Wednesday, July 20, 2016

မြန်မာလုပ်သားတစ်ဦးကို ထိုင်းအလုပ်ရှင်က သံကြိုးဖြင့် ရိုက်နှက်နှိပ်စက်



Thursday, July 21, 2016

ထိုင်းနိုင်ငံ နခွန်ပထုံမြို့နယ်တွင် သံပိုက်လုပ်ငန်းလုပ်ကိုင် သော အသက်(၂၇)နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးကို အ လုပ်ရှင်သူဌေးက သံကြိုးဖြင့် ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညွှန်ကြားမှုဖြင့်အလုပ်ရှင်သူဌေးအား အမှုဖွင့်၍ တိုင်ကြားထားကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၂၀ ရက်က နခွန်ပထုံ မြို့နယ် အုန်းရိုင်းနယ်မြေရှိ PPCသံပိုက်လုပ်ငန်း၌ လုပ်ကိုင်နေသူ အသက်(၂၇)နှစ်အရွယ် မြန်မာ လုပ်သား ဇော်အောင်မြင့်ကို အလုပ်ရှင်သူဌေးက အခန်းတံခါးပိတ်ကာ သံကြိုးဖြင့် အပြင်းအထန် ရိုက်နှက်သောကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညွှန်ကြားမှုဖြင့် အလုပ်ရှင်သူဌေးကို အမှုဖွင့် တိုင်ကြားထားကြောင်း မဟာချိုင်မြို့အခြေစိုက် မြန်မာလုပ်သားများအား ကူညီပေးနေ သော  AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

‘‘လင်မယား နှစ်ယောက် စကားများလို့ဆိုပြီး အခန်းတံခါးပိတ်ပြီး သံကြိုးနဲ့ ရိုက်တာ။ ရဲကားတွေလာမှ ရပ်တာလို့ သိရတယ်။ ရိုက်တာတော့ အသေရိုက်တဲ့ သဘောပဲ။ အခုလောလောဆယ် တော့ ဆေးရုံပို့ထားပါတယ်’’ဟု AAC မဟာမိတ်အဖွဲ့မှ ကိုခိုင်ကြီး က ပြောသည်။

‘‘ဒဏ်ရာကလည်း တော်တော်များနေလို့ သံရုံးကို အကြောင်းကြားတယ်။ သံအမတ်ကြီးကလည်း အမှုဖွင့်ပါပေါ့။ လိုအပ်တဲ့ စာရွက်တွေနဲ့ အကူအညီတွေပေးမယ်လို့ ပြောပါတယ်။ သူဌေးက ဒီနေ့ ရဲစခန်းကိုခေါ်တာ မလာဘူး။ မနက်ဖြန်တော့ ထပ်ပြီးဖိအားပေးရဦးမယ်’’ဟု ကိုရဲမင်းက ပြောသည်။
သံကြိုးဖြင့် ရိုက်နှက်သော ထိုင်းအလုပ်ရှင်ကို ဘိုကဲလ်နယ် မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြား ထားပြီး ဒဏ်ရာရရှိသော မြန်မာ လုပ်သား ဇော်အောင်မြင့်သည် ကထူးပန်ဆေးရုံ၌ ဆေးကုသမှုခံ ယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

7 Day News







 Credit to Ye Min for photos

The Trust (2016) မြန်မာစာတန်းထိုး

မင်းသားကြီး နီကိုလပ်ကေ့စ် ရဲ့ ၂၀၁၆ ထွက် စုံထောက်ကားလေးတကားနဲ့
မိတ်ဆက်ပေးပရစေ။ဇာတ်ကားလေးကတော့ IMDb rating 5.4/10 ရရှိထားပြီး
စိတ်ဝင်စားဖို့အတော်ကောင်းတာကိုတွေ့ရပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ LVPD ရဲ့ သက်သေခံပစ္စည်းထိန်းသိမ်းရေး
တာဝန်ခံ နီကိုလပ်ကေ့စ်ဟာ တရက် မထင်မှတ်ဘဲ ကားတစ်စီးကို သိမ်းမိရာမှာ
ကား အင်ဂျင်ဘလောက်တုန်းအတွင်းမှ ဘိန်းဖြူများအားတွေ့ရှိပြီး
ဘိန်းမှောင်ခိုဂိုဏ်းကို ဆက်စပ် စုံစမ်းရာမှ ဘိန်းမှောင်ခိုင်ဂိုဏ်း၏
ဘိန်းများနှင့် ပိုက်ဆံများအား သိမ်းဆည်းထားရာ နေရာအား စုံစမ်းမိပြီး
ဘယ်လိုတွေများ လမ်းမှားလိုက်မိမလဲ လောဘတက်ပြီး ဘယ်လိုတွေဖြစ်မလဲ
ဆိုတာ သိခြင်ပါက ဒီ ယုံကြည်မှုလို့ အမည်ရတဲ့ကားလေးကို ကြည့်လိုက်ကြပါလို့
အကြံပြုလိုက်ပါရစေ။

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85

နမူနာကြည့်ရန်

Papillon (1973) မြန်မာစာတန်းထိုး

Papillon ရုပ်ရှင်ဟာ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ တစ်ကျွန်းကျ အကျဉ်းသား

တစ်ယောက်ရဲ့ ထောင်ဇာတ်လမ်း ရုပ်ရှင်ဖြစ်ပါတယ်။

ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ ပြင်သစ်အကျဉ်းသား အွန်ရီ ရှာရန်း ရဲ့

ကိုယ်တိုင်ရေး အတ္ထုပတ္တိစာအုပ်ကို ရုပ်ရှင် ပြန်လည်ရိုက်ကူးခဲ့တာပါ။

မြန်မာပြည်မှာ ၁၉၈၂ ခုနှစ်က စာရေးဆရာ ဦးလှဝင်း (လေသူရဲ တစ်ဦး ) က

'ပါပီလွန် နှင့် ဗင်ကို' အမည်နဲ့ ဘာသာပြန်ခဲ့ပါတယ်။ လူကြိုက်များခဲ့ပါတယ်။

မဖတ်ရသေးရင် ဖတ်ကြည့်ကြပါ။

ဒီရုပ်ရှင်ကို ဝေးလံတဲ့ဒေသတွေမှာ သွားရောက်ရိုက်ကူးခဲ့ရတဲ့အတွက် အဲဒီ

အချိနိတုန်းက အတော်များတဲ့ ကုန်ကျစရိတ် ဒေါ်လာ ၁၂သန်းခန့် ကုန်ကျခဲ့ပါ

တယ်။

ဒါပေမယ့် ရုံတင်ပြီး ပထမတနှစ်အတွင်းမှာတင် ဝင်ငွေနှစ်ဆမက မြတ်ခဲ့ပါတယ်။

Imdb rating 8 ရရှိထားပါတယ်။

(ဇာတ်ကားကို ဘာသာပြန်ပြီး အညွှန်းပါ ရေးပေးသူကတော့ KO MYO (WAKEMA) ပဲ ဖြစ်ပါတယ်)


File Size >>> 1GB / 541 Mb

Quality >>> Blurayrip 720p

Duration >>> 2 hr 30 min

Subtitle >>> Myanmar (hardsub)


Encoder >>> seniorkaung

Download and watch via pCloud (Big size higher quality)

Download and watch via pCloud (Small size lower quality)

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85


နမူနာကြည့်ရန်


ရွှေရောင် သံလိုက် အိမ်မြှောင် (၂၀၀၇) မြန်မာစာတန်းထိုး

ဝိဥာဉ်တွေက ခန္ဓာကိုယ်ထဲမှာ နေကြတယ်... ငါတို့ ကမ္ဘာမှာတော့... ငါတို့ဝိဥာဉ်တွေက ငါတို့ဘေးမှာလမ်းလျှောက်ပြီးနေကြတယ်လေ။

နိဒါန်းလေးကြည့်လိုက်ရုံနဲ့ အရမ်းစိတ်ဝင်စားမိမှာ ပဲဆိုတာမြေကြီးလက်ခတ်မလွဲပါပဲ.... လိုင်ရာ တစ်ယောက်ကလေးချင်းစကြနောက်ကြရင်းနဲ့ မထင်မှတ်ပဲ အရေးကြီးကိစ္စတစ်ခုထဲရောက်သွားပါတော့တယ် သူကိုယ်တိုင်ကလည်းအဖိုးတန်ရတနာလေးဖြစ်နေပါတယ်..

လိုင်ရာကတစ်ဦးတည်းသောအမှန်တရားကို ဖတ်နိုင်သူလေးဖြစ်နေတာပါ.. ကဲ လိုင်ရာတစ်ယောက် ဘယ်လိုအမှန်တရားတွေရှာမယ်.. ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ...အခုပဲကြည့်လိုက်ကြစို့ဗျား


File Size         : 800 MB
Quality           : Blu ray 720P
Running Time : 1hr 53 minute
Format           : Mp4
Genre             : Adventure,Fantasy, Family
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်) 

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85
နမူနာကြည့်ရန်