိုင်းခံရခြင်းများအပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ)က ဇူလိုင်လ ၂၈ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသဘောထား ထုတ်ပြန်ချက်၌ လျှပ်တစ်ပြက်ဂျာနယ်အား ထုတ်ဝေဖြန့်ချိခွင့် ပိတ်ပင်ထားမှုမှာ ယခုအခါ ရက်သတ္တပတ် ၇ ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး အယ်ဒီတာချုပ် ဦးမြတ်ခိုင်မှာလည်း ပုဒ်မ-၅၀၀ (ခ)(ဂ)တို့ဖြင့် တရားစွဲဆိုခြင်းခံထားရပါသည်။ ဤသို့သော အခြေအနေ များတွင် ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ မည်သည့်အချက်များကို ဖောက်ဖျက်ကျူးလွန်၍ မည်သည့်ဥပဒေဖြင့် မည်ကဲ့သို့ အရေးယူမှုများ ပြုလုပ်ထားသည်ဟု တိတိကျကျ တရားဝင် ထုတ်ပြန် အကြောင်းကြားခြင်းမပြုဘဲ ယခုကဲ့သို့ အချိန်ကာလကြာမြင့်စွာ ရပ်ဆိုင်း ထားခြင်းမှာ လုံးဝ သင့်လျော်ခြင်း မရှိကြောင်း ကန့်ကွက်အပ်ပါသည်။ ထိုသို့ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းခံရခြင်းနှင့်အတူ အဆိုပါဂျာနယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဂျာနယ်လစ်များ အပါအ၀င် ၀န်ထမ်းအသီးသီး၏ ဘ၀ရပ်တည်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားသင့်ရာ ယခုကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိဘဲ လက်ရှိ ခေတ်စနစ်နှင့် လိုက်လျောညီထွေခြင်းမရှိသော လုပ်ဆောင်ချက်အပေါ် ကန့်ကွက်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
ထို့အပြင် ယခုကိစ္စသည် ဥပဒေပါအတိုင်း ဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ဂျာနယ်လစ်များ၊ စာနယ်ဇင်း မီဒီယာများ၏ မိမိတို့ လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်များအတိုင်း လွတ်လပ်စွာ ရေးသား ဖော်ထုတ်မှုများအတွက် မိမိတို့မှ အပြည့်အ၀ ရပ်တည် ကာကွယ်ပေးသွားမည်ဖြစ်ပါသည်ဟု သဘောထား ထုတ်ပြန်ချက်၏ အမှတ်စဉ်(၄)တွင် ဖော်ပြထားသည်။
လျှပ်တစ်ပြက်သတင်းဂျာနယ် မှာ အတွဲ(၃)၊ အမှတ်(၉၁)၊ စာမျက်နှာ(၈)တွင် ဖော်ပြခဲ့သော ရခိုင်ပြည်နယ်၊ ရမ်းမြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာမှ မသီတာထွေး၏ ဓာတ်ပုံအား ဖော်ပြခဲ့ခြင်းကြောင့် ဂျာနယ်ထုတ်ဝေခွင့်အား တစ်လ ယာယီပိတ်ပင် ခံခဲ့ရပြီးနောက်တွင် အယ်ဒီတာချုပ်ဖြစ်သူ ဦးမြတ်ခိုင်မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပုဇွန်တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀- (ခ)(ဂ)တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။
ပုဇွန်တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀-(ခ)(ဂ)ဖြင့် အရေးယူပေးပါရန် ဇွန်လ ၂၉ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့ ရုံးချိန်းအထိ လေးကြိမ် ကြားနားခဲ့ပြီးဖြစ်သည်။
Eleven Media Groupပြည်တွင်းထုတ် ဂျာနယ်အချို့ တရားစွဲဆိုခံနေရခြင်းနှင့် တိကျရှင်းလင်းသည့် ထုတ်ပြန် အသိပေးမှုများမရှိဘဲ ဂျာနယ်ထုတ်ဝေခွင့်အား အချိန်ကာလကြာမြင့်စွာ ရပ်ဆိုင်းခံရခြင်းများအပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ)က ဇူလိုင်လ ၂၈ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသဘောထား ထုတ်ပြန်ချက်၌ လျှပ်တစ်ပြက်ဂျာနယ်အား ထုတ်ဝေဖြန့်ချိခွင့် ပိတ်ပင်ထားမှုမှာ ယခုအခါ ရက်သတ္တပတ် ၇ ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး အယ်ဒီတာချုပ် ဦးမြတ်ခိုင်မှာလည်း ပုဒ်မ-၅၀၀ (ခ)(ဂ)တို့ဖြင့် တရားစွဲဆိုခြင်းခံထားရပါသည်။ ဤသို့သော အခြေအနေ များတွင် ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းနှင့်ပတ်သက်၍ မည်သည့်အချက်များကို ဖောက်ဖျက်ကျူးလွန်၍ မည်သည့်ဥပဒေဖြင့် မည်ကဲ့သို့ အရေးယူမှုများ ပြုလုပ်ထားသည်ဟု တိတိကျကျ တရားဝင် ထုတ်ပြန် အကြောင်းကြားခြင်းမပြုဘဲ ယခုကဲ့သို့ အချိန်ကာလကြာမြင့်စွာ ရပ်ဆိုင်း ထားခြင်းမှာ လုံးဝ သင့်လျော်ခြင်း မရှိကြောင်း ကန့်ကွက်အပ်ပါသည်။ ထိုသို့ အချိန်ကြာမြင့်စွာ ရပ်ဆိုင်းခံရခြင်းနှင့်အတူ အဆိုပါဂျာနယ်တွင် တာဝန်ထမ်းဆောင်နေကြသော ဂျာနယ်လစ်များ အပါအ၀င် ၀န်ထမ်းအသီးသီး၏ ဘ၀ရပ်တည်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားသင့်ရာ ယခုကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိဘဲ လက်ရှိ ခေတ်စနစ်နှင့် လိုက်လျောညီထွေခြင်းမရှိသော လုပ်ဆောင်ချက်အပေါ် ကန့်ကွက်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
ထို့အပြင် ယခုကိစ္စသည် ဥပဒေပါအတိုင်း ဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ဂျာနယ်လစ်များ၊ စာနယ်ဇင်း မီဒီယာများ၏ မိမိတို့ လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်များအတိုင်း လွတ်လပ်စွာ ရေးသား ဖော်ထုတ်မှုများအတွက် မိမိတို့မှ အပြည့်အ၀ ရပ်တည် ကာကွယ်ပေးသွားမည်ဖြစ်ပါသည်ဟု သဘောထား ထုတ်ပြန်ချက်၏ အမှတ်စဉ်(၄)တွင် ဖော်ပြထားသည်။
လျှပ်တစ်ပြက်သတင်းဂျာနယ် မှာ အတွဲ(၃)၊ အမှတ်(၉၁)၊ စာမျက်နှာ(၈)တွင် ဖော်ပြခဲ့သော ရခိုင်ပြည်နယ်၊ ရမ်းမြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာမှ မသီတာထွေး၏ ဓာတ်ပုံအား ဖော်ပြခဲ့ခြင်းကြောင့် ဂျာနယ်ထုတ်ဝေခွင့်အား တစ်လ ယာယီပိတ်ပင် ခံခဲ့ရပြီးနောက်တွင် အယ်ဒီတာချုပ်ဖြစ်သူ ဦးမြတ်ခိုင်မှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပုဇွန်တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀- (ခ)(ဂ)တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။
ပုဇွန်တောင် မြို့နယ်အုပ်ချုပ်ရေးမှူးက လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀-(ခ)(ဂ)ဖြင့် အရေးယူပေးပါရန် ဇွန်လ ၂၉ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့ ရုံးချိန်းအထိ လေးကြိမ် ကြားနားခဲ့ပြီးဖြစ်သည်။
ငါ မသေဘူး
ရေကူးတတ်တဲ့ မြတ်ခိုင်။
အခု
မြတ်ခိုင်မှာ
ဂျာနယ် မရှိ။
ခက်တာက
လယ်သမားတွေမှာ
လယ် မရှိတာပဲ။
မြတ်ခိုင်က
ဂျာနယ် အသိမ်းခံရ။
လယ်သမားတွေက
လယ် အသိမ်းခံရ။
မြတ်ခိုင်မှာ
ဂျာနယ်လိုအပ်သလို
လယ်သမားတွေလည်း
လယ်မြေလိုအပ်သပေါ့။
လွတ်လပ်မှုဆိုတာ
လိုအပ်မှုကို သဘောပေါက်နားလည်ခြင်းတဲ့ မြတ်ခိုင်။
မြတ်ခိုင်ရော
လယ်သမားတွေပါ
လွတ်လပ်မှု အသိမ်းခံရပါပကော။
ထွန်တုံးပေါ်က လာတဲ့လူ
ပြန်ကျတော့လည်း
ထွန်တုံးပေါ်ပဲကျမယ် မြတ်ခိုင်။
လယ်သမားတွေလို
ထွန်တုံးတိုက်ပွဲ ဆင်ပါ။
လွတ်လပ်မှုအတွက်
လွတ်လပ်မှုကို စတေးပါ။
ဓားတွေ လှံတွေ ကြားမှာ
“တရား” နဲ့ နေပါ။
တစ်နေ့ -
လယ်သမားတွေက
မြတ်ခိုင်ကို လိုအပ်လာမယ့်နေ့
အဲဒီနေ့ .... .... .... ။ ။
အောင်ဝေး
ဇွန် ၂၇၊ ၂၀၁၂
Saturday, July 28, 2012
အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ထိုင်းနိုင်ငံခရီးစဉ်အတွင်းအလုပ်သမားရေးရာကိစ္စများဆွေးနွေးခြင်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ထိုင်းနိုင်ခရီးစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားကိစ္စများအား NGO အဖွဲ့များနှင့်လည်းကောင်း၊ ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးနှင့်လည်းကောင်း၊ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ကော်မရှင်နာတို့နှင့်လည်းကောင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။(----)
သတင်းအပြည့်အစုံဖတ်ရန်
သတင်းအပြည့်အစုံဖတ်ရန်
သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည်
(ဓါတ်ပုံ - မဇ္ဈိမ)
မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကာက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းဆရာ /ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့
ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။“မူလတန်းပြ ဆရာ/မ
တသိန်းခန့်ကို လူဦးရေ စာရင်းကောက်ခံပြုစုရာမှာ အသုံးပြုသွားမှာဖြစ်ပြီး
အလယ်တန်းပြ ဆရာ/မ နှစ်သောင်းခန့်ကိုတော့ စာရင်းတွေ စစ်ဆေးရာမှာ
အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။အဆိုပါ ကျောင်းဆရာ/မများမှာ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်မှ အိမ်ခြေ ၁၁ သန်းခန့်သို့ ကိုယ်တိုင်သွား
ရောက်ကာ စစ်တမ်းများ လိုက်လံကောက်ခံရမည်ဖြစ်သည်။ ၎င်းတို့အား ညွှန်ကြားပေးမည့် သင်တန်းဆရာများကို ကုလသမဂ္ဂမှ သင်တန်းများပေးမည် ဖြစ်သည်။နှစ်ပေါင်း
၃၀ အကြာတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံရေးအတွက်
လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ သည် ကုလသမဂ္ဂနှင့်
ပူးပေါင်းဆောင်ရွက်သွားမည်။ထို့ပြင် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ၂ ရာခိုင်နှုန်းသော လူဦးရေမှာကောက်ခံရာတွင် ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားသည်။သို့သော်ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ခေါ် မူဆလင်များကိစ္စကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ
ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ကမ္ဘာပေါ်တွင် နှိပ်စက် အညှဉ်းပမ်းခံရဆုံး လူမျိုး
တမျိုးဖြစ်သည်ဟု ဖော်ပြထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား
နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထားပေ။၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ
ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွား သည်။မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၏ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း
ကောက်ယူရေး မေးခွန်းနှင့် ပတ်သက်၍ ဦးခင်ရီ က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။“သန်းခေါင်စာရင်း ကောက်ယူမည့် အစီအမံ တခုလုံးကို သုံးနှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်၌ လူဦးရေဆိုင်ရာ အခြေခံ
အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း” ဟု သောကြာနေ့ ထုတ်
နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။၂ဝ၁၄ ခုနှစ်၊
စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍
ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊
စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း
လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။၁၉၈၃
ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း
မကောက်ယူနိုင်ခဲ့သည့်အတွက် ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းတွင်
နှစ် ၃ဝ ကြာမှ ကောက်ယူရသည့် အတွေ့အကြုံပြတ်လပ်မှုကြောင့် လစ်ဟာမှု မရှိစေရန်
အချိန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။၂ဝ၁၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ခရီးစဉ်အတွင်း
မြန်မာနိုင်ငံ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလမှ နည်းပညာ၊
အုပ်ချုပ်မှုနှင့် ငွေကြေးအရ ပံ့ပိုင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံလူဦးရေ
ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု
မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး
အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာ
ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။ကုလသမဂ္ဂ
လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) ကိုယ်စားလှယ် Mohamed
Abdel-Ahad ကလည်း သန်းခေါင်စာရင်း၏ အရေးပါပုံကို “သန်းခေါင်စားရင်း
ကောက်ယူမှုတွေဟာ လူဦးရေတိုးပွားမှုရဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပါတယ်။
ဒါ့အပြင် လတ်တလောနဲ့ အနာဂတ်မှာ ကျောင်းတွေ၊ ဆရာတွေ၊ ဆေးရုံတွေ၊
ဆရာဝန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုလုံခြုံရေးတွေ လိုအပ်မှုကိုလည်း
ခန့်မှန်း တွက်ချက်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု မေလအတွင်းက
နေပြည်တော်အစည်းအဝေးတွင် ပြောကြားသွားသည်။
ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ)
ကျွမ်းကျင်လုပ်သား လိုအပ်ချက် ဖြည့်ဆည်းရန် ပညာရှင်တို့ သတိပေး
၂၀၁၅
ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်းသို့ ဝင်ရောက်တော့မည့် မြန်မာနိုင်ငံ
အတွက် ကျွမ်းကျင်လုပ်သား လိုအပ်ချက် ရှိနေသေးပြီး ထိုလိုအပ်ချက်အား ဖြည့်ဆည်းရန်
လိုကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင်
အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်အုန်းသန့် က သတိပေး ပြောကြားလိုက်သည်။
“မြန်မာပြည်အတွက် ခြိမ်းခြောက်မှုက ဘာလဲဆိုတော့ ကိုယ့်ဆီကလူက အလုပ်ရဖို့ မလွယ်ဘူး။ သူတို့ဆီက လူတွေက ကိုယ့်ဆီမှာ အလုပ်ရဖို့ လွယ်တယ်။ မြန်မာပြည် အတွင်းမှာကို စံချိန်စံညွှန်းပြည့်ဖို့ လိုလာပြီ။ မမီရင် အပြင်ကလူကို ခန့်တော့မှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။
အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပေါ်လာပါက ကုန်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားများ စသည်တို့သည် အာဆီယံနိုင်ငံအတွင်း လွတ်လပ်စွာ ကုန်သွယ် လုပ်ကိုင်နိုင်ကြမည် ဖြစ်ခြင်းကြောင့် ကျွမ်းကျင် လုပ်သား လိုအပ်ချက် ဖြည့်ဆည်းထားရန် ဒေါ်ခင်အုန်းသန့် က ပြောသွားခြင်း ဖြစ်သည်။
ထို့အပြင် မိမိနိုင်ငံအတွင်းမှ ရရှိသည့် လစာနှင့် အခွင့်အလမ်း နည်းပါးနေပါက ပြည်တွင်းမှ ကျွမ်းကျင် လုပ်သားများပြည်ပသို့ ထွက်ခွာသွားနိုင်သည့်အတွက် ထိုသို့ မဖြစ်စေရန် အခွင့်အလမ်းများ ပေးသင့်သည်ဟု Parami Energy Group ကုမ္ပဏီ၏ အကြီးတန်း အကြံပေးဖြစ်သူ ဒေါ်တင်တင်ထွေး က သုံးသပ်ပြောဆိုသည်။“နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကလေးတွေအတွက် နေရာမရှိကြဘူး ဆိုတာလည်း နေရာ လုပ်ပေးရမှာပေါ့။ အခုတောင် သမ္မတကြီး ဦးသိန်းစိန်က Good Governance ၊ Clean government ဆိုတာ ပြောတာရှိတယ်။ အဲဒါ အရမ်း အရေးကြီးတယ်။ Good တင်မကဘူး။ Clean ပါ ဖြစ်ရမယ်။ အလုပ် မရဘူးဆိုတာ အဲဒါလည်း ပါတယ်” ဟု ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် လူငယ် အလုပ်လက်မဲ့ဦးရေ မြင့်မားလျက်ရှိနေပြီး ၎င်းမှာ ချိန်ကိုက်ဗုံး တခုကဲ့သို့ ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ၌ ဇွန်လ ၁ ရက်နေ့က ပြောကြားခဲ့သည်။
“မြန်မာပြည်အတွက် ခြိမ်းခြောက်မှုက ဘာလဲဆိုတော့ ကိုယ့်ဆီကလူက အလုပ်ရဖို့ မလွယ်ဘူး။ သူတို့ဆီက လူတွေက ကိုယ့်ဆီမှာ အလုပ်ရဖို့ လွယ်တယ်။ မြန်မာပြည် အတွင်းမှာကို စံချိန်စံညွှန်းပြည့်ဖို့ လိုလာပြီ။ မမီရင် အပြင်ကလူကို ခန့်တော့မှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။
အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပေါ်လာပါက ကုန်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားများ စသည်တို့သည် အာဆီယံနိုင်ငံအတွင်း လွတ်လပ်စွာ ကုန်သွယ် လုပ်ကိုင်နိုင်ကြမည် ဖြစ်ခြင်းကြောင့် ကျွမ်းကျင် လုပ်သား လိုအပ်ချက် ဖြည့်ဆည်းထားရန် ဒေါ်ခင်အုန်းသန့် က ပြောသွားခြင်း ဖြစ်သည်။
ထို့အပြင် မိမိနိုင်ငံအတွင်းမှ ရရှိသည့် လစာနှင့် အခွင့်အလမ်း နည်းပါးနေပါက ပြည်တွင်းမှ ကျွမ်းကျင် လုပ်သားများပြည်ပသို့ ထွက်ခွာသွားနိုင်သည့်အတွက် ထိုသို့ မဖြစ်စေရန် အခွင့်အလမ်းများ ပေးသင့်သည်ဟု Parami Energy Group ကုမ္ပဏီ၏ အကြီးတန်း အကြံပေးဖြစ်သူ ဒေါ်တင်တင်ထွေး က သုံးသပ်ပြောဆိုသည်။“နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကလေးတွေအတွက် နေရာမရှိကြဘူး ဆိုတာလည်း နေရာ လုပ်ပေးရမှာပေါ့။ အခုတောင် သမ္မတကြီး ဦးသိန်းစိန်က Good Governance ၊ Clean government ဆိုတာ ပြောတာရှိတယ်။ အဲဒါ အရမ်း အရေးကြီးတယ်။ Good တင်မကဘူး။ Clean ပါ ဖြစ်ရမယ်။ အလုပ် မရဘူးဆိုတာ အဲဒါလည်း ပါတယ်” ဟု ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် လူငယ် အလုပ်လက်မဲ့ဦးရေ မြင့်မားလျက်ရှိနေပြီး ၎င်းမှာ ချိန်ကိုက်ဗုံး တခုကဲ့သို့ ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ၌ ဇွန်လ ၁ ရက်နေ့က ပြောကြားခဲ့သည်။
အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး
အလုပ်သမားသမဂ္ဂများ
ဖွဲ့စည်းခွင့် ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက
ယနေ့အထိ သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင်
အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် တပ်မတော် လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝန်ထမ်းများမှအပ ကျန်အလုပ်သမားများသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။
လက်ရှိတွင် အစိုးရဝန်ထမ်း မဟုတ်သော အလုပ်သမားများ၏ သမဂ္ဂပေါင်း ၁၃၀ နီးပါး မှတ်ပုံတင် ဖွဲ့စည်းပြီး
ဖြစ်သော်လည်း အစိုးရဝန်ထမ်းများက ယခုအချိန်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
ထိုသို့ အစိုးရ ဝန်ထမ်းများ သမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတခုမှ အကြီးတန်း စာရေးတဦးက “ခေါင်းဆောင်မယ့်သူလည်း မရှိဘူး၊ လမ်းပြမယ့်သူလည်း မရှိဘူး” ဟု ဆိုသည်။
ထို့ပြင် အစိုးရဝန်ထမ်းများအတွက် အလုပ်သမားသမဂ္ဂကို ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါက အထက်လူကြီး ဖိအားပေးမှု ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ခေါင်းဆောင်မည့်သူ မရှိခြင်းဖြစ်မည်ဟု ထင်မြင်ချက် ပေးသည်။
ရွှေပြည်သာမြို့နယ်ရှိ “အောင်” ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ ဥပဒေအကြံပေး ဦးစောကျော်ကျော်မင်း က အစိုးရဝန်ထမ်းများ သမဂ္ဂ မဖွဲ့စည်းကြခြင်းအပေါ် “ကြောက်နေတဲ့ စိတ်ထားတွေကို ဖျောက်သင့်ပါပြီ” ဟု ဆိုသည်။
မိမိတို့၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ကိုကာကွယ်နိုင်ရန် အစိုးရ ၀န်ထမ်းများ အနေဖြင့်လည်း ကြိုးစားပြီး ဖွဲ့စည်းသင့်ကြောင်း ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု အစီအစဉ်၏ အကြံပေးအရာရှိ
ရော့စ်ဝီလ်စန် ကလည်း ၎င်းတို့အနေဖြင့် မှတ်ပုံတင်ထားသည့် အလုပ်သမားအဖွဲ့များကို အသိပညာပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး အစိုးရ ဝန်ထမ်းများသည်လည်း အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် ရှိသလို ထိုသို့ ဖွဲ့စည်းပြီးမှသာ ILO အနေဖြင့် အလုပ်သမားရေးရာ သင်တန်းများ ပေးနိုင်မည်ဟု ဆိုသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန် က အလုပ်သမား သမဂ္ဂများ “များများဖွဲ့လေ ကောင်းလေပါပဲ” ဟု ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီတွင် အသက်ဝင်လာခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ လုပ်ငန်းတူ အလုပ်သမား ဦးရေ ၃၀ ရှိလျှင် အခြေခံ အလုပ်သမား အဖွဲ့တခု ဖွဲ့စည်းနိုင်သည်။
၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် တပ်မတော် လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝန်ထမ်းများမှအပ ကျန်အလုပ်သမားများသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။
လက်ရှိတွင် အစိုးရဝန်ထမ်း မဟုတ်သော အလုပ်သမားများ၏ သမဂ္ဂပေါင်း ၁၃၀ နီးပါး မှတ်ပုံတင် ဖွဲ့စည်းပြီး
ဖြစ်သော်လည်း အစိုးရဝန်ထမ်းများက ယခုအချိန်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
ထိုသို့ အစိုးရ ဝန်ထမ်းများ သမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတခုမှ အကြီးတန်း စာရေးတဦးက “ခေါင်းဆောင်မယ့်သူလည်း မရှိဘူး၊ လမ်းပြမယ့်သူလည်း မရှိဘူး” ဟု ဆိုသည်။
ထို့ပြင် အစိုးရဝန်ထမ်းများအတွက် အလုပ်သမားသမဂ္ဂကို ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါက အထက်လူကြီး ဖိအားပေးမှု ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ခေါင်းဆောင်မည့်သူ မရှိခြင်းဖြစ်မည်ဟု ထင်မြင်ချက် ပေးသည်။
ရွှေပြည်သာမြို့နယ်ရှိ “အောင်” ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ ဥပဒေအကြံပေး ဦးစောကျော်ကျော်မင်း က အစိုးရဝန်ထမ်းများ သမဂ္ဂ မဖွဲ့စည်းကြခြင်းအပေါ် “ကြောက်နေတဲ့ စိတ်ထားတွေကို ဖျောက်သင့်ပါပြီ” ဟု ဆိုသည်။
မိမိတို့၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ကိုကာကွယ်နိုင်ရန် အစိုးရ ၀န်ထမ်းများ အနေဖြင့်လည်း ကြိုးစားပြီး ဖွဲ့စည်းသင့်ကြောင်း ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု အစီအစဉ်၏ အကြံပေးအရာရှိ
ရော့စ်ဝီလ်စန် ကလည်း ၎င်းတို့အနေဖြင့် မှတ်ပုံတင်ထားသည့် အလုပ်သမားအဖွဲ့များကို အသိပညာပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး အစိုးရ ဝန်ထမ်းများသည်လည်း အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် ရှိသလို ထိုသို့ ဖွဲ့စည်းပြီးမှသာ ILO အနေဖြင့် အလုပ်သမားရေးရာ သင်တန်းများ ပေးနိုင်မည်ဟု ဆိုသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန် က အလုပ်သမား သမဂ္ဂများ “များများဖွဲ့လေ ကောင်းလေပါပဲ” ဟု ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီတွင် အသက်ဝင်လာခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ လုပ်ငန်းတူ အလုပ်သမား ဦးရေ ၃၀ ရှိလျှင် အခြေခံ အလုပ်သမား အဖွဲ့တခု ဖွဲ့စည်းနိုင်သည်။
ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
ငွေကံ့ကော် အထည်ချုပ် စက်ရုံ စက်ချုပ်ဌာနမှာ စက်ချုပ်လိုင်း ၁၊ ၂၊ ၃၊ ၄ စသဖြင့်ရှိတဲ့ အထဲမှာ လိုင်း ၁ နဲ့  ၂ ကို ဖျက်သိမ်းပြီး စက်ချုပ် လုပ်သားတွေကို တခြားလိုင်းတွေမှာ သွားရောက် ပူးပေါင်း လုပ်ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် အေးချမ်းစွာ ဆန္ဒပြကြတာလို့  စက်ချုပ် အလုပ်သမား မကျင်ကျင်နွယ်က ပြောပါတယ်။
"သူတို့က ဌာနတစ်ခုနဲ့ တစ်ခု ရောပေါင်းဆိုရင် ပေါင်းမယ်။ အဲလိုမဟုတ်ဘဲနဲ့ ဟိုဌာနကို နည်းနည်းထည့်၊ ဒီဌာနကို နည်းနည်းထည့် လူစုခွဲလိုက်သလို ဖြစ်သွားတာပေါ့နော်။ ကိုယ့်ဌာနမှာ ကိုလုပ်ချင်တယ်။ သူတို့က အော်ဒါ မရှိဘူးလို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ အော်ဒါတွေ ရှိရဲ့သားနဲ့ သက်သက်မဲ့ လုပ်တယ်လို့ အလုပ်သမားတွေက ထင်ကြတယ်။ ကျန်တဲ့ဌာနကလူတွေကပါ သူတို့နဲ့အတူတူ ထိုင်ပြီး တောင်းဆို ပေးတယ်ပေါ့နော်"
ကျွမ်းကျင်မှု မတူညီတဲ့ အလုပ်သမား အုပ်စုတွေကို ရောနှောပြီး ခိုင်းစေတဲ့အတွက် အလုပ်သမားတွေအကြား အခက်အခဲတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်လို့ အလုပ်သမ တစ်ဦးကလည်း RFA ကို အခုလို ပြောပါတယ်။
"သူတို့က အပြင်ကို ပေးထုတ်ပြီး ဒီမှာ အလုပ်မရှိဘူးဆိုပြီးတော့ လူတွေကိုကျုံ့လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်။ အဲတာ မကျေနပ်လို့ တောင်းဆိုတာပေါ့နော်။ တောင်းဆိုတာ တစ်လိုင်းထဲပါ။ တစ်လိုင်းထဲကို သူတို့က လုပ်မပေးတဲ့ အတွက် ကျန်တဲ့ လိုင်းတွေကပါ လိုက်တောင်းဆိုတာ။ အဲ မနက်တည်းက ၂၈ ယောက်ပဲ တောင်းဆိုတာလေ။ အခု ၁ နာရီထိုးတဲ့ အခါကျတော့ session အကုန်လုံးပေါ့နော်။ တောင်းဆိုတယ်။ လူ ၅၀၀ လောက်ရှိ မလားမသိဘူး။ တစ်စက်ရုံလုံး ဝိုင်းပြီးတော့ တောင်းဆို ပေးတာပေါ့နော်။ ၁ နာရီကနေ ၃ နာရီ။ ၃ နာရီထိုးတော့ အလုပ်ပြန်လုပ်ကြတယ်။ လူကြီးတွေ လာညှိနေတယ်လေ"
အလုပ်ရှင်ဘက်က ထုတ်လုပ်မှု စရိတ်နဲ့ ၀န်ထမ်းအင်အားကို လျှော့ချဖို့ ရည်ရွယ်ပြီး ကျွမ်းကျင်မှုအဆင့် မတူညီတဲ့ အလုပ်သမားတွေကို စုပေါင်း ခိုင်းစေလာတဲ့အတွက် ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရမယ့် အရေးက ကာကွယ်နိုင်ဖို့ အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
မနေ့ကဆိုရင် အထွေထွေ အလုပ်သမား (၆) ယောက် အလုပ်ဖြုတ် ခံရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စက်ရုံ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ငွေကံ့ကော် အထည်ချုပ် စက်ရုံ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မေလ အတွင်းကလည်း တစ်ကြိမ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
Emergency Contraception (2) အရေးပေါ်တားဆေးများ (၂)
Ecee2 ဆေးဆိုတာ
Apr 4, 2011 at 10:36 AM
ကျမ အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အမျိုးသားနဲ့က တလမှာ ၂ ကြိမ် လောက်ပဲ အတူတူ နေဖြစ်ပါတယ်။ သူက နယ်မြို့မှာ တာဝန် ထမ်းဆောင်နေရလို့ပါ။ ပုံမှန်တားဆေး မသောက်ပါဘူး။ ECee2 ကိုပဲ သောက်ဖြစ်တယ်။ ဒါပေမဲ့ အမျိုးသားက ကလေး လိုချင်ရင် မရတော့မှာ စိုးလို့ဆိုပြီး အဲဒီဆေးကို ဆက်မသောက် စေချင်ဘူး ပြောပါတယ်။ ပုံမှန် နေရတာ မဟုတ်တော့လဲ ပုံမှန်ဆေး မသောက်ချင်လို့ အရေးပေါ်-တားဆေးက ကိုယ်ဝန် မရနိုင်တဲ့ အကျိုးဆက် ဖြစ်နိုင်ပါသလား။ ဒီတခေါက် ဆေးသောက်တာ Second pill ကို First pill သောက်ပြီး ၁၂ နာရီ ကြာမှာ သောက်ရမှာကို မိနစ် ၃ဝ ကျော်သွားပါတယ်။ Effective ဖြစ်ပါတော့မလား။ ကိုယ်ဝန်များ ရသွားနိုင်မလား။ နောက်နှစ်ဆန်းလောက်မှ ကလေးယူမလို့ စဉ်းစားထားလို့ပါ။ ဆက်ပြီးတော့လည်း အခုလိုပဲ နေဖြစ်မှာမို့လို့ ဘယ်လိုတားနည်း သုံးရမလဲဆိုတာ ပြောပြပေးပါ။ ကွန်ဒုံးလည်း သုံးလို့ အဆင်မပြေလို့ပါ။
Ecee2 ဆေးဆိုတာ Levonorgestrel ပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်တယ်။ အိန္ဒိယ၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဒီနာမယ်နဲ့ ရောင်းတယ်။ အမေရိကားမှာ သုံးတဲ့ Morning-after pill (Plan B) နဲ့ အတူတူဘဲ။
သီချင်းတွေ နားထောင်တော့ Mp3 ကနေ ပိုလွယ်တဲ့ iPod ဖြစ်လာသလို၊ တားဆေးတွေမှာလဲ i-Pill ဆိုတာ ပေါ်လာတယ်။ အလွယ် ဆိုတော့ ထိန်းသိမ်းစရာကိုပါ အလွယ်နဲ့ ဖေါက်ဖျက်စေတယ်လို့ ထောက်ပြတာ လုံးဝမှန်တယ်။ iPod လေးတွေနဲ့ လူငယ်တွေ i-Pill သုံးကြရင် အနောက်နိုင်ငံက လူမှုရေး၊ ကျန်းမာရေး ပြဿနာမျိုးတွေ တက်လာလိမ့်မယ်။ သူတို့ဆီမှာက ရုပ်ပိုင်းမှန်သမျှ ပြည့်စုံကြတယ်။ ကိုယ့်ဆီမှာက သိတဲ့အတိုင်းဘဲ။
Norlevo နဲ့ Ecee2 ဆေးတွေကို Cipla ကုမ္ပဏီက တရားဝင် ထုတ်တာပါ။ တခြား ကုမ္ပဏီတွေက ရောင်းတာတွေထဲမှာ Levonorgestrel ဆေးက ၂ ဆလောက် ပါနေတယ်လို့ ထောက်ပြထားတယ်။ ကိုယ်ဝန်ကိုတော့ တားမယ်၊ ဘေးထွက်-ဆိုးကျိုး နှစ်ဆ တိုးနိုင်တယ်။
အခုမေးတဲ့သူလို အိမ်ထောင်ရက်သားကျပြီး ကလေးရဘို့ မစဉ်းစားသေးသူတွေအတွက် Ecee2 ဆေးရဲ့ သတိထားစရာတွေ ပြောပါမယ်။ Blood disorders သွေးရောဂါတွေနဲ့ High blood pressure သွေးတိုးရောဂါ မရှိသူများအတွက်သာ ကောင်းပါတယ်။ ဆေးထဲမှာပါတဲ့ Oestrogen (ဟော်မုန်း) ကြောင့် ရောဂါတိုးစေနိုင်တယ်။ ပုံမှန် အကာအကွယ်နည်းတွေ ဖြစ်တဲ့ Contraceptive pills, Condoms တို့ တို့ကို Copper T (IUCD) အစားထိုး မသုံးသင့်ပါ။
ဆေးသုံးလိုက်ရင် ရာသီလာတာ ရက်လွဲနိုင်တယ်။ ရက်စောနိုင်တယ်။ မလာတာလဲ ဖြစ်တတ်တယ်။ များတာလဲ ဖြစ်နိုင်တယ်။ ပျို့တာ၊ အန်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူတာ နဲ့ အားယုတ်တာတွေ ဖြစ်နိုင်တယ်။ တချို့မှာ ဗိုက်နာ၊ ရင်သား နာတတ်တယ်။ ဝမ်းပျက်တတ်တယ်။ ဆီးချိုရှိရင် ဆိုးစေနိုင်တယ်။
၉၅% အထိ ကိုယ်ဝန်မရနိုင်ပါ။ Fool-proof လုံးဝဥသုံ စိတ်ချပါလို့တော့ အာမမခံပါ။ ဆေးသောက်တာ နောက်ကျလို့ အဲလိုဖြစ်တာက များတယ်။ ဆက်ဆံအပြီး ၇၂ နာရီအတွင်း ဆေးသောက်တာ အကောင်းဆုံး ဖြစ်တယ်။ ၅ ရက်အထိလဲ သုံးနိုင်တယ်။ မတော်တဆ ကိုယ်ဝန်ရသွားရင် Ectopic pregnancy သားအိမ်ပြင်ပ တည်နေ-မနေ စစ်ရမယ်။ တကယ် ကိုယ်ဝန်ယူရင် ကလေးကို ဘာမှ မထိခိုက်စေပါ။
ဆေးကို သတိနဲ့ သုံးရမဲ့သူတွေကတော့ -
1. Heart disease နှလုံးရောဂါရှိသူ၊
2. Stroke နှလုံး (စထုပ်) ရဘူးသူ၊
3. Previous breast cancer ရင်သား-ကင်ဆာ အရင်က ရှိခဲ့ဘူးသူ၊
4. Repeated use ခဏခဏ ဒီဆေးမျိုး သုံးနေသူ၊
5. Overdue menstrual bleeding ရာသီဆင်းရက် နောက်ကျနေသူ၊
6. Breast-feeding ကလေးနို့တိုက်နေသူ၊
လုံးဝ မသုံးရမဲ့သူတွေကတော့ -
1. Girls below 16 years အသက် ၁၆ နှစ်အောက် မိန်းကလေးတွေ ဘာဖြစ်မလဲဆိုတာ သုတေသန မပြည့်စုံသေးလို့ မသုံးတာ ကောင်းတယ်။
2. Unexplained vaginal bleeding ရာသီမှန်း၊ ဘာမှန်းမသိ မွေးလမ်းက သွေးဆင်းနေသူ၊
3. Current breast cancer အခု ရင်သား-ကင်ဆာ ဖြစ်နေသူ၊
4. Pregnancy ကိုယ်ဝန်ဆောင်နေသူ၊
အရေးပေါ်-တားဆေး ဒုတိယ ဆေးလုံးကို နာရီဝက်လောက် နောက်ကျတာ ကိစ္စမရှိလောက်ပါ။ သုတေသန လုပ်ထားတာတော့ မတွေ့ပါ။ ကိုယ်ဝန်ရှိ-မရှိ သေခြာချင်ရင် ဆီးစစ်ပါ။ မေးတဲ့သူမှာ ရွေးစရာလမ်းတွေ ရှိပါတယ်။ Regular contraceptive pills ပုံမှန် တားဆေး မသောက်ချင်ရင် IUCD ပစ္စည်းထည့်နည်း၊ Calendar method လွတ်ရက်ရွေးနည်း၊ Withdrawl method သုတ်ရည် အပြင်ထုတ်နည်း သုံးနိုင်တယ်။ ထိုးဆေး Depo-Provera ထိုးနိုင်တယ်။ Female condom အမျိုးသမီးသုံး (ကွန်ဒွမ်)၊ Diaphragm (ဒိုယ်ရာဖရမ်)၊ Cervical cap (ဆဗိုက်ကယ်လ်-ကက်ပ်) တွေ ဝယ်လို့ ရ-မရ မသိပါ။
5 Apr 11, 20:43
Ecee2 အကြောင်းရေးထားတာ ဖတ်ပြီးပါပြီ။ ဆေးက ဆက်ဆံပြီး ၂ လုံးလုံး တခါတည်း သောက်ရမှာ မဟုတ်ဘူးလား။
Ecee 2 နာမယ်နဲ့ အရေးပေါ် ကိုယ်ဝန်တားဆေးဆိုတာ Levonorgestrel 0.75mg ပါတဲ့ဆေး ၂ လုံး ဖြစ်တယ်။
Levonorgestrel ဆိုတာ တည်ဆောက်ထားတဲ့ Progestogen ဟော်မုန်း ဖြစ်တယ်။ တခြားနာမယ်တွေနဲ့ ဆေးတွေလဲ ရှိတယ်။
• 72-Hours ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• G- Pill ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• G- Pill ဆေးမှာ Levonorgestrel 1.5mg ပါတဲ့ ဆေး ၁ ပြားထဲဖြစ်တယ်။
• Norlevo ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• Pill 72 ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
တနေ့ ၁ လုံး ပုံမှန် တားဆေးတွေထဲမှာလဲ ဒီဆေးပါတာဘဲ။ အနည်း-အများကွာတယ်။
• Choice ဆေးဟာ Levonorgestrel 0.15mg, Ethinyl Estradiol 0.03mg ပါတဲ့ ဆေး ၂၁ ပြားနဲ့ Fe fumarate 60mg သံဓါတ်ဆေး ၇ ပြားတွဲပါတယ်။
• Combee ဆေးဟာ Ethinyl Estradiol 20mcg, Levonorgestrel 100mcg ပါတဲ့ ဆေး ၂၁ ပြားဖြစ်တယ်။
• Combee -R ဆေးဟာ Ethinyloestradiol 50mcg, Levonorgestrel 250mcg ပါတဲ့ ဆေး ၂၁ ပြား ဖြစ်တယ်။
• Duolution -L ဆေးဟာ Levonorgestrel 0.25mg, Ethinyl Estradiol 0.05mg ပါတဲ့ ဆေး ၂၁ ပြား ဖြစ်တယ်။
တားဆေး အမျိုးအစားတွေ -
1. Progestin-only pills (ပရိုဂျက်စတီရုံး) တမျိုးထဲ အရေးပေါ်တားဆေး၊
a. Next Choice တခါထဲ ၂ လုံးသောက်။
b. Plan B တခါထဲ ၂ လုံးသောက်။
c. Plan B One-Step တခါထဲ ၁ လုံးသောက်။
d. Plan B Specially designed for use as EC ပဌမ ၁ လုံးသောက်၊ ၁၂ နာရီခြားပြီး ၁ လုံးသောက်၊
2. Combined Progestin and Estrogen pills ဟော်မုန်း ၂ မျိုးတွဲ ပုံမှန်တားဆေးကို အရေးပေါ်သုံးနည်း၊
a. Alesse ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
b. Aviane ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
c. Cryselle ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
d. Enpresse ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
e. Jolessa ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
f. Lessina ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
g. Levlen ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
h. Levlite ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
i. Levora ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
j. Lo-Ovral ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
k. LoSeasonique ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
l. Low-Ogestrel ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
m. Lutera ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
n. Lybrel ပဌမ ၆ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၆ လုံးသောက်၊
o. Nordette ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
p. Ogestrel ပဌမ ၂ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ လုံးသောက်၊
q. Ovral ပဌမ ၂ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ လုံးသောက်၊
r. Ovrette ၄၈ နာရီအတွင်း ၂- လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ဝ လုံးသောက်၊
s. Portia ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
t. Quasense ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
u. Seasonale ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
v. Seasonique ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
w. Sronyx ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
x. Tri-Levlen ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
y. Triphasil ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
z. Trivora ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
3. ကိုယ်ဝန်တားဆေး နာမယ်၊ ပါတဲ့ဟော်မုန်း နဲ့ ဝယ်ယူနိုင်တဲ့နိုင်ငံ၊
1. After1 = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
2. Ai Wu You = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
3. An Ting 0.75 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
4. An Ting 1.5 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
5. Bao Shi Ting (Postinor-2, 0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
6. Bao Shi Ting 1.5 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
7. Bi Yun (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
8. Bi Yun (12.5 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
9. Dan Mei (0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
10. Dan Mei (1.5 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
11. Duet = Progestin-only မြန်မာ၊ ဟောင်ကောင်၊ (အရေးပေါ်ဆေး)
12. E Pills = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
13. ECee2 = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
14. Estinor = Progestin-only ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှား၊ (အရေးပေါ်ဆေး)
15. Fu Nai Er (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
16. Fu Nai Er (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
17. Hou Ding Nuo (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
18. Hou Ding Nuo (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
19. Hua Dian (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
20. Hua Dian (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
21. Hui Ting 0.75 mg = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
22. Hui Ting 1.5 mg = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
23. i-pill = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
24. Jin Xiao (0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
25. Jin Xiao (1.5 mg) တရုပ်၊ (အရေးပေါ်ဆေး)
26. Jin Yu Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
27. Ka Rui Ding = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
28. Le Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
29. Levonia = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
30. Levonormin = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
31. Madonna = Progestin-only ထိုင်း၊ (အရေးပေါ်ဆေး)
32. Me Tablet 0.75 = Progestin-only မလေးရှား၊(အရေးပေါ်ဆေး)
33. MS Pill = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
34. Nuo Shuang = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
35. Pill 72 = Progestin-only အိန္ဒိယ၊ မြန်မာ၊(အရေးပေါ်ဆေး)
36. Postinor = Progestin-only မြန်မာ၊ ထိုင်း၊ (အရေးပေါ်ဆေး)
37. Postinor-2 = Progestin-only မြန်မာ၊ စင်္ကာပူ၊ အိန္ဒိယ၊(အရေးပေါ်ဆေး)
38. Pregnon = Progestin-only မြန်မာ၊ (အရေးပေါ်ဆေး)
39. Preventol = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
40. Sexcon One&One = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
41. Si Mi An (10 mg) Mifepristone တရုပ်၊(ဖျက်ဆေး)
42. Si Mi An (25 mg) Mifepristone တရုပ်၊(ဖျက်ဆေး)
43. Xian Ju = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
44. Yi Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
45. Yu Ping = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
Dr. တင့်ဆွေ
၎-၄-၂ဝ၁၁
၆-၄-၂ဝ၁၁
Apr 15, 2011 at 9:05 AM
ဆရာရှင့် Microgestin FE 1.5/30 tablets ဆေးအကြောင်း သိချင်လို့ပါ။ ဘယ်လို သောက်ရတာပါလဲ။ ဆေးရဲ့ ကောင်ကျိုး-ဆိုးကျိုး သိချင်လို့ပါ။ ဘယ်ချိန်စသောက်ရမှာပါလဲရှင်။
• Microgestin FE ဆိုတာ Ethinyl estradiol နဲ့ Norethindrone ခေါ်တဲ့ မ-ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တားဆေး ဖြစ်တယ်။
• မျိုးဥအိမ်ကနေ မျိုးဥထွက်မှာကို တားဆီးပေးလို့ ကျားသုတ်ပိုးဝင်လာပေမဲ့ ကိုယ်ဝန်မရစေနိုင်ဘူး။
• သားအိမ်ဝ မှာရှိတဲ့ အချွဲကိုလဲ စေးပြစ်စေလို့ သုတ်ပိုးမဝင်စေနိုင်တယ်။
• သားအိပ် အတွင်းနံရံကိုလဲ ထူစေတာမို့ သန္ဓေက လာမတွယ်စေနိုင်ဘူး။
• ဒီဆေးကို ဆိုးတဲ့ ဝက်ခြံပေါက်သူတွေကိုလဲ ပေးတတ်တယ်။
• ကိုယ်ဝန် ရှိနေသူကို မပေးရဘူး။ အထဲက ကလေးကို မထိခိုက်ဘူးလို့ မပြောနိုင်ဘူး။
• နို့တိုက်နေချိန်လဲ မပေးတာ ကောင်းတယ်။
• အရင်က သွေးခဲပိတ်ရောဂါ ဖြစ်ဘူးသူ၊ ဟော်မုန်းနဲ့ဆိုင်တဲ့ သားအိမ်-ရင်သား ကင်ဆာဖြစ်ထားသူ၊ အသဲ မကောင်းသူတွေလဲ မပေးပါ။ အသက်ကြီးရင်လဲ မကောင်းဘူး။ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါရှိရင် မပေးပါနဲ့။ သွေးတိုးရင်၊ (ကိုလက်စထော) များရင်၊ ဆီးချိုရှိရင်၊ သည်းခြေအိတ်မကောင်းရင်၊ စိတ်ကျရောဂါ ရှိရင်လဲ မပေးပါ။
• ရာသီစလာတဲ့နေ့က စသောက်ပါ။ တနေ့ (၂၄ နာရီ) ၁ လုံး၊ တကပ်ကုန်ရင် တကပ်ဆက်သောက်ပါ။
• ဆေးသက်တမ်း ကောင်းပါစေ။
• တချို့က ဝါးစားလို့ရတာ ထုတ်တယ်။ ရေ တဖန်ခွက်သောက်ပါ။
• တရက်နောက်ကျရင် ၂ ပြား တခါတည်းသောက်ပါ။ ပြီးတော့ တနေ့ ၁ ပြားဆက်သောက်ပါ။
• ပဌမပါတ်နဲ့ ဒုတိယပါတ်ထဲမှာ ဆေးသောက်တာ ၂ ရက်နောက်ကျရင် ဆေး ၂ ပြားစီ၊ ၂ ရက် ဆက်သောက်ပါ။ ပြီးတော့ တနေ့ ၁ ပြား ပုံမှန်ဆက်သောက်ပါ။ နောက်ကျရက် အပြီး ၇ ရက်တွက် အရေးပေါ် ကာကွယ်နည်း ကိုလည်း သုံးပါ။
• တတိယပါတ်ထဲမှာ ဆေး ၂ ရက် မေ့သွားရင်၊ ဒါမှမဟုတ် ပဌမ-ဒုတိယ-တတိယပါတ်ထဲမှာ ၃ ရက်မေ့သွားရင် ဆေးကပ်ကို ဆက်မသောက်ဘဲ နောက်ဆေးကပ် အသစ် စသောက်ပါ။
• တကယ်လို့ ဆေးမေ့တာ ၂-၃ ပြား ဖြစ်ရင် အဲဒီလမှာ ရာသီလာမယ် မဟုတ်ပါ။
• ၂ လ ဆက် မလာရင် ကိုယ်ဝန် ဟုတ်-မဟုတ် ဆီးစစ်ပါ။
• နောက်ဆုံး သောက်ရမဲ့ဆေး (စတုတ္ထပါတ်) မေ့ရင် ဘာမှ လုပ်စရာ မလိုပါ။ မေ့တာကို ထားလိုက်ပြီး ပုံမှန်သာ ဆက်သောက်နေပါ။
• ဆေးမတည့်သူဆိုရင် ယားယံတာ၊ အနီပြင်ထွက်တာ၊ အသက်ရှူခက်တာတွေဖြစ်မယ်။ ဘယ်တော့မှ မသောက်ပါနဲ့။
• မဆိုးတဲ့ ဘေးထွက်ဆိုကျိုးတွေလဲ ရှိတဲ့သူတွေမှာ ရှိနိုင်တယ်။ ပျို့ချင်-အန်ချင်၊ မောပန်း၊ ရင်သားနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ မွေးလမ်းကြောင်း ယား-တခုခုဆင်းတာ။
• ကိုယ်ဝန်တားဆေး မှန်သမျှ HIV/AIDS/STD ဘာကိုမှ အကာအကွယ် မပေးနိုင်ပါ။
Dr. တင့်ဆွေ
၁၅-၃-၂ဝ၁၁
Friday, July 27, 2012
ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာမူဝါဒ
(Migration Policy)
(Migration Policy)
(က) ပြည်ပသို့ အလုပ်အကိုင်ရှာဖွေရန် တရားဝင်လမ်းကြောင်းများ
ဖွင့်ပေးပြီး သွားလာရန်လွယ်ကူစေခြင်း။
Simplifying regular channels that allow people to seek work abroad.
Simplifying regular channels that allow people to seek work abroad.
(ခ ) ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံအခွင့်အရေးများ
ရရှိစေခြင်း။
Ensuring basic rights for migrants.
Ensuring basic rights for migrants.
(ဂ ) ရွှေ့ပြောင်းလုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု
ကုန်ကျစရိတ် လျော့ချခြင်း။
Reducing transaction costs associated with migration.
Reducing transaction costs associated with migration.
(ဃ) ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများအတွက်
လူမှု စီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေခြင်း
Improving socio-economy status for migrants and their families.
Improving socio-economy status for migrants and their families.
(င ) ဒေသတွင်း ရွှေ့ပြောင်းသွားလာခြင်းမှ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့်
အသိပညာရရှိစေခြင်း နှင့် ပြန်လည်မျှဝေ ပေးနိုင်ခြင်း။
Enabling experience, skill and knowledge from mobility and sharing those to others.
Enabling experience, skill and knowledge from mobility and sharing those to others.
(စ ) ရွှေ့ပြောင်းသွားလာခြင်းသည်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ၏ ပေါင်းစည်းမှု တစ်စိတ်တစ်ဒေသ ဖြစ်စေခြင်း။
Making mobility an integral part of national development strategies.
Making mobility an integral part of national development strategies.
ဦးစားပေးဖော်ပြချက်များ
Tuesday, July 24, 2012
အဖွဲ့အစည်းတစ်ခုမှ Trojan Virus Attack နည်းပညာအသုံးပြုကာ သတင်းအချက်အလက်များရယူရန် ကြိုးပမ်းလျှက်ရှိပါတယ်၊ ယင်း Virus သည် Kyingtongtcl@gaml.com လိပ်စာဖြင့် e mail ပေးပို့လာ ပါက Cyber Attack ပြုလုပ်နေခြင်းဖြစ်ကာ Download ပြုလုပ်မိပြီး ဖွင့်လိုက်သည်နှင့် ဖိုင်အတွင်းပါဝင်သည့် Virus Program အားအသက်ဝင်စေပြီး အသုံးပြုနေသည့် Email , Facebook အခြား Password နှင့် Data များခိုးယူသွားနိုင်ပြီး တရုပ်နိုင်ငံအခြေစိုက် mmkeg.uicp.net နှင့် phsenator. vicp. net သို့သွားရောက်ချိတ်ဆက်ထားကြောင်း၊ ကွန်ပြူတာအတွင်းတွင် Yahoo Messanger Program ၏အလုပ်လုပ်ဆောင်ပုံဟု ထင်ယောင်ထင်မှားပြုလုပ်ထားကြောင်း ယင်း KTG အမည်ဖြင့် Email ၀င်ရောက်လာပါက Delete ပြုလုပ်သွားရန်တိုက်တွန်းနိုးဆော်အပ်ပါသည်။
Facebook ပေါ်တွင်ဖတ်လိုပါက
Facebook ပေါ်တွင်ဖတ်လိုပါက
Sunday, April 8, 2012
Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ
ပုံပြင်နဲ့ စပါရစေ။ သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထား၊ Casual, One-night stand “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တညတာ စခန်းသွား” နေကြလို့ Love ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။
ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine နေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။ ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ Valentine ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။”
Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။
ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ Aphrodisiac တွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ Rhinoceros ကြံချိုကနေ ထုတ်တဲ့ဆေး ရောင်းကောင်းလှတယ်။ Banana ငှက်ပျောသီး နဲ့ Ice-cream ရေခဲမုံ့ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြ ကြော်ညာတော့လဲ တမျိုးဘဲ။
ကနု-ကမာ Oysters ဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပ နန်းတွင်းနဲ့ အထက်တန်းလွှာ အမျိုးသမီး ကြီး-ငယ် ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့ သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာ စားရင် Oysters ၅ဝ အစိမ်း စားတယ်လို့ ပြောစမှတ် ရှိတယ်။ (Mr. Bean လို သိုးတာကို သွားမစားနဲ့။) ဒီအစားက Pine nuts လိုဘဲ Zinc သွပ်ဓါတ် များတာမို့ Sperm production သုတ်ထွက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ Testosterone ကျား-ဟော်မုန်း များစေတယ်။
Middle Ages အလယ်ခေတ်တုံးက “အထင်တခု” ရှိခဲ့တယ်။ ယောက်ျားရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သား ယောက်ျားလေး မွေးစေသတဲ့။ ကနေ့အထိ ယုံနေကြတာကတော့ အထီးကောင်တွေရဲ့ Testicles အစိ၊ Rocky Mountain Oysters (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ Bull testicles နွားထီး ဟာကို အများဆုံး စားသုံးကြပါတယ်။
Yohimbine ဆိုတာ အမေရိကမှာ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား လိင်အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ Chocolate ချော့ကလက်လဲ စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ Serotonin, Phenylethylamine တွေဟာ ဦးနှောက် ထဲက Pleasure areas တွေကို သက်ရောက်နိုင်လို့ Sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် Sex ကို အကျိုး သက်ရောက်တာ ရှာမတွေ့ဘူး။
Club drug (ကလပ်) ဆေးတွေလဲ နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှူရတယ်။ ကြွက်သား အနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ Sphincters အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင် Cocaine (ကိုကိန်း) နဲ့ Methamphetamine (မက်သမ်ဖတမင်း) တို့လည်း ဒီလိုဘဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ Booze and party drugs ခေါ်တဲ့ Cannabis ဆေးခြောက်၊ Cocaine နဲ့ Ecstasy (MDMA) ဆေးဝါးတွေက Testosterone ကျားဟော်မုန်း လျှော့စေလို့ ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ Alcohol, Champaign အရက်မျိုးစုံ နဲနဲဆိုရင် ဖြစ်စေနိုင်ပေမဲ့ များသွားလို့ကတော့ တယောက်ထဲ အိပ်ပျော်သွားမှာ သေခြာတယ်။
Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုံ့၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာ မနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်း မရှိဘူးလို့ ထောက်ပြတာ ရှိတယ်။
သဘာဝ လိင်အားတိုး အစာနဲ့ဆေး Natural Aphrodisiac foods and drugs လို့ နာမယ်ပေးတာတွေလဲ မနည်းပါ။ Cinnamon သစ်ကြံပိုးခေါက်၊ Coriander တရုပ်နံနံကြီး၊ Parsley တရုတ်နံနံသေး၊ Clove လေးညှင်းပွင့်၊ Garlic ကြက်သွန်ဖြူ၊ Ginger ချင်း (ဂျင်း)၊ Liquorice Root နွယ်ချိုမြစ်၊ Mace and Nutmeg ဇာတိပ္ဖိုလ် အသီး-အခွံ-အပွင့်၊ Mustard မုံညင်း၊ Pepper ငရုတ်ကောင်း၊ Saffron ကုံကုမံ၊ Orchid သစ်ခွရည်။ Saffron နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။
Scents အနံ့ကလဲ အားပေးပါသတဲ့။ Wild Rose Shrub နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တမျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက “အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ်” လို့ နာမယ်ရနေတာ ရာစုနှစ် တခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇ မျိုးပါ။ နောက်ပိုင်း Male musk deer သမင်းဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ Gland အိတ်ကနေ ထုတ်ယူကြတယ်။
လိင်အားပေးတဲ့ Flowers ပန်းတွေလဲရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ Poppy ဘိန်းပန်း၊ Sunflower နေကြာ၊ Wild Rose Shrub နှင်းဆီရိုင်း။
B-Complex ဗီတာမင်ဘီအုပ်စု၊ Zinc သွပ်ဓါတ်၊ Kelp ပင်လယ်ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ် ရေညှိအသေး၊ လူတိုင်းစားတဲ့ ဂျုံ ထဲမှာ မဟော်မုန်း Estrogen နဲ့ Vitamine E ပါတယ်။
တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း) လို့လဲခေါ်တဲ့ ဆေးဘက်ဝင်သစ်မြစ်။ ဗမာတွေ မပူနဲ့ Betel palm ကွမ်းရွက်၊ Betel seed ကွမ်းသီးမှာလဲ ဒီတန်ခိုး မဆိုးဘူးတဲ့။
တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်” လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္ကိ ပြင်းပြင်း ရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက် များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလို ဖြစ်စေတဲ့ သတ္ကိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲ ဆိုပြီး Drug Safety Society က မေးခွန်း ထုတ်နေတယ်။
စုံတွဲတွေ စားသုံးဘို့ ချက်နည်း-ပြုတ်နည်း Cookbooks for Lovers စာအုပ်တွေလဲ သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ Asparagus ကညွတ်၊ Banana ငှက်ပျေားသီး၊ Mushroom မှို၊ (ဒီ သုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း (ဆု-ပ်)၊ Figs သင်္ဘောသဖန်းသီး၊ Ginseng (ဂျင်ဆန်း)၊ Lobster ကျောက်ပုဇွန်၊ Oysters ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါ မဟုတ်)၊ Truffles ညိုမဲမဲ မှိုတမျိုး၊ Veal Marsala နွားပျိုသားဟင်း စတာ-စတာတွေ ပါတယ်။ (မဆလာ ဆိုတာ ရောနှောချက်တာကို ပြောတာပါ။)
လိင်စိတ်အားပေး အစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ Placebo effect စိတ်မှာ သက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကို ဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာကို ညာတာလား” လို့ မေးရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့ စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်းတခု မဟုတ်ပါလား။
Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁ဝ
Penis Pump ကျားအင်္ဂါသုံး ကရိယာတွေ
Mar 24, 2011 at 6:52 AM
ကျွန်တော့် အင်္ဂါက ပုံမှန်အရွယ်အစား ရှိပါတယ်၊ Penis Pump တစ်ခုဝယ်ထားမိပါတယ်။ သုံးလည်း မသုံးရသေးပါဘူး။ ပြီးတော့ ချောဆီ တစ်မျိုးလည်း (Pjur® superhero lubricant) ဝယ်ထားပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုရင် စမ်းသပ် ကြည့်ချင်ပါတယ်။ ပန့် အသုံးပြုပြီးနောက်မှာ ကျားအင်္ဂါ ပုံပျက်ပန်းပျက် ဖြစ်သွားမှာကိုလည်း စိုးပါတယ်။ အဆိုးဆုံးက ပန်းသေ ပန်းညှိး ဖြစ်မှာကို ကြောက်မိပါတယ်။ ကျားအင်္ဂါက သဘာဝအတိုင်း မသန်မာနိုင်မှာကိုလည်း စိုးမိပါတယ်။ ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိလို့ ဖြစ်မှာစိုးမိပါတယ်။ ဘေးထွက် ဆိုးကျိုးတွေကို ညွှန်ပြပေးပါဦး။ အင်တာနက်ထဲမှာ ဆိုးကျိုးရှာရတာ ဘယ်လိုမှ မတွေ့နိုင်သေးလို့ အကူညီတောင်းရတာပါ။ ကျားလိင်အင်္ဂါ အရွယ်အစား ကြီးထွားစေဘို့ နည်းလမ်းတွေ အမျိုးမျိုးရှိတယ်။ Manual exercises လေ့ကျင့်ခန်း လုပ်တာ၊ Stretching devices ပစ္စည်း-ကရိယာနည်းနဲ့ Surgical procedures ခွဲစိတ်-ပြုပြင်နည်းတွေ ဖြစ်တယ်။ ဘယ်ရောဂါကို ကုတာ ဖြစ်ဖြစ် အောင်မြင်တာ-မအောင်မြင်တာ၊ ကောင်းကျိုး-ဆိုးကျိုးတွေ ရှိပါတယ်။
ဒီအရေးအရာမှာ သိပ္ပံနည်းကျ သုတေသနလုပ်ထားတာ သိပ်မများလို့ ဘယ်ဒေါင့်ကနေ ဘာပြောပြော မရေရာ မသေခြာပါ။ အထူး သတိထားဘို့က မေးတဲ့သူ စိုးရိမ်သလို ဝန်ထောက်မင်းကယ်မှ ထောင်ကျတာ မဖြစ်ဘူး မပြောနိုင်ပါ။ Tearing of skin အရေပြား စုတ်ပြဲတာ၊ Scarring အမာရွတ်ဖြစ်တာ၊ Permanent loss of sexual function လိင်ဆက်ဆံလို့ မရတော့တာတွေ ထည့်စဉ်းစားရပါမယ်။
Urologic literature ဆီးလမ်း-အထူးကု ဆေးစာထဲမှာ Penis lengthening လိင်အင်္ဂါ ရှည်စေနည်း နဲ့ Penis widening လိင်အင်္ဂါ ကြီးထွားနည်း ဆိုတာတွေ ရှိနေခဲ့တာ ကြာပါပြီ။ St. Peter's Andrology Centre and Institute of Urology in London ကနေ ကျေနပ်မှု မရတာ များတယ်လို့ ၂ဝဝ၆ စက်တင်္ဘာ တုံးက ထုတ်ပြန်ပါတယ်။
Penis enlargement (girth) surgery ခွဲစိတ်ကုသနည်း
လိင်တံ ထွားစေဘို့ ခွဲစိတ်ကုသနည်းမှာ Silicone, PMMA တွေကို လိင်တံနဲ့ ကပ်ပဲ့အိတ်ထဲ ထိုးပေးနည်း ဖြစ်တယ်။ သာမန် အချိန်မှာ 3.1 လက္မကနေ 4.1 လက္မ၊ သန်မာချိန်မှာ 4.1 လက္မကနေ 4.8 လက္မအထိ တိုးတက်လာ စေနိုင်တယ်။ ဒါပေမဲ့ Loss of sensation ထိတာ-နာတာ မသိဘဲ ထုံနေတာ၊ Inability to perform penetrative intercourse လိင်တံ ထိုးသွင်း ဆက်ဆံလို့ မရတော့တာ၊ Scarring အမာရွတ်တွေ ဖြစ်တာနဲ့ Deformation ပုံသဏ္ဌာန် ပြောင်းလဲ သွားတာတွေ ဖြစ်လာစေနိုင်တယ်။
Penis enlargement (length) surgery ခွဲစိတ်ကုသနည်း
ကျားလိင်တံရဲ့ ခန္ဓာဗေဒအရ ၃ ပုံ ၁ ပုံကနေ တဝက်လောက်အထိ အတွင်းထဲမှာ ကျန်နေတာမို့ ဒါကို ခွဲစိတ် ထုတ်ပေးရင် ပိုရှည်လာစေတယ်။ Fundiform ligament နဲ့ Suspensory ligament အရွတ်တွေကို Pubic bone ဆီးစပ်ရိုးကနေ လွတ်လပ်ပေးရင် ၂-၃ စက်တီမီတာ ပိုရှည်လာတယ်။ ဒါပေမဲ့ ၇ဝ% မက သဘောမကျဘူးလို့ တွေ့ရတယ်။
Weight hanging အလေးဆွဲနည်း
လွန်ခဲ့တဲ့ အနှစ် ၂ဝဝဝ လောက်ကတည်းက အာဖရိကားမှာ သုံးခဲ့တဲ့ ရှေးဟောင်းနည်းဖြစ်တယ်။ လိင်တံအဖျား တနေရာရာမှာ ကြိုးစခြည်၊ အလေးတခုခု ဆွဲထားပြီး တင်ချည်-ချချည်လုပ်တဲ့ လေ့ကျင့်နည်း ဖြစ်တယ်။ တခါလုပ်ရင် ၅-၁ဝ မိနစ်ထက် မကြာရဘူး။ အလေးကလဲ 1/16 ပေါင်ကနေ 1/4 pound ပေါင်အထိသာ ရှိသင့်တယ်။
Jelqing (ဂျဲလ်ကင်း) နည်း
(ဂျဲလ်ကင်း) လေ့ကျင့်ခန်းနည်းကို Milking နို့ညှစ်နည်းလို့လဲ ခေါ်တယ်။ လက်မနဲ့ လက်ညှိုး နှစ်ချောင်းသုံးပြီး တဝက် တပျက် သန်မာနေပြီဖြစ်တဲ့ လိင်တံကို ကိုင်ပါ။ ကိုယ်ခန္ဓာကနေ အဝေးဆီ၊ (ကွမ်းသီးခေါင်ဆီ) ကို ဆွဲယူပါ။ သွေးတွေ ဆွဲယူနေတာဖြစ်တယ်။
Inflatable implants ပစ္စည်းထည့်နည်း
လိင်တံထဲက Corpora cavernosa ဆိုတဲ့ ခပ်ပွပွ-မွမွ (တစ်ရှူး) နှစ်ခုထဲကို Inflatable penile implants ဖေါင်းအောင် လုပ်လို့ရတဲ့ ပစ္စည်း ထည့်ပေးနည်း ဖြစ်တယ်။ Complete impotence လုံးဝ ပန်းသေနေသူတွေကို လုပ်ပေးရတာ ဖြစ်တယ်။
Pills ဆေးသုံးနည်း
Penis enlargement pills, penis patches or ointments စားဆေး၊ ကပ်ခွါဆေး၊ လိမ်းဆေး ကြော်ညာတွေ အင်တာနက်မှာ ရှိပါတယ်။ ဒါပေမဲ့ Mold, Yeast မှို၊ E. coli ဗက်တီးရီးယား၊ Pesticides ပိုးသတ်ဆေးနဲ့ Lead ခဲဓါတ်တွေ တွေ့ရတယ်လို့ သုတေသနက ဆိုလာပါတယ်။ American Urological Association က ဒီဆေးတွေဟာ ငွေအမြတ် ထုတ်ဘို့ သက်သက်ပါလို့ ပြောပါတယ်။
Stretching ဆွဲဆန့်နည်း
လိင်တံကို Constant traction တောက်လျှောက် ဆန့်နေစေအောင် လုပ်ပေးတယ်။ ၂ဝဝ၂ တုံးက International Journal of Impotence Research ကပြောတာကတော့ ရှည်တာရော၊ တုတ်တာပါ တိုးတက်မှု ရှိတယ်။ ၂ဝဝ၉ တုံးက University of Turin ကနေလဲ အဲလိုပြောပါတယ်။ ဒီနည်းမှာ Plastic ring ပလပ်စတစ်ကွင်းတခု နဲ့ ဆွဲပေးတဲ့ Dynamic metallic rods သတ္ထု အချောင်း ၂ ခု ပါတယ်။ တနေ့မှာ ၄ နာရီ၊ ၆ လလုပ်ရင် ၂့၃ စင်တီမီတာ ပိုရှည်လာတယ်။ ရှည်တာကတော့ လက်ခံနိုင်လောက်တယ်၊ ကောင်းတယ်၊ ဒါပေမဲ့ ပိုတုတ်တာတော့ မထူးခြားဘူးတဲ့။
Clamping ကြိုးခြည်နည်း
လိင်တံအရင်းမှာ ကြိုးတခုခုနဲ့ ခြည်ထားနည်းဆိုတာ သန်မာနေပြီးသား လိင်တံကို ပြန်မကျအောင် လုပ်တာဖြစ်တယ်။ တင်းလွန်းရင် အချိန်ကြာရင် မကောင်းပါ။
Penis pump (ပန့်ပ်) သုံးနည်း
လိင်တံကို စွပ်ရတဲ့ Cylinder (ဆလင်ဒါ) တခုပါတယ်။ Manual လက်နဲ့ဖြစ်ဖြစ် မော်တာနဲ့ ဖြစ်ဖြစ် Pump (ပန့်ပ်) လုပ်ပြီး Suction စုပ်အား သက်ရောက်စေတယ်။ လိင်တံကို Partial vacuum တ၀က်တပျက် လေဟာနယ်သဘော ဖြစ်လာစေပြီး သွေးတွေ ပိုဝင်လာစေအောင် ဖန်တီးတာ ဖြစ်တယ်။ Excessive pressure သိပ်များသွားရင် Vascular damage သွေးကြောတွေကို ထိခိုက်နိုင်တယ်။ Penis pump with a translucent cylinder နဲနဲ ပိုကောင်းပြီး ပိုဈေးကြီးတယ်။
လိင်တံ သန်မာလာတာနဲ့ Flexible Compression ring ကွင်းလေးတခု စွပ်ထားရတယ်။ ကွင်းက တချို့မှာ ၁ ကွင်းမက ပါတယ်။ Cock rings လို့လဲ ခေါ်တယ်။ အစမှာ (ဆလင်ဒါ) ထိပ်နေရာ ထားရပြီး၊ Pumping လုပ်လို့ Erection သန်မာမှု ရလာတာနဲ့ Ring ကို လက်နဲ့ ကိုင်ပြီး Base of the erect penis သန်မာနေတဲ့ လိင်တံအရင်းကို ရွေ့ရမယ်။ ပြီးမှ Vacuum လုပ်ထားတာ လျော့လိုက်ရတယ်။ ဒါမှ များနေတဲ့သွေးတွေက လျော့ထွက်မသွားမှာ ဖြစ်တယ်။
ကွင်းစွပ်တာကို နာရီဝက်သာ အထားခိုင်းတယ်။ Lubricant ချောဆီသုံးရတာကတော့ ကွင်း ကျွတ်ထွက် မသွားအောင်နဲ့ ပြန်ချွတ်တော့လဲ ပိုလွယ်မယ်။ လိင်တံအရှည် 10 cm ထက်တိုတဲ့ ယောက်ျား ၃၇ ယောက်ကို ၆ လကြာ Pumps သုံးတော့ ထူးခြားတာ မတွေ့ရပါ။ Follow-up နောက်ပိုင်း ခေါ်ယူစစ်ဆေးတော့ ၃ဝ% က ကျေနပ်ကြတယ်။
• သွေးကြောတွေ မပေါက်စေအောင် ဆန္ဒမစောဘို့ သတိပေးထားတယ်။
• သွေးယိုရင် သွေးခြည်ဥဖြစ်လာနိုင်တယ်။
• ဆလင်ဒါထဲကို မတော်တဆ Testicles အစေ့ပါဝင်ရင် နာလိမ့်မယ်။ ဒါပေမဲ့ တချို့ ကရိယာတွေက ကပ်ပဲ့အိတ် ကိုပါ ထည့်သုံးတာတွေ ရှိနေတာ တွေ့ရတယ်။ ပုံတွေမှာ ရောဂါရနေတဲ့ အင်္ဂါလို မြင်ရတယ်။
• Rim of the cylinder ကြာကြာသုံးရင် ဆလင်ဒါ-နှုတ်ခမ်းက လိင်တံရဲ့ အရေပြားနဲ့ အထဲက Ligaments အရွတ်တွေကို ထိခိုက်တတ်တယ်။
• လေဟာနယ် လုပ်တယ်ဆိုတာ 10 torr/1,333 Pa ထက် နည်းတာကို ဆိုလိုတာ ဖြစ်တယ်။ 10 mm Hg ထက် မများစေရပါ။ များရင် Permanent and irreparable injury ပြန်ပြင်လို့ မရအောင် ပျက်စီးစေမယ်။
• Not normal erections ပုံမှန်မဟုတ်တဲ့ သန်မာမှုလို့ အသိရှိနေစေမယ်။
• Lymph blisters သွေးပြန်ရည် ဖေါင်းတာမျိုး ဖြစ်တတ်တယ်။ ခွဲစိတ်ကုဘို့ လိုနိုင်တယ်။
• နောင်ဆိုရင် ဒါမျိုးမသုံးဘဲ သန်မာမှုရဘို့ ခက်လာနိုင်တယ်။ ပန်းမညှိုးသူတွေ မသုံးသင့်ဘူး။
• Coumadin နဲ့ Aspirin တို့လို သွေးကျဲဆေး သုံးနေရသူတွေ ဒီနည်း မသုံးသင့်ဘူး။
• Sickle cell anemia နဲ့ တခြား သွေးခဲစနစ် ရောဂါ ရှိသူတွေလဲ မသုံးသင့်ဘူး။
• Numbness ထုံနေတာ၊ Coldness အေးနေတာ၊ Bluish-colored skin အရောင်ပြာနေတာ ဖြစ်လာမယ်။
• Lack of firmness at the base of the penis လိင်တံအရင်းမှာ ပျော့နေမယ်။
• Pain of the penis နာနိုင်တယ်။
• Delayed ejaculation သုတ်လွှတ်နှေးစေမယ်။
• Sense of trapped semen during ejaculation သုတ်ရည် အကုန်မထွက်သလို ခံစားရနိုင်တယ်။
Dr. တင့်ဆွေ
၂၈-၃-၂ဝ၁၁
Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
မင်္ဂလာဆောင်ပြီး၊ တချို့က ခရီးထွက်တယ်။ တချို့လဲ ခွင့်ယူ၊ အလုပ်နား၊ ပျော်ပါးကြပါတယ်။ (ဟန်းနီးမွန်း) ဆိုတာ တသက်မှာတခါ ပျော်ကြရတဲ့နေ့ ဖြစ်တယ်။ တချို့ကြ အခါခါ။ (အဲလိဇဘက်-တေလာ) ကိုးခါထဲနဲ့ တနေ့ကဘဲ ဆုံးသွားရရှာတယ်။ ပျော်ရတာနဲ့ တဆက်ထဲ ငိုရတာလဲ တွဲတတ်တယ်။ ငိုရမဲ့ အကြောင်းတွေထဲမှာ ဆရာဝန်နဲ့ ဆိုင်မှာက ဆီးအောင့်တာ ဖြစ်တယ်။ အဖြစ်များလှတယ်။ ဒုတိယ-တရားခံ ဖြစ်တဲ့ ခင်ပွန်းသည်နဲ့ လိင်ဆက်ဆံရာကနေ ဖြစ်လာတယ်။ ယောက်ျားရဲ့ လိင်တံ၊ တံတွေး၊ လက်ချောင်း၊ ဆက်ဆံရာမှာ သုံးတဲ့ ကရိယာပစ္စည်းတွေကနေ ရောဂါပိုး ဝင်နိုင်တယ်။ (ကွန်ဒွမ်)၊ ချောဆီ၊ ထုံဆေး၊ သုတ်ပိုးသေဆေး တွေကတော့ ဆေးမတည့်တာသာ ဖြစ်စေနိုင်တယ်။ ပိုဆိုးမှာက ဆက်ဆံတဲ့အခါ စအိုရော (ဗဂျိုင်းနား) ရောသုံးလို့ ဖြစ်ရပါတယ်။ အဆိုးထဲက အကောင်း ပြောရရင် ဒီအမျိုးသမီး အရင်က ယောက်ျားနဲ့ မနေဘူးခဲ့တာ ဖြစ်ဘို့များတယ်။
သတို့သမီးကိုယ်တိုင် တတိယ-တရားခံ ဖြစ်နိုင်သေးတယ်။ မ-အင်္ဂါကို ရေဆေးရင်းနဲ့ လက်ကို ရှေ့ပြန်-နောက်ပြန် လုပ်တာကနေ ဖြစ်စေနိုင်တယ်။ အဲလို မလုပ်ရဘူး။ လက်ကို ရှေ့ကနေ နောက်ဆီကိုသာ တလမ်းသွား လုပ်ပါလေ။ အိမ်ထောင် ကျကာစမှ မဟုတ်ဘူး၊ နောင်လဲဘဲ ဆီးအောင့်တာ ထပ်ထပ်ဖြစ်နိုင်သေးလို့ ဒီနည်းကိုသာ သုံးပါ။
တရားခံ အစစ်က ဗက်တီးရီးယား၊ နာမည်တပ် ပြောရရင် E. coli ဆိုတဲ့ အကောင်ဖြစ်တယ်။ ပိုးဝင်လာပြီး၊ ၁-၂ ရက်ဆိုရင် လက္ခဏာတွေ ပြတယ်။ ဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်။ ဆီးခဏခဏလဲ သွားချင်နေမယ်၊ သွားချင်လာရင်လဲ Bathroom ရေချိုးခန်း တန်းပြေးမှ မဟုတ်ရင် တစက်တစက် လမ်းမှာ ထွက်မယ်။ ကြာတော့ ဆီးကထွက်စရာ မရှိတော့ဘူး။ ဆီးထဲမှာ အနယ်ပါနေမယ်။ အနံ့လဲ ဆိုးလာမယ်။ တခါတလေ ဆီးထဲမှာ သွေးပါမယ်။
အငိုတိတ်အောင် လုပ်ရတာ ရောဂါကြောင့် ဆိုရင်တော့ သိပ်မခက်ပါ။
• အဝတ်ကို ရေခပ်နွေးနွေး ဆွတ်ပြီး နာနေတဲ့ ဆီးစပ်နေရာမှာ အုပ်ပေးပါ။
• ခင်ပွန်းနဲ့ မဆက်ဆံခင်နဲ့ ဆက်ဆံအပြီးတိုင်း ဆီးသွားပေးပါ။
• ရေ-အရည် အများကြီးသောက်ပါ။
• Cranberry juice ဖျော်ရည်ကို ညွှန်းတယ်။ ကိုယ့်ဆီမှာရှိတဲ့ လိမ်မော်၊ သံပုရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ချော့ကလက်၊ ပဲတောင့်ရှည် ကောင်းပါတယ်။
• အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်)၊ (ဘတ်တား-မစ်လ်ခ်)၊ တွေက အက်စစ် များစေလို့ လျှော့ရ-ရှောင်ရမယ်။
• Medication ဆီးလမ်းပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးတွေက အသုံးများတာတွေမို့ ဝယ်လို့ လွယ်ပါတယ်။
o Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
o Amoxacilin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
o Ciprofloxacin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
o Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ်၊ ၇ ရက် သောက်ပါ။
• ပိုးသေဆေးတွေကို ဖြစ်မှမဟုတ်ဘဲ ကြိုတင် ကာကွယ်တဲ့အနေနဲ့ သောက်နိုင်ပါတယ်။
• နာတာသက်သာဘို့ အများဆုံးသုံးကြတာက Pyridium (Phenazopyridine hydrochloride) ဆေးပြား၊ တခါသောက် 200 mg ကို တနေ့ ၃ ကြိမ်၊ ၂ ရက်။ Spasmogin နဲ့ Buscopan ဆေးတွေလဲ သုံးနိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ဆီး အက်စစ်ဓါတ် များနေရင် ပိုးက ကြိုက်တယ်။ ဒါ့ကြောင့် အက်စစ်ဓါတ် နည်းအောင် ရေအများကြီး သောက်တာအပြင် Cystopurin (Potassium citrate) ဆေးပါသောက် သင့်တယ်။
• အစာအိမ် လေနာအတွက် ပေးတဲ့ အက်စစ်ပျယ်ဆေး Antacids တွေကလည်း ကောင်းတယ်။ Magnesium hydroxide တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊
• Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း ကိုလဲ ဖတ်ပါ။
ဆီးအောင့်လို့ ခဏခဏသွားရ၊ ကြာတော့ ဆီးကမရှိတာမို့ မထွက်လာ၊ ဒါကို အရပ်ထဲမှာ ဆီးအတင်းသွားစေတဲ့ဆေးမျိုး အသောက်ခိုင်းတတ်တာ လုံးဝမှားပါတယ်။ Lasix လို Diuretic ဆေးတွေက ကိုယ်ရောင်တာ၊ သွေးတိုးတာတွေမှာသာ သုံးရတာ ဖြစ်တယ်။ ဒီရောဂါမှာ မသောက်ရပါ။ ပိုဆိုးစေတယ်။
Feb 6, 2011 at 7:53 PM
သမီးအသက် ၂၉၊ အိမ်ထောင်သက် ၂ နှစ်ပါ။ Honeymoon က ပြန်လာပြီးကတည်းက ဆီးကျင်တာ မကြာခဏ ဖြစ်ပါတယ်။ ဖြစ်တိုင်းလည်း ပိုးရှိနေပြီး ပိုးသတ်ဆေးသောက်လိုက်ရင် ကောင်းသွားပါတယ်။ ဆေးခန်းပြပေမယ့်လဲ မကြာခဏ ပြန်ဖြစ်နေလို့ စိတ်ညစ်ရပါတယ်။ ပိုးသတ်ဆေးတွေကိုလည်း မကြာခဏ မသောက်ချင်ပါဘူး။ သမီးတို့က ကလေးရဖို့လဲ ကြိုးစားနေတော့ ဆရာ့စာတွေထဲကအတိုင်း အမျိုးသားနဲ့ နေပြီးရင် ချက်ချင်းဆေးရမှာလား။ ဆက်ဆံတိုင်းလိုလို လက်နဲ့ ကစားတတ်ပါတယ်။ အဲဒါကြောင့် ဆီးကျင်တာပါလား။ ပိုးသတ်ဆေးတွေ ခဏခဏ သောက်ရလို့ ကလေး မရသေးတာလား။ အမျိုးသားက လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ငှက်ဖျား အကြီးအကျယ်ဖြစ်လို့ ဆေးသွင်းကုခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် ကလေးမရတာရော ဖြစ်နိုင်လား။ ပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလဲ ပြောပြပေးပါနော်။
ဆီးအောင့်လို့ သောက်ရတဲ့ ဆေး ၄ မျိုးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရေးပြပါမယ်။ ကလေးမရတာ မပါပါ။ ဒီဆေးတွေက သိပ်ဆိုးတာတွေတော့ မဟုတ်ပါ။ သောက်ဖူးလို့ ဘေးထွက်ဆိုးကျိုး ခံနိုင်ရင် သောက်တာ သောက်ပါ။ ရေးပြတာတွေဟာ လူတိုင်းမှာ ဖြစ်ကြတာ မဟုတ်ပါ။ လူတွေအများကြီးကို သုတေသန လုပ်ထားတာမို့ များနေတာပါ။
1. Co-trimoxazole = Septrin (Trimethoprim + Sulfamethoxazole) ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အနီပြင်ထွက်၊ ဝမ်းပျက်၊ ပျို့-အန်၊ မှိုပိုးဝင်တတ်၊ ပိုတက်ဆီယမ်များစေ၊ ဆိုဒီယမ်နည်းစေ၊ သကြားဓါတ်နည်းစေ၊ အစားပျက်၊ လျှာနာ၊ ခေါင်းမူး၊ စိတ်ကျ၊ ချောင်းဆိုး၊ ကြွက်သားနာ၊ တက်၊ ကျောက်ကပ်-အသဲထိခိုက်၊ အရေပြား အဖူးပေါက်၊
2. Nitrofurantoin ရဲ့ဘေးထွက်ဆိုးကျိုးများ = ဝမ်းအရည်သွား၊ အသက်ရှူမဝ၊ ရင်ပတ်အောင့်၊ ကိုယ်ပူ၊ ကိုက်ခဲ၊ ပိန်၊ ခြေဖျား လက်ဖျားထုံ၊ အသားဝါ၊ အစားပျက်၊ ဆီးနီ၊ ဗိုက်နာ၊ အားနဲ၊ အရေပြားနီ-ဖြူ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိ ကြည့်မကောင်း၊ အစာမကျေ၊ အန်၊ ဝမ်းပျက်၊ ဆီးနီ၊ မွေးလမ်းကြောင်းယား၊ အဖြူဆင်း၊
3. Doxycycline ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ကိုယ်ပူ၊ ချမ်း၊ အရေပြားနီ၊ ဆီးနဲ၊ အသားအရေ ဖြူဖျော့၊ အားယုတ်၊ ဗိုက်နာ၊ ပျို့-အန်၊ အစားပျက်၊ အသားဝါ၊ သွေးယို၊ လျှာနာ၊
4. Amoxacilin ရဲ့ဘေးထွက်ဆိုးကျိုးများ = အရေပြား အနီပြင်ထွက်၊ ယား၊ အသက်ရှူခက်၊ ဆီးနီ၊ တက်၊ ဝမ်းအရည်သွား၊ ဆီးသွားရခက်၊ သွေးယို၊ အားယုတ်၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ အိပ်မရ။
၂။ ငှက်ဖျားဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေမှာလဲ ကလေးမရစေတာ မပါပါ။
1. Quinine ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်နှာနီ၊ ပျို့၊ ချွေးထွက်၊ (အလာဂျီ) ရ၊ ဝမ်းအရောင်မဲ၊ ဝမ်းထဲသွေးပါ၊ မျက်စိကြည့်မကောင်း၊ ရင်ပတ်နာ၊ ဆံပင်ကျွတ်၊ နှလုံးခုန်မြန်၊ အားယုတ်၊ ဖျား၊ ချမ်း၊ လည်ပင်းနာ၊ စိတ်မူပြောင်း၊ တက်၊ နှာခေါင်းသွေးယို၊
2. Chloroquine ဘေးထွက်ဆိုးကျိုးများ = အစားပျက်၊ ဝမ်းပျက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ ဗိုက်နာ၊ အန်၊ (အလာဂျီ) ရ၊ ဝမ်းပျက်၊ အမူအယာပြောင်း၊ အရေပြားအရောင်ပြောင်း၊ ဖျား၊ သွေးယို၊ နားအကြားချို့ယွင်း၊ ပိန်၊
3. Artemether/Lumefantrine ရဲ့ဘေးထွက်ဆိုးကျိုးများ = ချောင်းဆိုး၊ ဝမ်းပျက်၊ အားယုတ်၊ ခေါင်းကိုက်၊ အဆစ်-ကြွက်သားနာ၊ အစားပျက်၊ ပျို့၊ ဗိုက်နာ၊ မော၊ အအိပ်ပျက်၊ အန်၊ အားယုတ်၊ (အလာဂျီ) ရ၊ ဖျား၊ နှလုံးခုန်မမှန်၊ လည်ပင်းနာ၊ အသားအရေဖြူရော်၊ ခေါင်းကိုက်၊ ကြွက်သားနာ၊ စကားပြောခက်၊ ခေါင်းမူး၊ ယား၊ လေပွ၊
၃။ Clitoris နဲ့ Vagina ကို လက်နဲ့ ကစားတာကြောင့် လက်မသန့်ရင် ဆီးလမ်း-မွေးလမ်း ပိုးဝင်နိုင်ပါတယ်။ လက်ဆေးပါ။ တံတွေး-ဆီ မသုံးပါနဲ့။ မွေးလမ်းကိုလဲ ဆေးပါ။
၎။ ဆက်ဆံပြီးလို့ (ဗဂျိုင်းနား) ကို ရေဆေးတာက သုတ်ရည်အပြင်ထွက်စေနိုင်တယ်။ ချက်ချင်းဆေးတာ ပိုဖြစ်စေမယ်။ ပက်လက်အ နေအထားနဲ့ ရေစိုဝတ်သုံးပြီး အပြင်ပိုင်းကို သန့်ရှင်းပေးတာလဲ လုပ်နိုင်ပါတယ်။ ကလေးရဘို့နဲ့ ဆီးအောင်တာ နှစ်ခုမှာ အရေးကြီးတာ ရွေးရပါမယ်။ အိမ်ထောင်ကျစသာ ဆီးအောင့်တတ်တာမို့ နောင်ဆို ရေဆေးဘို့ မလိုတော့ပါ။
၅။ Infertility (1) ကလေးမရနိုင်သေးခြင်း (၁) နဲ့ Infertility (2) ကလေးမရနိုင်သေးခြင်း (၂) ကိုလဲ ဖတ်နိုင်ပါတယ်။
ကျန်းမာ-ချမ်းသာပြီး၊ သားသမီးရတနာတွေ ရကြပါစေ။
Dr. တင့်ဆွေ
၁-၃-၂ဝ၁၁
၁၉-၄-၂ဝ၁၁
Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
ကျနော့် မိန်းမ ဒီစိတ်တွေ ကုန်နေတာ နှစ်နဲ့ချီနေပါပြီ။ အသက် ၃ဝ ကျော်ဘဲ ရှိပါသေးတယ်။ တခြားမှာ ငွေပေးပြီး၊ ဝယ်စားဘို့ ပြောပါတယ်။ နောက်တယောက် ယူဘို့လဲ ပြောပါတယ်။ သူ့ကို မထိရင် ရပြီတဲ့။ ဘာရောဂါ ဖြစ်နိုင်မလဲ။
အမျိုးသမီးတွေမှာ လိင်ဆက်ဆံလိုစိတ် နည်းလာတာကို သဘာဝဘဲ ထင်တတ်ကြသူတွေ ရှိတယ်။ နိုင်ငံတိုင်းမှာပါ။ ဒီလို ဖြစ်နေသူတွေ မနည်းလှလို့ ဒီလိုဘဲ ထင်တတ်တာပေါ့။ အမှန်က ပြင်လို့ ရနိုင်ပါတယ်။ မပြင်နိုင်ရင် အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ ဖြစ်မှပြင်ရင် ဆေးမင်ရည်စုပ်ထိုးပြီးသား ပြင်ချင်သလို ဖြစ်မယ်။ မေးတဲ့သူရဲ့ဇနီးကတော့ ရှာမှရှား အစားထဲကပေါ့။ Female Libido ဘာ့လို့ နည်းသလဲ။ အဖြေထုတ်ဘို့ မလွယ်လှပါ။ တယောက်နဲ့ တယောက်က မတူကြလို့။ အိမ်မှုကိစ္စ၊ မိသားစုတာဝန်၊ လူမှုရေးအလုပ်၊ သားရေး-သမီးရေး၊ ဝန်ပိနေရင်။ သူ့မှာက အိပ်အလုပ်-ရုံးအလုပ် နှစ်ခုလုံး ထမ်းနေရရင်။ များလှတဲ့ လုပ်စရာ-ကိုင်စရာတွေထဲက တခုခု စွန့်ရမယ်ဆိုရင် ဒီဟာကို စွန့်တတ်ကြတယ်။
၂ဝ၁ဝ ဇူလိုင်လ ထဲမှာ Proctor and Gamble နဲ့ University of North Carolina, Chapel Hill တို့ကနေ အမျိုးသမီးပေါင်း ၂၂ဝဝ ယောက်ကို သုတေသန လုပ်ကြည်ရာမှာ အရွယ်ရှိသူ ၂၆့၇% နဲ့ သွေးဆုံးပြီး ၅၂% တို့မှာ Low sexual desire လိင်စိတ် နည်းနေတယ်လို့ တွေ့လာတယ်။ မ-မျိုးဥအိမ်ထုတ်ထားရတဲ့ အမျိုးသမီးတွေမှာတော့ ၁၂့၅% သာ အဲလို နည်းနေတာကို ထူးထူး ဆန်းဆန်း တွေ့ရတယ်။ အရွယ်ရှိသေးသူတွေကို မျိုးဥအိမ်ထုတ်လိုက်ရင် ၂့၃% နဲ့ သွေးဆုံးသူတွေ မှာတော့ ၁့၂% သာ အဲလို စိတ်နည်းရောဂါ HSDD ဖြစ်တယ်။ Distress ဆိုတဲ့ စိတ်ဖိအားများနေသူတွေလို့ ပြောနိုင်တယ်။ ချုပ်လိုက်ရင် Hypoactive sexual desire disorder (HSDD) ဆိုတာ တကယ့် ကျန်းမာရေးပြဿနာ ဖြစ်နေပါတယ်။ စိတ်တခုထဲကြောင့်တော့ မဟုတ်ပါ။
တခြား ကျန်းမာရေးဘက်က တွက်ရမှာတွေလည်း ရှိသေးတယ်။ သွေးတိုး၊ ဆီးချို၊ ခေါင်းကိုက်၊ မိုင်ဂရင်း၊ စိတ်။ ရောဂါတချို့အတွက် သောက်ရတဲ့ဆေးတွေကြောင့်။ သူ့ဘဝအတွက် ကြီးမားတဲ့ ဖြစ်စဉ်တွေ ဆိုပါစို့ ကလေးဆုံးတာ၊ မိဘ နာမကျန်းဖြစ်တာ၊ ဆုံးပါးတာ၊ ယောက်ျားက ဖေါက်ပြားတာ။
Childbirth ကလေးမွေးဖွါးခြင်း။ ကလေးမွေးရတာ လွယ်လိုက်သမှ တရွှတ်ရွှတ်ဆိုသူတွေ ရှိသလို ယောက်ျား-ဖေါင်စီး၊ မိန်းမ-မီးနေ ဆိုတာမျိုး ဒုက္ခ အကြီးအကျယ် ခံစားရတတ်သူတွေ ရှိတယ်။ ကလေးတယောက် မွေးရတာမှာ သူ့ကိုယ်ခန္ဓာ အမေမွေးတာနဲ့ မတူတော့ဘဲ ရင်းစား ပြန်မရအောင် ပြောင်းလဲသွားပြီ။ မွေးလမ်း ချဲ့မွေးရသူ၊ နာတာကို သူများတွေထက် ထူးပြီး နာတတ်သူတွေမှာ ကလေးဖွါးလိုက်ရတာကြောင့် ယောက်ျားနဲ့ အရင်လို နေချင်စိတ်တွေ နည်းလာစေတယ်။ သားဖွါးခန်းထဲမှာ ကိုယ့်ယောက်ျားကို ဆဲရေးသူတွေ ခဏခဏ တွေ့ရဘူးတယ်။
Depression စိတ်ကျရောဂါ ဖြစ်နေရသူ။ အများဆုံးဖြစ်စေတဲ့ အကြောင်းခံတခုပါ။ သူတို့တတွေမှာ ဘာဘဲ လုပ်နေနေ၊ ကောင်းမှာ မဟုတ်ပါဘူး၊ သာယာစရာလဲ ရှိမှာမဟုတ်ဘူး၊ အလကားပါဘဲ ထင်မှတ်နေတယ်။ လိင်စိတ် နည်းနေတာလဲ ကုစားလို့ ဘာထူးမှာလဲ ထင်မြင်နေကြတယ်။ အဲလို အမျိုးသမီးတွေ စိတ်ရောဂါ ကုစားသလို Counseling ဆွေးနွေး-မေးမြန်းနည်း လုပ်ဘို့ လိုတယ်။ ဆရာဝန် (တစိမ်း) နဲ့ ဒီအကြောင်းအရာမျိုး ပြောရဲတဲ့ သတ္တိမျိုးက တော်တော့လူ မရှိတတ်ဘူး။
Anti-depressants စိတ်ကျတာ ကုတဲ့ဆေး ပေးတာ ထိရောက်နိုင်ပါတယ်။ စိတ်ကျဆေးကို ယောက်ျားတွေထက် အမျိုးသမီး အရေအတွက်တွေက ၂ ဆ သောက်နေကြရတယ်။ တချို့ Antidepressants စိတ်ကျဆေးတွေကြောင့် ဖြစ်ရတဲ့ လိင်စိတ် နည်းနေသူတွေလည်း ရှိပြန်ပါတယ်။ Viagra ဆိုတဲ့ ယောက်ျားတွေ ပန်းညိုး-ပန်းသေ အတွက်ပေးတဲ့ ထိရောက်လှတဲ့ ဆေးဟာ အဲလို အမျိုးသမီးတွေမှာလည်း အသုံးကျတာ တွေ့လာရတယ်။
Guilt အပြစ်လို ခံစားနေမှု။ အတိတ်တုံးက လိင်မှုဆိုင်ရာ မတရားမှု ပြုခံရဘူးခံရဘူးရင် အပြစ်ကြီးကို စိတ်မှာ စွဲထင်နေမယ်။
Lack of arousal စိတ်ဖြစ်ပေါ်မှု နည်းနေခြင်း။ အမျိုးသမီးတိုင်းလိုလို ဘဝရဲ့တချိန်မှာ နည်းလာတာ ဖြစ်လေ့ရှိတယ်။ အရွယ်ရလာရင် ပိုဖြစ်တတ်တယ်။ သွေးဆုံးချိန်မှာ အတော်များများ ဖြစ်ကြတယ်။ လူတိုင်း မဟုတ်ပါ။ ဟော်မုန်း နည်းလာ-ပြောင်းလာလို့၊ အင်္ဂါမှာ ခြောက်လာမယ်၊ ဆန့်နှိုင်-ကြုံ့နှိုင်စွမ်း နည်းလာမယ်၊ စိတ်ခေါင်းပါးလာမယ်။ ဒီအရွယ်မှာ ဒါတွေ မလိုတော့ဘူးလို့ တရားသေ မှတ်လာတတ်တယ်။
အဲလို လိင်စိတ် နည်းနေတာကို ကုစားနည်းတွေ ရှိပါတယ်။ ဖြစ်စေတာ ဘာ့ကြောင့်လဲ အပေါ်မူတည်ပြီး၊ ကုရတာ မတူဘူး။ ဖြစ်ကြတာ များလို့လား၊ ရောင်းကောင်းလို့လား မသိဘူး၊ အင်တာနက်မှာ ပေါသလား မမေးနဲ့ ကြော်ညာတွေ။
Libido Enhancers စိတ်များ ဆေးများ
အမျိုးသမီးတွေအတွက် ယောက်ျားတွေလို (Viagra, Cialis, Levitra) ဆေးမျိုး မပေါ်သေးတော့ ဆေးကုမ္ပဏီတွေ အပြိုင်အဆိုင် Female Viagra-like drugs တွေ ထုတ်ဘို့ လုံးပမ်းနေကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းက ဒီစိတ်မျိုး နည်းရတာဟာ ယောက်ျားတွေနဲ့ အကြောင်းခံ မတူကြပါ။ Viagra ဆေးက အင်္ဂါနေရာမှာ သွေး ပိုလျှောက်လာအောင် လုပ်ပေးတာ။ အမျိုးသမီးကို ပေးရင် Vagina မှာ သွေးပိုများလာပြီး၊ အဲဒီက ကြွက်သားတွေ လျှော့-ပြော့စေနိုင်တယ်။ နေရာမှာ ခြောက်လို့ စိတ်နည်းတာ ဆိုရင်တော့ အကျိုးရှိပါတယ်။
Estrogen patches, pills and gels မ-ဟော်မုန်းဆေး၊ သူ့တန်ခိုးက အင်္ဂါစိုစွမ်မှု၊ စိတ်ဖြစ်ပေါ်မှု၊ ခံစားမှုတွေ ကောင်းလာ စေတယ်။ ဆိုင်ရာ (တစ်ရှူး) တွေ ကျန်းမာစေသေးတယ်။ ဒါပေမဲ့ ထင်တိုင်း မပေါက်တာတွေလည်း ရှိတယ်။ အဆင်ပြေသူတွေမှာ ကောင်းသွားစေတယ်။
Testosterone patches and pills ယောက်ျား-ဟော်မုန်းလို့ ခေါ်တဲ့ ဆေးပေးနည်းလည်း သုံးတယ်။ သားအိမ် ထုတ်ထားရတဲ့ အမျိုးသမီးတွေမှာ မ-မျိုးဥအိမ်ပါ ထုတ်ရရင်၊ ဒီနည်းက အကျိုးရှိစေတယ်။ ငြင်းသူတွေလည်း ရှိပါတယ်။ ဟော်မုန်း တမျိုးထဲကြောင့် လိင်စိတ်နှိုးကြွစေတာ မဟုတ်ဘူး။ နောက်ပြီး ကျားဟော်မုန်း များသွားရင် အသံသြမယ်၊ မျက်နှာမှာ အမွှေးတွေ ပေါက်လာမယ်၊ ယောက်ျားနဲ့ နဲနဲ နဲနဲ တူလာတတ်တယ်။ အချိန်အဆ တိကျရမယ်။
Natural libido enhancement pills သဘာဝဆေးများ။ HerSoution Pills တွေ ပေါ်လာတယ်။ ကြောညာတာကတော့ “သိပ်ကောင်းပါတယ်၊ ဘေးထွက်ဆိုးတာလဲ မရှိပါ။ တနေ့ တလုံးသာ သောက်ပါ” တဲ့။ HerSoution Gel ဆေးကလည်း ခြောက်နေတာအတွက် လိမ်းပေးပါတဲ့။ ကောင်းတာဘဲတဲ့။ တီဗွီ ကနေ ပြည်သူချစ်တဲ့ မင်းသမီးတွေ ကြော်ညာနေရလို ဘယ်ဆေးဖြစ်ဖြစ် အကောင်းချည်းဘဲ။
Libido ဆိုတဲ့ လိင်စိတ်ဟာ ကျားနဲ့မ မတူတတ်ဘူး။ အမျိုးသမီးတွေက “မာယာ မှာသာ သဲကိုးဖြာ” မဟုတ်သေးဘူး၊ ဒီအရေး-အရာမှာလည်း မိန်းကလေးတွေက ပိုရှုတ်ထွေးပါတယ်။ အခုထိတောင်မှ ဆေးပညာရှင်တွေ သူတို့အကြောင်း အကုန်လိုက် မသိနိုင်တာတွေ ရှိသေးတယ်။ ယောက်ျားတွေမှာ လိင်စိတ်ဖြစ်တာမျိုးက Physiological response ဇီဝကမ္မဖြစ်စဉ် အတိုင်းပါ။ Female libido က ဇီဝကမ္မဖြစ်စဉ်ထက်မက ရှိပုံရတယ်။ စိတ်ဖြစ်ပေါ်မှုသာ ဟုတ်ဘူး။ စိတ်ကျေနပ်မှု မှာလည်း အချိန် ပိုယူကြတယ်။ ရုပ်-စိတ်-ဟော်မုန်း၊ သုံးမျိုးလုံး စုစည်းဖြစ်ပေါ်တယ်။ Emotional factors စိတ်ပိုင်းက အတော်ကြီး နေရာယူတယ်။ ရုပ်ဝါဒ နဲ့ ရုပ်ဓန ထွန်းကာရာ တိုင်းပြည်တွေက မိန်းမတွေလဲ စိတ်ရဲ့ဦးဆောင်မှု အတူတူခံကြရပါတယ်။
Aphrodisiac ဆိုတာ “လိင်စိတ်တိုးစေတဲ့ဆေး” ဆေးဝေါဟာရ ဖြစ်ပါတယ်။ Aphrodite “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိနတ်ဘုရား” ကနေလာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အစား၊ အသောက် နဲ့ အမူအကျင့်တွေ ရှိခဲ့ပြီးသားပါ။ သိပ္ပံနည်းကျ ပြောရရင် Placebo effect စိတ်ကိုက သက်သာစေတယ် ထင်တဲ့ ဆေးမျိုးတွေသာ များပါတယ်။ ရောဂါ အတော်များများမှာ ဒီသဘောမျိုး ဆေးနည်းတွေ ရှိတယ်။ လူနာကို ညာတာလို့ ပြောရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သမားတော်ကြီးတွေ သုံးခဲ့ကြတာပါ။ ဆေးပေးတာတင် မဟုတ်ဘူး ခွဲစိတ်တာလည်း ပါသေးတာ။ လူနာရဲ့စိတ်မှာ သက်သာတယ်လို့ ထင်စေတာကိုက ထိရောက်တဲ့ ကုစားနည်းတခုဘဲ မဟုတ်ပါလား။
ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ စာဖတ်ရတာ မပြင်းအောင် ထည့်ရေးပါရစေ။ ပုံပန်းကိုက အင်္ဂါနဲ့တူတာမျိုး၊ Rhinoceros ကြံချို၊ Banana ငှက်ပျောသီး၊ Ice-cream ရေခဲမုံ့၊ ဒါ့ကြောင့် ကြံချိုက ထုတ်တဲ့ဆေး၊ ကျားအင်္ဂါက ထုတ်တဲ့ဆေး ရောင်းကောင်းတာပေါ့။
Yohimbine ဆိုတာ အမေရိကမှာပါ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ Saffron နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။ Alkyl nitrites (Poppers) ဆိုတာကို Club drug (ကလပ်) သုံးဆေး ခေါ်ကြတယ်။ ရှူရတယ်။ ကြွက်သားအနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ Sphincters အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ (ကလပ်) သုံးဆေးတွေထဲမှာ မူးယစ်အုပ်စုဝင် Cocaine (ကိုကိန်း)၊ Methamphetamine (မက်သမက်ဖတမင်း) တို့လည်း ဒီလိုဘဲ။ အရက်နဲ့ Cannabis ဆေးခြောက်ကတော့ ပြောင်းပြန်ဖြစ်စေတယ်။ သုံးသူတွေလည်း ရှိပါတယ်။
မေးတဲ့ပုဂ္ဂိုလ် လက်လှမ်းမီတာနဲ စပေတော့။ ရမှာပါ။
Dr. တင့်ဆွေ
၁၉-၈-၂ဝ၁ဝ
၂ဝ-၈-၂ဝ၁ဝ
Subscribe to:
Posts (Atom)