Saturday, August 11, 2012

voa

သြဂုတ်လ (၁၁)ရက်နေ့  RFA မနက်ပိုင်းအသံလွှင့်အစီအစဉ်

သြဂုတ်လ (၁၁)ရက်နေ့  RFA မနက်ပိုင်းအသံလွှင့်အစီအစဉ်

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ခုတောင်းဆို

သြဂုတ် ၁၀
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားရဲ့ နေရာကို အခြား သူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂဒုတိယ အတွင်း ရေးမှုး ချုပ် မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ဒီကနေ့ တွေ့ဆုံစဉ်
တိုက်တွန်း ပြောကြားလိုက်ပါတယ်။ို ရခိုင်အရေးနဲ့ ပက်သက်ပြီး မစ္စတာ ကင်တားနားရဲ့ပြောဆိုချက်တွေဟာ မျှတမှုမရှိတဲ့အတွက်အခုလိုတိုက်တွန်း ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်သန်းသန်းနုက RFA ကိုပြောပါတယ်။ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Myanmar Egress ရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာတိုင်းရင်းသားညီလာခံ ခေါ်ယူရေးကိစ္စ၊ပီပြင်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကိစ္စနဲ့ ဘိန်းစိုက် ပျိုးမှုလျော့ကျရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တြယ်လို့ သိရပါတယ်။ မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen ရဲ့နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂ အထက်အရာရှိတွေထံ ပြန်လည်အစီရင်ခံမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Daw Aung San Suu Kyi meet with Ms. NOOYI

Friday, August 10, 2012

အမြုတေစာနယ်ဇင်းကောင်စီနှင့်ပတ်သက်သည့် Eleven Media Group ၏ သဘောထား

၁။         စာနယ်ဇင်းအမြုတေကောင်စီတွင် ပါဝင်သောသူများနှင့် ပတ်သက်ပြီး အောက်ပါအချက်များကို သဘောမတူပါ။
(က) ဦးဆောင်မည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့သည် စာနယ်ဇင်းလုပ်ငန်းများနှင့် ဂျာနယ်လစ်များ၏ အရေးအရာ ကိစ္စများကို နားလည်ကျွမ်းကျင်သူများ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်သည် လည်းကောင်း၊ တရားသူကြီးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာပိုင်းသည် လည်းကောင်း၊ ယုံကြည်လက်ခံနိုင်မှုနှင့် ပတ်သက်၍ အများပြည်သူကြား မေးခွန်းထုတ်စရာများ ရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ ၎င်းအခြေအနေမျိုးတွင် အငြိမ်းစားတရားသူကြီး တစ်ဦးအား စတုတ္ထမဏ္ဍိုင်အား ထိန်းကွပ်ပေးမည့် ဦးဆောင်နေရာတွင် ထားခြင်းမှာ လုံးဝမလုပ်ဆောင်သင့်သော အရာဟု Eleven Media Group မှ ရှုမြင်ပါသည်------

ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်


ရခိုင်ပြည်နယ်၊  ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်ဟု ကျောက်တော် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါအမိန့်အရ ကျောက်တော်မြို့နယ်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ အိမ်ပြင်မထွက်ရန် တားမြစ်ထားသည်ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။
“ကျောက်တော်မှာရော ကျောက်တော် အပိုင် ရွာတွေမှာပါ ဒီအမိန့်က အကြုံးဝင်တယ်လို့ ကျောက်တော် အုပ်ချုပ်ရေးမှူးရုံးမှာ စာကပ်ထားပါတယ်။ ကျနော်တို့ကတော့ မီးလောင် ဖျက်ဆီးခံရတဲ့ ဂုတ်ပီထောင့် ရွာကို စားနပ်ရိက္ခာ၊ ဆေးနဲ့ ငွေတွေ သွားကူဖို့ စီစဉ်ထားပါတယ်” ဟု ကျောက်တော် ရခိုင်အမျိုးသား ပရဟိတ အဖွဲ့မှ အတွင်းရေးမှူး ကိုမြတ်လှ က မဇ္ဈိမကို ပြောသည်။
ကာဖျူးအမိန့် ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ သြဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကျောက်တော်မြို့နှင့် ငါးမိုင်ခန့်အကွာရှိ ဂုတ်ပီထောင့် ကျေးရွာတွင် အိမ်ခြေ ၁ဝဝ ကျော် မီးရှို့ခံခဲ့ရပြီး လူ ခုနှစ်ဦး သေဆုံးသည့် ဖြစ်ရပ်
နှင့် ကျောက်တော်နှင့် ၇၉ မိုင်ခန့်ဝေးသည့် ရွာ ငါးရွာတွင် လူနေအိမ်များ မီးရှို့ခံခဲ့ရခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်း လေးဝတီ ရခိုင်ငြိမ်းချမ်းရေး ကွန်ယက်မှ အဖွဲ့ဝင်အချို့က ယူဆကြသည်။
ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊
ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ဇွန်လ ၈ ရက်နေ့မှစတင်၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇွန် လ ၁ဝ ရက်နေ့မှစ၍ ရခိုင်ပြည်နယ် တခုလုံးကို သမ္မတ ဦးသိန်းစိန် က အရေးပေါ် အခြေအနေ ကြေညာထားသည်။
အေးကျော့ခိုင် |
ရန်ကုန် (မဇ္ဈိမ)

၂ဝ၁၃ အမှီ ၅ဝဝဝတန်ဖုန်းထွက်ရှိရေး ရွှေပြည်တံခွန်က တင်ဒါဝင်ပြိုင်မည်


၅ဝဝဝတန်ဖုန်းထုတ်လုပ်မည်ပာု သတင်းထုတ်ပြန်ထားသော ရွှေပြည်တံခွန်ကုမ္ပဏီက ဆင်းကဒ်ထုတ်လုပ်ခွင့်ရရှိရေးအတွက်   မြန်မာဆက်သွယ်ရေးမှ ခေါ်ယူမည့် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာ တင်ဒါခေါ်ယူခြင်းအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
 လက်ရှိအချိန်တွင် တင်ဒါစည်းမျဉ်း စည်းကမ်းများအား လေ့လာလျှက်ရှိကြောင်းထိုတင်ဒါ အောင်မြင်မှုနှင် ခေါ်ယူချိန် အပေါ်မူတည်၍ ၅ဝဝဝတန်ဖုန်းထွက်ရှိလာမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဦးလွင်နိုင်ဦးကပြောသည်။
 “၅ဝဝဝတန်ဖုန်းထွက်ရှိဖို့ ထွက်ရှိဖို့ ကျွန်တော်တို့ တင်ဒါဝင်ပြိုင်မှာပါ။ ဒီပုံစံအတိုင်း သွားမယ်ဆို ၂ဝ၁၃အမှီ ၅ဝဝဝတန်ဖုန်း ထွက်လာနိုင်ပါတယ်။ဟု ဦးလွင်နိုင်ဦးက ဆက်လက်ပြောသည်။
 အဆိုပါတင်ဒါခေါ်ယူမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာအတိုင်ပင်ခံအဖွဲ့ များခေါ်ယူပြီးမှသာ တင်ဒါခေါ်ယူ နိုင်မည်ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ဇူလိုင်လ နောက်ဆုံးအပတ်က  မြစ်မခသို့ ပြောကြားမှုအရ သိရှိရသည်။
 သို့ သော် နိုင်ငံတကာ အကာအတိုင်ပင်ခံခေါ်ယူမှုအား သြဂုတ်()ရက်နေ့တွင် အတိုင်ပင်ခံ ပုဂ္ဂိလ်များ အဖွဲ့ခေါ် ယူမည်ပာုသိရသော်လည်း လက်ရှိအချိန်အထိ အတိုင်ပင်ခံစာရင်းအား ကြေညာခြင်း မရှိသေးကြောင်းကိုလည်း သိရသည်။
 အဆိုပါရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် ၅ဝဝဝတန်ဖုန်းထုတ်လုပ်ရန်နည်းပညာမှာ အသင့်ရှိနေပြီး မြန်မာ့ဆက်သွယ်ရေးမှ ခွင်ပြု မိန့်ကျရန်လိုအပ်သဖြင် နိုင်ငံတကာတင်ဒါ ဝင်ရောက်ယဉ်ပြိုင် ရခြင်းဖြစ်ကြောင်းသိရသည်။
 ''ကျွန်တော်တို့အနေနဲ့ ဒီတင်ဒါမှာအောင်မြင်သွားရန် မြန်မာ့ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီးသား ဖြစ်မှာပါ''ပာု ရွှေပြည်တံခွန်က တာဝန်ရှိသူက ဆက်ပြောသည်။

မြန်မာဆက်သွယ်ရေးအနေဖြင် ဇန်နဝါရီလအတွင်းက ၅ဝဝဝတန်ဖုန်းထုတ်လုပ်မည့်စီမံကိန်းအား နည်းပညာအရ အချိန်များစွာယူရဦးမည်နှင့် ဥပဒေကြောင်းအရ ကိုက်ညီမှုမရှိသည့်အတွက် ၅ဝဝဝ တန်ဖုန်း ကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ကြေညာခဲ့ သည်။
 အဆိုပါ ၅ဝဝဝတန်ဖုန်း ထုတ်လုပ်ရန်ကိစ္စနှင့် ပတ်သက်၍ လူမှုအဖွဲ့ အစည်းအချို့ ဦးဆောင်မှုဖြင့်  လူထုလက်မှတ်များဖြစ် သမ္မတထံမှ ဆင်းကဒ်ထုတ်လုပ်ရန်တောင် ဝိုင်းဝန်းတောင်းဆို ခဲ့ကြောင်း ကိုလည်း သိရှိရသည်။
 မြန်မာနိုင်ငံတွင် ၁၈၈၄ခုနှစ်မှစတင်၍ တယ်လီဖုန်းဝန်ဆောင်မှုများ စတင်အသုံးပြုခဲ့ ရာ အိတ်ချိန်း ဌာန ၈၈၇ခု ၊အော်တိုနှင့် လက်သုံးဖုန်းလိုင်းအင်အား ၇၃၄၂၁၉ လိုင်း၊ မိုက်ခရိုဝေ့စခန်း ၂၂၉ခု၊ မိုက်ခရိုဝေ့လိုင်းစက်ကြောင်း ၁ဝ၆ခု ၊မိုက်ခရိုဝေ့ခယ်နယ်ပေါင်း ၅ဝ၂၂ဝ ရှိခဲပြီးဂြုလ်တုဆက်သွယ် ရေးမြေပြင်စခန်း ၂ခုနှင် ဂြုလ်တုဆက်သွယ်ရေးချယ်နယ် ၆ဝ၃ခုနှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှုချယ်နယ် ၁၇၆၄ ခုအား တပ်ဆင်ပေးခဲ့ပြီး ယခုတင်ဒါခေါ်ယူပြီးပါက ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရရမည် ဖြစ်သည်။
စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup 

ရန်ကုန်တိုင်းဒေသကြီးအတွင်းအကြမ်းဖက်မှုကျူးလွန်နေသည့်ဂိုဏ်းတစ်ဂိုဏ်းမိပြီ


ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှည့်လည်ကာ အကြမ်းဖက် လုယက်မှုများ ကျူးလွန်နေသည့်  ဂိုဏ်းတစ်ဂိုဏ်းကို ရဲအထူး တပ်ဖွဲ့ဝင်များနှင့်  မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ ဇူလိုင်၂၀ရက်တွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့အကြမ်းဖက် အနုကြမ်းစီးသည့် ကိစ္စများတွင် ဂိုဏ်းခေါင်းဆောင်ဟု ဆိုသူမှာ မင်းမင်း (ခ) ဇော်မင်းသိန်း ဆိုသူဖြစ်ပြီး---
သစ်ထူးလွင်

Voice ဂျာနယ်ကို စွဲဆိုထားသော အမှုအား လာမည့် ၂၃ ရက်နေ့ ရုံးချိန်းတွင် စွဲချက် တင်သင့် ၊မတင်သင့်ကို ကြားနာ စစ်ဆေးမည်


ရန်ကုန်၊ သြဂုတ် ၉
သတ္တုတွင်း ဝန်ကြီးဌာနက Voice ဂျာနယ်ကို စွဲဆိုထားသော အမှုအား လာမည့် ၂၃ ရက်နေ့ ရုံးချိန်းတွင် စွဲချက် တင်သင့် ၊မတင်သင့်ကို ကြားနာ စစ်ဆေးမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က ယနေ့ ရုံးချိန်းတွင် ဒဂုံမြို့နယ် တရားရုံး၌ ပြောကြားသည်။

"စွဲဆိုထားတဲ့ ပုဒ်မနဲ့ ကိုက်ညီမှုရှိ၊ မရှိကို စစ်ဆေးမှာပါ။စွဲချက် မတင်ရင် အမှုက လွတ်မယ်။စွဲချက် တင်ရင်တော့ အမှုကို ဆက်လက် ရင်ဆိုင်ရအုံးမှာပါ။''ဟု Voice ဂျာနယ်ဘက်မှ လိုက်ပါ ဆောင်ရွက် နေသည့် တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

"အခု အချိန်မှာတော့ စွဲချက်တင်မယ်၊မတင်ဘူး ဆိုတာပြောလို့ မရသေးဘူး။အစ်မတို့ဘက်ကတော့ စွဲချက် မတင်အောင် အကောင်းဆုံး လျှောက်လဲချက် ပေးမှာပဲ။သူတို့ဘက်ကလည်း စွဲချက် တင်နိုင်အောင် ကြိုးစားကြမှာဘဲ " ဟု အထက်တန်း ရှေ့နေ ဒေါ်ခိုင်စန္ဒာက ပြောကြားသည်။

တရားရုံး အနေဖြင့် ယခုကဲ့သို့ ရုံးချိန်းများစွာ ခေါ်ယူ၍ အမှုကို ကြားနာ စစ်ဆေး နေသောကြောင့် စွဲချက် တင်မည်ဟု ယူဆရကြောင်း၊စွဲချက် မတင်လိုပါက ကြားနာ စစ်ဆေးမှုများကို အချိန်ကြာမြင့်စွာ လုပ်ရန် မလိုကြောင်း Voice ဂျာနယ်၏ အယ်ဒီတာချုပ်က ပြည်တွင်း စာနယ်ဇင်း သမားများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ယနေ့ သြဂုတ်လ (၉) ရက်နေ့ ရုံးချိန်းသည် သတ္တုတွင်း ဝန်ကြီးဌာနက Voice ဂျာနယ်ကို တရားစွဲဆိုမှု အတွက် (၁၁)ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး တရားလို ပြသက်သေ ဦးအောင်ကိုကို(မန်နေဂျာ၊ မြန်မာ့ စီးပွားရေး ဘဏ်ခွဲ ၃ )ကို ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က ဒဂုံမြို့နယ် တရားရုံးတွင် ကြားနာ စစ်ဆေးကာ (၁၂)ကြိမ်မြောက် ရုံးချိန်းကို သြဂုတ်လ (၂၃)ရက်နေ့တွင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ပထမဆုံး အစည်းအဝေး


ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ ပထမဆုံး အစည်းအဝေးကို ပြည်သူ့လွှတ်တော်ကော်မတီ ရေးရာဆောင် I-12 တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေး တွင် ဒေါ်အောင်ဆန်းစုကြည် က ကော်မတီတွင် ပါဝင်သော အဖွဲ့ဝင်များထံမှ တရားဥပဒေစိုးမိုးရေးအပေါ် တစ်ဦးချင်းအမြင်များကို တောင်ခံခဲ့ကြောင်း သိရှိရပါသည်။
EMG

တရားရေးအရာရှိများ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်


ရန်ကုန်၊ သြဂုတ် ၉
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၃ ရက် မြောက်နေ့တွင် သင်္ဃန်းကျွန်း မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်  အဆို တင်သွင်းထားခဲ့သော တရားရေးအရာရှိများ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ရသည်။

၁၈၅၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေမှာ နှစ်ပေါင်း ၁၆၀ ကျော် ကြာမြင့်ခဲ့သည့် အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ တန်းတူ အခွင့်အရေးထက် ကျော်လွန် အကာကွယ်ပေးထားကြောင်း၊ အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေသော တရား စီရင်ရေး လမ်းကြောင်းကို ထိန်းကျောင်းနိုင်ရန် အတွက် အဆိုပါ ဥပဒေကို ရုပ်သိမ်းရန် လိုအပ်လျက် ရှိပါကြောင်း ဦးသိန်းညွှန့်က ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် တရားရေး အရာရှိများအား ကာကွယ်ပေးသည့် ဥပဒေမှာ တရားသူကြီးများ၏ အဂတိ လိုက်စားမှုကို အကာအကွယ်ပေးထားခြင်း မရှိပါကြောင်း၊ တရားစီရင်ရေး တာဝန်ကို ဆောင်ရွက်ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်းများကို တရားမမှုဖြင့် စွဲဆိုခြင်းမှ ကင်းလွတ်စေရန် အကာအကွယ်ပေးထားခြင်းသာဖြစ်ပြီး အဂတိ လိုက်စားမှုနှင့် မတော် မတရားမှုများကို အရေးယူရန် ပိတ်ပင် ထားခြင်း မရှိပါကြောင်း အမရပူရမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဆွေးနွေး ခဲ့သည်။

သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်း ရှိမရှိ ဆိုသည်မှာ တရားရုံး၌ စစ်ဆေးခံရာ၌ ပေါ်ပေါက်သွားမည့် ကိစ္စရပ် ဖြစ်ကြောင်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော လူ့အခွင့်ရေး ကြေညာ စာတန်းပါ သတ်မှတ်ချက်များအရ တရားသူကြီးများကို နိုင်ငံသားများနှင့် တန်းတူ အခွင့်အရေးသာ ပေးရမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

ဦးသိန်းညွှန့်၏ အဆိုကို ပြည်သူ့လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၂၁ မဲ၊ ကန်ကွက်မဲ ၂၂၄မဲ၊ ကြားနေမဲ ၃၇ မဲ ရရှိခဲ့သဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့ရသည်။

သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်မှာ တရားရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေအား ပြင်ဆင်/ရုပ်သိမ်းရေး အဆို၊ ၁၉၅၀ ပြည့် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ( ၅ ) ည အား ပြင်ဆင်ရေး အဆို၊ အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများအား မှတ်ပုံတင်ခွင့်ပြုရေး အဆိုတို့ကို တင်သွင်းခဲ့သူ ဖြစ်သည်။

The Voice Weekly

ထိုင်းနိုင်ငံတွင် မြန်မာလူငယ် ၃ ဦး ဖောက်ထွင်းမှုဖြင့် ဖမ်းဆီးခံရ


ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာဆယ်ကျော်သက် ၃ ဦးကို ဖောက်ထွင်းခိုးယူမှုတွေနဲ့ ဖမ်းဆီးထားတယ်လို့ မဲဆောက်မြို့ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

မဲဆောက်မြို့ပြည်သူတွေက ပစ္စည်းအခိုးခံရမှု၊  နေအိမ် ဖောက်ထွင်းခံရမှုတွေ ရဲစခန်းမှာ နေ့စဉ်လိုလို လာတိုင်နေတဲ့ အတွက် မသင်္ကာဖွယ် လူငယ် ၃ ဦးကို နောက်ယောင်ခံလိုက်ကြည့်ခဲ့ပြီး မနေ့ညနေ ၅ နာရီလောက်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ မဲဆောက်မြို့မရဲစခန်းက တာဝန်ကျ စခန်းမှူး ဒု-ဗိုလ်မှူးကြီး ရ၀လိတ် ချူမ့်ရင်က ပြောပါတယ်။

“မဲဆောက်မြို့ ဆုမ်ဒစ်ပန်းခြံအနောက်က တိုက်ခန်းမှာ ငှားနေတဲ့ အသက် ၁၆-၁၇ နှစ် အရွယ် မြန်မာလူငယ် ၃ ဦးဟာ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ ၀တ်ကောင်းစားလှနဲ့ မြို့ထဲမှာ သုံးဖြုန်း လည်ပတ်နေတာတွေ့လို့ မသင်္ကာ ဖြစ်ခဲ့ပါတယ်။ သူတို့ကို လွန်ခဲ့တဲ့ လပိုင်းကတည်းက စောင့်ကြည့်ခဲ့တာဖြစ်ပြီး မနေ့က သွားစစ်တာမှာ ဗွီဒီယိုကင်မရာ၊ ပန်ကာ၊ လက်ဝတ်လက်စား၊ ကွန်ပြူတာ၊ တီဗွီ စတဲ့ ခိုးရာပါ ပစ္စည်းတွေရော၊ ငွေသား ဘတ် ၁ သောင်း ၂ ထောင်ပါ ဖမ်းဆီးရမိခဲ့တယ်” လို့ စခန်းမှူးက ပြောပါတယ်။

လူငယ် ၃ ဦးကို ဆက်ပြီး စစ်ဆေးမေးမြန်းရာမှာ ဖောက်ထွင်းမှု ကျူးလွန်ကြောင်း၊ အကြိမ် ၂၀ ထက်မနည်း ကျူးလွန်ခဲ့ကြောင်း၊ ပစ္စည်းတွေကို မြ၀တီဘက်မှာ ထုခွဲရောင်းချကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တတွေကို မြန်မာပြည်ဘက်ခြမ်း ပြန်ပို့ဖို့အတွက် လောလောဆယ် မြ၀တီရဲစခန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး ခိုးရာပါပစ္စည်း လက်ခံဝယ်ယူသူကိုပါ ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုထားကြောင်း စခန်းမှူးက ပြောပါတယ်။

ဖမ်းဆီးရမိပစ္စည်းတွေကို သက်ဆိုင်ရာ ပိုင်ရှင်ဖြစ်သူတွေက ဒီနေ့ မနက်မှာ ပြန်ယူသွားကြတယ်လို့ ဆိုပါတယ်။ ကျူးလွန်သူတွေဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်တဲ့အတွက် အမည်ရင်းကို ဖော်ပြခွင့်မရှိဘူးလို့ မဲဆောက်ရဲစခန်းက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့ မြ၀တီမြို့ရဲစခန်းကို ဆက်သွယ်ပေမယ့် မရသေးပါဘူး။
by နန်းမြနဒီ  (ဒီဗွီဘီ)

သမ္မတဦးသိန်းစိန် ရခိုင်ခေါင်းဆောင်များနှင့် ပြည်နယ်တည်ငြိမ်ရေး ဆွေးနွေး

သမ္မတဦးသိန်းစိန်ဟာ မနေ့က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်နှစ်ဦးကို အလွတ်သဘောတွေ့ဆုံပြီး ရခိုင်ပြည်နယ် တွင်း တည်ငြိမ်းအေးချမ်းရေးကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦအေးသာအောင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်က “သူဆွေးနွေးတဲ့ အထဲမှာ ပြည်တွင်းပဋိပက္ခလေးတွေ၊ နိုင်ငံတကာရဲ့အမြင်တွေ၊ နောက် တည်ငြိမ်မှုရဲ့ အရေးကြီးပုံ၊ တိုင်းပြည်ငြိမ်းချမ်းတည်ငြိမ်မှပဲ လုပ်စရာရှိတာ ဘာလုပ်မလဲဆိုတာလေးတွေ၊ နောက် ပြင်းထန်တဲ့ အစွဲအလန်းလေးတွေကို ဖြေစရာတွေနဲ့ ဖြေလျှော့ဖို့။ အစိုးရနဲ့ ပူးပေါင်းပြီး တိုင်းပြည်အေးချမ်းအောင် ကူညီကြဖို့။ နောက် ရခိုင်မှာ အေးချမ်းတဲ့နေရာတွေမှာ မဖြစ်ဖို့ ဒီအသိုင်းအ၀ိုင်း ၂ ခု ငြိမ်းချမ်းတည်ငြိမ်အောင် ဘယ်လိုထိန်းမလဲဆိုတာကို သူ့ဘက်ကိုယ့်ဘက်ပေါ့၊ ကျနော်တို့ဘက်က ကျနော်တို့ ပါတီဆိုတာမျိုးက လူထုရဲ့ဆန္ဒနဲ့ လူထုနဲ့ တသွေးထဲတသားတည်း ဖြစ်နေမှပဲ ပါတီဆိုတာမြဲတာကိုး။ အဓိကကတော့ တရားဥပဒေစိုးမိုးဖို့ကို ၀ိုင်းဝန်းဖြေရှင်းဖို့ပါပဲ။”

ရခိုင်ပါတီတွေရဲ့ ခေါင်းဆောင်တွေဟာ သြဂုတ် ၈ ရက်နေ့ ကနဦးပိုင်းမှာလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အပါအ၀င် တပ်မတော်အကြီးတန်း အရာရှိကြီးတွေနဲ့လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒေါက်တာအေးမောင်က “လက်ရှိ အခြေအနေ ဘယ်လိုဖြစ်လာနိုင်တယ်၊ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုလုပ်ရင်ကောင်းနိုင်မလဲဆိုတာကို ဗိုလ်ချုပ်ကြီးတင်အေးနဲ့ ဆွေးနွေးတာပေါ့။ သူတို့ဘက်ကလည်း ရှင်းပါတယ်။ ဗိုလ်ချုပ်ကြီး လှမင်းလည်း ရှင်းတယ်၊ ဗိုလ်ချုပ်သိန်းဌေးလည်း အနည်းအကျဉ်းပြောတယ်၊ ဗိုလ်ချုပ် ကျော်ဇံမြင့်လည်း ပြောတယ်။ ဦးတင်အေးက အဖွင့်အရင်၊ နောက် ကျနော်တို့ဘက်ကလည်း ၄ ဦးပါတယ်။ ကျနော်တင်ပြတယ်။ ဦးဘရှိန်တို့၊ ဦးထွန်းအောင်ကျော်တို့၊ ဦးဖေသန်းတို့ကလည်း တွေ့တာလေးတွေကို ဆွေးနွေးပါတယ်။ ဟိုဘက်ကတော့ ဦးအေးသာအောင် တယောက်တည်းပဲ ပြောချိန်ရလိုက်ပါတယ်။ 

by ​အေး​နိုင်  (ဒီဗွီဘီ)

ထိုင်း Vita စက်ရုံမှ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဖြေရှင်းတော့မည်

ထိုင်းနိုင်ငံ ပြည်သူ့ဝန်ထမ်း ဆက်ဆံရေးအဖွဲ့ (SERC) နှင့် ထိုင်းအလုပ်သမား ကြံ့ခိုင်ရေးကော်မတီ (TLSC) တို့ ပူးပေါင်း Vita အစားအသောက်ထုတ် စက်ရုံမှ ရွှေ့ပြောင်းလုပ်သားများ၏အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများအား ကိုင်တွယ်ဖြေရှင်းသွားမည်ဟု သိရသည်။ ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် သမကခရိုင်ရှိ Vita အစားအသောက်လုပ်ငန်း စက်ရုံသုံးရုံတွင် မြန်မာရွှေ့ပြောင်းလုပ်သား(၇၀၀၀) ခန့် လုပ်ကိုင်နေကြပြီးလွန်ခဲ့သည့် လေးလခန့်မှစကာ တရားဥပဒေနှင့်အညီ ထိုင်းလုပ်သားများနှင့် တပြေးညီ လုပ်ခလစာရရှိရန်အတွက် ဆန္ဒပြ တောင်းဆုခြဲ့သော်လည်း ယခုအချိန်အထိ ပြေလည်တိုးတက်မှု မရှိသေးဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလ (၁၁) ရက်မှ စတင်ခဲ့သော ပြောင်းရွှေ့အလုပ်သမားတို့၏ ဆန္ဒပြမှုများမှာ လုပ်ခလစာနည်းပါးခြင်းနှင့် လုပ်ငန်းခွင် လုံခြုံစိတ်ချမှု မရှိခြင်းတို့ကြောင့်ဖြစ်ပြီး ဆန္ဒပြမှုကြောင့် Vita အစားအစာလုပ်ငန်းစက်ရုံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို ချိုးဖောက်ခံနေရခြင်း၊ မမျှမတဆက်ဆံခံနေရခြင်းတို့ကို ပြည်သူတို့က သိရှိခဲ့ရသည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ရေးအတွက် SERC နှင့် TLSC တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး Vita အစားအသောက်လုပ်ငန်းစက်ရုံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအရေးကို လုပ်သားများနှင့် အသေးစိတ်ပူးပေါင်းဖြေရှင်းသွားမည်ဟု သိရသည်။ Popular Myanmar News Journal

Thursday, August 9, 2012

ကျောက်တော်မြို့အခြေအနေ


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှာ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေအကြားဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ(၇)ဦးအထိရှိခဲ့ပြီး၊ ကျောက်တော်မြို့နယ်တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်)ထုတ်ပြန်လိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
'ကျောက်တော်တမြို့တည်း။ဒါပေမဲ့ကျောက်တော်မြို့မှာဖြစ်တာမဟုတ်ဘူး၊ ဘေးပတ်ဝန်းကျင်တွေဖြစ်တာ
မြို့ ပေါ်ကိုကူးလာပြီးဖြစ်လာမှာစိုးလိ့ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာပါ။လောလောဆယ်
ကျနော်တို့ ခုနှစ်ယောက် သေဆုံးတယ်လို့ သတင်းရထားပါတယ် ကျန်တာတွေက ကျနော်တို့ ဆီ တက်မလာသေးတော့လေ အတည်ပြုရခက်သေးလို့ ပါဖမ်းဆီးထားတာတော့မရှိသေးပါဘူးခင်ဗျာ ။
ကျနော်တို့ သိရတဲ့ အချိန်ထိတော့ဖမ်းဆီးထားတာမရှိသေးပါဘူးခင်ဗျာ'ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ(၈)ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှု တွေကြောင့် နေအိမ် ၂၀၀ ကျော်ခန့်မီးလောင်ဆုံးရှုံးခဲ့ရပြီး၊ လုံခြုံရေးတွေချထားတာကြောင့် ကျောက်တော်မြို့မှာ အခြေအနေတွေလတ်တလော ငြိမ်သက်နေပါတယ်။ ဒါပေမယ့် နယ်တွေနဲ့ဆက်သွယ်သွား လာရေးမှာတော့ စိုးရိမ်ရတဲ့ အခြေအနေမျိုးရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ မနေ့က အကြမ်းဖက် သမားတွေ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် လုံခြုံရေးတွေကို တင်းကျပ်စွာချထားပြီး ပုဒ်မ-၁၄၄ (ညမထွက်ရအမိန့်)ကိုလည်း မနေ့က (၂)လ သက်တမ်းထပ်တိုးလိုက်တယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။
"မနေ့ညကဒီကရှစ်နာရီလောက်ကာဖျူးအမိန့်ထုတ်ပြီးတော့ကာဖျုးပုဒ်မကိုတပ်ပြီးတော့ ညခုနှစ်နာရီကနေမနက်ငါးနာရီအထိမသွားရဘူး၊လမ်းကြိုလမ်းကြားတွေမှာ ငါးယောက်အထက်မစုရဘူး ပြောတယ် '
ဒါ့အပြင် ဒီကနေ့ ညနေ(၄)နာရီခန့်အချိန်က မင်းပြားမြို့မှာ မြစ်ထဲကနေ ခမရ ၃၇၇ က စစ်သားတွေနဲ့အတူ စီးနင်းလိုက်ပါလာတဲ့ သမ္ဗာန်ပေါ်က ဘင်္ဂါလီရိုဟင်ဂျာအချို့နဲ့ ထောင်နဲ့ချီတဲ့မင်းပြားမြို့ခံတွေအကြား တင်းမာမှုတွေဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမယ့် ဒေသခံ အာဏာပိုင်တွေက လူစုခွဲလိုက်တဲ့ အတွက် တစ်စုံတစ်ရာ ပဋိပက္ခတွေဖြစ်ပွားတာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

ယနေ့လွှတ်တော်


ယနေ့ (သြဂုတ်လ ၉ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။
(၁) ပုဂ္ဂလိက စက်သုံးဆီဆိုင် ၃၉၁ ဆိုင် ဖွင့်လှစ်၍ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အတွက် အခွန်မည်မျှ ထမ်းဆောင်နိုင်ခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။
(၂) မြန်မာနိုင်ငံမှ နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက် အလုပ် လုပ်ကိုင်နေကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများ၏ ဘ၀လုံခြုံမှုအတွက် နိုင်ငံတော်မှ စီစဉ် ဆောင်ရွက် ပေးသွားမည့် အစီအစဉ်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။
(၃) အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတ ရေးရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း။
(၄) နိုင်ငံတကာတွင် စီးပွားရေး လက်ဝါးကြီးအုပ်မှုမျိုးကို တားဆီရန်အတွက် ယှဉ်ပြိုင်မှု ဥပဒေနှင့် ယှဉ်ပြိုင်မှု မူဝါဒများကို စတင်ရေးဆွဲ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်းဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
(၅) နိုင်ငံတော်သည် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် သမ၀ါယမ အဖွဲ့အစည်းများကို စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ပြုထားပါသဖြင့် စိုက်ပျိုးရေး သမ၀ါယမ အသင်းများအတွက် ဥပဒေသစ် ရေးဆွဲရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်း၊ အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
(၆) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အခြေခံဥပဒေ ပုဒ်မ ၉၆ ကို ရည်ညွှန်းထားသည့် ပြည်ထောင်စု ဥပဒေပြု စာရင်းဇယား (၁) တိုင်းဒေသကြီး ပြည်နယ်တို့မှ ထုတ်လုပ်ထွက်ရှိသော စီးပွားရေး အကျိုးအမြတ် ရလဒ်များအား အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး ပြည်နယ် အစိုးရတို့ကို ခွဲဝေပေးရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း၊ လက်ခံ ဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။
EMG

ဆိုဒီ အစိုးရမှ လူမျိုးတုန်း သတ်ဖြတ်မူ ကျူးလွန်နေကြောင်း မြန်မာကို စွပ်စွဲ


ဆိုဒီအာရေးဗီးယား အစိုးရမှ ဗုဒဘာသာ မြန်မာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာ အပါအ၀င် သတင်းစာ အများအပြားက ယနေ့ ဖေါ်ပြသည်။
အိန္ဒိယကို တရုတ်သမ္မတ လာရောက်လည်ပတ်စဉ် မိမိကိုယ်ကို မီးရှို့၍ ဆန္ဒပြသူ အသက် ၂၇ နှစ်အရွယ် တိဗက် လူငယ် တစ်ဦး၏ ပုံကို ရိုဟင်ဂျာ တစ်ဦး၏ ပုံဖြစ်သည်ဟု ဆိုကာ ပုံမှားရိုက်ပြီး  နိုင်ငံတကာ တွင် လိမ်လည်ပြီး ဖေါ်ပြခဲ့ကြသည်။
AFP သတင်းကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြရာတွင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရိုဟင်ဂျာ ဆိုသူ လူနည်းစုများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း ဖေါ်ပြကြသည်။
ဆိုဒီအာရေးဗီးယား ပါလီမာန်မှ ထိုကဲ့သို့ သတ်ဖြတ်နေမူများနှင့် ရိုဟင်ဂျာ ဆိုသူများ အပေါ် နေအိမ်များမှ နှင်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်နေမူများကို ရှုတ်ချကြောင်း သတင်းစာများက ရေးသားသည်။
ဆိုဒီအာရေးဗီးယား ဘုရင် Abdullah ဥက္ကဌ အဖြစ် ဆောင်ရွက်သော  လွှတ်တော်က ရိုဟင်ဂျာ ဆိုသူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်နှင့် ပိုပြီး သတ်ဖြတ်မူများ မဖြစ်ရအောင် တားဆီးရန် နိုင်ငံတကာသို့လည်း မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။
မြန်မာ အစိုးရကမူ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်တွင် ရခိုင် ၃၁ ဦးနှင့် မွတ်ဆလင် ဘင်္ဂလီ လူမျိုး ၄၆ ဦး သေဆုံးပြီး စုစုပေါင်း ၇၇ ဦးသာ သေဆုံးကြောင်း ဖေါ်ပြသည်။
သို့သော် အမေရိကန်တွင် အခြေစိုက်သော ရိုဟင်ဂျာ အဖွဲ့အစည်း တစ်ခု ဖြစ်သော အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (ပြည်ပ) အမေရိကန်ဌာနချုပ်မှ သြဂတ်စ်လ (၅) ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့ အပါအ၀င် နိုင်ငံတကာသို့ ပေးပို့ရာတွင် ကိန်းဂဏန်း အရေအတွက်ကို အလွန်အကျွန် လွှဲမှားစွာ ရေးသားဖေါ်ပြခဲ့ဟု သိရသည်။
အဆိုပါ အဖွဲ့က လွန်ခဲ့သော (၂) လအတွင်း ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သတ်ဖြတ် မူကြောင့် ရိုဟင်ဂျာ ၃၀၀၀၀ အစုလိုက် အပြုံလိုက် သေကြေခဲ့ ရပြီး တချို့ စာရင်းအရ ၅၂၀၀၀ အထိ အသတ်ခံရကြောင်း ဖေါ်ပြသည်။ ၎င်းပြင် မူဆလင်ကျေးရွာ ၅၂ ရွာ အဖျက်ခံရပြီး  ဗလီ ၅၀ မီးရှို့ခံရကြောင်း ဖေါ်ပြသည်။ လူပေါင်း တစ်သိန်း ထွက်ပြေးနေရကြောင်းနှင့် ကူရင်ကျမ်းများလည်း ဖျက်ဆီးခံရကြောင်း  ဖေါ်ပြသည်။
ဖေါ်ပြပါပုံမှာ ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများကို ရဲက ထိန်းသိမ်းထားသော ပုံဖြစ်ပါသည်။ ၎င်းပုံအား ရိုဟင်ဂျာ ၁၀၀၀ အား မြန်မာနိုင်တွင် ဗုဒဘာသာများက သတ်ဖြတ်လိုက်ပြီဟု နိုင်ငံတကာတွင် သတင်းလိမ်ပြီး တင်ခဲ့ကြသည်။
ဇူလိုင်လ ၁၇ ရက်နေ့က အဆိုပါ အဖွဲ့က ကုလသမဂ လုံခြုံရေး ကောင်စီသို့ ပေးပို့သော စာတစ်စောင်တွင် အထက် ဖေါ်ပြပါ သေဆုံးသူ အရေအတွက် အချက်အလက်များကို ထည့်သွင်းသည့်  အပြင် မွတ်ဆလင် အမျိုးသမီး ၅၀၀၀ ကို ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မုဒိမ်းကျင့်ခဲ့ပြီး ရိုဟင်ဂျာ လူပေါင်း ၃၀၀၀၀ မှာ ပျောက်ဆုံးနေသည်ဟု ဖေါ်ပြထားသည်။
ယခုကဲ့သို့ ပြည်ပ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်းများ၏ အစီအစဉ်ရှိရှိ  မမှန်မကန် ရေးသား ဖေါ်ပြပြီး ဓါတ်ပုံ အတုများဖြင့် ၀ါဒ ဖြန့်ချီနေမူကြောင့် ကမ္ဘာ မွတ်ဆလင် အသိုင်းအ၀ိုင်းတွင် မြန်မာနိုင်ငံ အပေါ် မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန

စစ်တွေဆိပ်ကမ်းစီမံကိန်းအလုပ်သမားများဆန္ဒပြ


မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ ဆက်သွယ်မယ့် ကုလားတန် မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၃၀ လောက်က လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့နဲ့ တရားမျှတမှုရှိအောင် လုပ်ဆောင်ဖို့ သြဂုတ်လ (၈) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲမှာ စစ်တွေဆိပ်ကမ်း လုပ်ငန်းခွင် အဝင်ဝမှာ စာရွက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
အခုလို ဆန္ဒပြတောင်းဆိုတာနဲ့ ပတ်သက်ပြီး အလုပ်သမား ခေါင်းဆောင် ကိုထွန်းသိန်းက RFA ကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့က အလုပ်လုပ်တာ တူပြီးတော့ တူညီတဲ့လစာ မရဘူး။ တချို့ကလစာ အပြည့်ရတယ်။ တချို့ကလစာ တစ်ဝက်ရတယ်။ ကျွန်တော်တို့ လစာနှုန်းတွေ တအားနည်းနေတယ်။ သူတို့နဲ့စာရင်။ ကျွန်တော်တို့က လစာတွေ တိုးမြှင့်ပေးဖို့ Supervisor တွေကို သုံးလတစ်ကြိမ် တိုးမယ်ဆိုပြီး ပြောထားတာ ကနေ့ထိ ဘာမှ မတိုးလာဘူး"
အဲဒီ စီမံကိန်းမှာ အလုပ်လုပ်နေကြတဲ့ နေ့စား အလုပ်သမားတွေ အနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခုလို ဆန္ဒပြ တောင်းဆိုရတဲ့ အချက်တွေထဲမှာ ဒီလုပ်ငန်းခွင်ဟာ အိန္ဒိယနိုင်ငံ Eassar ကုမ္ပဏီက အဓိက တာဝန်ယူ ဆောက်လုပ်ပေးနေတာ ဖြစ်ပေမယ့် ဒေသခံအလုပ်သမားတွေကို ပေးတဲ့လစာက ဒီလုပ်ငန်းခွင်မှာ အတူလုပ်နေကြတဲ့ အိန္ဒိယ နိုင်ငံသားတွေရဲ့လုပ်ခလစာနဲ့ အလွန်ကွာခြား နေတာကြောင့်လို့ ဆိုပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်ဝင်နေတဲ့ အချိန်မှာ အလုပ်သမား တစ်ယောက်အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘဲ အခုလောလောဆယ် ရရှိရမယ့် လုပ်ခလစာကိုလည်း သြဂုတ်လ ဒုတိယပတ်ထဲကို ရောက်ရှိလာသည့် တိုင်အောင် လုပ်ခလစာတွေ မရရှိကြသေးဘူးလို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုပြီး (၁၀) မိနစ်လောက် အကြာမှာ စစ်တပ်လုံခြုံရေးတွေက ဟန့်တားကာ လူစုခွဲလိုက်ပေမယ့် ဆန္ဒပြ အလုပ်သမားတချို့က ထွက်ခွာမသွားဘဲ ဆက်လက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
စစ်တွေဆိပ်ကမ်းဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကာလကတ္တားက ကုန်ပစ္စည်းတွေကို ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းက တစ်ဆင့် ကုလားတန်မြစ်ကို အသုံးချပြီး ပလက်ဝကတစ်ဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ် ပို့ဆောင်မှာ ဖြစ်ပါတယ်။
ဒီ စစ်တွေဆိပ်ကမ်း စီမံကိန်းကို ၂၀၁၀ နှစ်ကုန်ပိုင်းက စတင်ပြီး အမေရိကန် ဒေါ်လာ သန်း (၁၂၀) အကုန်အကျခံ တည်ဆောက်နေတာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အပြီးသတ်မယ်လို့ ခန့်မှန်းထားပါတယ်။

Wednesday, August 8, 2012

၈ရက်နေ့လွှတ်တော်မေးခွန်းများ


သြဂုတ်လ ၈ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးခင်မောင်ဝင်း၊ လမ်းမတော် မဲဆန္ဒနယ်၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၇ ခုနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ MRTV4 ရုပ်သံလိုင်းအား နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ Free to Air ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ဦးအောင်ဆန်း၊ ပန်းဘဲတန်း မဲဆန္ဒနယ်၏ မြန်မာ့ ယဉ်ကျေးမှု
အမွေအနှစ် ဓလေ့စရိုက်များအတွက် သီးခြားပြသ ထုတ်လွှင့်သော Channel အသစ်တစ်ခု ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းကြမည်ဖြစ်ကြောင်း Eleven Media Group - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

ထိုပြင် ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၏ Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်များအား၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို

ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်။
ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်။
ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်။
ဦးကျော်မြင့်၊ မြန်အောင် မဲဆန္ဒနယ်။
ဦးရဲထွန်း၊ သီပေါ မဲဆန္ဒနယ်။
ဒေါ်မြင့်မြင့်စန်း၊ ၀ါးခယ်မ မဲဆန္ဒနယ်။
ဒေါက်တာ ဇော်မြင့်မောင်၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်။
ဒေါက်တာမျိုးအောင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်များ မှဆွေးနွေးကြမည်ဖြစ်သည်။

ဒေါက်တာစိုးရင်၊ ကမာရွက် မဲဆန္ဒနယ်၏ မြန်မာနိုင်ငံရှိ တက္ကသိုလ် အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဆောင်များ ဖွင့်လှစ်ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆို တင်သွင်းမည်ဖြစ်သည်။

ဦးမောင်တိုး၊ မင်းလှ မဲဆန္ဒနယ်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း Eleven Media Group သတင်းအရသိရှိရပါသည်။

နေပြည်တော် ၈၈၈၈


NLD ပါတီမှ 8888 အထိမ်းအမှတ် ကို ယနေ့ည ၈ နာရီခန့်တွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဥတ္တရ သီရိမြို့နယ် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။