Tuesday, August 2, 2016

လုံခြုံရေးတိုးမြှင့်ထား၍ ထိုင်းရောက်မြန်မာများ အထူးသတိပြုရန် မြန်မာသံရုံးထုတ်ပြန်




ဘန်ကောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်(NARONG SANGNAK/EPA)
ထိုင်းနိုင်ငံတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကြမ်း လူထုဆန္ဒခံ ယူပွဲပြုလုပ်မည့်ရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားမည်ဖြစ်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အထူးသတိပြုနေထိုင် သွားလာရန်နှင့် ခရီးသွားရန်ရှိပါ က စာရွက်စာတမ်းအထောက်အ ထားအပြည့်အစုံယူသွားပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဖုန်း ဆက်၍ အကူအညီတောင်းခံနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသြဂုတ်လ ၂ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
‘သြဂုတ် ၇ ရက်တွင် ထိုင်း နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြမ်းလူထုဆန္ဒခံယူပွဲပြုလုပ်မည် ဖြစ်၍ ထိုင်းနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေ သော မြန်မာနိုင်ငံသားများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများအား ထိုင်း ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပါက အသာတကြည်စစ်ဆေးမှုခံယူကြ ရန် တိုက်တွန်းနှိုးဆော်အပ်သည်’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သြဂုတ် ၁ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။


‘‘ဆန္ဒခံယူပွဲလုပ်မှာက တစ် ရက်တည်းပါ။ ဒါပေမဲ့အဲဒီရက် ပိုင်းတွေမှာ သတိထားနေကြဖို့ ပေါ့။ တတ်နိုင်ရင် အပြင်မထွက် ကြဖို့ပေါ့။ အပြင်ထွက်မယ်ဆိုရင် လည်း စာရွက်စာတမ်းတွေ အ ပြည့်အစုံယူသွားကြဖို့ သတိပေး တာပါ။ ပြဿနာဖြစ်ခဲ့ရင်လည်း သံရုံးကို ဖုန်းဆက်ပြီး အကူအညီ တောင်းကြပါ’’ဟု ထိုင်းနိုင်ငံဆိုင် ရာမြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင်က ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ထိုင်း နိုင်ငံတစ်ဝန်း၌ အလုပ်လုပ်ကိုင် နေသော မြန်မာနိုင်ငံသားများကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံသားများ ရာနှင့်ချီဖမ်းဆီးခံရကြောင်း သတင်းရရှိ သည်။ စက်ရုံ၊ အလုပ်ရုံများအ ပြင်ဈေးများနှင့် ကုန်တိုက်များ အထိပါ ရှာဖွေဖမ်းဆီးမှုများပြု လုပ်နေ၍ မြန်မာလုပ်သားအများ စုလုပ်ကိုင်သော ဈေးဆိုင်များ ပိတ်သိမ်းထားရကြောင်း ထိုင်းရောက်မြန်မာများက ပြောကြား သည်။
‘‘ထိုင်းရဲတွေက အဲဒီလိုမျိုးပွဲ ကြီးတွေ လုပ်တော့မယ်ဆိုရင် မြန်မာလုပ်သားတွေကို လုံခြုံရေး ကြောင့်ဆိုပြီး ဖမ်းတတ်တာ သူတို့အကျင့်ပဲ။ ဒီဆန္ဒခံယူပွဲမှာလည်း ပြဿနာရှိလာနိုင်တယ်။ ဒီလိုမျိုး ကြေညာချက်ထုတ်ပေးတာ အ ရမ်းကောင်းပါတယ်’’ဟု ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော် သောင်းက ပြောသည်။

No comments:

Post a Comment