Tuesday, August 2, 2016

လုံခြုံရေးတိုးမြှင့်ထား၍ ထိုင်းရောက်မြန်မာများ အထူးသတိပြုရန် မြန်မာသံရုံးထုတ်ပြန်




ဘန်ကောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်(NARONG SANGNAK/EPA)
ထိုင်းနိုင်ငံတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကြမ်း လူထုဆန္ဒခံ ယူပွဲပြုလုပ်မည့်ရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားမည်ဖြစ်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အထူးသတိပြုနေထိုင် သွားလာရန်နှင့် ခရီးသွားရန်ရှိပါ က စာရွက်စာတမ်းအထောက်အ ထားအပြည့်အစုံယူသွားပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဖုန်း ဆက်၍ အကူအညီတောင်းခံနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသြဂုတ်လ ၂ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
‘သြဂုတ် ၇ ရက်တွင် ထိုင်း နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြမ်းလူထုဆန္ဒခံယူပွဲပြုလုပ်မည် ဖြစ်၍ ထိုင်းနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေ သော မြန်မာနိုင်ငံသားများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများအား ထိုင်း ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပါက အသာတကြည်စစ်ဆေးမှုခံယူကြ ရန် တိုက်တွန်းနှိုးဆော်အပ်သည်’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သြဂုတ် ၁ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

Monday, August 1, 2016

ယနေ့ထွက် ထိုင်းထီ ဘတ်ငွေ ၆ သန်းဆုအား မြန်မာအလုပ်သမ တစ်ဦး ဆွတ်ခူး


ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဘန်ခွန်ထီယန်နယ်မြေ ထီယန်ထလေလမ်းမှာ နေထိုင်တဲ့ မြန်မာအမျိုးသမီးတစ်ဦး မအိလေး အသက် ၂၆နှစ်ဆိုသူ ဒီနေ့သြဂုတ်လ ၁ရက်နေ့ 272932ထွက် ထိုင်းအောင်ဘာလေသိန်းထီပထမဆု၂စောင်တွဲတစ်စုံပေါက်လို့ ဘတ်ငွေ ၆သန်းရှိခဲ့ပါတယ်၊ ထီပေါက်ကြောင်း သက်ဆိုင်ရာရဲစခန်းသို့သွားရောက် မှတ်တမ်းတင် အကြောင်းကြား ထားပါတယ်။

thithtoolwin (website)

အနည်းဆုံး တစ်ရက်လုပ်ခ ထပ်မံတိုးမြှင့်သွားနိုင်ဖို့ စီစဉ်


ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA
စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ ကို ထပ်တိုးမြှင့်ပေးသွားနိုင်ဖို့ အမျိုးသားလွှတ်တော်ရဲ့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီက စီစဉ်နေပါတယ်။

ကုန်ဈေးနှုန်းကြီးတာကြောင့် တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ဟာ မလောက်ငှသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်နည်းနေတာကြောင့် တိုးမြှင့်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး က ပြောပါတယ်။

ထိုင်းနိုင်ငံရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း လုပ်သားများ သြဂုတ်လ ၁ရက်နေ့မှ စ၍ ဗီဇာလျှောက်ထားနိုင်



ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများသည် လာမည့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ပန်းရောင်ကတ်ကိုင်ဆောင်ထားသော မြန်မာလုပ်သားများ ဗီဇာ လျှောက်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

ဗီဇာလျှောက်ထားရာတွင် မြန်မာနိုင်ငံမှပြုလုပ်လာသော သာမန်နိုင်ငံကူးလက်မှတ်အသစ်နှင့် ဘန်ကောက်သံရုံးမှပြုလုပ်ပေးသော သာမန်နိုင်ငံကူးလက်မှတ်အသစ် နောင်တွင်ပြုလုပ်ပေးမည်
C of I စာအုပ်များနှင်လျှောက်ထားနိုင်ပြီး ရရှိမည့် ဗီဇာသက်တမ်းမှာ ပန်းရောင်းကတ်သက်တမ်းအတိုင်းဖြစ်ကြောင်း သိရသည်။