Saturday, August 11, 2012

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ခုတောင်းဆို

သြဂုတ် ၁၀
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားရဲ့ နေရာကို အခြား သူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂဒုတိယ အတွင်း ရေးမှုး ချုပ် မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ဒီကနေ့ တွေ့ဆုံစဉ်
တိုက်တွန်း ပြောကြားလိုက်ပါတယ်။ို ရခိုင်အရေးနဲ့ ပက်သက်ပြီး မစ္စတာ ကင်တားနားရဲ့ပြောဆိုချက်တွေဟာ မျှတမှုမရှိတဲ့အတွက်အခုလိုတိုက်တွန်း ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်သန်းသန်းနုက RFA ကိုပြောပါတယ်။ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Myanmar Egress ရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာတိုင်းရင်းသားညီလာခံ ခေါ်ယူရေးကိစ္စ၊ပီပြင်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကိစ္စနဲ့ ဘိန်းစိုက် ပျိုးမှုလျော့ကျရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တြယ်လို့ သိရပါတယ်။ မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen ရဲ့နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂ အထက်အရာရှိတွေထံ ပြန်လည်အစီရင်ခံမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment