Sunday, August 5, 2012

သမ္မတ ဦးသိန်းစိန်နဲ့ ပါတီ ၁၄ ခု တွေ့ဆုံ


သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလိုတွေ့ဆုံခဲ့ရာမှာ မိမိတို့အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး ပြဿနာကနေ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေအထိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေး နိုင်ခဲ့ကြတယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ဦးစိုင်းညွန့်လွင်က RFA ကို ပြောပါတယ်။

"သမ္မတက သူလုပ်တာ ကိုင်တာ သူ့သဘောထားတွေ သူ့အခက်အခဲတွေကအစ ရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့ ၂၅ နှစ် ပတ်ဝန်းကျင်မှာပေါ့နော်။ အဲဒီလိုမျိုး ရှင်းပြတာ တခါမှ မကြုံဖူးသေးပါဘူး။ ဒါက ပထမဦးဆုံးအကြိမ် သူကိုယ်တိုင် တိုက်ရိုက်ရှင်းပြတယ်။ ဒါဟာ တော်တော်လေးကောင်းတဲ့ အလားအလာပါ။"

ဒါ့အပြင် ပင်လုံစိတ်ဓာတ် အခြေခံနဲ့ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ညီလာခံတရပ် ခေါ်ယူနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပြခဲ့တယ်လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့တော့ သတင်းအချက်အလက် အမှားတွေအပေါ် အခြေခံပြီး အစွန်းရောက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ ပါဝင်ပတ်သက် လာမှာကို ကြိုတင် ကာကွယ်နိုင်ဖို့ သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ရန် လိုကြောင်း သမ္မတက ပြောဆိုခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။

သတင်း မီဒီယာ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆွေးနွေးရာမှာတော့ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဆောင်ရွက်ကြဖို့ လိုကြောင်း သမ္မတက တုံ့ပြန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

( ဓါတ်ပုံ - သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားနှင့် နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်များနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေး
ခဲ့ကြသည်။ )
by: facebook

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားမှု နှင့်အင်တာနက်သတင်းများ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြင်ပ မူဆလင်နိုင်ငံများတွင် ရေးသားမှူများ နှင့်၊ ဆန္ဒပြပွဲများတွင် ကြွေးးကြော်နေမှူများ အင်တာနက် သတင်းများတွင် ဖော်ပြနေမှူများ သည် အဖြစ်မှန်ထက် ပုံကြီးချဲ့ထားမှူ များက ပိုပြီး များပြားနေကြောင်း The Christian Science Monitor သတင်းဌာနက ဩဂုတ်လ၃ ရက်နေ့ က ရေးသားဖော်ပြလိုက်သည်။

သတင်းများတွင် ဖော်ပြနေသည် သတင်း ဓာတ်ပုံများ သည် လိမ်ညာထားသည့် ဓာတ်ပုံ ဖြစ်ကြောင်း မီဒီယာ စောင့်ကြည့်ရေး အဖွဲ့များနှင့် ပါကစ္စတန်နိုင်ငံတွင် ထင်ရှားသောExpress Tribune သတင်းစာက သက်သေ အထောက်အထားများနှင့် ထုတ်ဖော်ခဲ့သည်။

အစ္စလာမ်မစ် အဖွဲ့အစည်းအချို့ သည် ဟာ မိမိတို့ ၏အဖွဲ့အစည်းများအတွက် ရန်ပုံငွေ ရရှိအောင် နိုင်ငံရေးအရ ထောက်ခံမှုရအောင် မြန်မာနိုင်ငံ ကရိုဟင်ဂျာကိစ္စကို လိမ်ညာပုံကြီးချဲ့ပြီး အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေး စိတ်ဓာတ်ကို လှုံ့ဆော်နေကြတာ ဖြစ်ကြောင်း Bytes For All ခေါ် ပါကစ္စတန် အင်တာနက် တက်ကြွ လှုပ်ရှားသူများ အဖွဲ့ညွန်ကြားရေးမှူးကိုကိုးကား၍ The Christian Science Monitor သတင်းဌာနက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံရှိ ဘာသာရေးအဖွဲ့များသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူဆလင်အရေးနဲ့ ပတ်သက်ပြီး လာဟိုနဲ့ ပက်ရှဝါ မြို့ တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ပါကစ္စတန် အင်တာနက်ပေါ်မှာလည်း ဆန့်ကျင် ရှုတ်ချမှုများ ပြည့်နှက်နေကြောင်းသိရှိရသည်။

Ref:The Voice

Friday, August 3, 2012

ဒေါ်စု ကော့မှူးတွင် လယ်သမားများနှင့် ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင် တောင်သူလယ်သမားများနှင့် ဆွေးနွေးနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)
 လယ်ယာမြေ အသိမ်းခံရမှု၊ လယ်မြေများ ရေနစ်မြုပ်မှုနှင့် လယ်သမားများ လယ်ယာလုပ်ငန်း ဆိုင်ရာ အသိပညာဖွံဖြိုးမှု အစရှိသည့်အကြောင်းများကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင်တောင်သူလယ်သမားများနှင့် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲပါဝင်သူများက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်မြေ ကောမှူးမြို့နယ်သို့သောကြာနေ့က သွားရောက်ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါး စိုက်ပျိုးမှု အခက်အခဲများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ဆည်မြောင်းနဲ့ သက်ဆိုင်တာတွေကို ဆည်မြောင်းနဲ့ ဆွေးနွေးပေးမယ်။ သက်ဆိုင်တဲ့ အကြောင်းအရာပေါ် မူတည်ပြီး သက်ဆိုင်တဲ့ ဌာနကို ဆွေးနွေးပေးမယ်လို့ ပြောပါတယ်” ဟု ဟု ဒေါ်အောင်ဆန်းစုကြည်က လယ်သမားများအား ကတိပြုပြောကြားချက်များကို ကိုးကား၍ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ညောင်ပင်သာရွာမှ ဦးသိန်းလွင် က မဇ္ဇျိမကို ပြောသည်။
ဘုန်းတော်ကြီးကျောင်းတခုတွင် ကျင်းပသည့် ယင်းဆွေးနွေးပွဲသို့ ဝါးပလောက်သောက်၊ ထန်းမနိုင်၊ ကမာပတ်၊ ဖယုံချောင်၊ ညောင်ပင်သာရွာ စသည့် ကျေးရွာများမှ တောင်သူသုံးဆယ်ခန့် တက်ရောက် သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် တောင်သူများ ရေကြီးရေလျှံ အခက်အခဲများအတွက် ကော့မူးမြို့နယ် ဆည်မြောင်းဦးစီးရုံးမှ ဦးစီးအရာရှိ ဦးဆန်းလွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မူးမြို့နယ် NLD လူငယ်များနှင့်လည်း တွေ့ဆုံ၍ ပါတီအတွင်း လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ကိစ္စ့ရပ်များ ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ရွေးကောက်ပွဲပြီးနောက် ၎င်း၏မဲဆန္ဒနယ်အား အနည်းဆုံး သုံးကြိမ် သွားရောက် ၍ ဒေသခံများနှင့် တွေ့ဆုံကာ အခက်အခဲနှင့် လိုအပ်ချက်များကို လေ့လာခဲ့သည်။
ဇူလိုင်လ ၅ ရက်နေ့က သွားရောက်စဉ် ဒေသခံ ၃ဝဝ ကျော်နှင့် တွေ့ဆုံကာ ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့သည်။
မြန်မာနှစ်ဆန်း တရက် (ဧပြီလ ၁၇ ရက်)နေ့ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျပ်ငွေ သိန်း ၃၀၀ အားကော့မှူးမြို့နယ်မှ ကျေးရွာများသို့ ကံစမ်းမဲများ ဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လှူဒါန်းခဲ့သေးသည်။

နေလင်းအောင် | ရန်ကုန် (မဇ္ဈိမ)

ဒဂုံအရှေ့တွင် တာတမံ ပိတ်ဆို့မှုကြောင့် လယ်ဧက ၂၀၀၀ နီးပါး ရေနစ်မြုပ်

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မလစ် အရှေ့ကျေးရွာ အုပ်စုမှ လယ်မြေများ၏ ရေစီးဆင်းရာ လမ်းကြောင်းများရှိ တာတမံများ ပိတ်ဆို့ ထားမှုကြောင့် စိုက်ပျိုးပြီး လယ်ဧက ၂၀၀၀နီးပါး ရေနစ်မြုပ်ကာ စပါးပင်များ ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မလစ်ကျေးရွာမှ လယ်သမားများက ပြောကြားသည်။

ငမိုးရိပ် ရေထိန်း တံခါးမှ ရေနုတ်ယူမှု နည်းပါးခြင်း အပါအဝင် စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ဘဲတန်းရိုးချောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ကာ တာတမံ ပိတ်ဆို့မှုကြောင့် ၎င်းတို့ကျေးရွာ အုပ်စုများရှိ လယ်မြေများနှင့် နေအိမ်ခြံဝင်းများပါ ရေနစ်မြုပ် နေကြောင်း ယင်းကျေးရွာမှ တောင်သူလယ်သမားနှင့် အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ရေနစ်မြုပ်မှု အခြေအနေကို ရှင်းပြသည်။

 စိုက်ပျိုးပြီး တစ်လကျော် သက်တမ်းရှိသည့် စပါးများမှာ ရေနစ်မြုပ်မှုဒဏ်ကို ၁၀ ရက် အထိ ခံနိုင်သော်လည်း စိုက်ပျိုးပြီး ရက်ပိုင်းသာ ရှိသေးသည့် စပါးများမှာမူ ရေနစ်မြုပ် တစ်ပတ်ကြာပါက ပျက်စီးမည်သာ ဖြစ်ကြောင်း စပါးများ ပျက်စီးမည့် အန္တရာယ် အပေါ် မလစ် ကျေးရွာမှ လယ်သမားတစ်ဦး ဖြစ်သူဦးသန်းထွန်းက စိုးရိမ်မကင်း ပြောဆိုသည်။

ယင်းကျေးရွာအုပ်စုများရှိလယ်မြေများ၏ ရေထွက်ပေါက် တစ်ခုဖြစ်သော ငမိုးရိပ် ရေထိန်းတံခါး၊ တည်ဆောက်ရေး ၆ မှ တာဝန်ကျ အင်ဂျင်နီယာ တစ်ဦးကလည်း ရေထိန်းတံခါးကို မေလကတည်းက ဖွင့်လှစ် ပေးထားပြီး ယခုရက်ပိုင်း အတွင်း မိုးရွာသွန်းမှုမှာ သုံးရက်လျှင် မိုးရေချိန် လက်မ ၆လက်မခန့် ရွာသွန်းသောကြောင့် ရေထိန်းတံခါး အတွင်း ရေများနေသဖြင့် ယင်းလယ်မြေများမှ ရေနုတ်ယူမှု အားနည်း ရခြင်းသာ ဖြစ်ကာ ၎င်းတို့အနေနှင့် အားနည်းချက်များကို ရှာဖွေ၍ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ရေထွက်ပေါက် တစ်ခုဖြစ်သော ဘဲတန်းရိုးချောင်းကို တာတမံ ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်၍ ဆည်မြောင်းဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကမူ ဘဲတန်းရိုးချောင်းတာတမံ တစ်ဘက်ခြမ်းရှိ စိတ်ကျန်းမာရေး ဆေးရုံနှင့် ဧက ၃၀၀၀ခန့်ရှိ လယ်မြေများ ရေနစ်မြုပ်မည့် အန္တရာယ်ကြောင့် တာတမံ ပိတ်ဆို့ရခြင်း ဖြစ်ကြောင်း၊တာတမံ မပိတ်ဆို့ပါက တာတမံမြောက်ပိုင်းရှိ မလစ်အရှေ့ကျေးရွာအုပ်စုရှိ လယ်ဧက၂၀၀၀ အပါအဝင် တာတမံတောင်ပိုင်းရှိ လယ်ဧက ၃၀၀၀ နှင့်စိတ်ကျန်းမာရေးဆေးရုံပါ ရေနစ်မြုပ်မည်ဖြစ်ကြောင်း The Voice Weekly သို့မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
သစ်ထူးလွင်

ထိုင်းမှထွက်ပြေးလာသည့်တရာခံတစ်ဦးမြန်မာရဲတပ်ဖွဲ့လွှဲပြောင်းပေး

မဲဆောက်၊ ဇူလိုင် ၂၄
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကလေးငယ် ၂ ဦးကိုမုဒိန်းမှုကြူးလွန်ခဲ့ပြီးနောက် အာမခံရရှိစဉ်မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသည့် အသက် ၉၃ နှစ်အရွယ် သြစတေးလျနိုင်ငံသား Mr Karl Joseph Kraus ကို မြန်မာရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ယနေ့ညနေပိုင်းတွင်မြ၀တီမှတဆင့် မဲဆောက်ဘက်ရှိ
ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်သည်။အဆိုပါနိုင်ငံသားသည်အမှုရင်ဆိုင်နေရစဉ် ထိုင်းနိုင်ငံမှတဆင့်
ကရင်ပြည်နယ်ဘားအံမြို့၌သွားရောက်တိမ်းရှောင်နေစဉ် ယခင်လ ၂၄ ရက်နေ့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ၏ဖမ်းဆီးခြင်းကိုခံရပြီး နောက် ယနေ့ညနေပိုင်းတွင် မဲဆောက်ဘက်လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။
ကျန်းမာရေးကြောင့်လမ်းမလျှောက်နိုင်တော့သည့် Mr Karl ကို မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမျိုးဆွေ ဦးဆောင်သည့်အဖွဲ့က လာရောက်ပို့ဆောင်ခဲ့ပြီး ထိုင်းဘက်ရှိတာ့ခ်ခရိုင်လ၀ကအဖွဲ့ထံသို့ 
လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်သည်။လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်တွင်ကလေးငယ်နှစ်ဦးကို မဖွယ်မရာပြုမှုဖြင့် အမှုရင်ဆိုင်နေရ သည့် Mr Karl သည် အာမခံရရှိပြီးနောက်ပျောက်ဆုံးသွားပြီး မြန်မာနိုင်ငံဘက်တွင် ပြန်လည်
တွေ့ရှိခြင်းဖြစ်ပြီး မြန်မာဘက်တွင်အချိန်မည်မျှကြာနေထိုင်ခဲ့သည်
ကိုပြောကြားရန် သတင်းထောက်များ၏မေးခွန်းကိုထိုင်း ရဲက ငြင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် မြ၀တီမြို့တွင် ယခင်လကဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ တိုက်မှုတွင် ပါဝင်ပတ်သက်သူဟုယူဆရသူ ကိုလင်းဆိုသူကိုလည်း ဘန်ကောက်မြို့တွင်ဖမ်းဆီး၍ ပြီးခဲ့သည့်အပတ်က မဲဆောက်မှတဆင့်
မြ၀တီရဲတပ်ဖွဲ့ သို့လွှဲပြောင်းပေးအပ်ခဲ့သည်
သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်
facebook: popular myanmar news

ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ဖွင့်လှစ်ရန်စီစဉ်


ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ကိုထပ်မံဖွင့်လှစ်သွားရန် ပြည်ထဲရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ရဲစခန်း ၇၅ ခုရှိပြီး ရဲစခန်းများထဲမှ စခန်း၈ခုကို အဆင့်မြှင့်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် မောင်တောခရိုင်ကို ဖွဲ့စည်းပုံအင်အား အပြည့်ခန့်အပ်သွားနိုင်ရန် စီစဉ်နေပြီး ၊အုပ်ချုပ်ရေးတံတိုင်းအဖြစ်ဌာနဆိုင်ရာ များကဆောင်ရွက်သွားရန်လည်း ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။ဇွန်လက ရခိုင်ပြည်နယ်၌ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူအသေအပျောက်ရှိခဲ့သည်။

Popular Myanmar News Journal

Thursday, August 2, 2012

ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။
အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
အခုအခါမှာတော့ အခြေအနေ အေးဆေး ငြိမ်သက်သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
narinjara.com

 မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တက်ကာ မြစ်ချောင်းအနီး နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်

၂၀၁၂ ခုနှစ် မိုးလယ်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သံလွင်၊ စစ်တောင်း အပါအ၀င် မြစ်ငယ်များ၊ ချောင်းများတွင် မြစ်ရေမြင့်တက်ကာ မြစ်ချောင်းကမ်းတစ်လျောက်ရှိ နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်လာကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး ပထမကာလသည် မိုးဦးကာလ ဇွန်လ၊ ဒုတိယ ကာလသည် မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လများ၊ တတိယကာလသည် မိုးနှောင်းကာလ စက်တင် ဘာလနှင့် မိုးလွန်ကာလဖြစ်သော အောက်တိုဘာလတို့ဖြစ်ကာ လက်ရှိအချိန်သည် မြစ်ရေကြီးမှု ဒုတိယကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်

ရုရှားသမ္မတ ဗြိတိန်ရောက်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ဟာဗြိတိန်နိုင်ငံကိုရောက်ရှိနေပြီး ဗြိတိသျှဝန်ကြီးချူပ် ဒေးဗစ် ကင်မရွန်း နဲ့ဆီးရီးယားအရေးကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒါဟာ ၇ နှစ်အတွင်း မစ္စတာပူတင်အဖို့ ပထမဆုံး ဗြိတိန်နိုင်ငံကို လာရောက်ခြင်းဖြစ်ပါတယ်
သတင်းအပြည့်အစုံဖတ်ရန်

ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြု

ဇွန်လ ၈ ရက်နေ့က ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ ထိုသို့ ပြန်လည် ထုတ်ဝေခွင့် ပြုကြောင်းကို သြဂုတ်လ ၁ရက်နေ့ ညနေပိုင်းက အသိပေးခဲ့ ခြင်းဖြစ်သည်ဟု လျှပ်တစ်ပြက်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
" သြဂုတ်၊ ၂၀၁၂ ညနေပိုင်းတွင် စာပေ စိစစ်ရေးမှူး ဒုတိယ ညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးတို့မှ ၂လ ပိတ်ပင် တားမြစ် ရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် သတင်းဂျာနယ်အား ၉၊ သြဂုတ်၊ ၂၀၁၂ရက်နေ့တွင် ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အသိပေး ပြောကြားခဲ့သည်။ သည့်အတွက် လျှပ်တစ်ပြက် သတင်း ဂျာနယ်နှင့် ပတ်သက်၍ ကူညီခဲ့ ကြသူများ၊ ၀ိုင်းဝန်း ခဲ့ကြသူများ၊ စောင့်ရှောက်ခဲ့ ကြသူများ၊ ဖေးမပေးခဲ့ ကြသူများ၊ ရပ်တည် ပေးခဲ့ကြသူများ၊ အားပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူး ကျေးဇူးတင် ဂါရ၀ ပြုပါကြောင်း မှတ်တမ်း တင်အပ်ပါသည်"ဟု ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်

MJA ၏ သဘောထားကြေညာချက်မှ စာနယ်ဇင်းကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေးဖော်ပြထားသည့်အချက်ကို Eleven Media Group လက်မခံ။

သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော MJA ၏ သဘောထားကြေညာချက်မှ စာနယ်ဇင်းကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေးဖော်ပြထားသည့်အချက်ကို Eleven Media Group လက်မခံ။
သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA) ဖြစ်မြောက်ရေး ကော်မတီ၏ သဘောထား ကြေညာချက်မှ စာနယ်ဇင်း ကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေး ဖော်ပြထားသည့် အချက်ကို Eleven Media Group က လက်မခံကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
သတင်းအပြည့်အစုံဖတ်ရန်

အိုလံပစ် ၅ ရက်မြောက် စံချိန်သစ်တွေတင်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ငါးရက်မြောက်နေ့မှာ သမိုင်းဝင် မှတ်တမ်းအများအပြား ထွက်ပေါ်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်တဲ့ အမျိုးသားမီတာ ၂၀၀ ရင်ဘောင်ကူးပြိုင်ပွဲမှာ ဟန်ဂေရီ ရေကူးသမား ဒန်နီယယ်လ် ဂိုင်အူရ်တာ (Daniel Gyurta) က ၂ မိနစ် ၇.၂၈ စက္ကန့်နဲ့ ကမ္ဘာ့စံချိန် ချိုးခဲ့ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်

ရှစ်လေးလုံးအထိမ်းအမှတ်ဝါဆိုသင်္ကန်းကပ်ပွဲကျင်းပမည်

၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီ (၂၄) နှစ်မြောက်အခမ်းအနားနှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို ၈.၈.၂၀၁၂ ရက်နေ့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အမျိုးသားသင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး ဟူသောဦးတည်ချက်များနှင့်ပြုလုပ်သွားမည်ဖြစ်ပြီ မည်သူမဆိုတက်ရောက် နိုင်ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်စစ်တွေသို့လာရောက်မည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။
“ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
သမ္မတကြီးသည် သြဂတ်စ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေအမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော နေရာများကို လုံခြုံရေး တင်းကျပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် စစ်တွေသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။


narinjara.com

နိုင်ငံအလိုက်အိုလံပစ်ဆုတံဆိပ်ရှိမှုများ

1တရုတျတရုတ်179430
2အမရေိကနျအမေရိကန်138930
3တောင်ကိုရီးယားေတာင္ကိုရီးယား62412
4ပြင်သစ်ျပင္သစ္53513
5မွောကျကိုရီးယားမြောက်ကိုရီးယား4015
6ဂျာမနီဂ်ာမနီ38213
7အီတလီအီတလီ35210
8ကာဇက်စတန်ကာဇက္စတန္3003
8တောင်အာဖရိကေတာင္အာဖရိက3003
10ဂျပန်ဂ်ပန္241117
သတင်းအပြည့်အစုံဖတ်ရန်

မအေးအေးအောင်ဂျူဒိုပြိုင်ပွဲရူံးနိမ့်

လန်ဒန် အိုလံပစ် ၂၀၁၂ မှာ ပြိုင်ပွဲ ၀င်နေတဲ့ မအေးအေးအောင်ဟာ အနုတ် ၇၈ ကီလိုတန်း ဂျူဒိုပြိုင်ပွဲ ရှုံးထွက်ပြိုင်ပွဲမှာ တရုတ်က အားကစားသမား Xiuli Yang နဲ့ ဒီကနေ့ သြဂုတ် ၂ က ကစားခဲ့ရပြီး ရှုံးနိမ့်သွားခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
အိုလံပစ်သတင်းများဖတ်ရန်

NLD နှင့် ကြံ့ခိုင်ရေးပါတီများအပါအ၀င် ၀ါဆိုသင်္ကန်း စုပေါင်းကပ်လှူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ NLD နှင့် အခြားနိုင်ငံရေး လူမှုရေးအဖွဲ့အစည်းများစုပေါင်းပါဝင်သည့် ပထမ ဆုံးအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို သန်လျင်မြို့၌၀ါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့ နေ့လည်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအလှူပွဲသို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော် ဘန္ဒန္တပညာတေဇက နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ဖိတ်ကြား၍ပြုလုပ်ခြင်းဖြစ်ပြီး ၄င်းပါတီနှစ်ခုအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ပြည်တွင်းမီဒီယာများနှင့် ဒကာ၊ဒါယိကာမများလည်းတက်ရောက်လှူဒါန်းခဲ့ကြသည်။ “ပါတီအနေနဲ့ကတော့ နှစ်စဉ်အဖွဲ့ချုပ်ရုံးမှာ လုပ်ပါတယ်။ အခုလိုစုပေါင်းလှူဒါန်းတာကတော့ ပထမဆုံးပါပဲ”ဟု သန်လျင်မြို့ NLDပါတီမှ ဦးစိုးဟန်က ပြောသည်။ အလှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့မှသံဃာတော်အပါး ၃၀ နှင့် ဗဟိုဝန်ဆောင်သံဃာတော် ၁၈ ပါးတို့အားဝါဆိုသင်္ကန်းကပ်လှူကြပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းတက်ရောက်လှူဒါန်းခဲ့သည်။ ၄င်းအပြင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဥာဏ်ထွန်း၊ ပြည်တွင်းမီဒီယာအဖွဲ့မှ ဦးဇေယျာမြတ်ခိုင်တို့မှလည်း ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြေငလျင်သတင်း


(မြန်မာစံတော်ချိန်၀၅း၀၀နာရီအချိန်ထုတ်ပြန်ချက်)
၂၀၁၂ ခုနှစ်သြဂုတ်လ(၂)ရက်နေ့မြန်မာစံတော်ချိန်(၀၄)နာရီ၊(၂၈)မိနစ်၊(၁၆)စက္ကန့်အချိန်တွင်
မန္တလေးမြေငလျင်စခန်းမှမြောက်ဘက်မိုင်(၂၉၀)မိုင်ခန့် (မြစ်ကြီးနားမြို့၏အနောက်မြောက်ဘက်
မိုင်(၉၀)ခန့်)ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး(၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်၊
"မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန"

စက်ဘီးဖြင့် ကမ္ဘာပါတ်နေသူ နီပေါနိုင်ငံသား မြန်မာပြည်သို့ ရောက်ရှိ

ရန်ကုန်၊သြဂုတ်၂
နီပေါ နိုင်ငံသားတစ်ဦး ဖြစ်သူ saurab သည်စက်ဘီးစီးပြီး ကမ္ဘာပါတ်နေကာ သဘာဝပါတ်ဝန်း ကျင် ကာကွယ် ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေ သူဖြစ်သည်။နိုင်ငံပေါင်း လေးဆယ့်ကိုး နိုင်ငံ ကို စက်ဘီးတစ်စီးဖြင့် ပတ်ခဲ့ပြီး ဖြစ်ပြီး မြန်မာနိုင်ငံ မှာ နိုင်ငံငါးဆယ်မြောက် ခရီးထွက်သည့် နိုင်ငံ ဖြစ်သည်။ ရှေ့ဆက်ပြီးလည်း ဂျာမနီနှင့် ဥရောပ နိုင်ငံများသို့ဆက်လက် ခရီးဆက်ဦးမည်ဖြစ်ပြီး သူ၏ခရီးစဉ် အတွက်ထောက်ပံပေးထားသူ မရှိကြောင်း ၊ လူမှုအဖွဲ့ အစည်း တစ်ခုဖြစ်သည့် Lion Club Cycle Association နှင့် နီပေါ နိုင်ငံသံရုံး၊ နီပေါနိုင်ငံ လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံသားများက ထောက်ပံ့ပေးကြောင်း၊ ခရီးစဉ် အစတွင်မူ ဆင့်ရှစ်ဆယ်သာ သူ့ထံတွင်ရှိကြောင်း မြန်မာနိုင်ငံအခြေစိုက်နီပေါသံရုံးမှတာဝန်ရှိသူ များမှတဆင့် မေးမြန်းသိရှိရသည်။"လူသားအားလုံး စက်ဘီးစီးခြင်းသည်ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ကြောင့် အိုဇုန်းလွှာ ပေါက်ခြင်းမှ ကာကွယ်ပေးနိုင်တယ် လူသားများလည်း ကျန်းမာရေး ကောင်းမွန်ပြီးအသက်ရှည်၊ အနာမဲ့စွာနေထိုင် နိုင်ပါတယ်။Traffic Jump လည်းမဖြစ်နိုင်တဲ့အပြင် ငွေပိုစုဆောင်းမိနိုင်ပါတယ်။ဒါ့ပြင် ကမ္ဘာကြီးရဲ့ဘယ်နေရာမှာနေနေ၊ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် တစ်ခုတည်းသော ကောင်းကင်အောက်မှာနေကြတဲ့အတွက် လူသားတိုင်းနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြ ရပါမယ် "ဟုနီပေါနိုင်ငံသား Saurab ကဆိုသည်။

 The Voice Weekly

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။
“ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို  အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ မင်းဂံရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေက ဟန့်တားတယ်။ အဲသလို ဟန့်တားနေစဉ် မွတ်ဆလင် လူအုပ်က တိုက်ခိုက်ဖို့ ၀ိုင်းလာတဲ့ အတွက် ဆိုင်ကယ်ကို ပစ်ထားပြီး ကိုယ်လွှတ်ထွက်ပြေးခဲ့ကြရပါတယ်” ဟု ပြောသည်။
စခန်းမှူး အပါအ၀င် ရဲတပ်သား ၄ ဦးမှာ  အနီးအနားရှိ စစ်သားများ ယာယီ စခန်းချနေသော မန်ဇီ ရွာ စခန်းသို့ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန်