Saturday, August 18, 2012

သြဂုတ်လ ၁၈ ရက် RFA ညပိုင်း အသံလွှင့်အစီအစဉ်

မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး




အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သ
စ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။

"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၈၈မျိုးဆက် ကျောင်းသားများ ဂီတပွဲ ကျင်းပ၍ ရန်ပုံငွေ ရှာမည်



ရန်ကုန်၊ သြဂုတ် ၁၈

၈၈မျိုးဆက်ကျောင်းသားများက ဦးဆောင်၍ စေတနာဝဿန် ဟု အမည် ပေးထားသော ဂီတ ဖျော်ဖြေပွဲ တစ်ခုကို စက်တင်ဘာက ၁ ရက်နေ့တွင် မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မိမိတို့ ၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်းများ ဆက်လက် လုပ်ဆောင်သွားရန် ရန်ပုံငွေ လိုအပ်ပြီး မိမိတို့သည် စီးပွားရေး အဖွဲ့အစည်းမျိုး မဟုတ်သဖြင့် ရန်ပုံငွေ လိုအပ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ၏ တေးသံရှင် ၅၀ နီးပါး ပါဝင် ကူညီသီဆိုမည့်ဖြစ်ပြီး ဂီတ တီးဝိုင်း ၈၀ိုင်းက တီးခတ်ကြမည်ဖြစ်ကာ ၀င်ကြေး ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ကျပ် သတ်မှတ် ထားသည်။

ရွှေယုန်လေးကြေးအိုးဆိုင် မီးလောင်မှု လူ ၃ ဦး ဒဏ်ရာရ



ရန်ကုန်၊ သြဂုတ် ၁၈
နာမည်ကြော် ရွှေယုန်လေး ကြေးအိုးဆိုင်၏ ရန်ကင်းဆိုင်ခွဲတွင် သြဂုတ်လ ၁၆ရက် နံနက် ၈နာရီ ၄၀မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ဆိုင်အလုပ်သမား ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။
ရန်ကင်းမြို့နယ် ၊၈ရပ်ကွက် ၊ပါရမီလမ်းနှင့် သီရိလမ်းထောင့် ရှိ ရွှေယုန်လေး ကြေးအိုးဆိုင် မီးဖိုခန်းအတွင်း အသက်၂၁နှစ် အရွယ် ဆိုင်ဝန်ထမ်း မောင်ပိုက မီးမွှေးရာမှ အနီးတွင် တပ်ဆင်ထားသော ဂက်စ်အိုးတွင် တပ်ဆင်ထားသော ပလက်စတစ် ပိုက်ပေါ် မီးသွေးခဲ ကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတိုင်းဒေသကြီး ၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ အတည်ပြုထုတ်ပြန်သည်။

မီးလောင်မှုကြောင့်ဆိုင်ဝန်ထမ်းမ
ျား ဖြစ်ကြသော အသက်၂၁နှစ် အရွယ် မောင်ပို၊ အသက်၄၀အရွယ် ဦးအေးချိုနှင့် အသက်၁၈နှစ်အရွယ် မောင်ရာဇာတို့ ၃ဦးမှာ ဘယ်နှင့် ညာခြေထောက်များတွင် မီးအပူလောင်ဒဏ်ရာများရရှိခဲ့သော
ကြောင့် ဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသနေပြီး၊ မစိုးရိမ်ရကြောင်း ယင်းရဲတိုင်းရုံး ထံမှသိရသည်။

မီးလောင်မှုကို ဆိုင်ဝန်ထမ်းများက ၀ိုင်းဝန်း ငြိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် မန်နေဂျာဦးဇော်လင်းကို၊ ရန်ကင်းရဲစခန်း(ပ)၃၃၅/၂၀၁၂ ၊ပုဒ်မ၂၈၅/၃၃၇ဖြငင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

နေ့စဉ်မိုးလေ၀သသတင်း



(၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသော
လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ် 
အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများတွင် မိုးပိုလာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

သီတင်းပတ်ကုန်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာအနှံ့ပြားနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
မိုး/ဇလ

မြ၀တီ ဂျိုင်းရွာနဲ့ ကျုံဒိုးရွာတံတား ကားများဖြတ်သန်း၍ ရပြီ

မြစ်ရေကြီးမှုကြောင့် အဝေးပြေးကုန်ကားများ ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်းခဲ့သော ရန်ကုန် - မြ၀တီကားလမ်းကြောင်း သြဂုတ်လ ၁၇ ရက်တွင် ပြန်ဖွင့်ကာ ကားအချို့ဖြတ်သန်းသွားလာရပြီဖြစ်ကြောင်း ၄င်းဂိတ်များမှ သိရသည်။

“အခု မြ၀တီဘက်မှာ ရေပြန်ကျနေပါပြီ။ဂျိုင်းရွာ နဲ့ကျုံဒိုးရွာ တံတားလည်း ကားသွားလို့ရနေပြီအရင် ရေကြီးတဲ့ ရက်တွေက အဲ့ဒီတံတားပေါ်ကားတွေ ဖြတ်လို့မရဘူး” ဟု ရန်ကုန် မြ၀တီကုန်စည်ပို့ဆောင်ရေး အဝေးပြေးဂိတ် မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မှ မြ၀တီသို့ သွားရာ၌ အဆိုပါတံတားအားဖြတ်သွားရခြင်းဖြစ်ပြီး ယခုအခါမြို့ပေါ်ရေလျှံတက်မှုလျော့နည်း လာခြင်းကြောင့် ၄င်းတံတားအား ယမန်နေ့ ညမှစတင်၍ ကုန်ကားများအား တစ်စီးခြင်းစီ အနည်းငယ်ခြား၍ ဖြတ်သန်းခွင့်ပြုလာကြောင်းသိရသည်။

သို့သော်ပုသိမ်မြို့ပေါ်သို့ ရေလျှံတက်မှု လျော့နည်းခြင်းမရှိသေးသောကြောင့် ည ၈နာရီမှ မနက် ၅နာရီအတွင်း ကုန်ကားများ မြို့တွင်းသို့ဝင်ရောက် ခွင့်တားမြစ်ထားခြင်းအား ရုပ်သိမ်းခြင်းမရှိသေးကြောင်းသိရသည်။
ပဲခူးနှင့် မော်လမြိုင်မြို့ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သော်လည်း ကုန်ကားများသွားလာခြင်းအား ထိခိုက်မှုမရှိကြောင်း သိရသည်။

Popular Myanmar News Journal

                                 ပဲခူးမြို့ ရပ်ကွက်တစ်ခုတွင် ရေကြီးနေသည်ကို ဇူလိုင်လ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-အောင်ထွန်းဝင်း

Friday, August 17, 2012

သြဂုတ်လ(၁၈)ရက်နေ့ RFA နံနက်ပိုင်းအသံလွှင့်အစီအစဉ်

သြဂုတ်လ(၁၈)ရက်နေ့ RFA နံနက်ပိုင်းအသံလွှင့်အစီအစဉ်

ဦးအောင်သိန်းလင်း၏ Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း၏
Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ

မြစ်ရေကြီးမှု အခြေအနေသတင်း



(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၇)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

သံလွင်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘားအံမြို့တွင် (၇၈၂)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၃၂)စင်တီမီတာ (၁-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၇၅၀)စင်တီမီတာ အောက်သို့ကျဆင်းနိုင်ပါသည်။

ရွှေကျင်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြို့တွင် (၇၁၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၁၈)စင်တီမီတာ (၀.၆-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၂၄)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၇၀၀)စင်တီမီတာ အောက်သို့ကျဆင်းနိုင်ပါသည်။

င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၇၆)စင်တီမီတာသို့ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၄၆)စင်တီ မီတာ (၁.၅-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

Source : မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးအကြံပြုရန်အတွက်စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်း



သြဂုတ် ၁၇
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးအကြံပြုရန်အတွက် နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် သြဂုတ်လ ၁၇ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။ အဖွဲ့ဝင်ပေါင်း၂၇ ဦးဖြင့် ဖွဲ့စည်းလိုက်သော ကော်မရှင်တွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ ၊လူမှုရေး လုပ်ဆောင်နေသူများ ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များမှ ပါဝင်ကြောင်းတွေ့ရှိရသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်ကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ ၀က်ဘ်ဆိုဒ်တွင် ယနေ့မွန်းလွဲပိုင်းက စတင် သတင်းထုတ်ပြန်ထား ကြောင်းသိရသည်။

မိုးထိမိုးမိ ရွှေလုပ်သားများအရေး ILO ညှိနှိုင်းပေးမည်ဆို



မိုးထိမိုးမိတောင် ဇုံ-၉ (ဘတ်ဖိုး) တွင် (၉.၈.၂၀၁၂) ရက်နေ့ မြင်ကွင်း

 ရွှေတူးခွင့် မပြေလည်သေးသည့် မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများ၏ အရေးကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ကြားဝင် ညှိနှိုင်းဖြေရှင်းပေးရန် ILO နည်းပညာ အရာရှိ ရော့စ်ဝီလ်စန် က ကတိပေးခဲ့ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ် ကိုနေထက်အောင် က ပြောသည်။

ကုမ္ပဏီနှင့် ရွှေလုပ်သားများ နှစ်ဘက် သဘောတူ ‘ရွှေမြင်တင်’ စာချုပ်အတိုင်း ကုမ္ပဏီဘက်မှ အပြည့်အဝ မလိုက်နာ သည့်အတွက် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ဒေသမှ ရွှေလုပ်သားများ နစ်နာနေရသည်နှင့် ပတ်သက်၍ ရွှေလုပ်သား ကိုယ်စားလှယ် ခြောက်ဦး သောကြာနေ့ နံနက်က ILO ရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံတင်ပြစဉ် ILO က ကတိပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရွှေမြင်တင်မှာ စာချုပ် ချုပ်ခဲ့တဲ့အတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌရယ်၊ ရမည်းသင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရယ်၊ အလုပ်သမားဝန်ကြီးဌာန က ညွှန်ကြားရေးမှူးချုပ်ရယ်၊ မန္တလေးတိုင်း သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးရယ်ကို စာရေး အကြောင်းကြား လိုက်ပါ့မယ်လို့ ကျနော် တို့ကို ကတိပေးခဲ့ပါတယ်” ဟု ကိုနေထက်အောင် က ပြောသည်။

ရွှေလုပ်သားများ အဖွဲ့အစည်းအနေနှင့် ILO ၏ ကတိပေးချက်ကို ရလဒ်ကောင်းတခု အဖြစ် ရှုမြင်သော် လည်း ယခုထက် ပိုမိုထိရောက်စွာ ကူညီပေးစေလိုကြောင်း ပြောသည်။

မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ချီတက် ဆန္ဒပြကြရာ ခရီးတထောက် ရွှေမြင်တင်ဘုရား၌ စခန်းချစဉ် ဇွန်လ ၁၄ ရက်နေ့က အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ရွှေလုပ်သားများက အချက် ၆ ချက်ပါ သဘောတူချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်တွင် “အင်း အက်တာများကို ယခင်အတိုင်း လုပ်ကိုင်ခွင့် ပေးရန်၊ ဇုန်အသီးသီးရှိ ဗြုန်းကြိတ်စက်များ ကို ယခင်အတိုင်း ကြိတ်ခွဲခွင့် ပြုရန်နှင့် အင်း၊ အက်တာများ နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန်” စသည်တို့ ပါဝင်သော်လည်း ကုမ္ပဏီဘက်မှ အပြည့်အဝ လိုက်နာခြင်း မရှိသေးကြောင်း ရွှေလုပ်သားများဘက်မှ ပြောသည်။

“လျော်ကြေးပေးတယ် ဆိုတာက ပြည့်စုံတဲ့ အတိုင်းအတာ တခုထိ မရောက်သေး ပါဘူးခင်ဗျာ။ လျော်ကြေးက အနည်းအကျဉ်းလောက်ပဲ ရပါသေးတယ်။ အယောက် ၂ဝ ကျော်လောက် ကျန်ပါသေးတယ်” ဟု ဇုန် ၈ မှ ရွှေလုပ်သား ကိုယ်စားလှယ် ကိုအောင်ကြီး က ပြောသည်။

ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ကမူ အလုပ်သမားများအတွက် စာချုပ်ပါ သဘောတူချက် ၆ ချက်ကို ဖြည့်ဆည်းပေး ထားသည့်အပြင် စာချုပ်တွင် မပါရှိသည့် ပစ္စည်းများလည်း အလုပ်သမားများအတွက် ပံ့ပိုးပေးထားသည်ဟု ဆိုသည်။

“တောင်ပေါ်မှာဆိုရင် စာချုပ်မှာ မပါတဲ့ ပစ္စည်း ၇ မျိုးကိုလည်း သူတို့တွေအတွက် ကျနော်တို့က လုပ်ပေးတယ်ခင်ဗျ။ ဒီဇယ်ဆီ၊ ဆန်၊ အယ်ဂျင်ဝိုင်၊ ဆားဆီ၊ ငါးပိ၊ ငါးခြောက်၊ ပဲ အဲဒီ ၇ မျိုးကို သူတို့က ရိက္ခာပြတ်မှာ စိုးလို့ လိုချင်ရင် ကျနော်တို့ဆီမှာ လာယူပါ။ ပြီးတော့မှ ပြန်ပေးပါ ဆိုပြီးတော့ မိုးတွင်းမှာ လုပ်ပေးနေပါတယ်ခင်ဗျ” ဟု ဦးစိုးထွန်းရှိန် က ပြောသည်။

၎င်းပြင် ရွှေလုပ်သား ၁၃ ဦး မတရား ဖမ်းဆီးခံနေရသည်ဟု အလုပ်သမားဘက်က စွပ်စွဲပြောဆိုခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် သတ်မှတ် ဧရိယာ ပြင်ပတွင် လုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

“ညဘက်မှာ ကျနော်တို့ရဲ့ ဧရိယာထဲမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ အင်းတွေလည်း မဟုတ်ဘဲနဲ့ လာပြီးတော့ ခိုးဝင်တဲ့အတွက်ကြောင့်မို့လို့ အဲဒီလူတွေကို ကျနော်တို့ ဖမ်းမိပါတယ်။ ၂၄ နာရီအတွင်းမှာ ရမည်းသင်း ရဲစခန်းကို အပ်လိုက်ပါတယ်” ဟု ကုမ္ပဏီ ဥက္ကဋ္ဌ က ပြောသည်။

အလုပ်သမားများဘက်ကမူ မိမိလုပ်ကွက်အတွင်း ရွှေအင်း ဆင်းသည့် အလုပ်သမား ၁ဝ ဦးကို ရွှေဗြုန်း ခိုးမှုဖြင့် လည်းကောင်း၊ မှိုရှာ မျှစ်ချိုးသွားသည့် အလုပ်သမား ၃ ဦးကို ဓားကိုင်ဆောင်မှုဖြင့် လည်းကောင်း ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ရွှေလုပ်သား အခွင့်အရေး တောင်းဆိုနေသူများသည် ရွှေလုပ်သား အစစ်အမှန်များ မဟုတ်ကြောင်း ကုမ္ပဏီဘက်က စွပ်စွဲလိုက်ပြီး ရွှေလုပ်သားများဘက်ကမူ မိမိတို့သည် ရွှေလုပ်သား အစစ်အမှန် ဖြစ်ကြောင်း သက်သေအထောက်အထား ရှိသည်ဟု ဆိုသည်။

“ကျနော်တို့ကို ပြောနေတဲ့လူတွေက တကယ်တော့ အလုပ်သမား အစစ်တွေ မဟုတ်ဘူး။ နိုင်ငံရေးသမား
ယောင်ယောင်၊ သောင်းကျန်းသူ ယောင်ယောင် အဲလို ဖြစ်နေတဲ့ လူတွေ” ဟု ဦးစိုးထွန်းရှိန် က ဆိုသည်။

ILO နှင့် တွေ့ဆုံခဲ့သည့် ကိုနေထက်အောင် ကမူ မိုးထိမိုးမိ တောင်ပေါ်ရှိ ဇုန် ၉၊ အက်တာနံပါတ် ၁ဝ၄၄ သည် ကုမ္ပဏီက တရားဝင် ထုတ်ပေးထားသည့် မိမိ၏ လိုင်စင်နံပါတ် ဖြစ်ပြီး “တကယ်သာ အလုပ်သမား မဟုတ်ရင် ကျနော်တို့လည်း ဒီကို လာစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့က နိုင်ငံရေး လုပ်နေတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ နစ်နာဆုံးရှုံးမှုတွေကို တင်ပြနေတဲ့ စစ်မှန်တဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ရွှေလုပ်သားများ၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ရန်အတွက် ရွှေလုပ်သားများ အဖွဲ့အစည်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် ဗဟိုဦးစီးကော်မတီဝင် ၃ဝ ဦးဖြင့် အသစ်ပြန်လည် ဖွဲ့စည်းကာ ရမည်းသင်းမြို့နယ် မှတ်ပုံတင် ဦးစီးဌာနသို့ သြဂုတ်လ ၁၄ ရက်နေ့က သွားရောက် လျှောက်ထားခဲ့ပြီး ဖြစ်သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုကို ဝေလင်းထိုက်၊ အာရှအမြူတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအကို၊

မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K. ၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် မိတ်ဖက် ကုမ္ပဏီများဖြင့် စုဖွဲ့ထားပြီး ရှယ်ယာ ၂၈ ခု ရှိကာ အစုရှယ်ယာ တခုလျှင် သိန်းတထောင် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ ၆,၁ဝ၅ ဧက၌ ရွှေသတ္တု တူးဖော်ရန် ၎င်းကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိချိန်မှ စ၍ အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခုအတွင်း အလုပ်သမား နှစ်သိန်းကျော်ကို ငါးနှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျ ခွဲယူရန် နုတ်ကတိ ပြုခဲ့သော်လည်း ၇ လအကြာတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။

သစ်ထူးလွင်
ကွန်းချမ်း | စံခလပူရီ (မဇ္ဈိမ)
by Mizzima - News in Burmese

သြဂုတ်လ( ၁၇)ရက်နေ့ RFA နံနက်ပိုင်းအစီအစဉ်

Thursday, August 16, 2012

ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးထောင် တန်ဖုန်းကို အများပြည်သူများ ကိုင်ဆောင်နိုင် ရေးအတွက် ရွှေ ပြည်တံခွန် ကုမ္ပဏီအား ၉-၇-၂၀၁၂ ရက်က အတိုင်ပင် အဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

“သုံးလအတွင်း ကျပ်ငါးထောင်တန် ဖုန်းထွက်မယ်----
By: သစ်ထူးလွင်
သတင်းအပြည့်အစုံဖတ်ရန်

မြန်မာ လွှတ်တော်အမတ်များ ချင်းမိုင်တွင် အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတက်ရန် ရောက်ရှိ



ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်တွေ လေ့လာသင်ကြားနိုင်ဖို့ မြန်မာနိုင်ငံက ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ စုစုပေါင်း ၂၀ ခန့် ဒီကနေ့ ညနေပိုင်းမှာ ချင်းမိုင်မြို့ ကို ရောက်ရှိလာပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့ ကစပြီး ၂ပတ်ကြာ ပြုလုပ်မယ့် ဒီသင်တန်းမှာ ချင်းမိုင် တ
က္ကသိုလ်က ဆရာတွေက ဒေသန္တရ အုပ်ချူပ်ရေးပိုင်းဆိုင်ရာတွေကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း ဒီသင်တန်းကို စီစဉ်ခဲ့တဲ့ ချင်းမိုင်အခြေစိုက် ဗဟု ဖွံ့ဖြိုးမှုအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သူငြိမ်း က အာအက်ဖ်အေ ကို ပြောပါတယ်။

"အဓိကတော့ ကျနော်တို့ သင်တန်းက ဒေသန္တာရ အုပ်ချူပ်ရေးပေါ့၊ ဆိုတော့ အထူးသဖြင့် ပါတဲ့အမတ်တွေကတော့ ပြည်နယ်တိုင်း အဆင့်ကအမတ်တွေပိုများပါတယ်၊ မှန်းခြေ ၂၀ လောက်ရှိမယ်၊ အကုန်အမတ်တွေကြည့်ပဲ မဟုတ်ဘူးဗျ တခြား နိုင်ငံရေး ပါတီတွေလည်း ပါတယ်ဗျ၊ သူတို့တွေကတော့ အထူးသဖြင့် ချင်းမိုင် တက္ကသိုလ်က ဆရာတွေလည်း ပို့ချမယ်၊ ပြီးတော့ ထိုင်းမှာလုပ်ခဲ့တဲ့ အောက်ခြေ ဒေသန္တာရ အုပ်ချူပ်ရေး အတွေ့အကြုံတွေပါ သူတို့လေ့လာမယ်၊ ကျနော်တို့ကတော့ တချို့ သီအိုရီ သဘောမျိုး ပို့ချတာ ပါမယ်၊ နောက်တခါကျတော့ တချို့ အုပ်ချူပ်ရေးကိစ္စနဲ့ပတ်သက်တဲ့ ဟာမျိုးတချို့ ပို့ချတာ ပါမယ်။"

ဒီသင်တန်းမှာ ဒဂုံဆိပ်ကမ်းမြို့နယ်က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကြီးမြင့်၊ ၊ မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်ဖြူဖြူငြိမ်း၊ မန္တလေးတိုင်း တံတားဦးမြို့နယ် ကိုယ်စားလှယ် ဦးနန်းထိုက် နဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကိုယ်စားလှယ် ဦးမြတ်မိုးမြင့် တို့အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့လည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

ကချင်ဒုက္ခသည်တွေ အကူအညီထပ်မံရရှိ


သြဂုတ် ၁၆


တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ခုကို ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေဖြစ်တဲ့ အဖြူရောင်တွဲလက်များနဲ့ မန္တလေးရှိကလေးသူငယ်များကွန်ယက်အဖွဲ့က ဆေးနဲ့ ကျောင်းသုံးပစ္စည်းတွေ ဒီနေ့ သွားရောက်ကူညီကြပါတယ်။ အဲဒီစခန်းတွေမှာ အဓိကလိုအပ်နေတာကတော့ အစားအသောက်နဲ့ ကျောင်းသူကျောင်းသားတွေအတွက် စာရေးကရိယာ ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစခန်း တခုမှာရောက်ရှိနေတဲ့ အဖြူရောင်တွဲလက်များ အဖွဲ့ဝင်တစ်ယောက် ပြောပြတာက - "နာရေးကူညီမှုအသင်းက ၂ယောက်ပါတယ်။ နောက် မန္တလေးက အဖွဲ့ပါတယ် ကလေးချစ်သူများအဖွဲ့၊ အဲဒီအဖွဲ့မှာ ဆရာတော်တပါးပါတယ်။ ကူညီတာကတော့ ဆေးပစ္စည်း၊ ၀ှီးချဲတို့ ဒေါက်တို့ ညှပ်တို့ အဲဒါတွေတော့ ပါတယ်ခင်ဗျ။ အဖြူရောင်တွဲလက်များအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၆ လကလည်းရောက်ထားတော့ ကျနော်တို့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ။ဒီဘက်လုပ်တဲ့ဟာလေးတွေ၊ ပြန်ပေးတာတို့ ရှယ်တာပဲရှိတယ်ခင်ဗျ။ ကျန်တဲ့လူတာတို့ မပါသေးဘူးခင်ဗျ ကျန်တဲ့အဖွဲ့တွေကတော့ ကလေးတွေနဲ့ပတ်သက်တဲ့ ပညာရေးစာအုပ်စာတမ်းတွေ လှုတာ မန္တလေးအဖွဲ့တွေကတော့ ကျန်တဲ့အဖွဲ့တွေကတော့ ပိုက်ဆံတွေလှုကြတယ်။" ကေအိုင်အို ဒုက္ခသည်ကူညီစောင့်ရှောက်ရေးကော်မီတီ ဥက္ကဌ ဦးဒွဲပီစ က ဆေးဝါးနဲ့ အစားအစာ အကူအညီတွေလိုအပ်နေဆဲပဲလို့ပြောပါတယ်။ အခု ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေ ရောက်နေတဲ့ တရုတ်မြန်မာနယ်စပ်က ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ခုမှာ ဒုက္ခသည်ဦးရေ ၁ သောင်းကျော်ရှိပြီး ဆင်ဘို၊ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် မြို့နယ်အတွင်းက ရောက်လာသူတွေဖြစ်ကြပါတယ်။
By: RFA

သြဂုတ်လ (၁၆)ရက်နေ့ RFA ညပိုင်းအသံလွှင့်အစီအစဉ်

သတင်းလွတ်လပ်ခွင့်ကော်မတီ အထူးထုတ်ပြန်ကြေငြာချက်



ရက်စွဲ- သြဂုတ် ၁၆၊ ၂၀၁၂ ခုနှစ်။

သြဂုတ် ၁၆ ရက်နေ့တွင် ကျင်းပသော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေးဆပ်ကော်မတီအစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည်။
၁။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ထိုက်တန်သော သတင်းလွတ်လပ်ခွင့်မရှိသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာသမားများက တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ဆန္ဒပြခွင့်လျှောက်ထားမည်ဖြစ်သည်။ ဆန္ဒပြမည့်နေရာမှာ မြို့တော်ခန်းမအနီးဖြစ်ပြီး ဆန္ဒပြခွင့်ကို သြဂုတ်လ ၂၁ ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် လျှောက်ထားမည်ဖြစ်သည်။

၂။ သြဂုတ် ၂၂ ရက်နေ့တွင် Press Freedom အမှတ်တံဆိပ်ပါ အမည်းရောင်ဦးထုပ်များကို သတင်းမီဒီယာသမားများထံ ဖြန့်ဝေမည်ဖြစ်ပြီး ယင်းအမည်းရောင် ဦးထုတ်များကို ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံတွင်ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် မရသေးသည်ကို ဖော်ထုတ်ရန်ဖြစ်သည်။

၃။သြဂုတ် ၂၃ ရက်နေ့ ဒဂုံမြို့နယ် တရားရုံးတွင် The Voice Weekly ရင်ဆိုင်နေရသော အမှုအတွက် စွဲချက် တင်သင့် ၊ မတင်သင့် တရားရုံးက ဆုံးဖြတ်မည်ကို Press Freedom တံဆိပ်ပါ အမည်းရောင် ဦးထုပ်နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက် သတင်းယူကြမည်ဖြစ်သည်။

၎။သြဂုတ် ၂၄ ရက်နေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရသော လျှပ်တပြက် ဂျာနယ်အမှုကို Press Freedom တံဆိပ်ပါ ဦးထုပ် နှင့် အမည်းရောင် အင်္ကျီများ ၀တ်ဆင်သွားရောက်သတင်းယူကြရန် ဖြစ်သည်။

၅။သြဂုတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်၌ တော်ဝင်နှင်းဆီတွင် သတင်းလွတ်လပ်ခွင့် မရရှိသေးသည့် ကိစ္စ ၊ ဆင်ဆာ မဖျက်သိမ်းသည့် ကိစ္စ ၊ မီဒီယာ ဥပဒေကို မီဒီသမားများအား အသိမပေးဘဲ ရေးဆွဲနေမှုအပါအ၀င် သတင်းမီဒီယာထိန်းချုပ်နေမှုများကို ဖယ်ရှားပေးရန် ကိစ္စနှင့် ပတ်သက်သော အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

၆။ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရေး ၊လိုအပ်သော လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

လုပ်ငန်းဖြစ်မြောက်ရေးဆပ်ကော်မတီ၊
သတင်းလွတ်လပ်ခွင့်ကော်မတီ၊
ရန်ကုန်မြို့။

ဧရာဝတီတိုင်းဒေသကြီး၊ ဒါးက အနီးရေလွှမ်းမိုးမှုများ
























ဒါးကမြို့၊ သာပေါင်းမြို့ ရှိမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်များရှိ ကျေးရွာများတွင်ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်ပြည်သူများ အတိဒုက္ခရောက်နေကြောင်းသိရသည်

            ဒါးကမြို့၊ သာပေါင်းမြို့ ရှိမြို့ပေါ်ရပ်ကွက်များနှင့်မြို့နယ်များရှိ ကျေးရွာများတွင်ရေလွှမ်းမိုး မှုကြောင့် ရေဘေးသင့်ပြည်သူများ အတိဒုက္ခရောက်နေကြောင်းသိရသည်။


     ဒါးကမြို့နယ်တွင်းရှိ ရေစကြီးတဲ့နေရာကတော့ ရိုးကြီး-ကြိမ်ချောင်း တံတားနားမှစတင်ခဲ့ပြီး ဒါးကတစ်မြို့ လုံးရေလွှမ်းမိုးလျက်ရှိသည်။ ရန်ကုန်- ပုသိမ်ကားလမ်းဘေးမှာ တဲထိုးနေရတဲ့ ကြိမ်ချောင်းရွာ အိမ်ထောင်စု နှစ်ဆယ့် ငါးစု ကို ကြက်ခြေနီက အမိုး အကူအညီပေးနေတယ် နာဖျားနေသူတွေကို ကျန်းမာရေးဌာနက ဆေးကုပေးလျက်ရှိပါတယ်။ NLD မှလည်း ရိက္ခာများ အကူအညီပေးနေတယ်လို့ သိရတယ်။ ဒါးက မြှိုဝင်လမ်းမှာတင် ရေက ဆယ့်နှစ်ပေလောက် ရှိနေတယ်လို့သိရပါတယ်။
 သာပေါင်းဘက်က သတင်းကတော့ တော်တော်ကြီးကို အခြေအနေ ဆိုးနေပါတယ်။ အကူအညီ ပေးဖို့လည်း တော်တော် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ သာပေါင်းမြို့နယ်ထဲက ဆိုးဆိုးဝါးဝါး ရေဘေးဒဏ်ခံနေရတဲ့ နေရာတွေကတော့ စစ်ပင်ကြီးကျေးရွာ ၊ ဘုရားနီကျေးရွာ၊ ထန်းကုန်း၊ ကျွဲတန်း၊ ညောင်ကုန်း၊မဏ္ဍိုင် အစရှိတဲ့ ရွာတွေဖြစ်ပါတယ်။ ရေဘေးဒဏ်ခံနေရတဲ့ နေရာတွေမှာ စားစရာ နဲ့အခြားဆေးဝါးအကူအညီများလိုအပ်လျက်ရှိကြောင်းသိရပါတယ်။

ကိုးကား၊ ထက်အောင်(၀၉-၇၃၁၀၅၀၇၁) Facebook
   






ဧရာဝတီတိုင်း ပုသိမ်မြို့ ရေကြီးမှုမြင်ကွင်း(၁၆.၈.၂၀၁၂)

Debit Card များကို စတင်သုံးစွဲနိုင်တော့မည်



၁-၉-၂၀၁၂ ရက်နေ့မှ စတင်ပြီး ဘဏ် ၁၇ ဘဏ်မှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။

၎င်း MPU ကတ်များကို အသုံးပြုပြီး MPU အဖွဲ့ဝင်ဘဏ်များ၏ ATM များတွင် ငွေထုတ်နိုင်ခြင်း၊ MPU ကတ်လက်ခံသော ဆိုင်များတွင် ဈေးဝယ်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။

မူလဘဏ်များမှ ထုတ်ပေးထားသော ATM ကတ်များနှင့် ယခု MPU ကတ်များကို ဘဏ်များမှ ၄င်းတို့အစီအစဉ်ဖြင့် လဲလှယ်ပေးမည်ဖြစ်ကြောင်းကို AGDဘဏ် ဖေ့ဘုတ်မှာရေးသားဖော်ပြထားပါတယ်။